Tuesday, July 23, 2019

About Windows Driver Signature Enforcement

ဖုန်းကို ကွန်ပျူတာနဲ့တွဲပြီး Boot Loader Unlock လုပ်တာ၊ Firmware တင်တာတွေလုပ်ဖို့ အရင်ဆုံးစလုပ်ရတဲ့အလုပ်က ကွန်ပျူတာမှာ လိုအပ်တဲ့ Driver တွေတင်ပေးတာပါ။ သည်လိုတင်ရာမှာ Mi Phone တွေအတွက် ကိုယ်ဘာလုပ်ချင်တယ်ဆို ဘယ်လောက်ထိပဲလုပ်ထားလိုက်ရင် အဆင်ပြေနေပြီဆိုတာလေး သိထားရအောင်ပါ။ သည် blog ထဲမှာ driver တင်တာနဲ့ပတ်သက်တဲ့ post တွေရှိပါတယ်။ ပြောင်းလဲလာတာအရ Up to date လုပ်တဲ့သဘောပါပဲ။  Windows 32 bit version သုံးနေသူတွေအဖို့ အခုပြောမယ့်အရာတွေလုပ်ဖို့မလိုပါဘူး။ နောင် 64bit version Windows ကိုပြောင်းသုံးချိန်မှာ idea ရအောင်တော့ လေ့လာချင်လေ့လာထားပေါ့။
အခုမှဖုန်းနဲ့ကွန်ပျူတာတွဲလုပ်မယ့်အလုပ်ကိုစမယ်။ Boot Loader Unlock လုပ်မယ်။ BLU ပြီးသွားရင် TWRP, Root သွင်းမယ်။ ဒါမှမဟုတ် Fastboot mode ကနေ Firmware တင်တာလုပ်မယ် (ဥပမာ Global rom ချိန်းမယ်ပေါ့ )၊ အလွယ်ဆုံးပါပဲ။ သည် Driver Signature Verification ကို ဘာမှစဉ်းစားနေစရာမလိုပါ။ Xiaomi USB Driver ထဲက Installer EXE File ကို Right Click နှိပ် Run As Administrator နဲ့ Driver Installation လုပ်ပေးလိုက်တာပါ။ နောက်ဆုံးထွက် Xiaomi USB Driver တွေဟာ Microsoft Driver Enforcement ကို Pass ဖြစ်ပြီဖြစ်လို့ သည် post နောက်ပိုင်းမှာဆက်ပြောမယ့် Driver Signature Enforcement OFF ပေးဖို့အတွက်တွေ စဉ်းစားနေစရာမလိုတော့ပါ။ Normal user အတွက် သည်လောက်သိရင်၊ လုပ်ထားရင် နောင်ဘာလုပ်လုပ် အဆင်ပြေလုံလောက်ပါပြီ။
Normal user အတွက် Driver တင်ဖို့၊ လိုအပ်တာဒေါင်းဖို့ သည် post [ –> Xiaomi USB Driver Install <– ] လေးကိုဖတ်၊ idea ယူပြီးလုပ်ဆောင်ပါ။ လုံလောက်ပါပြီ။ ADB Mode, Fastboot Mode တို့မှာ မိမိတို့ဖုန်းက အလုပ်လုပ်နေ မနေဆိုတာကို သည် Post [ –> PC Driver Installation for Xiaomi Devices <– ] ထဲကနည်းလမ်းတွေအတိုင်း စမ်းသပ်လုပ်ပေးနိုင်ပါတယ်။

Driver Signature Enforcement ကို OFF ပြီး drivers တွေတင်တာ ဘယ်အချိန်မှာလိုအပ်လာပြီလဲဆိုရင် EDL ( or 9008 ) mode ကနေ firmware တင်ဖို့လိုလာတာ ( BLU မလုပ်ပဲတင်တာ)၊ အခြားသော MODEM, IMEI fix ဖို့အလုပ်တွေကို BLU မလုပ်ရသေးလို့ EDL ကနေလုပ်ဖို့လိုအပ်လာတာ.. စတာတွေလုပ်ဖို့ Qualcomm Driver တွေတင်ပေးဖို့အချိန်မှာ လိုအပ်ပါပြီ။ MTK CPU သုံးဖုန်းတွေဆိုလဲ BLU မလုပ်ပဲ SP Flash Tool နဲ့ firmware တင်ဖို့ကြုံလာချိန်မှာ MTK Driver တွေတင်ဖို့လိုအပ်လာချိန်မှာ လုပ်ဆောင်ရသည်ပေါ့။
Qualcomm Driver or MTK Driver တွေဆက်တင်ဖို့ Driver Signature Enforcement ကို Disable (OFF) ပေးတာမှာ Driver တင်ချိန် ခဏပဲ OFF ထားနဲ့ ကိုယ့်ကွန်ပျူတာသုံးနေသရွေ့၊ မိမိကိုယ်တိုင် ပြန် မ ON သရွေ့ OFF ထားတာ နှစ်မျိုးလုပ်လို့ရပါမယ်။
  • ပုံမှန် User တွေအဖို့ကတော့ ခဏ (Temporary OFF) ထားပေးရင်လုံလောက်ပါတယ်။ Driver တင်နေတုံး အဆင်ပြေအောင်ပေါ့။ နောင် Windows restart လုပ်ပြီးသွားရင် ပုံမှန်အတိုင်း ပြန်ဖြစ်ပြီပေါ့။
  • Service သမားတွေလို အမြဲတစေ ဖုန်းပေါင်းစုံနဲ့ချိတ်အလုပ်လုပ်နေရလို့ driver မျိုးစုံတင်နေရရင် အမြဲ (Permanent OFF) ထားပေါ့။ ဘာ effect မှ ထူးထူးခြားခြားမရှိပါဘူး။ မိမိလိုအပ်တဲ့ driver ကို အဆင်ပြေပြေတင်နေလို့ရမယ်ဆိုတာပဲ ထူးခြားတာပါ။

Temporary OFF Method

Windows 7 အတွက် ပုံစံတစ်မျိုး၊ Windows 8, 8.1, 10 တို့အတွက်ဆို တစ်မျိုးဖြစ်ပါလိမ့်မယ်။
Windows 7 64 bit အတွက် Windows ကို Restart လုပ်လိုက်ပြီး ကွန်ပျူတာ BIOS Test ပြီးလို့ Windows 7 Logo မပေါ်ခင်စပ်ကြားလေးမှာ F8 Key ကို လေးငါးချက်လောက် နှိပ်ပေးထားလိုက်ရင် အောက်ပါပုံအတိုင်း Boot Menu ပေါ်ပါမယ်။  BIOS Test အပျောက်၊ Windows Logo မပေါ်ခင် နှိပ်မိနေဖို့ Timing ကိုက်ဖို့တော့ လိုပါတယ်။ မပေါ်ပဲဆက်တက်သွားရင်တော့ Restart လုပ်ပြီး ပြန်နှိပ်ယူပေါ့။ အဲသည် Menu မှာမှ Disable Driver Signature Enforcement နေရာကို Down Arrow နဲ့သွားရွေး၊ Enter Keyနှိပ်လိုက်ရင် Temporary OFF ပေးပြီး Windows တက်သွားပါပြီ။ Driver တင်တာတွေလုပ်နိုင်ပါပြီ။ နောင် Windows ကို Restart လုပ်မိတာ၊ Shutdown ပြီးမှ ပြန်ဖွင့်တာလုပ်ရင် Normal အတိုင်းပဲ ဖြစ်နေပါမယ်။ Driver Signature Enforcement OFF ထားတဲ့အခြေအနေမှာမရှိတော့ပါဘူး။
**********
Windows 8, 8.1, 10 (64 bit)  တို့အတွက်ကတော့ ပုံမှန် Restart လုပ်ဖို့ အောက်ပါပုံအတိုင်းသွားပြီး Restart ဆိုတာမနှိပ်ခင် SHIFT Key ကို နှိပ်ထားပေးပြီးမှ Restart ဆိုတာကို click လိုက်ပါ။ Restarting .. ဆိုပြီး အဝိုင်းလည်နေချိန်ဆက်နှိပ်ပေးထားလိုက်ပါ။
Windows Startup Options တွေရွေးဖို့ပေါ်လာရင် Troubleshoot ကိုရွေးပါ။
Advanced Options ဆိုတာဆက်နှိပ်ပါ။
Startup Options ဆိုတာဆက်နှိပ်ပါ။
Restart ကိုနှိပ်လိုက်ပါ။
Windows ပြန်တက်လာရင် မိမိကြိုက်ရာ option ကိုရွေးပြီး တက်လို့ရပါပြီ။ Function Keys F1 to F9  နှိပ်ရွေးပေးရမှာပါ။ Driver Signature Enforcement OFF ဖို့အတွက်က 7 နေရာဖြစ်လို့ F7 ကိုနှိပ်ပေးလိုက်ပါ။
Windows တက်သွားပြီဆိုရင်တော့ မိမိတို့တင်ချင်တဲ့ Qualcomm or MTK 64bit Drivers တွေတင်လို့ရပါပြီ။ 

Permanent OFF Method

ဒါကတော့ မိမိကိုယ်တိုင်ပြန်ပြီး Enable (ON) မလုပ်မချင်း Windows တက်လာနေချိန်တိုင်း Driver Signature Enforcement ကို OFF ထားတာပါ။
Windows 7 64 bit အတွက် Start Menu –> All Programs –> Accessories –> Command Prompt ပေါ်မှာ Mouse Right Click နှိပ်ပြီး Run As Administrator နဲ့ Command Windows ဖွင့်လိုက်ပါ။
အောက်ပါ command နှစ်ခုကို တစ်ကြောင်းရိုက် Enter နှိပ်၊ နောက်တစ်ခုရိုက် Enter နှိပ်ပြီး run ပေးလိုက်ပါ။ နှစ်ခုလုံး Successfully… ဖြစ်သွားပြီးရင် Windows ကို Restart လုပ်လိုက်ပါ။
  1. bcdedit.exe -set loadoptions DDISABLE_INTEGRITY_CHECKS
  2. bcdedit.exe -set TESTSIGNING ON
ပြန်တက်လာရင် အောက်ပါပုံအတိုင်းလေးတွေ့လို့ Driver Signature Enforcement OFF နေပါပြီ။
**********
Windows 8, 8.1, 10 ( 64 bit  ) တွေအတွက်ကတော့ Windows Key + X ကို နှိပ်ပါ။ ပေါ်လာတဲ့ Shortcut menu မှ Command Prompt (Admin) ကိုရွေးပါ။ Windows 10 က နောက်ဆုံး Up to Date ဖြစ်နေရင်လည်း အဲသည်နေရာမှာ Widows PowerShell (Admin) ကိုသာရွေးလိုက်ပါ။
အောက်ပါ command နှစ်ခုကို တစ်ကြောင်းရိုက် Enter နှိပ်၊ နောက်တစ်ခုရိုက် Enter နှိပ်ပြီး run ပေးလိုက်ပါ။ နှစ်ခုလုံး Successfully… ဖြစ်သွားပြီးရင် Windows ကို Restart လုပ်လိုက်ပါ။
  1. bcdedit.exe -set loadoptions DDISABLE_INTEGRITY_CHECKS
  2. bcdedit.exe -set TESTSIGNING ON
နောင်တစ်ချိန်မှာ Windows ကို သူ့ပုံမှန် Normal အတိုင်းပဲထားနေချင်ရင်တော့ အောက်ပါ Command နှစ်ခုကို Admin Command Windows ခေါ်ပြီး run ပေးလိုက်ပါ။ Windows ကို Restart လုပ်ပေးလိုက်ပါ။ Command Windows ခေါ်ပုံတွေကတော့ အထက်က ပုံတွေမှာကြည့်နိုင်ပါတယ်။
  1. bcdedit.exe -set loadoptions ENABLE_INTEGRITY_CHECKS
  2. bcdedit.exe -set TESTSIGNING OFF

Qualcomm, MTK Driver တွေ ဒေါင်းချင်တာ၊ ဆက်တင်ပုံတင်နည်းတွေကိုတော့ သည် Post [ –> PC Driver Installation for Xiaomi Devices <– ] ရဲ့ နောက်ပိုင်းမှာဖတ်ရှုလေ့လာနိုင်ပါတယ်။
အခုဆိုရင် မိမိတို့လုပ်ချင်တဲ့အလုပ်ကဘယ်လောက်၊ ဘယ်လောက်ထိ Driver တင်တာကိုပဲ လုပ်ပေးထားလိုက်ရင် အဆင်ပြေပြီဆိုတာ ကိုယ်ကိုယ်တိုင်ခွဲခြား လုပ်တတ်လောက်ပါပြီ။
#crd thet zaw ko

Mi A1 Guide – 2 : Magisk Root & OTA Update

Mi A1 ကို Root လုပ်ကြတာကတော့ Myanmar Zawgyi Font ကို မှန်မှန်ကန်ကန် ရေးနိုင်ဖတ်နိုင်ဖို့အတွက်ပါ။ Myanmar Unicode font ကိုသုံးမယ်ဆိုရင်တော့ သည်ကိစ္စတွေစဉ်းစားနေဖို့မလိုပါ။ Language တိုင်းရဲ့ စံတစ်ခုဖြစ်တဲ့ Unicode ကို လူတိုင်းမသုံးမချင်းတော့ ဖုန်းဝယ်တာနဲ့ မြန်မာစာရလား.. မြန်မာစာမှန်လားဆိုတာတွေ ဖြစ်နေအုံးမှာပဲ 😀 😀 . Android မှာ version 5 ကတည်းက Myanmar Language & Font ကပါပြီးသားပါ။ Unicode Standard နဲ့ပါ။
ကဲ .. Font ကိစ္စတွေ အသာထားလို့ လောလောဆယ် zawgyi font ထည့်ဖို့ အဆင်ပြေရအောင် Root လုပ်တာကိုပဲ လုပ်ကြည့်ကြရအောင်..။ Root လည်းရမယ်၊ OTA Update ထွက်လာရင်လည်း Update လုပ်လို့ရမယ်။ Update ပြီးသွားရင်လည်း Root Access ရနေရမယ်။ ကိုယ်သုံးနေတဲ့ Root access နဲ့လုပ်ထားတာတွေလည်း အဆင်ဆက်ပြေနေရမယ် ( Zawgyi font ထည့်ထားတာတွေလိုမျိုးပေါ့ ) ဆိုတာမျိုးဖြစ်အောင် လုပ်ထားပါမယ်။ ဒါဆို တစ်ကြိမ်သေချာလုပ်ထားရုံနဲ့ နောင်ကိုယ်လိုချင်သလို ဆက်ပြီးအဆင်ပြေပြေရှိနေရမယ်ပေါ့ခင်ဗျာ…။ Zawgyi font ကိစ္စက မြန်မာစာပါပြီးသား Firmware တင်တာလိုမျိုးလုပ်လို့ရပါတယ်။ အချို့ဆိုင်တွေကလည်း လုပ်ကြပါတယ်။ ဒါပေမယ့် Stock Android က တစ်လတစ်ကြိမ် System update လုပ်ပါတယ်။ Update လုပ်တိုင်း သည် Firmware ကြီးကိုလုပ်ဖို့ တင်ဖို့ဆိုတာ Mi A1 ကိုင်သူတိုင်း အချိန်တိုက်ဆိုင်မှုရှိကြမှာမဟုတ်ပါ။
Mi A1 Guide ဆိုပြီး နောက်ဆုံး Update Firmware ကို Factory ထုတ်အတိုင်းဖြစ်အောင်တင်တာ၊ ပြီးတာနဲ့ OTA Update အဆင်ပြေအောင် System partition ကိုလုံးဝမထိပဲ Root လုပ်တာ၊ Myanmar Zawgyi Font ကိုထည့်တာ သည် Post [ –> MiA1 Guide : Firmware Flash, Magisk Root, MM Zawgyi Font <– ] မှာရေးသားပြီးဖြစ်ပါတယ်။ အဲသည် post အတိုင်း လုပ်ထားခဲ့တဲ့ Mi A1 တွေမှာပဲ OTA Update အဆင်ပြေပြေဖြစ်နေပါမယ်။ ဆိုင်ကဝယ်လာပြီး ဆိုင်ကမြန်မာစာလုပ်ပေးလိုက်တာဆိုတာမျိုးတွေကတော့ ယခုနည်းအတိုင်း အဆင်ပြေမယ်လို့ အာမ မခံပါ။ တော်တော်များများက TWRP အကူအညီယူပြီး System partition ထဲမှာပဲ Font file တွေချိန်းပစ်လိုက်တာပါ။ အဲလို System partition ကိုပြုပြင်မှုလုပ်ထားလိုက်ရင် OTA တင်လို့မရပါ။ သည်တော့ အဲသည် post အတိုင်း အစဦးပြင်ဆင်ထား၊ လုပ်ထားခဲ့တဲ့ Mi A1 ဖြစ်နေရပါမယ်။

  • ပထမ Guide မှာ System Update ကို Auto လုပ်တာပိတ်ခိုင်းထားတာမှတ်မိမှာပါ။ ဒါမှလည်း ကိုယ်မသိခင်လုပ်သွားလို့ ကိုယ်လိုချင်သလိုတွေမဖြစ်တော့ပဲ ပျက်သွားမှာ စိုးရိမ်ဖို့ မလိုတော့ဘူးဖြစ်မှာပါ။ Update ရလို့ Notification ပေါ်ပြီဆိုတာနဲ့ အရင်ဆုံးလုပ်ရမှာက မိမိတို့သုံးထားတဲ့ Magisk Modules တွေကို ဖျက်ပစ်ရပါမယ်။ မိမိဖာသာ Web site တွေကနေ ဒေါင်းထားတာဆို zip file သိမ်းထားတာရှိမှာပါ။ Magisk Manager ထဲက Downloads အောက်ကသွားရွေးပြီးဒေါင်းခဲ့တာတွေဆိုလဲ Internal Storage/MagiskManager folder ထဲမှာ zip တွေရှိနေမှာပါ။ နောင်ပြန်ထည့်ခိုင်းဖို့ ထပ်ဒေါင်းစရာမလိုပါ။ အောက်ပါပုံအတိုင်း Magisk Modules တွေကို အမှန်ခြစ်ဖြုတ်ပြီး Disabled လုပ်၊ အမှိုက်ပုံးပုံလေးတွေကိုနှိပ်ပေးပြီး ဖျက်ထုတ်ဖို့ရွေးပေးပြီး Reboot လုပ်ပါ။ အမှန်ခြစ်တွေဖြုတ်၊ အမှိုက်ပုံးပုံတွေအားလုံးနှိပ်ပေးပြီးရင် Reboot ကတော့ မိမိဖာသာ Manual ပဲ Power key နှိပ်လို့ Restart ဆိုတာလုပ်ရမှာပါ။
  • ဖုန်းပြန်တက်လာရင် Magisk Manager ကိုဖွင့်ပါ။ Uninstall ဆိုပြီးလုပ်ပါမယ်။ ဒါပေမယ့် လုံး၀ Uninstall မဟုတ်ပါ။ ပထမ Guide post မှာ ကျနော်တို့ root လုပ်ချိန်မှာ boot.img ကိုပဲ ပြုပြင်တာလုပ်ခဲ့တယ်ဆိုတာမှတ်မိမှာပါ။ Magisk zip install လုပ်ချိန်မှာ Magisk က Original boot.img ကို သိမ်းပေးထားပါတယ်။ အဲဒါကို အခု Restore ပြန်လုပ်မှာပါ။ ဒါဆို OTA Update တင်ချိန်မှာ System Check လုပ်ရင် အောင်မြင်မှာပါ။ Fail မဖြစ်တော့ပါ။ အောက်ပါပုံလေးတွေအတိုင်း Original boot.img ကို Restore ခိုင်းလိုက်ပါ။ Restoration Done ဆိုရပါပြီ။ Reboot လုပ်ပေးစရာမလိုပါ။
  • အိုကေ.. သည်အချိန်မှာဆိုရင်တော့ Notification ပေါ်နေတဲ့ System Update ကို Install လုပ်ခိုင်းနိုင်ပါပြီ။ အောက်ကပုံထဲကလို System Update ကို Download လုပ်ပါလိမ့်မယ်။ ပြီးရင် Step 1 of 2 ဆိုပြီး System Update ကို Install ပါလိမ့်မယ်။
  • နောက်တစ်ဆင့် Step 2 of 2 ရောက်ချိန်မှာတော့ Home Key နှိပ်ထွက်ပါ။ Magisk Manager app ကိုဖွင့်ပါ။ အောက်ပါအတိုင်း Magisk zip ကို Install လုပ်ခိုင်းလိုက်ပါ။ အင်တာနက်လေးကတော့ အမြဲဖွင့်ထားရမှာပေါ့ 😀 
  • Magisk zip install ပြီးသွားရင်တော့ Recent key နှိပ်၊ System Update ထဲပြန်ဝင်ပြီး Restart ဆိုတာလုပ်နိုင်ပါပြီ။
  • ဖုန်းပြန်တက်လာချိန်မှာတော့ System Update လဲဖြစ်ပါပြီ။ Update လုပ်သွားတဲ့ Security Patch level ကို မြင်နိုင်ပါပြီ။ Magisk Manager app ထဲဝင်ကြည့်ရင် Magisk ကလည်း Already installed ဖြစ်နေရမှာပါ။ မိမိတို့ ယခင်သုံးခဲ့တဲ့ Magisk Modules zip များကိုလည်း ပြန်ထည့်လို့ရပါပြီ။ နေရာအစုံမှာ အမှန်အကန်မြင်မယ်ဆိုတဲ့ Zawgyi font magisk module လေးကိုလည်း ထည့်နိုင်ပါပြီပေါ့ခင်ဗျာ…. 😀 😀 

ထုံးစံအတိုင်း Developer Options ထဲမှာ OEM Unlocking ကို ON ထားပေး။ Automatic System Update ကို OFF ထားပေးတာသေချာစေဖို့ စစ်ဆေးပြီးသုံးနေလို့ရပါပြီ။ နောက်တစ်ကြိမ် System Update ပေါ်လာရင် Post အစကအတိုင်း Magisk modules တွေခဏဖျက်၊ Magisk Manager မှာ Boot image restore လုပ်.. Update လုပ်.. Step 2 မှာ Magisk zip ကို Second Slot မှာ Install.. Reboot… အဲဒါဆို အဆင်ပြေနေပါပြီခင်ဗျာ.. 😀
crd thet zaw ko

MiA1 Guide – 1 : Firmware Flash, Magisk Root, MM Zawgyi Font

Mi A1 အတွက် firmware တင်တာလေးကနေ စလိုက်ရအောင်ခင်ဗျာ..။ ဆိုင်ကဝယ်လာတဲ့အချိန်ပါလာတာက Android 7.1 နဲ့ပဲဖြစ်နေတယ်။ အခုအချိန်မှာ Android 8 ထိရနေပြီမို့ အကုန် Clean ဖြစ်အောင် firmware တင်မယ်။ ဒါမှမဟုတ် OTA update တွေလုပ်ရင်း system ပိုင်းကိုပြင်ထည့်ထားတဲ့ myanmar font တွေကြောင့် ဖုန်းက boot မတက်တော့ဘူး၊ firmware ပြန်တင်ရတော့မယ်ဆိုရင် ကွန်ပျူတာသုံးပြီး fastboot rom ကို ပြန်တင်ပေးဖို့လိုအပ်လာပါပြီ။ 
MiA1 ကိုင်မိရင်တော့ မိမိစိတ်တိုင်းကျ အမြန်ဆုံးလုပ်နိုင်အောင် ကွန်ပျူတာလေးရှိနေပြီး လုပ်ဖို့ idea လေးတွေ သိထားရင် အဆင်ပြေမှာပါ။ အနည်းဆုံး OTA update လုပ်ရင်း myanmar zawgyi font က ပျောက်သွားလို့ ပြန်ထည့်ရတော့မယ်ဆို ကွန်ပျူတာအကုူအညီလေးပါမှ အမြန်ဆုံးအဆင်ပြေမှာပါ။ အဲလိုမှမဟုတ်ရင်တော့ ဆိုင်သွားဖို့အချိန်ပေးရလိမ့်မယ်.. 😀 😀 

Firmware Flash

  • PC နဲ့တင်ဖို့လိုအပ်တဲ့ fastboot rom ကို download ဖို့ကတော့ Xiaomi forum က သည် Link [ –> Mi A1 Fastboot ROM Download Link <– ] ကို သွားလိုက်ရုံပါပဲ။ ပြီးရင် Download Full ROM ဆိုတာနှိပ်ပြီး download လိုက်ပါ။ သူ့မှာ အမြဲတမ်း latest version rom တစ်ခုပဲရှိပါတယ်။
  • ရလာတဲ့ file ကို Mi Flash tool နဲ့ တင်ဖို့ အသင့်ဖြစ်အောင် 7Zip software နဲ့ ဖြည်ချနည်းကို သည် Post [ –> Preparing Fasboot ROM using 7Zip <– ] လေးဖတ်ပြီးလေ့လာလို့ file ဖြည်တာကိုလုပ်ပေးပါ။
  • ဖုန်းနဲ့ကွန်ပျူတာတွဲပြီး firmware တင်တာ၊ Boot loader unlock လုပ်တာ စတာမျိုးတွေ မလုပ်ဖူးရင်တော့ ကွန်ပျူတာမှာ Xiaomi USB Drivers တွေတင်ပေးထားရပါမယ်။ သည် Post [ –> BLU Tool USB Driver Fix <– ] မှာ ဖတ်ပြီး လုပ်လိုက်ပါ။ လွယ်ပါတယ်။ Latest drivers တွေတင်ဖို့ အရမ်းလွယ်သွားပါပြီ။
အားလုံးအဆင်သင့်ဖြစ်ရင်တော့ fastboot rom ဖြည်ရာမှာ ပါလာတဲ့ files လေးတွေနဲ့ Mi Flash Tool မှာရွေးတင်တာလေးတွေ ဘယ်လိုဆက်စပ်နေတတ်တယ်ဆိုတာလဲ လေ့လာကြည့်ရအောင်.. MIUI ROM တွေမှာလဲ သည် idea က အတူတူပါပဲ။
  • ဖုန်းကို စက်ရုံထုတ်အတိုင်းဖြစ်အောင် တင်ချင်ရင် Mi Flash Tool မှာရွေးပေးထားတာ Clean All ဆိုတဲ့ Option ပါ။ သုံးသွားတာက flash_all.bat ဆိုတဲ့ file ကိုပါ။ အဲသည်ထဲမှာ ဘယ်လိုတွေရေးသွားပါဆိုတဲ့ fastboot commands တွေပါပါတယ်။ အောက်ကပုံအတိုင်းဖြစ်ပါတယ်။
  • နောက်တစ်ခုက Data တွေမပျက်ချင်ပဲ ဖုန်းမတက်လို့ firmware ပြန်တင်တာမျိုးတွေမှာသုံးတာပါ။ Mi Flash Tool မှာ Save User Data ဆိုတာကိုရွေးပေးပါတယ်။ သူသုံးသွားတဲ့ file က flash_all_except_storage.bat ဆိုတဲ့ file ပါ။ အဲသည်နေရာမှာ ပြန်တင်တာ ပိုပြီးအဆင်ပြေပြေဖြစ်အောင် မိမိလက်ရှိ firmware ထက် version တူတာ၊ ပိုမြင့်တာ ကိုတင်ပေးရင် အဆင်ပြေပါတယ်။ ဖုန်းက မတက်တော့လို့ Settings -> System -> About Phone ထဲမှာ Android security patch level နံပါတ်နဲ့ Build Number ကို ကြည့်မရလို့ ROM ဘယ်လိုလိုက်ရှာရမှန်းမသိရင်တော့ အထက်ဆုံးလောက်မှာပေးထားခဲ့တဲ့ Download link ထဲဝင်ပြီးသာ နောက်ဆုံး version ကို ဒေါင်းတင်ပေးလိုက်နိုင်ပါတယ်။ Mi Flash Tool မှာ ရွေးထားပုံက အောက်ပါအတိုင်းပါ။
  • နောက်ဆုံးတစ်ခုက Clean All နဲ့တူတူပါပဲ။ အပိုပါတာက firmware တင်ပြီးသွားရင် boot ပြန်မတက်ခင် Boot Loader ကို Lock ပြန်လုပ်သွားတာပါ။ ကိုယ်တွေက Myanmar zawgyi font ကိုထည့်ဖို့လုပ်ရာမှာ BLU ပြန်လုပ်ရတာမို့ ဒါရွေးတင်လဲ သိပ်မထူးပါဘူး။ သို့သော်လည်း စတက်တက်ချင်းတော့ System verify တွေသေချာလုပ်ပြီး ပြန်တက်အောင်လုပ်ချင်တယ်ဆိုရင်တော့ ရွေးပြီးတင်နိုင်ပါတယ်။ ပြီးမှပဲ မိမိလုပ်ချင်တာလုပ်နိုင်အောင် BLU ပြန်လုပ်ပြီးလုပ်ပေါ့။ Mi Flash Tool မှာရွေးပေးထားတာ Clean All and Lock ပါ။ အောက်ပါပုံအတိုင်းပါ။
Fastboot firmware ဖြည်ရာမှာပါလာတဲ့ flash_factory.bat ဆိုတာကိုတော့ လုံးဝမသုံးပါနဲ့။ factory ပါလို့ factory ထုတ်အတိုင်းဖြစ်မယ်မဟုတ်ပါဘူး။ modem partition တွေအကုန် wipe လုပ်တင်သွားလို့ ဖုန်း reboot ဖြစ်လာချိန်မှာ IMEI ပျောက်၊ လိုင်းမတက်ဖြစ်မှာပါ။ Mi Flash Tool သုံးပြီးတင်တာမှာတော့ အဲသည် file ကိုသုံးပြီးတင်သွားဖို့ ရွေးချယ်စရာမရှိပါ။ Flash Tool ကို မသုံးပဲ မိမိဖာသာ bat file ကို ပြင်ပြီး Command Line ကနေတင်ချင်ရင် ပြင်ပြီးတင်မိမှာစိုးလို့ပါ။
Mi Flash Tool ကိုမသုံးပဲ bat file ကိုပြင်ပြီးတင်တာကိုတော့ သည် Post [ –> Flashing fastboot rom without Mi Flash Tool <– ] ထဲမှာဖတ်ပြီး ဘယ်နေရာတွေပြင်ပေးပြီးလုပ်ရမယ်ဆိုတာ လေ့လာနိုင်ပါတယ်။ မိမိတင်ချင်တဲ့ပုံစံပေါ်မူတည်လို့ flash_all.bat, flash_all_except_storage.bat, flash_all_and_lock.bat files တွေကိုပြင်ပေးပြီး အဲသည် Post ထဲကအတိုင်း တင်ပေးလိုက်နိုင်ပါတယ်။

ကဲ.. တင်ဖို့အပိုင်းစလိုက်ရအောင်…။ Mi Flash Tool မရှိရင် သည်မှာ download ပြုလုပ်နိုင်ပါတယ်။

Download MI Flash Tool

Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]
  • Mi Flash Tool ကိုဖွင့်၊ အောက်ပါပုံအတိုင်း rom folder ကိုရွေးပါ။ 7Zip နဲ့ဖြည်ခိုင်းတဲ့ post ထဲမှာ rom ကို C:\ or D:\ ထဲကိုပဲ တိုက်ရိုက်ဖြည်ခိုင်းထားပါတယ်။ flash မယ့် files တွေရှိနေမယ့် path လမ်းကြောင်းမှာ space တွေပါနေလို့မရပါ။ ဒါကြောင့် C:\ or D:\ ထဲကိုသာ ဖြည်ခိုင်းတာပါ။ ဖြည်လို့ရလာတဲ့ rom folder က space တွေမပါပါဘူး။ ဒါဆိုအဆင်ပြေပါပြီ။
  • ဖုန်းကို Power ပိတ်ပါ။ Vol Down + Power Key ကို တွဲပြီး ခပ်ကြာကြာလေးနှိပ်ထားလိုက်ပါ။ Mi Bunny ပုံအစိမ်းရောင်လေးပေါ်ပြီး fastboot mode ကိုရောက်ပါပြီ။ Boot loop ဖြစ်လို့ Normal အတိုင်း မတက်တဲ့ဖုန်းတွေလဲ Vol Down + Power ကို ကြာကြာလေးသာ နှိပ်ထားရင် fastboot mode ရောက်ပါတယ်။ ပြီးရင်တော့ အောက်ပါပုံအတိုင်း Device Detect လုပ်ဖို့ Refresh နှိပ်တာ၊ Flash tool မှာတင်ချင်တဲ့ Option ရွေးတာ၊ Flash တာလုပ်နိုင်ပါပြီ။
  • Mi A1 ကို Fastboot mode ကနေတင်ရာမှာ Boot loader unlock လုပ်ထားလား၊ Lock ဖြစ်နေလား စဉ်းစားနေစရာမလိုပါ။ Firmware ရေးရာမှာသုံးတဲ့ bat files တွေထဲမှာ ဘာ file မှမရေးခင် Auto Unlock လုပ်ပြီးမှရေးပါတယ်။ အောက်ကပုံအတိုင်း firmware ရေးတာပြီးရင်တော့ Success ပြပြီး ဖုန်းက Auto reboot ဖြစ်သွားပါလိမ့်မယ်။ အချိန်အနည်းငယ်စောင့်ပေးလိုက်ရင်တော့ ဖုန်းက စက်ရုံထုတ်အတိုင်းလို ဗူးကဖောက်ကာစအတိုင်း ဖြစ်ပါပြီ။ ( Clean All or Clean All and Lock တို့နဲ့ရေးခဲ့မယ်ဆိုရင်ပေါ့ )
  • Firmware တင်တာပြီးလို့ ဖုန်းသုံးဖို့ Ready ဖြစ်လာပြီဆိုရင်တော့ Settings –> System –> About Phone –> Build Number နေရာကို ခြောက်ချက် Tap လုပ်ပေးပါ။ ဒါဆို Settings -> System ထဲမှာ Developer Options ပေါ်လာပါမယ်။ အဲသည်ထဲမှာ OEM Unlocking ဆိုတာ ON ထားပေးပါ။ Automatic System Updates ဆိုတာ OFF ထားပေးပါ။ နောင် ကိုယ်ဆက်လုပ်ချင်တာတွေအတွက် အဆင်ပြေပြေဖြစ်နေရအောင်အတွက်ပါ။ 

Systemless Magisk Root for Android Oreo

Root လုပ်တာကတော့ System fonts တွေထဲမှာ Zawgyi font ကိုထည့်ပေးဖို့ပါ။ Root ဖို့အတွက် MIUI Rom တွေမှာလို TWRP ထည့်ပြီး လုပ်တာမျိုးလည်းမလုပ်တော့ပါဘူး။ Magisk root မှာ boot.img ကိုပဲ patch လုပ်သွားတာပါ။ အဲသည် patch လုပ်ထားတဲ့ boot.img ကို ဖုန်းမှာ flash ပေးပြိး ဖုန်းကို reboot လိုက်ရင် Root access ရပြီးသားလိုဖြစ်သွားပါပြီ။ MIUI ROM တွေမှာ Magisk root ကိုလုပ်မယ်ဆိုလည်း သည်အတိုင်းပါပဲ။ TWRP မရှိလဲလုပ်လို့ရပါတယ်။ patch boot image ကိုပြန်ထည့်ဖို့တော့ ကွန်ပျူတာလိုမယ်ပေါ့ 😀 
လိုအပ်တဲ့ boot.img file ကတော့ fastboot firmware ထဲမှာပါပါတယ်။ သည် post အရ အထက်မှာ firmware ရေးတာလုပ်ခဲ့တော့ fastboot rom ဖြည်ထားတာရှိနေပါပြီ။ သည်တော့ boot.img file လဲရှိနေပါပြီ။ ကိုယ်တင်ထားတဲ့ firmware ရဲ့ Android Security patch level date တူတဲ့ firmware ထဲက boot.img ကိုသုံးတာအကောင်းဆုံးပါ။ ကိုယ့်ဖုန်း Android security patch level date နဲ့မကိုက်တဲ့ patch လုပ်ပြီးသား boot.img ကို Root access ပါပြီးသား၊ fastboot ကနေ flash ပေးရုံပဲဆိုပြီး flash မိရင် boot loop ဖြစ်တာ၊ တက်ပြန်ရင်လဲ Root တော့ရပါတယ်၊ Wifi, Bluetooth တွေမရတော့တာ ဖြစ်တတ်ပါတယ်။
OTA Update ရလို့တင်မိလိုက်ပြီ။ Zawgyi font ထည့်ဖို့ Root ကလိုပြီ။ Fastboot rom ကလည်း Download လုပ်ဖို့မထွက်သေး။ အဲလိုအချိန်မှာမျိုး patch လုပ်ပေးရမယ့် boot.img ကို TWRP အကူအညီနဲ့ထုတ်ယူတာမျိုး။ Magisk root သုံးထားပြိး OTA Update အဆင်ပြေပြေတင်နိုင်တာမျိုးတွေဖြစ်အောင် လုပ်ထားရမှာမျိုးတွေကို Post တစ်ခု သတ်သတ်ရေးတင်ပေးပါမယ်။ Mi A1 firmware တွေထဲက Original boot.img တွေကို လိုအပ်ရင်ဒေါင်းသုံးနိုင်အောင် သတ်သတ်တင်ပေးထားပါမယ်။ MB နဲနဲလေးပဲရှိတဲ့ boot.img ကိုလိုချင်လို့ GB လောက်ရှိတဲ့ firmware ကြီးကိုဒေါင်းနေရရင် အဆင်မပြေလှဘူးပေါ့.. 😀 
ကဲ.. အခုတော့ MiA1-Tool ဆိုတဲ့ zip လေးကိုဒေါင်းပြီး ကွန်ပျူတာထဲမှာဖြည်ထားလိုက်ပါ။ Mi A1 မှာကွန်ပျူတာနဲ့ချိတ်ပြီး fastboot mode ကနေလုပ်ချင်တာမှန်သမျှ လုပ်နိုင်အောင် လိုတဲ့ file လေးတွေ ထည့်ပေးထားပါတယ်။ အဲသည် Folder အောက်မှာ Command Windows ခေါ်ပြီးလုပ်ပေးလို့ရပါတယ်။

Download Mi A1 Tool

Folder ထဲမှာပါတာတွေကတော့
  • UNLOCK.bat က Boot loader unlock လုပ်ဖို့လိုလာရင် ဖုန်းကို fastboot mode ဝင်၊ ကွန်ပျူတာနဲ့ချိတ်ထားပြီး Double Click လုပ်ပေးရင် ဖုန်းက Boot Loader Unlock ဖြစ်သွားပါမယ်။
  • RELOCK.bat ကတော့ Boot Loader ကို lock လုပ်ချင်ရင် အထက်က Unlock လိုပဲ ဖုန်းကို fastboot mode ဝင်၊ ကွန်ပျူတာနဲ့ချိတ်ထားပြီး Double Click လုပ်ပေးတာပါ။ ဒါကတော့ သိပ်သုံးဖြစ်မှာမဟုတ်လှပါ။ Root လိုချင်လို့ Magisk root နဲ့ patch ထားတဲ့ boot.img နဲ့ boot တက်နေတိုင်း Boot Loader ကို Lock ထားလို့အဆင်မပြေပါ။
  • CHECK-FASTBOOT-DEVICE.bat ကတော့ ဖုန်းကို fastboot mode ဝင်၊ ကွန်ပျူတာနဲ့ချိတ်ထားပြီး Double Click လုပ်ပေးရင် ကွန်ပျူတာက fastboot device သိလားစစ်တာပါ။ သိမှ မိမိလုပ်ချင်တာလုပ်လို့ရမှာပါ။ မသိရင် Drivers တင်တာတွေ ပြန်စစ်ဆေးပါ။
  • MagiskManager.apk ကတော့ Magisk root ပါပြီးသား boot.img လုပ်ဖို့၊ Magisk modules တွေထည့်သုံးဖို့၊ Root access လိုတဲ့ app တွေကို permission ပေးဖို့..စသည်တွေအတွက်ပါ။
  • CommandWindows.bat ကတော့ ကွန်ပျူတာမှာ Command Windows ခေါ်ဖို့ပါ။
Patch boot.img လုပ်ဖို့ fastboot firmware ထဲမှာပါတဲ့ original boot.img ကိုဖုန်းထဲကူးထည့်ပါ။ Magisk Manager apk ကို install လုပ်ပါ။ ဘယ်ဖုန်းမှာမဆို လုပ်လို့ရပါတယ်။ Root ရှိနေဖို့လဲ မလိုပါဘူး။ Samsung တွေအတွက်လုပ်ချင်တာဆိုလဲ Magisk Manager settings ထဲပြင်ပေးလို့ Odin ကနေ Flash လို့ရတဲ့ tar format နဲ့ boot image ကိုလုပ်လို့ရတာပါပဲ. 😀 
  • အင်တာနက်ဖွင့်ထားပါ။ အောက်ပါပုံအတိုင်း patch လုပ်ပေးဖို့ boot.img file ကိုရွေးပေးပါ။ Magisk Manager apk ကို Update လုပ်ဖို့ အရင်ပေါ်လာရင်လဲ အရင်လုပ်ပေးလိုက်ပါ။ သူက ခဏ ခဏ လို Update ပေးတတ်ပါတယ်။ Up to date ဖြစ်တာနဲ့သာသုံးပါ။
  • Patch boot image လုပ်ပေးဖို့ လိုအပ်တာကို အင်တာနက်ကနေဒေါင်းသွားပါမယ်။ boot image ကို patch လုပ်ပေးပါမယ်။ ပြီးသွားရင်တော့ Internal Storage/MagiskManager folder ထဲမှာ patched_boot.img ဆိုပြီး Magisk root access ပါပြီးသား patch boot ကိုရပါပြီ။ ကွန်ပျူတာမှာ fastboot mode ကနေ flash ပေးနိုင်ပါပြီ။
အထက်မှာပြောခဲ့တာက Fastboot rom တင်ပြီးပြီ၊ Root လုပ်ဖို့အတွက် fastboot rom ကလည်း Ready ရှိနေလို့ အဲသည်ထဲက boot.img file ကိုယူပြီး မိမိဖာသာ Root access ရနေတဲ့ patch_boot.img ကိုလုပ်ယူတာပါ။ Update လုပ်ရင်းနဲ့ Android 8 တော့ရောက်သွားပြီ။ Root လုပ်မယ်၊ Zawgyi font ထည့်မယ်ဆိုတာတွေလုပ်မယ်။ boot.img ကမရှိဘူးဆိုရင် အောက်မှာဒေါင်းယူနိုင်ပါတယ်။ Android 8 အတွက်ချည်းဖြစ်ပါတယ်။ Settings –> System –> About Phone –> Android security patch level နေရာမှာ ကြည့်ပြီး မိမိ Security patch နဲ့ကိုက်မယ့် လအလိုက် boot.img ကိုဒေါင်းယူနိုင်ပါမယ် (Jan 2018, Feb 2018.. စသည်ဖြင့်..)။  boot.img ကိုဒေါင်းယူပြီး မိမိဖုန်းထဲကူးထည့်ကာ မိမိဖာသာ Magisk Manager app နဲ့ patch_boot လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် တစ်ခါတည်းသုံးလို့ရမယ့် patch_boot.img ကိုလိုချင်တယ်ဆိုလဲ ဒေါင်းယူပြီး လုပ်ချင်တာဆက်လုပ်နိုင်ပါတယ်။ နှစ်ခုထည့်ပေးထားပါတယ်။ boot.img က original boot image ပါ။ ဘာမှမပြင်ထားရသေးတာပါ။ patch_boot.img ဆိုတာကတော့ Magisk Manager နဲ့ Root access ရပြီးသား boot image ပါ။ နှစ်သက်ရာဒေါင်းပြီး လုပ်နိုင်ပါတယ်။ Folder လိုက် share ထားပါတယ်။

Download Boot Images

ကိုယ့်ဖုန်း Android Security patch နဲ့ကိုက်မယ့် patched_boot.img ရလာပြီဆိုရင်တော့ ဖုန်းမှာ root ရအောင်လုပ်ပါတော့မယ်။
  • မိမိဖုန်းမှာ မိမိကိုယ်တိုင် Magisk Manager နဲ့ patched_boot.img လုပ်ထားတာမဟုတ်ရင်တော့ ဖုန်းထဲမှာ Magisk Manager apk ကို Install လုပ်ပေးပါ။ MiA1-Tool Zip ထဲမှာပါပါတယ်။ ပြီးရင်တော့ ဖုန်းကို Power ပိတ်ပါ။ Power + Vol Down key နှစ်ခုကို ခပ်ကြာကြာလေးတွဲနှိပ်ပေးထားလိုက်ပါ။ Fastboot mode ရောက်ပါမယ်။ ကွန်ပျူတာမှာ USB Cable နဲ့ချိတ်ပါ။
  • မိမိလုပ်ထား (or) ဒေါင်းထာ်းတေဲ့ patched_boot.img ကို ကွန်ပျူတာမှာ ခုနကဖြည်ထားတဲ့ MiA1-Tool folder ထဲကူးထည့်ပါ။ CommandWindows.bat ကို Double click လုပ်ပြိး Command Windows ကိုဖွင့်ပါ။ အောက်ပါပုံအတိုင်း fastboot devices လို့ command ရိုက်ပြီး device သိ မသိ စစ်ပါ။ မိမိဖုန်းနဲ့ကွန်ပျူတာလုပ်နေကြ၊ သိနေတာပဲဆိုလဲ မလိုဘူးပေါ့ခင်ဗျာ.. 😀 😀 
  • ဖုန်းကို Root access ပါပြီးသားဖြစ်တဲ့ patched_boot.img နဲ့ boot တက်ခိုင်းလိုက်ပါ။ အောက်ပါပုံကအတိုင်း command ရိုက်ပေးပါ။ ဖုန်း boot တက်သွားပါမယ်။ Command က fastboot boot patched_boot.img ပါ။
  • ဖုန်း boot တက်လာရင် ဖုန်းထဲမှာကူးထားတဲ့ Magisk Manager apk ကို install လုပ်ပေးပါ။  ထပ်ခါ ထပ်ခါ Install ခိုင်းတာတွေဖြစ်နေပါမယ်. ဟုတ်ကဲ့ပါ… လုပ်သာလုပ်ပေးပါခင်ဗျာ.. 😀 
  • ပြီးရင် Magisk Manager app ကိုဖွင့်ပါ။ Root access ပါပြီးသား patched_boot.img နဲ့ boot တက်ထားလို့ root access ရ၊ Magisk installed လို့လာပြတာတွေ့မှာပါ။ ဒါပေမယ့် တကယ်ဖုန်းထဲရှိနေတဲ့ boot.img မဟုတ်သေးပါ။ သည်အတွက် Permanent Root access ရဖို့ Magisk Manager ထဲကနေ Magisk.zip ကို Install လုပ်ပေးပါမယ်။ အင်တာနက်ဖွင့်ထားပေးဖို့လိုအပ်ပါတယ်။ အောက်ပါပုံလေးတွေအတိုင်းသွားပါ။
  • လိုအပ်လို့တောင်းတဲ့ permissions တွေ Allow လုပ်ပေးပါ။ Online ကနေ Magisk.zip ကို download လုပ်ပေးပြီး ဖုန်းမှာ Permanent Root Access ရအောင် Install ပေးပါလိမ့်မယ်။ ပြီးဆုံးသွားရင် Reboot လုပ်လို့ရပါပြီ။
  • ဖုန်းပြန်တက်လာပါက Magisk Manager app ကိုဖွင့်ကြည့်ရင် Installed လုပ်ထားတဲ့ Magisk version ပြနေတာ၊ Google Safety Net ကို Pass ဖြစ်ကြောင်းစစ်နိုင်တာ၊ Encryption ပိုင်းတွေကိုလဲ ဘာမှမထိပဲထားပြီး ရှိနေကြောင်းပြတာ.. စတာတွေတွေ့ရမှာပါ။ အဲသည်အချိန်မှာ ဖုန်းမှာ Permanent Root Access ရနေပါပြီ။ ပိုသေချာအဆင်ပြေအောင် ဖုန်းကို နှစ်ကြိမ် သုံးကြိမ်လောက် Restart လုပ်ပြီး စမ်းကြည့်ပါ။ အင်တာနက်ဖွင့်ထားရင်း Magisk Manager, Magisk zip တွေ Update ပေးရင်လဲ လုပ်ပေးလိုက်ပါ။ အဲဒါတွေက ခဏ ခဏ လို update ပေးတတ်ပါသေးတယ်။

Myanmar Zawgyi Font

Root လဲရပါပြီ။ System font တွေမှာ Zawgyi font ပါတာ ထည့်ချိန်းပေးလို့ရပါပြီ။ သည်နေရာမှာ အရင်ကလို TWRP ကနေ System partition ထဲကို ထည့်တာမလုပ်တော့ပါဘူး။ Mi A1 မှာ OTA Update အတွက်က System partition, Vendor partition တွေမျိုးကို ထိထားလို့မရပါဘူး။ အရမ်း sensitive ဖြစ်ပါတယ်။ ဒါကြောင့်သည်နေရာမှာ Myanmar font ကိုထည့်ရာမှာ Magisk Module တစ်ခုအနေနဲ့ထည့်ပါမယ်။  Magisk က ကိုယ် System ပိုင်းမှာထည့်ချင်တာတွေကို ဖုန်း boot တက်နေချိန်မှာ System partition ထဲမှာ တိုက်ရိုက်ထည့်စရာမလိုပဲ System ပိုင်းမှာ ကိုယ်ထည့်ထားတာတွေက ပူးပေါင်းပြီး အလုပ်လုပ်ပေးနေအောင် လုပ်ပေးတယ်ပေါ့။ အဲလိုပုံစံမှတ်ယူနိုင်ပါတယ်။ SuperSU ကလည်း System ပိုင်းကို မထိတဲ့ Systemless root ပါပဲ။ ဒါပေမယ့် သူက system ပိုင်းမှာထည့်ချင်တာတွေကို Magisk လို Module တစ်ခုအနေနဲ့ ထည့်ပေးဖို့မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် မသုံးတာပါ။ Update ရလို့ Fastboot rom ဒေါင်းလို့ရပြီဆိုတာနဲ့ ဒေါင်းပြီး ကွန်ပျူတာကနေ Data မပျက်နည်းနဲ့တင်ပစ်မယ်ဆိုရင်တော့ ဒါတွေလိုက်စဉ်းစားမလိုဘူးပေါ့ 😀 😀 ဘာပဲပြောပြော Knowledge တစ်ခုအနေနဲ့ သိထားရတာပေါ့။
Myanmar font ကို Magisk Module အနေနဲ့ထည့်တာ မခက်ပါဘူး။ Magisk module အနေနဲ့လုပ်ထားတဲ့ Zip ကို Magisk Manager ထဲကနေထည့်ပေးလိုက်ပြီး Reboot လိုက်တာပါပဲ 😀 
Magisk module အနေနဲ့လုပ်ထားတဲ့ Myanmar font zip ကို သည်မှာဒေါင်းယူနိုင်ပါတယ်။ နောက်ထပ်လဲ Magisk font zip လေးတွေ ထပ် share ပေးပါအုံးမယ်။

Download MM-ONE Font for Mi A1


အခုလောက်ဆို Mi A1 ကို Android Oreo ကို Flash tool နဲ့တင်တယ်။ Root access ရအောင်လုပ်တယ်။ Myanmar font ကို Magisk ကနေထည့်တယ်.. စတာတွေ လုပ်လို့အဆင်ပြေပြီယူဆပါတယ်။ အဓိကကတော့ ကိုယ့်ဖုန်းအတွက် patched_boot.img ကို ကိုယ်တင်ထားတဲ့ firmware ထဲကယူပြီးလုပ်တာ အကောင်းဆုံးပါ။
Root လုပ်ပြီးသွားရင် Camera ဖွင့်ရင် နဲနဲကြာတာ (lag) ဖြစ်တာတွေ့မှာပါ။ အဲဒါကို Mi A1 Camera Lag Fix Oreo module ကို ဒေါင်းပြီး Fix ပေးနိုင်ပါတယ်။ အပေါ်မှာ font zip ထည့်ဖို့ ဝင်တဲ့ Magisk settings ထဲက Modules အောက်က Download နေရာနှိပ်ပြီး လိုက်ရှာရင်တွေ့နိုင်ပါတယ်။ GCam သုံးချင်လို့ build.prop ကိုပြင်စရာမလိုပဲ Mod လုပ်ပေးတဲ့ module ကိုလည်းတွေ့မှာပါ။ အခြားသော ကိုယ်သုံးချင်ရာ modules လေးတွေလည်း စိတ်ကြိုက်တွေ့ရင် ထည့်သုံးနိုင်ပါသေးတယ်။ သူ့ထဲမရှိတဲ့ TWRP ကနေ flash တာပဲရှိတဲ့ Zip တွေဆိုရင်တော့ မိမိဖာသာ Magisk module zip ဖြစ်အောင် လုပ်ယူရမှာပေါ့. 😀 😀 
Mi A1 ဖုန်း boot တက်တဲ့ပုံစံက တစ် – တြိဂံပုံအနီလေးနဲ့ ဖုန်းက BLU လုပ်ထားတယ်လို့ Warning ပေးနေတဲ့ screen ပါ။ Root တွေလုပ်ဖို့ Boot Loader Unlock ရင်ထားရင်ပေါ်သည်ပေါ့..။ နှစ် – Mi Logo ပေါ့..။ သုံး – AndroidOne ဆိုပြီး color bar လေးပြေးတာပါ။ MIUI မှာ Android ဆိုပြီးအစက်လေးပြေးသည်ပေါ့။ ကလိတာတွေ တစ်စုံတစ်ခုကြောင့် ဖုန်းက တစ် နှစ် အဆင့်တွေပဲဖြစ်နေတာ.. နှစ် မှာရပ်နေတာမျိုးဆိုရင် ကိုယ့်ဖုန်း firmware ထဲက boot.img ကို flash ပေးလိုက်ရင် အဆင်ပြေတာများပါတယ်။ လုပ်ပုံကတော့ patch_boot.img ကို flash ခဲ့တယ်ဆိုတုန်းကအတိုင်းပေါ့။ နာမည်လေးပြောင်းရေးရမှာပေါ့။ အဲလိုမှ အဆင်မပြေသေးရင် system.img ကိုပါ flash ပေးတာပါ။ သူလဲ system_a လား system_b လားပြောပေးရပါတယ်။ Active Slot ကို အထက်မှာကြည့်တတ်ခဲ့မှာပါ။ သည်တော့ fastboot flash system_a system.img or fastboot flash system_b system.img command နဲ့ပေါ့။ ဒါဆို data လည်း မပျက်ပါဘူး။ ပြီးမှ Root, MM Font တွေဆက်လုပ်ပေးရမှာပေါ့ 😀  သည်တော့ Mi A1 ကိုင်ရင် လက်ရှိတင်ထားတဲ့ fastboot firmware လေးရှိနေ၊ ကွန်ပျူတာလေးရှိနေရင် ဘာလုပ်လုပ် အချိန်ခဏလေးအတွင်းမှာ အဆင်ပြေပါတယ်.. 😀