Saturday, July 20, 2013
Y210 Series တွေကို Recovery ကနေ Root,မြန်မာစာ,လက်ကွက်အကုန်ထည့်နည်း (v2)
ပထမဆုံး ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။
Y210 Recovery Installer  v1.2          http://adf.ly/RNZm9
MMSD.zip                                    http://adf.ly/RNZoW
ပြီးသွားရင်တော့ update.zip ကို SD card ထဲထည့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပါ။
ပြီးရင် Volume Down + Power နဲFastboot Mode ၀င်လိုက်ပါ။
Huawei LOGO လေးရပ်နေပြီဆိုရင် ကြိုးထိုးလိုက်ပါ။
Download လုပ်ထားတဲ့ Tool ကိုဖွင့်လိုက်ပါ။
Screenshot - 6_28_2013 , 8_23_28 PM
 Login Password
password:mmsd
password:mobilemother
password:phyochan
မိမိဖုန်းကိုရွေးချယ်ပြီး လုပ်ပါ။
Screenshot - 6_28_2013 , 8_23_45 PM
အားလုံးပြီးသွားရင်တော့ ဖုန်းကို Battery ဖြုတ်ပြီး Recovery Mode ၀င်လိုက်ပါ။
Volume Up + Power ကိုဖိနှိပ်ထားရင် Recovery Mode ကိုရောက်ပါပြီ။
imasge3069
ပေးထားတဲ့ Update.zip ကို Install zip From SD Card ကနေရွေးပေးလိုက်ရင်အဆင်ပြေပါပြီ။
ပြန်တက်လာရင်တော့ မိမိဖုန်းဟာ Myanmar Font,FrozenKeyboard,Root Access တစ်ခါတည်းအကုန်ရပြီးဖြစ်ပါလိမ့်မယ်။
Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် updtae failed ဖြစ်မှာ မပူတော့နဲ့။ ဒီမှာလာပြီ Huawei Stock Recovery Installer
images
ကဲ ဒီမှာ မရေးဖြစ်တာလည်း ကြာသွားတော့ ဘာလေး လုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့။ Firmware တင်ရင်
Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်။ ကျွန်တော်
တတ်နိုင်သလောက်လေး လုပ်ပေးထားတာလေးပါ။ လိုချင်ရင်တော့ ယူကြဗျာ။ Huawei Stock Recovery Installer
လို့တော့ နာမည်ပေးထားတယ်။သူက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတော့။ Official Firmware မှာ ပါတဲ့ boot.img နဲ့
recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့ Update Failed ဖြစ်ရတဲ့ ပြသနာက
တင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့ Update Failed
ဖြစ်တယ်လို့ သိထားပါတယ်။အဲဒါကြောင့် ဒါလေးကို ဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေ
အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ
Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိ
ကလိတတ်တဲ့ Customer တွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့
ကိုယ်လုပ်ပေးထားတာလေးတွေ ပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့
စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့ သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။
1.U8650
2.C8650
3.U8661 Sonic+
4.C8800
5.C8810
6.C8812
7.U8818
8.U8950D
9.U8825D
10.C8825D
11.U8860
12.C8860E
အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။
Download Link 1 : https://www.box.com/s/hokw38sewu1p0amqc8yh
Download Link 2 :https://www.sugarsync.com/pf/D0019460_943_25963148
Download Link 3 : https://www.dropbox.com/s/9vd0329dr2njuug/HuaweiStockRecoveryInstaller%203y%20H%40NL%40Y.exe
အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်နော်။ အားပေးစကားလေးတော့ ပြောခဲ့ကြပါအုံးနော်။
Samsung Galaxy S Duos GT-S7562 ကို Recovery သွင်းပီး Root ကြမယ် deathlesspuck | June 26, 2013 | 2 Replies
ပထမ ဖုန်းထဲက Unknown Sourcesနဲ့USB debugging ကိုတော့ On ထားနော်
Thursday, July 18, 2013
နောက်ဆုံးထွက် TANGO UPDATE V 3.0.53221 (18.07.2013)
ဒါလေး ကတော့ TANGO ရဲ့ နောက်ဆုံးထွက် update လေးပါ
17.07.2013 ရက်နေ့က  update ပေးထားတာပါ
ဘာတွေ လုပ်လို့ရနိုင်လည်းဆိုတာကတော့ပြောစရာလိုမယ်မထင်ပါဘူးနော်
သူငယ်ချင်းတွေနဲ့ video call ခေါ်နိုင်တယ် အုပ်စု့လိုက် Chat နိုင်တယ်
ဓါတ်ပုံတွေ video တွေ ရှယ်လုပ်နိုင်တယ် Smart ဖုန်းတွေနဲ့ Tabletတွေမှာ
အရမ်းအသုံးဝင် စကားပြောလို့ကောင်းတဲ့ app လေးပါ
Google Play မှာဒေါင်းလို့ရသလို အောက်ကပေးထားတဲ့ လင့်မှာလည်း
ဝင်ဒေါင်းလို့ရပါတယ် ခင်ဗျာ
Google ကနေငွေလွှဲပြောင်းနိုင်ပြီ
Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ 
သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့် ချိပ်ဆက်ထားပါက အလွန်သက်သာသော ဝန်ဆောင်မှု နှုန်းထား (of 2.9% per transaction (minimum $0.30)) ပေးဆောင် ရပါမယ်။ ပိုက်ဆံ လက်ခံရယူမှုကတော့ အမြဲတမ်း "Free" ဖြစ်ပါတယ်။ ဝန်ဆောင်မှုများအားလုံးကို လုံခြုံစိတ်ချမှု အပြည့် ရှိပါတယ်လို့  ပြောထားပါတယ်။
ဒီဝန်ဆောင်မှုကို Desktop version မှာ အားလုံး အသုံးပြုနိုင်ပြီး Mobile version အနေနဲ့  တော့ အမေရိကန်နိုင်ငံရှိ သတ်မှတ်ထားသော Android mobile device များတွင်သာ အသုံးပြုနိုင်ပါသေးသည်။
အသုံးပြုနိုင်သော Mobile Device list ကို ဤနေရာတွင် ကြည့်ရန်...
ငွေပို့ သူရော ငွေလက်ခံသူရောပါ အနည်းဆုံး "Google Wallet" account ဖွင့်ရန်လိုအပ်ပြီး မိမိ၏ Bank account, Credit account, Debit account တစ်ခုခုနှင့် ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။
Google ဟာ Apple iOS mobile device များ အတွက် App ကို မကြာမီ ထုတ်ပေးလာမယ်လို့  မျှော်လင့်ရပါတယ်။
အသေးစိတ်ဖတ်ရှုရန်... 
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
အလွယ်ကူဆုံး ဘလော့တစ်ခု တည်ဆောက်ရအောင်
ကဲဗျာ gmail အကောင့်တစ်ခုရှိသူတိုင်း ဘလော့လေးတစ်ခုတည်ဆောက်နိုင်ရန်အတွက် ရေးလိုက်ပါတယ်။ မသိ
သေးသူများ မရှိသေးသူများ စမ်းသပ်တည်ဆောက်နိုင်ရန်အတွက်ပါ။ အကျဉ်းလေးပါဘဲ ဓါတ်(10)ပုံထဲပါ။ အဲဒါ
လေးကြည့်ပြီး လုပ်ရှားလိုက်ရင် ဘလော့ပိုင်ရှင်တစ်ယောက်ဖြစ်ပါပြီ။ စီးပွါးရေးသမားတွေလည်း စိတ်ကြိုက်ဘလော့ တစ်ခုတည်ဆောက်နိုင်ရန်အတွက်ပေါ့ဗျာ။ကဲပြောနေတာကြာတယ် စလိုက်ရအောင်
ပထမဆုံး www.blogger.com လို့ Browser မှာရိုက်ထည့်ပါ။ အောက်ကပုံလေးပေါ်လာပါပြီ။ မိမိ gmail အကောင့်
နှင့် Password ကိုဖြည့်လိုက်ပါ။
ကဲ ဒုတိယပုံလေးကို ကြည့်လိုက်ပါ။
 တတိယပုံလေးကိုကြည့်ပါ။ လှမင်းမှာ ကိုယ့်နာမည်ရေး hlamin မှာ မိမိထည့်လိုတဲ့ ဘလော့လိပ်စာပေးပါ။ ကျုပ်ရဲ့ hlamin ဟာ www.hlamin.blogspot.com ဖြစ်သွားမှာပါ။ ဒါကြောင့်မိမိရဲ့နာမည်ရင်းဖြစ်ဖြစ်ကြိုက်ရာပေးပါ။ပုံပါအ
တိုင်း  ကြည့်ပြီး လုပ်ရှုားကြရအောင်ဗျာ။
Create blog ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရမှာပါ။ (1) ပြထားတဲ့နေရာလေးကိုနှိပ်ပါ။ ဒါက Post အသစ်တစ်ခု တင်စမ်းကြည့်ရအောင် ဘလော့တည်ဆောက်တာကပြီးသွားပြီ။
 ကဲဗျာဒီပုံကတော့ New Post ပေါ့ဗျာပို့စ်တစ်ရေးတော့မယ် ခေါင်းစီးရေးရန်နေရာမှာ မိမိစိတ်ကြိုက်ရေးပါ။ ပုံမှာပြထားသည့်အတိုင်း လုပ်စမ်းကြည့်ပါ။
ပို့စ်ကိုစိတ်ကြိုက်ရေးပြီးရင် Publish နှိပ်ကာ အတည်ပြုလိုက်ပါ။ ဒါပို့စ်တစ်ခုရေးသားခြင်းပါဘဲ။ ဒီလိုဘဲနောက် စိတ်ကြိုက်ပို့စ်တွေ အများကြီးရေးသားနိုင်ပါပြီ။ မိမိနှစ်သက်ရာပေါ့ဗျာ။ ကဗျာဝါသနာပါရင် ကဗျာရေးပေါ့။ ဂိမ်းဝါသနာပါရင် ဂိမ်းအကြောင်းရေးပေါ့ စီးပွါးရေးဝါသနာပါရင် စီးပွါးရေး ရေးသားကြပေါ့။
ကဲဗျာ Publish နှိပ်ပြီးသွားရင်တော့ အပေါ်ပုံကိုကြည့်ပါ။ ကိုယ်ပြုပြင်ချင်တာတွေကို ကလိနိုင်ပါပြီ။
 ကဲဒါကတော့ View blog ပေါ့ မိမိရွေးခဲ့တဲ့ Template နောက်ခံအရောင်အတိုင်းဘဲ။ မိမိရေးသားခဲ့တဲ့ ချစ်တော့ချစ်
တယ်ဒါပေမယ့်ဆိုတဲ့ ပို့စ်လေးတစ်ခုပါ။ စာသားတွေအများကြီးရေးသားလို့ရပါတယ်။ ဓါတ်ပုံတွေလည်းထည့်လို့
ရပါတယ်။ ဗွီဒီယိုဖိုင်တွေလည်းထည့်လို့ရပါတယ်။ အပေါ်မှာ ပြခဲ့တဲ့ပုံမှာ ပါပြီးသားတွေပါ။
 ကဲအပေါ်ပုံကိုကြည့်ပါ။ ဒါကတော့ကျုပ်ရေးနေကျစတိုင်ဘဲ သူများတွေတော့မိသိဘူး။ Post အသစ်တင်ချင်ရင် အပေါ်မှာ ခဲတံလေးလိုပုံပါတယ် သူ့ကို ထောက်ကြည့်ရင် New Postလို့တွေ့မယ် ပို့်စ်တစ်ခုရေးချင်ရင် အဲဒီကိုနှိပ်ပေါ့ဗျာ။ အပေါ်မှာ ပြခဲ့တဲ့အတိုင်း ပို့စ်ရေးသားလို့ရပါပြီနော်။ ပုံလေးကြည့်ပြီးလုပ်ရှုားလိုက်တော့။
 ဒါကတော့ Add Gadget ကိုနှိပ်လိုက်ရင် မြင်ရတဲ့ပုံပါ။ ဒီအထဲမှာ ကိုယ်ကြိုက်တာလေးတွေထည့်လို့ရပါတယ်။ တစ်ခုပြီးတစ်ခု လုပ်စမ်းကြည့်ပါ။ ကိုယ်ကြိုက်တာတွေ့ရင် နောက်ဆုံးတော့ Save ရုံဘဲလေ။ ဒါနဲ့ပါတ်သက်လို့
တော့ အများကြီးဘဲ။ ကျုပ်ရဲ့ဘလော့ကိုဘဲကြည့်လိုက်ပါ။ ညာဘက်ချမ်းမှာ ကိုယ်သဘောကျတာတွေ အများ
ကြီး ကောက်ထည့်ထားတာဘဲ။ စမ်းသပ်ပါ စမ်းသပ်မှ အောင်မြင်ပါမည်။ အထူးသဖြင့် ဒို့ဖောင်းပြင်သားများအ
တွက်ပေါ့ဗျာ။ ကျုပ်တို့က တိုင်းစွန်ပြည်ဖျားကဆိုတော့ မလုပ်တတ်ကြဘူးလေ။ ဒါကြောင့် အကောင်းဆုံးနဲ့ အကျဉ်းဆုံးဖြစ်အောင် ရေးသားလိုက်တာပါ။
ကဲဒါကတော့ မိမိဘလော့ကို ဒေါင်းလော့ချတဲ့နေရာလေးပါ။ဒီနေရာကိုကတော့ Template ကိုနှိပ်ရင်ရောက်ပါတယ်။ ဒီကောင်အသုံးပြုပုံကတော့။ မိမိဘလော့တစ်စုံတစ်ရာ အမှားမရှိရအောင် ပို့စ်လေးငါးခု
တင်ပြီးတိုင်းလုပ်ထားသင့်တယ်။ တစ်ခုခုမှားသွားရင် ပြန်ပြီးတော့ သိမ်းဆည်းလို့ရတာပေါ့ဗျာ။ Setting ပိုင်းကိုတော့ မရေးတော့ဘူးဗျာ။ ဒီထက်အကျယ်ကိုတော့ စာအုပ်တင်ပေးပါ့မယ်။ ကျုပ်ကတော့ အဲဒီစာအုပ်
ကြည့်ပြီးလုပ်ခဲ့တာဘဲ ဒါပေမယ့် စာအုပ်ကကြာပြီဆိုတော့ မတူတာတွေများတယ်။ ပုံစံတူလေးတွေပါဘဲ။
ကဲဗျာ ဒီနောက်ဆုံးပုံလေးနေရာမှာ အသုံးဝင်တာတွေ အများကြီးပါ။ Template ဒီဇိုင်းချိန်းလိုရင်လည်း ချိန်းလို့ ရပါတယ်။ Template ဒီဇိုင်းလေးတွေကို www.google.com မှာ ရှာကြည့်ပါ။ firebox ညာဘက်ချမ်းလေးမှာ Template လို့ရိုက်ထည့်လိုက်တာနဲ့ ကျလာပါလိမ့်မယ် free ရတဲ့ Template လေးတွေကို ရှာပြီး ဒေါင်းလော့ ဒေါင်း
ပြီးရင်။ Choose file မှာ Upload လုပ်ကာတင်လိုက်ပေါ့။ မတင်ခင် ကျုပ်ရှေ့ကပြောခဲ့သလို ဒေါင်းထားပါ။ ဒါမှမကောင်းရင် ပြန်ပြင်လို့ရအောင်ပေါ့ဗျာ။
    ကဲဗျာ လက်တွေ့စမ်းသပ်ခြင်းဖြင့် အကျိုးရှိတဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့လုပ်ဆောင်ကြပါ။ ကျောက်သမားတွေ
လည်း ၀က်ဆိုက်ထောင်ပြီး။ ကြော်ငြာကြပေါ့။ ကုမ္မဏီ ပိုင်ရှင်တွေလည်း မိမိတို့ကိုယ်တိုင်ရေးနိုင်ရင်လည်း
ရေးပေါ့ဗျာ။ ဘယ်သူမဆိုပေါ့ဗျာ ကိုယ်ဝါသနာပါတာရေးကြ ကြော်ငြာကြပေါ့။ လိုအပ်တဲ့ တန်ဆာပလာတွေလည်း
ကျုပ်ဆိုက်ထဲမှာထည့်ထားတယ်။ သူများဆိုက်လေးတွေကကောင်းတာ ကိုယ်သဘောကျတာလေးတွေကို ကူး
ယူပြီးတော့ အားဖြည့်တင်ဆက်ထားတယ်။ သဘောကျရင်ယူသုံးကြပေါ့ဗျာ။ ဘလော့နဲ့ပါတ်သက်ရင် ဘလော့နှင့်
ပါတ်သက်သမျှလို့ ကျုပ်တင်ထားတာရှိပါတယ် အဲဒီမှာရှာကြည့်ပါ။ နောက်ပြီးကောင်းတဲ့ဆိုက်လေး နှစ်ခုသုံးခု   ဖော်ပြပေးလိုက်ပါ့မယ်။ ဒါကတော့ http://kp3family.blogspot.com/  KP 3ဆိုက်လေးနှင့် http://kyawkothein.blogspot.com/ ကျော်ကိုသိန်းဆိုက်လေးပါ။ ဒီနေရာတွေမှာ ဘလော့နှင့်ပါတ်သက်လို့ လေ့
လာနိုင်ပါတယ်ဆိုတဲ့ အကြောင်းပြောကြားရင်း ဒီနေ့အတွက် ဒီလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်ကြပါဦးလို့ ပြောပါရ
စေတော့ဗျာ။ ကြိုက်သူများလည်း ကူးယူသွားနိုင်သည် ။ 16.11.2012 အမှတ်တရ။ မိုးကောင်းကင်မှ ရေးသား
တင်ဆိုက်သည်။ မပျင်းရင်လည်း အလည်လာကြပါဦးလို့ ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။ လိုအပ်တာလေးတွေရှိရင်လည်း အကြံဥာဏ်လေး Cbox မှာရေးသားပေးခဲ့ကြပါဦးဗျာ။ စောင့်မျှော်ရင်းဖြင့်....
   ကဲဒါကတော့ အဆင့်မြင့်အင်တာနက်အသုံးပြုနည်းဆိုတဲ့ စာအုပ်လေးပါ။  ကျုပ်ရဲ့ရေးသားချက်က အပြည့်အစုံ
မဟုတ်ပါဘူး။ ဒါကြောင့် ဒီစာအုပ်လေးကို ဖတ်ပြီးလည်း လုပ်ဆောင်ကြည့်ကြပါဦး။ ဒီစာအုပ်လည်း အမှန်ပြော
ရရင် အပြည်စုံဆုံးတော့မဟုတ်ပါ။ မိမိတို့လေ့လာသင့်တာတွေကို လေ့လာမှ ပြည့်စုံလာမှာပါ။ ကဲပြောနေတာကြာ
တယ်ကွယ်။ ဒေါင်းပြီးဖတ်ကြတော့ဗျာ။ လုပ်သင့်တာကို လုပ်ကြပေတော့။
ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။
♣♣♣♣ Download mediafire ♣♣♣♣
ကဲဗျာကျုပ်တင်ထားတဲ့ပို့လေးက ဓါတ်ပုံလေးတွေကိုလည်း စုစည်းပြီးတင်ပေးလိုက်ပါတယ်။ 
♣♣♣♣ Download mediafire ♣♣♣♣
အင်တာနက်ပေါ် ဘယ်လို Upload တင်မလဲ
အင်တာနက်ပေါ်ကို ဘယ်လို Upload လုပ်ပြီး မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖိုင်တွေ ဝေမျှသုံးစွဲရမလဲ
မိုဘိုင်းဖုန်းဆော့ဝဲတွေကို ကိုယ်တိုင် အင်တာနက်ပေါ်တင်ပြီး သူများကို ဘယ်လိုပေးရမလဲ စတာတွေကို မသိသေးတဲ့ ညီငယ်ညီမငယ်များအတွက် ဒါလေးတင်ပေးလိုက်ပါတယ်ဗျာ။ တစ်ကယ်တော့ မခက်ပါဘူး ခက်တာက အင်တာနက်ပေါ်တင်တာ Upload Speed ကောင်းမှ တင်နိုင်တာလေ ဖိုင်ရှယ်ရာပေးဖို့အတွက်
ဖိုင်တွေ အတင်ခံတဲ့ဆိုက်တွေကတော့ အများကြီးဘဲ ဒါကတော့ လူတိုင်းနီးပါ သိပြီးသားတွေပါ။ ခုဟာက
တော့ Mediafire အကောင့်တစ်ခုလျောက်ပြီး တင်နည်းလေးပါ။ နေမင်းမောင်ရေးထားတာပါ။ ကျုပ်အနေနဲ့
ကတော့ မရေးပေးချင်လို့ မဟုတ်ပါဘူး ။ မခက်ပါဘူး တစ်ခုသိရင် အားလုံးသိသလိုပါဘဲဗျာ။ သူရေးထားတဲ့
စာအုပ်လေးကို နားလည်သဘောပေါက်အောင် ဖတ်မယ်ဆိုရင် ကျန်တာတွေကိုလည်း ဒီနည်းအတိုင်းလိုဘဲ
နည်းတူပါဘဲဗျာ။ box.com ကတော့ 5GB ရပါတယ်။ Mediafire.com ကတော့ 50 GB ရပါတယ် ဒါပေမယ့် သူကတော့ တစ်လဘဲ အာမခံတယ်။ ziddu.com ကလည်း 50 GB ရပါတယ် အကောင့်လျောက်ပြီး တင်ရမှာ
ပေါ့ဗျာ။ နောက်ပြီး solidfiles.com မှာလည်း တင်နိုင်တယ် zippyshare.com မှာလည်း တင်နိုင်တယ် ကျန်တဲ့
ဆိုက်တွေလည်း အများကြီးပါဘဲ အကောင့်လေးလျောက်ပြီး Upload တင် Link လေးကို ကော်ပီကူးပြီး
လင့်ဆိုတာ လိပ်စာဘဲဗျ အဲဒီလိပ်စာလေးကိုပေးတာပါ ကျုပ်တင်ထားတာတွေလည်း ဒီလိုပါဘဲ လင့်လေးကို
ဒီမှာဒေါင်းလော့ချဆိုပြီး တင်ပေးလိုက်တာ ချိတ်ပေးလိုက်တာဘဲ မသိသေးရင်ဖတ်လိုက်။ ခက်ပါဘူး ။လွယ်
ပါတယ်နော်
ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။
۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩
۩۩۩۩  DOWNLOAD DROPBOX.COM  ۩۩۩۩
ဖုန်းနဲ့ ၀က်ဆိုက်တွေကို Bookmarks လုပ်ပြီးကြည့်မယ်
ကဲဗျာ ဒီနေ့တော့ အကောင်းဆုံးနည်းလေးတစ်ခုပေးပါ့မယ်.။ ဘာလဲဆိုတော့ ကိုယ်စိတ်ထဲမှာ သဘောကျတဲ့ ဆိုက်လေးတွေကို ဖုန်းမှာ Bookmarks လုပ်ပြီးတော့ ကြည့်တဲ့နည်းလေးပါ။ ၀က်ဆိုက်ထောင်သူ အတော်များများ
ကတော့ ကိုယ့်ဆိုက်အတွက် ဆော့ဝဲလေးတွေ ရေးသားကြတယ်။ ကျုပ်တော့ ငပျင်းဆိုတော့ မရေးချင်ဘူး.။ မရေးချင်တော့ ကောင်းတဲ့နည်းလေးကိုဘဲ ရှာသုံးတယ်လေ..။ ဆော့ဝဲတွေ ထည့်သုံးတာက အင်တာနက်က သတင်းတွေကို သူ့အလိုလို လိုက်ဆွဲနေတော့ နဲနဲတော့ အင်တာနက်လိုင်းလေးတာပေါ့။ နောက်ပြီး စက်နိမ့်ရင်
ကိုယ်ထည့်သွင်း အသုံးပြုချင်တဲ့ ဆော့ဝဲတွေကို ဖြုတ်ရတတ်ရနဲ့ ဒုက္ခလည်းရောက်ပါတယ်။ ဒါကြောင့် ဆော့ဝဲ
မလိုဘဲနဲ့ ဆိုက်လိပ်စာလေးသိရင်တော့ Bookmarks လုပ်ပြီး Screen Home Page ပေါ်မှာတင်ပြီးတော့ ကြည့်တာ
က ပိုတောင်ကောင်းတယ်မှတ်တာဘဲဗျာ။ ကဲဗျာ သဘောတူလက်ခံရင်တော့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ လုပ်
နည်းကတော့ ဖုန်းအမျိုးအစားလိုက် နဲနဲတော့ ကွဲလွဲတာလေးတွေ ရှိမှာပေါ့။ ဒါပေမယ့် ဒီနည်းကတော့ စိတ်ကြိုက်
အဖြစ်ဆုံးပါဘဲဗျာ။ သူများတွေတော့ မသိဘူး ကျုပ်တော့ ဒီနည်းသုံးတယ်။ ဒါကြောင့် ဒီနည်းကို ရှင်း2လင်း2 သိရ
အောင် ဓါတ်ပုံလေးတွေနဲ့ လုပ်ပြထားတယ်။ သိချင်လိုက်ကြည့်ပေါ့. သုံးစမ်းလိုရင် သုံးစမ်းကြပေါ့ဗျာ...
အောက်ထဲမှာ ပုံတွေ ထည့်ထားတယ်နော် ဆက်ကြည့်မှာဖြစ်မယ်..
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ အသုံးပြုရတာ အလွယ်ဆုံးနဲ့ အကောင်းဆုံး နည်းပညာလေးပါ
သဘောကျကြမယ်လို့ ထင်ပါတယ်ဗျာ...။12.1.2013 အမှတ်တရ။
ဒါကျုပ်သုံးတဲ့ ဖုန်းဘဲဗျာ ကမ္ဘာက သိသွားတာပေါ့။ ကြွားတာမဟုတ်ဘူး။
ကြွားရလောက်အောင် ဖုန်းကမကောင်းဘူးလေ
Version 2.3 ဆိုတော့ နိမ့်တာပေါ့ဗျာ။ သူများတွေလို iPhone 5 တွေ မကိုင်နိုင်သေးတော့လည်း
ဒါလေးနဲ့ဘဲ ကျေနပ်နေရတဲ့ဘ၀ပါ။ ကျုပ်ကို iPhone 5 ၀ယ်ပေးချင်ရင်တော့ 
Cbox မှာရေးပြီးတော့ ၀ယ်ပေးလိုက်ပါ။ သုံးစမ်းရတာပေါ့ မိတ်ဆွေတို့ ပေးတာကိုလေ..
စတာပါဗျာ။ ဘယ်သူမှ မ၀ယ်ပေးမှန်း
Mobile for News မြန်မာ့သတင်းများကြည့်ရန် သတင်းဆော့ဝဲများ
သတင်းတွေ ကြည့်ဖို့ရာအတွက် သတင်းဆော့ဝဲတွေ ရထားသမျှလေးစုပြီး တင်ပေးလိုက်ပါတယ်ဗျာ။ ခုအခါ
မှာ ဖုန်းတွေက အသုံးပြုစလို့ပြောရင်လည်း ရပါတယ်။ များသောအားဖြင့် ဟိုအရင်တုန်းကတော့ ဖုန်းဆက်
လို့ရရုံ ဖုန်းလေးတွေ အသုံးပြုရာကနေ ဖုန်းဖြင့်သတင်းကြည့်ခြင်း အင်တာနက်အသုံးပြုခြင်းအထိ တိုးတက်
လာတဲ့ မိုဘိုင်းခေတ်မှာ တနည်းပြောရရင် Android ခေတ် တက်ဘလက်ခေတ်မှာ ဖုန်းဆော့ဝဲတွေကို အသုံး
ပြုတာ များလာတယ်ဆိုပေမယ့် ခုမှ စကိုင်တဲ့ပုဂ္ဂိုလ်တွေမှာ ဖုန်းဆော့ဝဲ ဘာတွေထည့်သွင်းထားသင့်တယ်
ဆိုတာမသိပါဘူး သူများအင်တာနက် ကိုယ်အင်တာနက်ပါဘဲ။ ဘာဆိုဘာမှ မသိသေးသူများ အများအပြား
ရှိနေပါသေးတယ်။ များသောအားဖြင့်တော့ လူအတော်များများဟာ ဖုန်းလေးနဲ့ ဟိုအိမ်ထောင်သည်တို့ သဘာဝဇာတ်ကားလေးတွေကို ကလိချင်ကြတာများတယ်။ အခုတင်ပေးတာကတော့ တိုင်းပြည်မှာ ဘာ
တွေဖြစ်နေတယ်ဆိုတာကို အင်တာနက်ရှိရင် အချိန်နဲ့ တစ်ပြေးညီ သိနိုင်စေမယ့် သတင်းဆော့ဝဲတွေ စုစည်းပြီး တင်ပေးတာပါ။ ဖုန်းတစ်လုံးမှာ လိုအပ်တဲ့အရာကတော့ ဒီကောင်တွေပါဘဲ ဘယ်နေရာသွားသွား
ဒါလေးတွေတော့ ထည့်ပြီး အသုံးပြုရမည့်အရာတွေပါ။ အမေရိကဘဲရောက်နေရောက်နေ ကမ္ဘာကြီးရဲ့ ဘယ်
နေရာဘဲ ရောက်နေရောက်နေဘယ်နိုင်ငံမှာဘဲ ရောက်နေရောက်နေ အင်တာနက်အသုံးပြုလို့ ရမယ်ဆိုရင်
အင်တာနက်ဖွင့်ပြီး သုံးလို့ ရမယ်ဆိုရင် ဒီသတင်းဆော့ဝဲလေးတွေက အချိန်နဲ့တစ်ပြေးညီ ဒေါင်းလော့ချနေ
မှာပါ။ ကိုယ်ကြည့်ချင်တဲ့သတင်းတွေ အားပါးတစ်ရဖတ်ပြီ စဉ်းစားချင့်ချိန်နိုင်ပါပြီ။ ကဲတော်ကီတွေ များသွား
တယ် ဒီလောက်ပါဘဲဗျာ။
۩۩۩۩  DOWNLOAD MOBILE NEWS APK  ۩۩۩۩
۩۩۩۩  DOWNLOAD GOthere Myanmar APK  ۩۩۩۩
adf.ly မှာ လင့်ချိတ်ထားရင် ဒေါင်းလော့လုပ်နည်း
ဒီကနေ့ ကျနော်ပေါ့ပေါ့ပါးပါး လေးတဖြစ် ဒေါင်းလော့လုပ်နည်းလေးတွေကို သတိရတာနှင့်တင်ဖြစ်သွားပါတယ် ဒီလိုဗျာ တစ်ချို့ဆိုဒ်တွေက ဒေါင်းလော့လင့်တွေဟာ တိုက်ရိုက်မဟုတ်ဘဲ adf.l ကနေတစ်ဆင့်သွားရတတ်ပါတယ်။ ဒေါင်းလော့လင့်ကို နှိပ်လိုက်ရင်
 အောက်က ပုံကိုရောက်ပါမယ်
ခဏကြာလို့ အောက်ကပုံလိုလေးပေါ်လာရင် Skip AD>> ဆိုတာလေးကို နှိပ်လိုက်ပါ။
 ပြီးတော့မှ ကိုယ်တကယ်ဒေါင်းရမယ့်လင့်ကိုရောက်မှာဖြစ်ပါတယ်။ 
အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ
Mobile နည်းပညာလေးတွေကို ဒီမှာစုစည်းထားတယ်
Huawei U8800 ကို Android 4.0 icecream sandwich သို့ မြင့်ချင်သူများအတွက်
အခုတင်မှာက custom rom ပါ ။ root လုပ်ပြီးထားတဲ့ ဖုန်းတွေပဲ သုံးလို့ရမှာပါ။
 အဆင့်ဆင့်ကို မှန်အောင်လုပ်သွားလိုက်ပါ။ ဒါဆိုရင်တော့အကုန်အဆင်ပြေပါလိမ့်မယ်။
၁… အရင်ဆုံး ဖုန်းကို root လုပ်ထားရပါမယ်။ အရေးကြီးတဲ့ အရာတွေအားလုံးကို backup လုပ်ထားပါ။
၂…. ပြီးရင်တော့ ပထမဆုံး CWM တင်ပါ။ CWM တင်ဖို့အတွက် အရင်ဆုံး ဒီနေရာမှာသွားပြီး recovery.img လေးကိုဆွဲလိုက်ပါ။
http://205.196.122.153/su69n9xicomg/od4iym44ladqhng/recovery.img
၃…. ပြီးရင် ကွန်ပျူတာမှ တဆင့် ဆွဲလို့ရလာတဲ့ recovery.img လေးကို SD card ထဲထည့်ပါ။
ဆက်ပြီးသွားရမှာက root exploer ထဲကိုပါ။ root exploer ထဲရောက်ရင် new folder တစ်ခုဆောက်လိုက်ပါ။ ဆောက်ရမယ့် နာမည်က .cust-backup/image ပါ။ ပြီးရင် အဲ့ထဲမှာပဲ SD card ထဲမှာ ရှိတဲ့ recovery.img လေးကို ကူးလာပြီး ခုနက အသစ်လုပ်ထားတဲ့ .cust-backup/image ထဲ replace လုပ်လိုက်ပါ။ ပြီးရင် setting >>>> application>>> fast boot က အမှန်ခြစ်ကို ဖြုတ်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို ပိတ်လိုက်ပါ။ ဖုန်းကိုပြန်ဖွင့်ရင် Power buttom+Volume up ကိုတွဲနှိပ်ပါ။ CWM ထဲရောက်သွားပါလိမ့်မယ်။။ ပထမအဆင့်ပြီးပါပြီ။
၎ …. ဒါလေးကိုဒေါင်းလိုက်ပါ။
http://nchc.dl.sourceforge.net/project/icsaurora/aurora_4.0.zip
၅… ဒေါင်းလို့ရတဲ့ Zip ကို SD card ထဲထည့်လိုက်ပါ။
၆…. CWM ထဲကိုဝင်ပါ။
backup and restore ထဲမှာ backup လုပ်လိုက်ပါ။ အမှားအယွင်းတစ်ခုခုရှိခဲ့ရင် ကယ်ဖို့ပေါ့ :D
Go back နဲ့ပြန်ထွက်ပါ။ ပြီးရင် mount ထဲဝင်ပါ။ format Data,format Cache,format System တွေလုပ်ပါ။
ပြီးရင်ဆက်လုပ်ရမှာ က advenced ထဲက wipe devil cache လုပ်ပါ။
Go back နဲ့ အပြင်ပြန်ထွက်ပြီး Install SD card.zip ထဲဝင်ပါ။ ပြီးရင် choose Zip from SD ထဲဝင်ပြီး aurora4.0.zip ကိုရွေးပေးလိုက်ပါ။ သူ့ဟာသူ အလုပ်လုပ်သွားပြီးရင်တော့ U8800 ဟာ ICS ကို ရောက်သွားပါလိမ့်မယ်။ ICS 4.0.4 ဖြစ်ပါလိမ့်မယ်။ root ပြီးသားဆိုတော့ မြန်မာဖောင့်အတွက်က စိတ်မပူရတော့ဘူးပေါ့။ အဆင်ပြေကြပါစေ/
from သက်နိုင်စိုး/ Mobile store
========================================= 
Huawei C8860E Official 4.0.3 ICS Upgrade & Root
အရင်ဆုံး android 4.0.3 update firmware ဖိုင်ဒေါင်းလိုက်ပါ
http://www.huaweidevice.com/tcpsdownload/downLoadCenter?category=cn&flay=software&downloadID=NDE4MjU=
Download ဆွဲပြီးရင် ဖိုင်ဖြေပြီး dload folder ကို 2gb memory card ထဲထည့်ပါ
ပါဝါပိတ် ဘက္ထရီ ၁၀ စက္ကန့်လောက်ဖြုတ်ပြီး ပြန်တပ်ပါ
Vol Up+Vol Down+Power တွဲနှိပ်ပါ
Firmware update လုပ်သွားပါမယ် ၅ မိနစ်ခန့်ကြာပြီး auto reboot လုပ်ပြီးလျှင် ics version ဖြစ်သွားပါပြီ
တကယ်လို့ update complete ဖြစ်ပြီး စက်မတက်လာလျှင် battery ခဏဖြုတ်ပြီး ဖုန်းပြန်ဖွင့်လိုက်ပါ
Root လုပ်ရန်
အောက်ကဖိုင်ကို ဒေါင်းပါ
http://www.mediafire.com/?3yz1ycljr2aa1y2
Root လုပ်ဖို့ setting>developer option> usb debugging အမှန်ခြစ် ထားရပါမယ်
ဖုန်းဖွင့်ထား usb cable ကြိုးသွယ်ပြီး root-me.cmd ကို run ပေးလိုက်ပါ
ပြီးရင် ကီးဘုတ်ကနေ ခလုတ်တခု နှိပ်ပေးလိုက်ပါ
သုံးစက္ကန့်အတွင်း app list ထဲမှာ super user ပေါ်နေတာကို တွေရပါမယ်
Root လုပ်ခြင်း ပြီးဆုံးပါပြီ
Myanmar fonts နဲ့ keyboard ကတော့ ကိုယ်နှစ်သက်တာကို ထည့်လိုက်ပါ
Bo Sunny Lwin ဒီနည်းပညာတွေအားလုံး ကျုပ်ရေးသားထားတာမဟုတ်ပါ။ ရေးသားသူနာမည်လေးတွေ ထည့်ပေးထားပါတယ်။ လိုအပ်ရင်တော့ပြောပါဗျာ။
=============================================================
Huawei C8812/U8818 ကို Root လုပ်နည်း & မြန်မာ Font ထည့်နည်း
ကျွန်တော် U8818 နှင့် C8812 Root လုပ်နည်း အတူတူပဲမို့ တွဲတင်ပေးလိုက်ပါတယ်။ အရင်ဆုံး   အောက်မှာ ဒေါင်းလော့ချပါ။
Root လုပ်နည်း
    အားလုံးပြီးသွားရင်တော့ မိမိစက်မှာ မိမိဖုန်း Driver တင်ထားပါ။ ပြီးလျှင် USB Debugging ကို Enableလုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Development > USB Debugging ကို အမှန်ခြစ်ပေးလိုက်ပါ။
    ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို ဖိထားပေးပါ။ ဒါဆို Logo မှာပဲ ရပ်နေပါမယ်။ ခဏထားထားလိုက်ပါ။
    Super Click.rar ကို  Extra Here လုပ်လိုက်ပါ။ အထဲမှာ Super Root ဆိုတဲ့ Folder ကို တွေ့ပါလိမ့်မယ်။
    အဲထဲမှာ install-superrecovery-windows.bat ဖိုင်လေးကို Run လိုက်ပါ။
    ခုနက Logo တက်နေတဲ့အတိုင်း USB ကြိုးဖြင့် မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
    ချိတ်ပြီးလျှင် ခုနက .bat File ကသူ့ကသူ လုပ်နေပါမယ်။ မလုပ်လျှင် Enter ခေါက်ပေးလိုက်ပါ။
    ခုနက အလုပ်လုပ်နေတာ ရပ်သွားရင်တော့ ကြိုးကိုဖြုတ်လိုက်ပါ။ ပြီးလျှင် Battery ကိုဖြူတ်ပြီး ပြန်တပ်လိုက်ပါ။
    ပြီးလျှင် Volume Up+ Power ကို ဖိထားလိုက်ပါ။ Android Logo လေးတက်လာပါမယ်။ ပြီးလျှင် Recovery Mode ထပ်တက်လာပါမယ်။
    Volume down+up ကိုအသုံးပြုပြီးReboot System Now ကို Power Button နှိပ်ကာ ရွေးပေးလိုက်ပါ။ Rebootကျသွားပါမည်။
    ပြန်တက်လာပြီဆိုလျှင် မိမိဖုန်းရဲ့ Application List ထဲမှာ Superuser  ဆိုတဲ့ Icon လေးရှိနေပါမယ်။ ဒါဆိုရင်တော့ Root လုပ်တာ အောင်မြင်သွားပါပြီ။
Myanmar Font သွင်းခြင်း
မြန်မာဖောင့်သွင်းဖို့အတွက် Myanmar Mobile Application Store ရဲ့ Product ဖြစ်တဲ့ Font Changer ကို အသုံးပြုသွားမှာပါ။ Font Changer.apk နဲ့ MyanDroid Soft Keyboard.apk ကို မိမိဖုန်းရဲ့ SD Card ထဲ ထည့်လိုက်ပါ။ ပြီးလျှင် နှစ်ခုလုံးကို Install လုပ်လိုက်ပါ။ Font Changer ကိုဖွင့်လိုက်ပါ။ Superuser Requested ! လို့မေးလျှင် Grantကိုရွေးပေးပါ။ ပြီးလျှင် ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။ သူ့ကသူ Reboot လုပ်နေပါမယ်။ ခဏစောင့်လိုက်ပါ။ ပြန်တက်လာလျှင် မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။ စာရိုက်ဖို့အတွက် ဖုန်းရဲ့ Setting > Language & Keyboard > ထဲမှာ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။
ရမရ စမ်းချင်လျှင် Notepad ကို ဖွင့်လိုက်ပါ။ စာရိုက်မယ့်နေရာမှာ ခပ်ကြာကြာလေး ဖိလိုက်ပါ။ Input Methodပေါ်လာပါမယ်။ အဲမှာ MyanDroid Soft Keyboard ကို ရွေးပေးလိုက်ပါ။ ပြီးလျှင် စာရိုက်ကြည့်ပါ။ မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။
from AungKhaingMoe
=================================================================
Galaxy S2 I9100G ကို Android 4.1.1 Jelly Bean သို့ CyanogenMod 
10 ဖြင့် upgrade လုပ်နည်းလေးပါ
အောက်က Link နှစ်ခုကို Down ပါ။
1. http://dl-bacon.bbqdroid.org/dinner/cm-10-20120723-EXPERIMENTAL-i9100g-CODEWORKX.zip
2.http://d-h.st/D8Y
Wipe data/factory reset လုပ်ရမယ့်အဆင့်ပါတဲ့အတွက် data တွေ backup လုပ်ထားပါ။
Instructions
1. Download လုပ်ထားသော zip file နှစ်ခုကို copy ကူးပြီး ဖုန်းရဲ့ internal SD card ထဲကိုထည့်ပါ။
2. ဖုန်းကို power ပိတ်ပါ။
3. Volume Up+Home+Power button တွဲနှိပ် ပြီး Recovery Mode ၀င်ပါ။
4. Wipe data/factory reset ကိုရွေးပါ။ YES ကိုနှိပ်ပါ။
5. Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 1 မှ Download လုပ်ထားသော CM10 ROM.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။ 5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။
6. ပြီးရင် main menu ကိုပြန်သွားပါ။Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 2 မှ Download လုပ်ထားသော flash gapps-jb-20120717-signed.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။
7. ပြီးရင် main menu ကိုပြန်သွားပါ။Reboot system now ကိုရွေးပါ။ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် 10 မိနစ်လောက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ပြီးရင်တော့ သူငယ်ချင်းတို့ jelly-bean စားသုံးနိုင်ပါပြီ..:)
from mobile store မိုဘိုင်းစတိုးမှ ကူးယူဖော်ပြသည်။
======================================================================
Android ဖုန်းပေါ်မှာ root မဖောက်ပဲမြန်မာလိုမြင်ရအောင်လုပ်နည်း
Android ဖုန်းတွေမှာ root မဖောက်ပဲ မြန်မာလိုမြင်ရအောင်လုပ်တဲ့နည်းလေးပါ
1.>ပထမဆုံး GOSMS Pro ကို သွင်းထားရမှာဖြစ်တယ်
2.>သွင်းပြီးပြီဆိုရင် အခုကျွန်တော်ပေးတဲ့ theme ကိုသွင်းလိုက်ပါ https://www.dropbox.com/s/7dqigf7etbxd5s2/GO%20SMS%20Pro%20Star%20Theme%20v1.0.apk
3.>နောက် အောက်က font ကိုဒေါင်းလုပ်ချလိုက်ပါ https://www.dropbox.com/s/0ecqxa4zb1g3nt2/gofonts_yueyuan.ttf
4.>ပြီးလျှင် ရလာသော font ကို  sd ကဒ်ထဲထည့်လိုက်ပါ
5.>အဲ့ဒီဖောင့်ကို file manager တစ်ခုခုနဲ့ GOSMS>fonts ဆိုတဲ့ဖိုဒါအောက်ကိုရွှေလိုက်ပါ
6.>ပြီးလျှင် GOSMS ကိုဖွင့်ပြီး  စောစောက star theme ဆိုတာကိုရွေးလိုက်ပါ
မြန်မာလိုတွေအကုန်မြင်ရပါပြီ ကီးဘုတ်ရှိရင် ပြန်ရိုက်လို့လည်းရပါတယ် ဒါပေမယ့်မြန်မာလိုတော့ ရိုက်နေချိန်မှာမမြင်ရပါဘူး send လို့နှိပ်ပြီးသွားမှမြင်ရမှာဖြစ်ပါတယ်
from  Thura Soe in Myanmar Mobile Users Group (Files) · ကိုသူရစိုး မိုဘိုင်းစတိုးမှ ကူးယူဖော်ပြသည်။
 ==================================================================
HTC ဖုန်းများ Root မလုပ်ပဲ Zaw Gyi Font သွင်းနည်း
ဂျိုးဂျာ နှင့် ကိုဝင်းထွဋ်အောင်တို့ထံမှ ကူးယူဖော်ပြထားတာပါ
 Myanmar Mobile Users Group (Files) · 
HTC ဖုန်းများ Root မလုပ်ပဲ Zaw Gyi Font သွင်းနည်းကျွန်တော် ဒီနည်းနဲ. HTC Sensation XE, HTC Desire HD နဲ. HTC ONE X မှာ စမ်းလုပ်ခဲ့တယ်။
အားလုံးက Android Version 4.0.3 မှာအဆင်ပြေကြတယ်။
ကျန်တဲ့ Version မှာအဆင်ပြေလား မစမ်းရသေးပါဘူး။တစ်ကယ်လို.တစ်ခြား Android Version မှာရခဲ့ရင် Report လေးပေးကြပါ။
 Download HTC Font (china font Modify) >>>>http://www.mediafire.com/?bhy9qyf3omf75yl (or) http://www.mediafire.com/?yhreyswhn8bzfnx
 ၁။ www.htcdev.com မှာ Bootloader Unlock လုပ်ပါ။
 ၂။ https://www.facebook.com/groups/mmua.mobile/doc/352248658191016/
မှာ ClockWorkMod သွင်းနည်းနဲ.ClockWorkMod သွင်းပါ။
၃။ HTC Font ကို Download ဆွဲပြီး Memory card (SD) ထဲသို.ထည့်ပါ။
 ၃။ Bootloader ကနေ Recovery မှ ClockWorkmod သို.၀င်ပါ။
 ၅။ ClockWorkMod>Install zip from sdcard > Chose Zip From sdcard ကနေတဆင့် HTC font.zip
ကိုရွေးပေးပြီး Yes- Install HTC Font.zip ကိုရွေးလိုက်ပြီး Update လုပ်ပါ။
 ၆။ Done add Zaw Gyi Font(Jogar)! ပေါ်ရင် HTC device Zaw Gyi Font သုံးလိုရသွားပါပြီ !!!!!!!!!!!
 ၇။ +++++Go Back++++ > reboot system now လေးနိပ် လိုက်ပြီး Reboot ပြန်လုပ်လိုက်ပါ။
 အားလုံး OK စိုစိုပြေပြေနဲ. Zaw Gyi Font သုံးလိုရသွားပါပြီ။
 Zaw Gyi Keyboard အတွက် Forzen Keyboard
https://www.dropbox.com/s/yal6dyx2bomouh3/FrozenKeyboard%20upload%20by%20jogar.apk
  from www.facebook.com/realeyelay ( Jogar )
==================================================================
 ====             HTC ဖုန်းများ   BOOTLOADER UNLOCK လုပ်နည်း                                ====
ကို ဒီမှာကြည့် ပါ။ များနေလို့မတင်တာပါ။ ပို့စ်တစ်အား ရှည်သွားမယ်လေ။ အဲဒါကြောင့်။        ====
==================================================================
HTC ဖုန်းများ Recovery Mode ဖြင့် root လုပ်နည်း 
HTC ဖုန်းများ Recovery Mode ဖြင့် root လုပ်နည်း
၁။ Bootloader Unlock လုပ်ပါ။
https://www.facebook.com/groups/mmua.mobile/doc/358196730929542
၂။ ClockWorkMod သွင်းပါ။
https://www.facebook.com/groups/mmua.mobile/doc/352248658191016/
 ၃။ http://androidsu.com/superuser/ မှာ SuperUser.zipကို Download ဆွဲပါ
ရလာတဲ့ SuperUser.zip ကို Phone SD Card သို.ပို.ပါ။
 ၄။ HTC ဖုန်းမှ Bootloader > Recovery > ClockWorkMod>Install zip from sdcard > Chose Zip From
sdcard ကနေ SuperUser.zip ကို Install လုပ်ပါ။
၅။ +++++Go Back++++ > reboot system now လေးနိပ် လိုက်ပြီး Reboot ပြန်လုပ်လိုက်ပါ။
ဒီနည်းနဲ့ HTC Android ISC Version များအားလုံးလုပ်လိုရတယ်ကျနော် ဒီနည်းနဲ. Sensation Series, One Series , Desire Serise တွေမှာရကြတယ်ကျန်တဲ့ Phone တွေမှာရကြမှာပါ။ အားလုံးက 4.0.3 မှာ Stable ဖြစ်ကြတယ်
ဂျိုးဂျာနှင့် ကိုဝင်းထွဋ်အောင်ထံမှ ကူးယူဖော်ပြထားတာပါ။
 =============================================
Huawei Phones Clockworkmod Recovery များနဲ့သွင်းနည်း
By Bo Sunny Lwin, Htay Hlaing Oo and Paing Linn in Myanmar Mobile Users Group (Files) · 
Huawei Phone တွေရဲ့ Clockworkmod Recovery တွေကို ရှိသလောက်တင်ပေးလိုက်ပါတယ်
ကိုယ့်ဆီမှာ ရှိရင်လည်း တင်ပေးကြပါ အားလုံး အဆင်ပြေအောင်လို့ပါ
ကျွန်တော့်မှာ မရှိတာတွေကို ကွက်လပ်ချန်ထားခဲ့ပါတယ် CWM အများစုက english ဘာသာနဲ့ပါ
သက်ဆိုင်ရာဖုန်းအလိုက် Clockworkmod သွင်းနည်းတွေကို အောက်မှာ ဖော်ပြထားပါတယ်
တစ်ချို့ဖုန်းတွေ ကျန်ပါသေးတယ် အဆင်ပြေရင် cwm သွင်းနည်းတွေကို ထပ်ဖြည့်နိုင်ပါတယ်
အောက်မှာ clockworkmod recovery တွေကို download link ပေးထားပါတယ်
မှတ်ချက်-Huawei Android Phones Driver က လိုလိုမယ်မယ်ပေးထားတာပါ တစ်ချို့က cwm သွင်းရင်Driver လိုတာတို့ဖြစ်တတ်ပါတယ် ဒီမှာဒေါင်းပါ http://www.mediafire.com/?4r6d1u8df71727c
Clockworkmod Recovery ရဲ့လုပ်ဆောင်ချက်တွေက
လက်ရှိ Rom ကို Back Up/Restore လုပ်လို့ရတယ်
Custom Rom တွေ တင်လို့ရပါတယ်
Stock Recovery မှာ မပါတာတွေ လုပ်ဆောင်လို့ရပါတယ်
----------- Password = spider -----------
C8500>http://www.mediafire.com/?1co78dtdb74hbsb
C8600> http://db.tt/sXi8B6We (or) http://www.mediafire.com/?2q9oxurkff5r4g8
Rom Manager Premium>http://www.mediafire.com/?t7xigbao664l995
C8650>http://www.mediafire.com/?gly8s2zsr13v2a2
C8800>http://www.mediafire.com/?565yecdjdg5ejp6
C8810>http://www.mediafire.com/?8totejfyak1inhm
C8812>http://www.4shared.com/zip/-Csc8wPw/recovery5028_c8812.html C8812 Unlocked Bootloader>http://www.mediafire.com/?cbzsfanv7zun2px
U8650>http://ubuntuone.com/2GRMgABp1Hle6vHMxzPmpA
U8661>http://www.mediafire.com/?95j76riw9s6wm7n
U8661 Sonic + >http://www.4shared.com/rar/h6K_zUQn/Huawei_U8661_Sonic___Root.html
U8818>https://www.dropbox.com/s/k96f0prgm4mqdr0/recovery5.0.3.0_U8818.rar
U8860>http://www.mediafire.com/?1bngm84gkny6j82
U8850>
U9200>
U8825D>https://www.dropbox.com/s/05qdpf0lobaimgs/CWM_U8825D_by_HtayHlaingOo.rar
++++++++++++++++++++++++++++++++++++++++++++
Clockworkmod Recovery သွင်းနည်းများ
------------------------------Install CWM on C8500------------------------------
C8500 ကို cwm သွင်းတာက လွယ်ပါတယ်
ကွန်ပျူတာမှာ ဒေါင်းထားတဲ့ ဖိုင်ထဲက 双击升级Recovery.bat ဖိုင်ကို run ထားပါ
ဖုန်းပါဝါပိတ်ပြီးရင် vol down+green hand button+power တွဲနှိပ်ပါ
Huawei Logo(Fast Mode) တက်တဲ့အချိန်မှာ ဖုန်းနဲ့ကွန်ပျူတာကို usb ကြိုးနဲ့ချိတ်လိုက်ပါ Windows command မှာ ဟိုစာတက် ဒီစာတက်ပြီး ဖုန်းက restart ကျသွားပါမယ်
CWM သွင်းပြီးသွားပါပြီ Vol Up+Power တွဲနှိပ်ပြီး Recovery Mode ထဲဝင်လို့ရပါပြီ
------------------------------Install CWM on C8600------------------------------
Rom Manager ကို ဖုန်းထဲမှာ install လုပ်ထားပါ
Download ဆွဲထားတဲ့ဖိုင်ကို memory card ထဲထည့်ပြီးရင် အဲဒီဖိုင်ကို နှိပ်လိုက်ပါ အဲဒီနေရာမှာ ဘာ software နဲ့ ဖွင့်မလဲလို့မေးရင် rom manager ကို ရွေးပေးလိုက်ပါ
သူ့ဘာသာသူ အလုပ်လုပ်သွားမယ်ပါမယ် အဆင်မပြေရင် မူရင်းဝက်ဆိုက်ဒ်မှာ လေ့လာလို့ရပါတယ်Credit To Myanmar Mobile App Store>http://www.myanmarmobileapp.com/?p=1811
-------------------------Install CWM on C8650&C8800-------------------------
(C8650 ရဲ့ cwm ကို C8800 မှာသုံးလို့ရပါတယ် ဒါပေမယ့် custom rom မရပါဘူးခင်ဗျာ root ဘဲရပါတယ်)
双击升级Recovery.bat ကို ကွန်ပျူတာမှာ run ထားပါ ဖုန်းပိတ် vol down+power ကို တွဲနှိပ်ပါ
Huawei logo တက်နေတဲ့ အချိန် ဖုန်းနဲ့ကွန်ပျူတာကို usb ကြိုးနဲ့ချိတ်လိုက်ပါ
Windows command မှာ ဟိုစာတက် ဒီစာတက်ပြီး (ဘာစာမှ မတက်ပါက keyboard ကနေ ခလုတ်တစ်ခုနှိပ်ပေးပါ) 3 seconds လောက်ကြာရင် keyboard ကနေ ခလုတ်တစ်ခုနှိပ်ပေးပါ
ဖုန်းက auto restart ကျသွားပါမယ် CWM ရပါပြီ Vol Up+Power တွဲနှိပ်ပြီး Recovery Mode ထဲဝင်လို့ရပါပြီ
မှတ်ချက်-C8800 ကို C8650 ရဲ့ cwm သုံးရင် custom rom တင်လို့မရပါဘူး အပေါ်ကလင့်မှာ C8800 အတွက် သက်သက် cwm ရှိပါတယ် အဲဒီ cwm ကို သုံးမှ custom rom တင်လို့ရမှာပါ
------------------------------Install CWM on C8810------------------------------
Recovery.bat ကို ကွန်ပျူတာမှာ run ထားပါ
ဖုန်းပိတ် vol down+power ကို တွဲနှိပ်ပါ Huawei logo တက်နေတဲ့ အချိန် ဖုန်းနဲ့ကွန်ပျူတာကို usb ကြိုးနဲ့ချိတ်လိုက်ပါ ပြီးရင် keyboard ကနေ space bar ဆက်တိုက်နှိပ်ပေးပါ
အားလုံးပြီးသွားရင် ကြိုးဖြုတ် battery ဆွဲဖြုတ်ပြီး
Vol Up+Power နဲ့ recovery mode ထဲဝင်လို့ ရပါပြီ
------------------------------Install CWM on C8812------------------------------
Download ဆွဲထားတဲ့ဖိုင်ကို computer မှာ run ထားပါ
ဖုန်းပိတ် vol down+power ကို တွဲနှိပ်ပါ Huawei logo တက်နေတဲ့ အချိန် ဖုန်းနဲ့ကွန်ပျူတာကို usb ကြိုးနဲ့ချိတ်လိုက်ပါ ပြီးရင် keyboard ကနေ enter နှစ်ချက်ပေးပါ ဖုန်းက auto restart ကျသွားပါမယ်
CWM ရပါပြီ Vol Up+Power တွဲနှိပ်ပြီး Recovery Mode ထဲဝင်လို့ရပါပြီ
မှတ်ချက်-ဒီရဲ့ cwm ကို ics မှာသုံးဖို့ bootloader unlocked ဖြစ်မှ ics အတွက် ရမယ်လို့ပြောထားပါတယ် အရင်ဆုံး bootloader ကို unlocked လုပ်ပြီးမှ cwm တင်ပါ Credit To Ko Kyat Ka Lay
Bootloader Unlocked လုပ်နည်းက ဖုန်းမှာ usb debuggin on ထားပါ ဆွဲထားတဲ့ဖိုင် bootloader.exe ကိုcomputer မှာ run ပြီး root အောက်က Unlock Bootloader နှိပ်လိုက်ပါ ဖုန်း retoot ကျသွားပြီးရင် ရပါပြီ
------------------------------Install CWM on U8650------------------------------
ClockWorkMOD 5.0.2.7 (Bootloader-Volum DOWN+ POWER).bat ကို ကွန်ပျူတာမှာ run ထားပါ
ဖုန်းပိတ် vol down+power ကို တွဲနှိပ်ပါ
Huawei logo တက်နေတဲ့ အချိန် ဖုန်းနဲ့ကွန်ပျူတာကို usb ကြိုးနဲ့ချိတ်လိုက်ပါ
Windows command မှာ ဟိုစာတက် ဒီစာတက်ပြီး ဖုန်းက restart ကျသွားပါမယ်
CWM သွင်းပြီးသွားပါပြီ Vol Up+Power တွဲနှိပ်ပြီး Recovery Mode ထဲဝင်လို့ရပါပြီ
---------------------- Install CWM on U8661 & U8661 + -----------------------
ဒီဖုန်း မော်ဒယ်နှစ်ခုက နည်းတူပါတယ် zip ဖိုင်ထဲမှာလည်း ပြုလုပ်နည်း document ပါဝင်ပါတယ်
ဖုန်းပိတ် vol down+power နဲ့ fast mode 10 seconds ၀င်ပါ
ဒေါင်းထားတဲ့ဖိုင်ထဲက roottool.bat ကို computer မှာ run ပြီး ဖုန်းနဲ့ ကွန်ပျူတာကိုUSB ကြိုးနဲ့ ချိတ်လိုက်ပါ သူ့ဘာသူ အလုပ်လုပ်သွားမယ် ဖုန်း reboot ကျပြီး ပြန်တက်လာရင်CWM သွင်းပြီးသွားပါပြီ Vol Up+Power တွဲနှိပ်ပြီး Recovery Mode ထဲဝင်လို့ရပါပြီ
------------------------------Install CWM on U8860------------------------------
Download လုပ်ထားတဲ့ ဖိုင်ကို recovery.img လို့ နာမည်ပေးပြီး Desktop ပေါ်မှာ ထားပါ
ဖုန်းပါဝါပိတ်ပြီးရင် Vol Up+Vol Down+Power တွဲနှိပ်ပါ ဖုန်းမှာ screen ပန်းရောင်ကြီးပေါ်လာရင်
Computer နဲ့ချိတ်လိုက်ပါ ကွန်ပျူတာမှာ removal drive ပေါ်လာရင် ၀င်လိုက်ပါ
အဲဒီထဲမှာ recovery ဆိုတဲ့ folder ရှိတယ် ဖိုဒါထဲက recovery.img ကို oldrecovery.img လို့နာမည်ပေးပါ
ပြီးရင် destkop ပေါ်က recovery.img ကို ခဏက folder ထဲထည့်လိုက်ပါ ပြီးရင် ဖုန်း battery ဆွဲဖြုတ်ပါ
CWM သွင်းပြီးသွားပါပြီ Vol Up+Power တွဲနှိပ်ပြီး Recovery Mode ထဲဝင်လို့ရပါပြီ
Document ကို ပြင်ရင်းနဲ့ ဖုန်း မော်ဒယ်နှစ်ခုဘဲ ကျန်ပါတော့တယ် ဒီဖုန်းနှစ်လုံးရဲ့ cwm သွင်းနည်း သိပါက ဒီရဲ့ Document ကို ဆက်လက်ဖြည့်သွားနိုင်ပါတယ် အားလုံးအဆင်ပြေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ကိုယ့်ဖုန်းလေးတွေကို ပိုမိုကလိနိုင်ကြပါစေ ခင်ဗျာ from By Bo Sunny Lwin
===============================================================
Huawei U8660 ကိုအော်ရဂျင်နယ် Firmware ပြန်တင်ကြမယ်။
မြန်မာဖောင့်ထည့်ရင်း Root လုပ်ရင်း Power ပြန်မတက်တော့တဲ့ Huawei တွေကို
Firmware ပြန်တင်ဖို့ အတွက် ကြိုး စားပြီး Doc ရေးတင်ပေး လိုက်ပါသည်။
  • ဒါဆိုရင်တော့ အထက်ပါပုံအတိုင်း Firmware ပြန်တင် ပါလိမ့်မယ်။
 ဒီလိုပေါ်လာပြီဆို ရင်တော့ ဖုန်းဟာ restart ပြန်ကျ သွားပြီး Firmware ပြန်တင်လို့  ပြီးသွားပါပြီ။
 သတိထားရမည်မှာ SD card ကောင်းရန်နှင့် Memory အနည်းဆုံး 1 or 2 Gb ရှိ ရန်ဖြစ်သည်။
SDcard မကောင်း လျှင် Update Failed ပြတတ် သည်။
==============================================================
Huawei တွင် Root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း
By Htay Hlaing Oo in Myanmar Mobile Users Group (Files) · Edit Doc
အရင် Huawei ဖုန်းတွေဟာ Root မလုပ်ပဲနဲ့ မြန်မာ ဖောင့်ကို ထည့်လို့မရပါဘူး။ ဒါပေမယ့် CWM ကို တော့ သွင်းလို့ရတာကို တွေ့ရပါတယ်။ CWM သွင်းပြီးရင် Root လုပ်ဖို့ လွယ်သွားပါပြီ။ သို့သော်လည်း ကိုယ့်ရဲ့ ဖုန်းကို Root မလုပ်ချင်သူများအတွက် ဒီနည်းကို အသုံးပြုလို့ရပါတယ်။ CWM သွင်းလို့ မရတဲ့ ဖုန်းတွေအတွက် ဒီနည်းက အဆင်မပြေသေးပါဘူး။ အခုကျွန်တော် ပြောပြပေးမှာကတော့ Huawei မှာ Root မလုပ်ပဲ မြန်မာစာ၊တရုတ်စာအင်္ဂလိပ်စာများကိုအဆင်ပြေပြေသုံးနိုင်အာင် ဖောင့်ထည့်သွင်းနည်းဖြစ်ပါတယ်။
 လိုအပ်သော HWMMFont.zip ကိုဒေါင်းရန် >>https://www.dropbox.com/s/hi2hx4dued3xgsg/HWMMFont.zip
down ၍ ရလာသော HWMMFont.zip ကို sd card ထဲထည့်ပါ။
 ၁။ CWM သွင်းနည်း
Huawei ဖုန်းတွေအတွက် CWM ၀င်နည်းကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။ ဖုန်းအချို့ရဲ့ CWM ကိုတော့ အောက်ကလင့်မှာ လေ့လာနိုင်ပါတယ်။
http://www.facebook.com/groups/mmua.mobile/doc/344978195584729/
 ၂။ မြန်မာဖောင့်ထည့်နည်း
CWM ထည့်ပြီးပြီဆိုရင် တော့ ဖုန်းကို သက်ဆိုင်ရာ ခလုပ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ (အတိအကျမပြောရခြင်းမှာ ဖုန်းအမျိုးအစားပေါ်မူတည်၍ recovery mode ၀င်နည်းမတူခြင်းကြောင့်ဖြစ်သည်။)
 ပြီးလျှင် install zip from sdcard > choose zip from sdcard > HWMMFont.zip ကို update လုပ်ပါ။
main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
 ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာ တွေကို ဖတ်လို့ ရေးလို့ရပါပြီ။ ကီးဘုတ်ကတော့ မပြောတော့ပါဘူး ကိုယ့်ဘာသာပဲ ထည့်လိုက်ပါတော့။ အားလုံးအဆင်ပြေကြပါစေ....
===============================================================
Faceniff ဖေ့ဘုတ်ဟက်တဲ့ဆော့ဝဲ 
By Bo Sunny Lwin in Myanmar Mobile Users Group (Files) · Edit Doc 
သူငယ်ချင်းအပေါင်းတို့ စောင့်မျှော်နေတဲ့ facebook hack တဲ့ ဆော့ဝဲလေးပါ စက်ရုပ်အတွက်ပါ ဒီဆော့ဝဲက အများသုံး wifi တွေမှာ ဖုန်းနဲ့ facebook သုံးနေတဲ့ လူတွေရဲ့ facebook account ကို ၀င် hack လို့ရပါတယ် ချိတ်ဆက်မိသွားရင်တော့ ကိုယ့်ကြိုက်တဲ့ facebook account ကို စိတ်ကြိုက် ၀င်မွှေလို့ရပါပြီFree Version မှာ အကောင့်သုံးခုဘဲ ပေးဟက်ပါတယ် ကျွန်တော် unlocker ပါ တင်ပေးလိုက်ပါတယ် Unlocker နဲ့ key ထည့်ပြီးရင် ကြိုက်သလောက် သုံးလို့ရသွားပါပြီ  
Download Here>http://www.mediafire.com/?xqka044lvurts83  
အားလုံးကို ကျေးဇူးတင်ပါတယ် အဆင်ပြေကြပါစေ By Bo Sunny Lwin 
==========================================
Huawei U8818 & C8812 ကို အလန်းဆုံးလုပ်မယ်
ဒီမှာသွားကြည့်မှ ရမယ်နော် များနေလို့ မတင်တော့ဘူး သီးခံပါ
=====================================================
C8800 တွေကို version 2.3.6 တင်ရအောင်
ကျနော့် C8800 ကိုမြှင့်ထားတာ ကာလတခုတော့ရှိပီ....စစပိုင်းကအဆင်မပြေဘူးမှတ်လို့ မတင်ပေးလိုက်တာပါ....ကျနော်ပထမဆုံးရေးတဲ့docမို့လို့ အမှားပါရင် ခွင့်လွှတ်ပါ...
မရေးတတ်ရေးတတ်နဲ့ ရေးထားတာမို့ ကျနော် အရင်ဆုံးတောင်းပန်ပါရစေ ..... :D
 ps >>> firmware တင်နည်းကိုတော့ http://www.myanmarmobileapp.com/?p=2881 ကနေယူထားတာပါ....
 <<<<<နည်းလမ်းလေးကတော့အောက်ပါအတိုင်းဖြစ်ပါတယ် >>>>>ပထမဦးဆုံး ဒီလင့်လေးကို ဖွင့်လိုက်ပါ
 http://dl.dbank.com/c0w4529j5c
 အောက်ပါပုံအတိုင်း တတ်လာပါက ဝိုင်းထားသောနေရာကို နှိပ်ပြီး rom file ကိုဒေါင်းပါ
ဒီနာမည်လေးနဲ့ ဖိုင်တစ်ဖိုင် ရလာပါလိမ့်မယ်" utf8''华为 C8800 基于官方2.3.6 新界面_新功能_流畅实用_3"
 powerkey + vol up key နှိပ်ပီး recovery mode ခေါ်ပါ တတ်လာပါက install update from SD card ကို ရွေး ပြီး မိမိ သွင်းထားသော update file ကို ညွှန်းပေးပါ အချိန်အနည်းငယ်စောင့်ပါ..... reboot ပြန်တတ်လာချိန်တွင်
မိမိ Device မှာအောက်ပါအတိုင်း update ဖြစ်နေ ပါလိမ့်မည်။
အမှားပါရင် ခွင့်လွှတ်ပေးပါ......အဆင်ပြေပါစေဂျာ
=====================================================
MMUG မှ ညီတော်၊ နောင်တော်တွေ စောင့်ဆိုင်းနေကြတဲ့ U8825D ရဲ့ Root လုပ်နည်းလေး လာပါပြီ .......
ဒီမှာသွားကြည့်ပါ ။ မိတ်ဆွေ။ 
====================================================
Galaxy S2 I9100G ကို Android 4.1.1 Jelly Bean သို့ CyanogenMod 10 ဖြင့် upgrade လုပ်နည်းလေးပါ...:)
By Nyo Lynn Htet in Myanmar Mobile Users Group (Files) · Edit Doc
Do as your own risk=ကိုယ်ဖြစ်ကိုယ်ခံ ဟိဟိ..:P
အောက်က Link နှစ်ခုကို Down ပါ။
1. http://dl-bacon.bbqdroid.org/dinner/cm-10-20120723-EXPERIMENTAL-i9100g-CODEWORKX.zip
2.http://d-h.st/D8Y
Wipe data/factory reset လုပ်ရမယ့်အဆင့်ပါတဲ့အတွက် data တွေ backup လုပ်ထားပါ။
Instructions
1. Download လုပ်ထားသော zip file နှစ်ခုကို copy ကူးပြီး ဖုန်းရဲ့ internal SD card ထဲကိုထည့်ပါ။
2. ဖုန်းကို power ပိတ်ပါ။
3. Volume Up+Home+Power button တွဲနှိပ် ပြီး Recovery Mode ၀င်ပါ။
4. Wipe data/factory reset ကိုရွေးပါ။ YES ကိုနှိပ်ပါ။
5. Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 1 မှ Download လုပ်ထားသော CM10 ROM.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။ 5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။
6. ပြီးရင် main menu ကိုပြန်သွားပါ။Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 2 မှ Download လုပ်ထားသော flash gapps-jb-20120717-signed.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။
7. ပြီးရင် main menu ကိုပြန်သွားပါ။Reboot system now ကိုရွေးပါ။ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် 10 မိနစ်လောက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ပြီးရင်တော့ သူငယ်ချင်းတို့ jelly-bean စားသုံးနိုင်ပါပြီ..:)
================================================================
1။   iPhone Firmware Update လေးဆွဲပြီးတော့မှပျောက်သွားလျင် ပြန်ရှာနည်း
2။   Computer ပေါ်မှာ apk ဖိုင် logo ဖော်မယ်
3။   Android ဖုန်းအားလုံးအတွက် Recovery Mode ၀င်နည်း
4။  အကြောင်းအမျိုးမျိုးကြောင်.(Downgrade)လုပ်ခြင်သူများအတွက်... Galaxy Y GT-S5360 from Android 4.1.1 to 2.3.5 version
5။   ကဲဒီမှာ huawei google account add လုပ်ချင်သူတွေအတွက် Gtalk(voice,video) Huawei တွေအတွက်
6။   Galaxy S2 I9100G ကို Android 4.1.1 Jelly Bean သို့ CyanogenMod 10 ဖြင့် upgradeလုပ်နည်းလေးပါ...:)
7။   HTC Sensation XL ICS 4.0.3 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်သွင်းနည်း 
8။   htc sensation ICS 4.0.3, hboot 1.27.0000 ကို root လုပ်နည်း၊ မြန်မာဖောင့် ထည့်နည်း 
9။   JDK & SDK ကိုအသုံးပြုပီး android ဖုန်းတွင် Root လုပ်နည်း နောက်တနည်း 
10။   မက်ဆေ့ဂ်ျ မထွက်လျှင်ပြုလုပ်ပုံ.pdf 
11။   How to - Root Huawei Ascend P1 - U9200 B113 and B115 (ကိုဖြိုးဝေ) 
12။   Google play ဝင်နည်း 
13။   MMUG မှအမေးအများဆုံး မေးခွန်း နှင့် အဖြေများ ( andriod user များအတွက်သာ ) 
14။   အသစ်ထွက် Fruit Ninja v1.8.1 for APPLE 
15။   Dual Core, Quad Core ဖုန်းများအတွက် ဘက်ထရီစားသက်သာစေသော CPU Sleeper 
16။   samsung network lock ဖြည်ချင်သူများအတွက် 
17။   Huawei U8818 ကို ICS 4.0.3 မြှင့်နည်း 
18။   Galaxy Note GT-N7000 Root လုပ်လို့မရဘူးဆိုသူများအတွက် Root လုပ်နည်းလေးပါ… Credit to Original Author Max Lee from www.rootgalaxynote.com 
19။   Android ICS 4.0 တွေ အတွက် သီးသန့် Google Gmail 4.1.2 [Android 4.0+] 
20။   Huawei Android Phones တွေရဲ့ USB Drivers ခေါင်းဆောင်ကြီး 
21။  PlayStore မှ application apk file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက် Download လုပ်ချင်သူများအတွက်
22။   Galaxy S3 i9300 Root လုပ်လို့မရဘူးဆိုသူများအတွက် Root လုပ်နည်းလေးပါ… Credit to Original Author Max Lee from www.galaxys3root.com 
ကဲဗျာမိတ်ဆွေများမိမိသိလိုသည်များကို ရှာဖွေမွှေနောက်နိုင်ပါစေဗျာ။ မိုဘိုင်းနည်းပညာနှင့်ပါတ်သက်လို့
ကတော့ www.myanmarmobileapp.com မှာ ရှာဖွေနိုင်ပါတယ်။ အသစ်အဆန်းတွေလည်းမနည်းပါဘူး။
Android ဖုန်းသုံးစွဲသူတိုင်း ဒီဆိုက်ကို ရောက်ဖူးကြမှာပါ။ မရောက်ဖူးသေးတဲ့ မိတ်ဆွေများလည်း။ ရောက်ဖူး
တော့မှာပါ။ သွားရင်ပေါ့ဗျာ။ ဘယ်အရာမဆိုကိုယ်က ရချင်စိတ် သွားချင်စိတ် လုပ်ချင်စိတ်လေးရှိမှရမှာပါ။
ထိုင်နေရုံနဲ့မရောက်ဘူး ကလစ်ကြည့်မှရောက်မယ်ပေါ့ဗျာ။ ဟုတ်ဘူးလား ဒါကခရီးသွားခြင်းမဟုတ်ဘူးလေ
ကွန်ပျူတာတို့ ဖုန်းတို့နဲ့သုံးတာဆိုတော့ တောက်ကြည့်မှ ကလစ်ကြည့်မှ ရောက်မယ့်ခရီးပါ။ ဟား ဟား
ကဲသွားပြီးကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးချင်သပါ့ဆိုရင်ဖြင့် ဒီကိုကလစ်လိုက်ပါ   ရောက်သွားပါလိမ့်မယ်။
ကဲဗျာ မိုဘိုင်းဖုန်းနဲ့ပါတ်သက်ပြီး ရှာဖွေမွှေနောက်နိုင်ပါစေ။ အင်တာနက်လိုင်းလည်း ကောင်းပါစေဗျာ။
2012.9.8 ရက်အမှတ်ရ။ မိုးကောင်းကင် ဖောင်းပြင်။ လာလည်ကြသည့်မိတ်ဆွေများ ကျန်းမာချမ်းသာပါစေ။
http://www.myanmarmobileapp.com/ 
ပင်မ နေရာမိုဘိုင်းဆိုင်ရာပေါ့။ နာမည်မထည့်မိတာများရှိရင် ခွင့်လွတ်သီးခံပေးကြပါ။ အတတ်နိုင်ဆုံး နာမည်
လေးတွေ ထည့်ပေးပါတယ် သတိမေ့လျော့ ပေါ့ဆမိတာများရှိရင် မိမိနည်းပညာကို ဦးနှောက်ဖောက်စားတယ်
လို့ သဘောမထားဘဲ ဒို့နိုင်ငံသူနိုင်ငံသားများအတွက် ကိုယ်တတ်သလောက် သင်ပြတာလို့ သဘောထားနိုင်
ပါစေ။ ကိုယ့်ပညာကို သူများရစေချင်လို့ ကြည့်စေချင်လို့ တင်တယ်လို့ဘဲ သဘောထားကြပါဗျာ။ ကျုပ်လည်း
ကိုယ်တတ်သလောက် အဆင်ပြေအောင် ဘာငွေကြေးမှ ယူပြီးကြော်ငြာတာလည်း မဟုတ်ပါဘူး ကိုယ်သုံးသလို
သုံးစေချင် ရစေချင်ယုံသက်သက်ပါ။ မိုဘိုင်းနည်းပညာနှင့်ပါတ်သက်လို့ ကျုပ်မှာ သိပ်မတတ်ပါဘူး။ များသော
အားဖြင့် မိုဘိုင်း Mobile app Group ကယူထားကူးထားတာလေးတွေက များတာပါ။ သူတို့ဖေ့ဘုတ်ကလည်း
ကြာပြီဖြစ်တဲ့ ပို့စ်တွေနောက်ကို လိုက်ရတာမလွယ်ကူပါ နေ့အစဉ်အသစ်သစ်တွေ တင်နေတော့ အဟောင်းလေး
တွေက အတော့်ကို စောင့်ဆိုင်း ဆွဲတင်ရပါတယ်။ အဲဒီလို စောင့်ဆိုင်းဆွဲတင်ပြီ လိုအပ်မည့် မိတ်ဆွေများ အသုံး
ဝင်မယ်လို့ ထင်တဲ့အရာလေးတွေကို ကူးထည့်ထားတာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။
Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားတဲ့ ဘာသာပြန်စာအုပ်
Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားပါတယ်အကောင့်အသစ်မလုပ်တတ်
တဲ့ ကျနော့သူငယ်ချင်းများဖတ်ရမယ့်စာအုပ်လေးပါမေးထဲကနေတောင်းထားတဲ့
အကောင့်အခိုးမခံရအောင်လုပ်တဲ့နည်းလည်းဒီစာအုပ်လေးဖတ်ကြည့်လိုက်ပါတ
ကယ်ကောင်းတဲ့စာအုပ်လေးပါဒီစာအုပ်လေးထဲမှာ....
အကောင့်အသစ်လုပ်နည်းများ..အကောင့်မသုံးချင်တဲ့အခါဖျက်တဲ့နည်းမ၀င်လာ
စေချင်တဲ့မေးတွေကိုတားနည်း..သူငယ်ချင်းတစ်ယောက်မေးထားသလိုမျိုးချစ်သူ
ရဲ့အကောင့်ထဲမှာစပိုင်ထဲ့ထားတဲ့နည်းလေးချစ်သူဆီမေးဝင်ရင်ကိုယ့်ဆီပါCopy
တစ်ဆောင်ရောက်လာအောင်လုပ်တဲ့နည်းလေးပါတကူတကကိုယ့်ချစ်သူဆီသွား
စစ်စရာမလိုပဲကိုယ့်ချစ်သူကိုဘယ်သူတွေမေးပို့ နေတယ်ဆိုတာအကုန်သိနိုင်ပါ
တယ်ပြီးတော့ဟိုးအရင်မေးတွေကအစပြန်ဝင်လာတာတွေ့ ရပါတယ်ဝင်လာတဲ့
မေးတွေကိုလည်းခေါင်းစဉ်ခွဲလေးနဲ့ ထားလို့ ရပါတယ်ဥပမာချစ်သူဆီမှမေးများ
သူငယ်ချင်းဆီမှမေးများဖတ်ကြည့်ရင်တကယ်အကျိုး၇ှိမယ့်စာအုပ်လေးပါ
စာအုပ်ကိုအလိုရှိသူတွေအတွက် ဒေါင်းရန်... ဒီမှာ
အားလုံးပဲလေးစားလျှက်-(ကိုညီသူမှ-ထပ်ဆင့်Share လုပ်ပေးတာပါခင်ဗျား)
မူရင်းလင့်-http://sun-itgarden.blogspot.com
The Myanmar Android ( Android နဲ့ပတ်သက်လို့ Root, CWM, Font, Bootloader, ADB အကြောင်း ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာအုပ်)
 The Myanmar Android ( Android နဲ့ပတ်သက်လို့ Root, CWM, Font, Bootloader, ADB အကြောင်း ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာအုပ်) ဖြစ်ပါတယ်.. Bo Sunny Lwin ရေးထားတာဖြစ်ပါတယ်. ဖုန်းနဲ့ပတ်သက်လို့ အလယ်အလတ်တန်းသမားတွေ၊ ခုမှ စလေ့လာလိုသူတွေအနေနဲ့ ဖတ်သင့်ပါတယ်.. ကိုယ့်မှ Android ဖုန်းတစ်လုံးပိုင်ဆိုင်ထားတယ်ဆိုရင်လည်း ဖတ်သင့်တယ်..
ဗဟုသုတတိုးပွားပါစေ..
Download Here !
M mobile -all mobile sale & services Android အကြောင်း ပါးပါးလေး ပြောမယ်
ကျွန်တော့်အရည်အချင်းနဲ့ ဒီလိုမျိုး အကြောင်းအရာကို မရေးနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း
ဝန်ခံတာပါဗျာ။ ဒီနေ့မနက်သူငယ်ချင်းတစ်ယောက်က ကျွန်တော့် Mail ထဲကို ပို့ပေးထားတယ်ဗျာအောက်
က Link ကိုကြည့်လိုက်တော့ ကိုအာကာဖြိုးရေးထားတယ်လို့သိရပါတယ်ဗျာ။ ဖတ်ကြည့်လိုက်တော့အ
ဗဟုသုတရစေမယ့် Post လေးဖြစ်လို့ကျွန်တော်တဆင့်ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။အောက်
မှာသေချာလေးလေ့လာကြည့်ပါဗျာ။
ဒီ Post လေးကိုကြိုက်တယ်ဆိုရင် Facebook ရဲ့ Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
Android အကြောင်း ပါးပါးလေး ပြောမယ်နော် Android OS ဆိုတာ linux လို့ခေါ်တဲ့ OS ရဲ့ Linux 2.6 kernel ကို အခြေပြုထားတဲ့ OS တစ်ခုဖြစ်ပြီး မိုလ်ဘိုင်းဖုန်းတွေ Tablet ကွန်ပျူတာတွေ အတွက် ရည်ရွယ်ပြုလုပ်ထားတာပါ အပေါ်ကဖော်ပြထားတဲ့ စက်ရုံပုံလေးကတော့ သူ့ရဲ့ Logo လေးပေါ့ စက်ရုပ်ပုံလေးလေ
ဒီ ကောင်လေး စတင် ဖြစ်ပေးလာတာကတော့ စတင်ဖန်တီးရေးသားခဲ့တဲ့ Android Inc ကို 2005 ခုနှစ်မှာ Google ကနေ ၀ယ်ယူလိုက်ပါတယ် ၀ယ်ယူထားပြီး ဘာလုပ်နေတယ်တော့ မသိရပါဘူး 2007 ခုနှစ်ေ၇ာက်တော့မှ Google က Android ကို (OHA) Open Handset Alliance ကို တည်ထောင်လိုက်ပြီး Android Coad တွေကို ဘယ်သူမဆို အခမဲ့ ရယူပြင်ဆင်နိုင်တဲ့ Open source အဖြစ် ကြေငြာလိုက်ပါတယ် ဒါကို ကိုယ့်ထုတိကုန်နဲ့ ကိုက်ညီမယ့် ပုံစံနဲ့ ကုပ္မဏီတွေကနေ ဆက်လက်ပြီး ထပ်ဆင့်အဆင့်မြင့်ရေးသားကြပြန်ပါတယ် လိုင်စင်ကိုတော့ ဖရီးလိုင်စင်ပေါ့နော် ဘယ်သူမဆို အခမဲ့ရယူနိုင်ပါတယ်ပေါ့ ကိုယ်လဲ ပြင်ချင်ပြင်လို့ရတာပဲလေ
နောက် Android Software တွေ ဖန်တီးဖို့ Android Software development kit (SDK) 1.0 ကို 2008 ခုနှစ်မှာထုတ်ပေးပြီး လွတ်လွတ်လပ်လပ် ရှယ်ယာလုပ်ခွင့်လဲ ပြုခဲ့ပါတယ် အဲနောက်ပိုင်းမှာတော့ Android သုံး မိုဘိုင်းဖုန်းတွေ Tablet တွေ မျိုးစုံကိုထွက်လာတော့တာပဲပေါ့ဗျာ
Android ထါက်လာပြီးနောက် မိုဘိုင်းလောကမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်သွားပြီး ဘာမှမကြာလိုက်တဲ့ နှစ်အနည်းငယ်ထဲမှာပဲ မိုဘိုင်းလောကကို Android က ဦးဆောင်လာပါတော့တယ် ဘာကြောင့် ဒီလို ကြီးစိုးလာသလဲဆိုရင်တော့ ဘယ်သူမဆို ပြင်ဆင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ရယ် ဖရီးလိုင်စင်ရယ် Open source coad တွေရယ်ကြောင့်ပါပဲ အလကားလဲရသေး လုပ်ပိုင်ခွင့်ကလဲကွာသေး နည်းပညာလဲလေ့လာလို့ရသေး တယ် ဖန်တီးမယ်ဆိုလဲ ရတယ်ဆိုတော့ဗျာ ဘာပြောကောင်းမလဲ ဟဲဟဲပေါ့ နော်
ဒီလို အလကားပေးထားတာ Google ကဘာအမြတ်အစွန်းရလဲ ဆိုတာ သိချင်ပါသေးလဲ OS ကို အလကားပေးထားပေမယ့် ရတဲ့နေရာတွေ ရှိတာပေါ့ဗျာ Android Market မှာ ဖရီးမဟုတ်တာလေးတွေ သင်ကြည့်ပါလား အဲကနေလဲ ရတယ် အင်တာနက်အခြေခံတဲ့ ဖုန်းပြောတဲ့ စနစ်တွေကလဲ ပြန်ရပါတယ် ဘယ်လောက်ရမှာ မို့လို့လဲ ဆိုတာ့ တစ်နှစ်ကို သုံးစွဲသူ တစ်ဦး ကနေ တစ်ဒေးလာပဲတွက်ကြည့် ခုလောလောဆယ် သုံးစွဲသူပေါင်း သန်း 280 ကျော်နေပါပြီ ကဲ ဘယ်လောက်ရပြီလဲ ဒါမျိုးလေးတွေကနေ ပြန်ရနေတော့ အလကားပေးရတာ တန်တယ်ပေါ့ဗျာ ဟဲဟဲ နဲနဲ နဲ့ ကြဲကြဲလေး ၀ိုင်းတတ်တဲ့ တရုတ်တွေ သုံးတဲ့ နည်းပညာပါခင်ဗျ တော်တော် တန်ဖိုးရှိတဲ့ နည်းပညာပါ တကယ်လဲကောင်းပါတယ် စမ်းကြည့်ပေါ့ ကိုယ့်လုပ်ငန်းမှာ အဲလိုနည်းနဲ့ ဈေးလျှော့ပေးတယ်ဆိုပြီး တစ်ဖက်ကနေ မသိမသာ ပြန်လှီးယူတာလေးလေ ဟိဟိ
Android Market ထဲမှာ အခုဆို applications တွေ Game တွေ ငါးသိန်းကျော်နေပါပြီ ဒီဟာအကုန်လုံးကို Google ကနေ ထုတ်ထားတာလားဆို မဟုတ်ပါဘူး နိုင်ငံပေါင်း 30 လောက်က software ရေးတဲ့ သူတွေက တင်ထားတာတွေ လေ Android Market က Google အတွက် သာမက ဆော့ဝဲလ်ရေးသူတွေ အတွက်ပါ ကောင်းပါတယ် ဘာလို့ကောင်းလဲ ဆို ကိုယ်ပိုင် ဂိမ်းတစ်ခုရေးပြီး ကိုယ့် ဆိုဒ်မှာ လာဝယ်ခိုင်းတာမျိုးက ရောင်းရဖို့ မလွယ်သလို သိသူလဲ အင်မတန်နည်းတာကိုး ဗျ ဟိုမှာက လည်ရင်းပတ်ရင်းနဲ့လဲ တွေ့နိုင်တာမျိုးလေ ဟဲဟဲ အာကာဖြိုးလဲ အင်တာနက်မာ့ကက်တင်း လုပ်စားလို့ရလောက်ပြီထင်တယ် ဟီး တော်တော်တတ်တာကိုးဗျ နော် အဟဲ Google ကလဲ လူလည်ကျသဗျ ပြောရရင် ဆော့ဝဲလ်ထုတ်လုပ်သူမှန်သမျှ သူ့ဈေးကွက်မှာ ရောင်းချင်ရင် ရီဂျစ်စတာလုပ်ရတယ်ဗျ လုပ်ပြီး တစ်ခုေ၇ာင်းရရင် ရောင်းရတဲ့ဈေးနှုန်းအပေါ်မှာ Google ကို 30% ပေးရတယ်လေ ကျွန်တော်တောင် တစ်ခုတင်ထားသေး ဟိဟိ ပြောပြဘူးတော်ကြာ အလကားလာတောင်းနေဦးမယ် ဟိဟိ
အခု ဆက်ပြီး Android version တွေ ဆက်လေ့လာကြည့်ရအောင်
ပထမဆုံး Android Version 1.0 ကို 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ် Android1.0 ကို ထည့်သါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဆု့း မိုဘိုင်းအဖြစ် HTC (G1) phone က စခဲ့တာပါ
ဒီနောက်ပိုင်းမှာ ထပ်ထွက်လာတာတွေ ကတော့ ထူးထူးခြားခြားနာမည်လေးတွေ ဖြစ်သလို အခုနောက်ဆုံးထွက်တဲ့ အထိ မုန့်နာမည်လေးတွေ ပါ မုန့် အကုန်လုံးကလဲ အချို တွေ သီးသန့် ဖြစ်သလို နာမည်ပေးထားပုံလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ် ဘယ်လိုစိတ်ဝင်စားစရာကောင်းသလဲဆို ဒီလိုဗျ နာမည်လေးတွေကို A,b,c,d အက္ခရာ စဉ်ပြီးထွက်လာတာပါ အဲ 1.0 နောက်ပိုင်းစထွက်တာက C ကနေ စတာပါ B ပါဘူး C,D,E စသဖြင့် ထွက်လာတာလေ
ကဲ့ကြည့်လိုက်ရအောင် CupCake (version 1.5)
ဒီဗားရှင်းက 30.4.2009 မှာ စထွက်လာတာပါ 1.0 ကအားနဲချက်တွေကို ပြုပြင်ပြီး ထွက်လာတာလေ
နောက် Donut (version 1.6)
ဒီ ဒိုးနမ့် မုန့်လေးကို တော့ စက်တင်ဘာ လ 2009 မှာ ထပ်ထွက်လာပြန်ပါတယ် ဘယ်လောက်ကွာသလဲ ကိုယ့်ဘာသာပဲတွက်တော့နော် ဒီကောင်မှာ ကင်မရာပိုင်းဆိုင်ရာနဲ့ စခရင် ရီဆိုလူးရှင်းတွေကို အလုပ်လုပ်နိုင်လာပါတယ် CDMA နဲ့ EVDO စနစ်တွေကိုလဲ လုပ်ဆောင်နိုင်လာပါတယ်
Eclair (version 2.0/2.1)
2009 အောက်တိုဘာမှာ ဒီမုန့်လေးထပ်လုပ်ခဲ့ပြီး မာတီဘယ် အီးမေးလ်အကောက်တွေကို Device အတါင်းထည့်သွင်းနိုင်မယ့် နည်းပညာတွေ စခရင် ဆိုဒ်ကြီးနဲ့ ရီဆိုလူးရင်းအမြင့်တွေကို စပိုစ့်လုပ်နိုင်မယ့်နည်းပညာတွေ မာတီ touch feature တွေ စသဖြင့်တိုးတက်ပါဝင်လာသလို HTML 5 ကိုလဲ စိပုစ့်လုပ်နိုင်လာလဲ့ပါတယ်
Frovo (version 2.2)
ဒီဗားရှင်းကိတော့ 2010 မေလ မှာ ထုတ်ခဲ့ပြီး ဒီဗားရှင်းဟာ Android ရဲ့ အောင်မြင်မှု ပြယုဂ်အဖြစ် မှတ်တမ်းဝင်လာနိုင်မယ့် ဗားရှင်းလို့ ဆိုရမှာပါ ဘာကြောင့်ဆို ဒီဗားရှင်းဟာ ခုချိန်ထိ အသုံးပြုသူ 30% လောက်ရှိနေသေးတာလေ ဒီဗားရှင်းမှာ မက်ဆေ့ပို့တာတွေ ပါဝင်လာတယ် ဖုန်းကနေ ကွန်ပျူတာကို အင်တာနက်ရှယ်ယာပေးလို့ရတဲ့ နည်းပညာတွေ Wifi ပြန်လအတ်လို့ရတဲ့ နည်းပညာတွေ ပါဝင်လာပြီလေ နောက် နာမည်ကျော် adobe flash ကို စပိုစ့်လုပ်ပေးနိုင်လာတော့ အွန်လိုင်းမှာ ဖက်နဲပလုပ်ထားတဲ့ ဟာတွေ ဂိမ်းတွေကိုပါရှာနိုင်လာတယ်ဆိုပါတော့ ဗျာ
Gingerbread (version 2.3.x)
ဒီဗားရှင်းကတော့ လက်ရှိအချိန်မှာ အောင်မြင်မှု အရှိဆုံးပါပဲ အသုံးပြုသူ 60% လောက် ရှိနေပါတယ် ဒီကောင်ကတော်တော်မြင့်လာပါပြီ အပေါ်ကပြောထားတဲ့ဟာတွေအကုန်ပါပြီးအပြင်ပေါ့နော် ပြန်မပြောတော့ဘူးကျော်လိုက်တော့မယ် ဒီကောင်မှာ ကီးဘုတ်တွေ ကောင်းမွန်လာပြီး စာရိုက်တဲ့ အခါ ကော်ပီပေ့ စတာတွေ လုပ်လို့ရလာပါတယ် Broswer Email နဲ့ software တွေကနေ အလွယ်တက်ူဒေါင်းယူနိုင်မယ့် ဒေါင်းလော့မန်နေဂျာလဲ ပါလာပါတယ် ဗားရှင်း 2.3.4 မှာတော့ Gtalk ကို Chatting သုံးနိုင်လာတယ်လေ
Honeycomb (version 3.0,3.x)
ဒါကိုတော့ 2012 ဖေဖ၀ါရီလ မှာ ထုတ်ခဲ့ပါတယ် ဒီကောင်က tablet မှာပဲ သုံးနိုင်တဲ့ဗားရှင်းပါ ဖုန်းတွေမှာ မရပါဘူး ကင်မရာနဲ့ အင်တာနက် အသုံးပြုမှု အတွက်အကောင်းဆုံးထုတ်ထားတာပါ Gtalk ကနေ video chat လုပ်နိုင်ပါတယ် မာတီ core processors ကို စပို့လုပ်လာနိုင်ပါတယ်
Ice Cream sandwich (version 4.x )
ဒါကတော့ 2011 အောက်တိုဘာလမှာ Galaxy Nexus ဖုန်းနဲ့ အတူ ထွက်လာတာလေးပါ မြန်မာတွေကတော့ ရေခဲညှပ်လို့ ခေါ်နေတာပါပဲ ဒီကောင်တွေမှာ အဆင့်မြင့်လာပါပြီ ကိုယ့်ဖုန်းကို ကိုယ့်မျက်နှာနဲ့ သော့ခတ်ထားမယ် ပြန်ဖွင့်မယ်ဆိုတဲ့ စနစ်တွေ တောင်ပါလာပါတယ် 1080p video ၇ိုက်ကူးနိုင်ဖို့ စပိုစ့်လုပ်လာပါတယ် ဒါပဲလားဆို ဟုတ်ဘူးဗျ အလွန်အသုံးဝင်တဲ့ Wi-Fi Direct နည်းပညာလဲပါဝင်လာတယ် အခုလက်ရှိ တော်တော်များများချိတ်ဆက်နေတာက wireless router တွေ wireless access point တွေ ချိတ်ဆက်ပြီး ၀ိုင်ယာလက်ကွန်နရှင်ကိုချိတ်ဆက်နေတာပါ Wi-Fi Direct နည်းပညာ ဆိုတာက ကြားမှာ ဘာမှမလိုဘဲ Drive အချင်ချင်း တိုက်ရိုက်ချိတ်လို့ရတာပါ လွယ်လွယ် ဥပမာပြောရရင် Bluetooth နည်းပညာလိုပေါ့ တစ်ခုတည်းကို ချိတ်နိုင်တာမဟုတ်ဘူးနော တစ်ခုကနေ အများကြီးကိုချိတ်ဆက်နိုင်တာ ထားလိုက်ပါတော့ ဒီအကြောင်းပြောနေတာမှ မဟုတ်ဘဲနော် အသေးစိတ်ဖို့ မလိုပါဘူး
Jelly Bean (5.x)
ဒါကတော့ အခု နောက်ဆုံးထွက်လာမယ့် ဟာလေးပေါ့ 2008 .8 မှာထွက်မယ် ပြောထားတာပဲ ခုတော့ ကျွန်တော်လဲ မလေ့လာရသေးဘူး နောက်များမှ ဆက်ဦးမယ်ပေါ့နော်