Sunday, September 8, 2013

Huawei G610s မြန်မာဖောင့် ထည့်သွင်း အသုံးပြုနည်း ( မြန်မာစာ မှန်ကန်သွားပါပြီ)





Huawei G610s ကို zawgyi font အမှန်အကန် မြန်မာစာ မှန်ကန်သွားပါပြီ ။
 HTC ရဲ့ စံပြ Font လုံးဝမသုံးပဲ Zawgyi Fonts ကို သုံးပြီး အောင်မြင်သွားတာဖြစ်ပါတယ်။
 အခု Tool လေးကို Develop လုပ်ထားသူကတော့ ကိုပြည့်စုံ (MobiMax) မှဖြစ်ပါတယ်။







ဇော်ဂျီဖောင့်လုံးဝမသွင်းရသေးသော ဖုန်းများအတွက်  ကတော့ မိမိ ဖုန်းကို Root လုပ်ထားဖို့တော့လိုအပ်ပါမယ်။
 အရင်ဆိုံးလိုအပ်သော ဖိုင်ကို ဒေါင်းလော့အရင်စဆွဲလိုက်ပါမယ် ။

 လိုအပ်သည့် ဖိုင် အားရယူရန်


အပေါ်ကလင့်ကို ဒေါင်းပြီး Rar ဖိုင်ကို ဖြည့်ပါ။ အထဲတွင်   Original Fonts.rar       ဖိုင်နှင့် Zawgyi Font One Click Install.rar  ဟု  ရလာတဲ့ ဖိုင်ထဲမှ Zawgyi Font One Click  ကို  Rar ဖိုင်ကို ဖြည့် ပါ ထိုအထဲမှ
GG10S Zawgyi Font One Click Install.exe ဖိုင်ကို Run ပါ။
 ပြီးရင် Press Any Key ကိုနှိပ်ပါ။
ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။
ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင်
Myanmar fonts ရရှိမှာဖြစ်ပါတယ်။


မြန်မာစာဖောင့် ထည့်ထားပြီး မြန်မာစာမမှန်သေးတဲ့ ဖုန်းများအတွက်ကတော့
Oringinal Fonts.Rar အဲဒီထဲက Root Explorer apk ကိုဖုန်းမှာ install လုပ်ပါ။
 နောက်တစ်ဖိုင်ဖြစ်တဲ့ Fonts Folder ကိုတော့ ဖုန်းမန်မိုရီကဒ် ထဲတည့်ပါ ။
ပြီးလျှင် RootExplorer ကို အသုံးပြုပြီး System/Fonts folder ထဲသို့ ထည့်ပါ။
Replace လုပ်ထည့်ပါ။ ပြီးလျှင် ဖုန်းကို Reboot လုပ်ပါ
 ပြီးလျှင်  Zawgyi Font One Click  ကို  Rar ဖိုင်ကို ဖြည့် ပါ ထိုအထဲမှ
GG10S Zawgyi Font One Click Install.exe ဖိုင်ကို Run ပါ။
 ပြီးရင် Press Any Key ကိုနှိပ်ပါ။
ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။
ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင်
Myanmar fonts ရရှိမှာဖြစ်ပါတယ်။

မြန်မာနည်းပညာဆိုင်ရာ/သတင်းဆိုင်ရာ apk များ အားလုံး



Myanmar Play App Center Apk (Version 1.0) Download 
  Mobile Device တွေနဲ့ပတ်သက်ပြီး GSM-Arena Apk ကို အသုံးပြုပြီးလေ့လာလိုပါက..
  မြန်မာ့ကားဈေးကွက်သတင်းများဖတ်ရှုနိုင်ရန် apk
   သီရိလင်္ကာရောက်မြန်မာကျောင်းသား၊ရဟန်းတော်များ (http://www.lankamsma.org) apk..Download
   Shwebook အင်္ဂလိပ်-မြန်မာ (မြန်မာ-အင်္ဂလိပ်) အဘိဓာန်

မြန်မာသူငယ်ချင်းများအဖွဲ့ Apk

FNG(freedomnewsgroup.com) apk ..Download
  Myanmar Journal Download(www.myanmarjournaldownload.com)
  The Season News(www.season-news.com) apk…Download

first-11(Eleven Media Group) apk…Download

Yangon Press International(YPI) apk …Download

VOA မြန်မာ(burmese.voanews.com) apk….Download

ဧရာဝတီသတင်း(burma.irrawaddy.org) apk ….Download

မိမိရဲ့ Android ပေါ်ကနေ ပုံပြင်ဆန်သောအလွမ်းများ၊ ကဗျာများကို ခံစားချင်သူများအတွက်…

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) apk…Download

မြန်မာ ထီပေါက်စဉ် ကို Android Device ပေါ်ကနေ စစ်ဆေးကြည့်ရှုလိုပါက….

ပြည့်ဖြိုး(နည်းပညာမျှဝေခြင်း)- www.pyaephyo.com….apk …Download

ရခိုင် သတင်းများ စုစည်းမှု…apk ..Download …

Myanmar Android Lovers(http://mmandroidlovers.co.cc) အတွက် apk…Download

Myanmar Celebrity (www.myanmarcelebrity.com) apk…Download

Myanmar HipHop Channel(www.myanmarhiphopchannel.com) apk ..Download

Soccer Myanmar (www.soccermyanmar.com) apk Download..

နိရဉ္စရာ (www.narinjara.com/burmese) apk …Download

ပေါ်ပြူလာ မြန်မာ(popularmyanmar.com) apk ..Download

ရခိုင်သား (rakhinethar.com) apk…Download

Eleven Media Group apk…Download

ဓမ္မဗီဒီယို (www.dhammavideo.com) apk..Download

Cell11.com- apk …Download

Myanmar Use Phone (www.myanmarusephone.com) apk…Download

Tech Space Journal(www.techspacejournal.com) apk ..Download

Myanmar News Hub(www.myanmarnewshub.com) apk…Download

Myanmar President Office apk …Download

အင်တာနက်ဂျာနယ် (www.myanmarinternetjournal.com) ….apk …..Download

သစ်ထူးလွင် (www.thithtoolwin.com) apk ..Download

www.naytthit.net(နေ့သစ်) apk….Download

Android Device များအတွက် ပိဋကတ်သုံးပုံ မြန်မာပြန်

7day News Journal ကို Android ပေါ်ကနေ ဖတ်ရှုချင်သူများအတွက်

နေ့စဉ် မြန်မာပြည်သတင်းများကို တစုတစည်းတည်း ဖတ်ရှုနိုင်ဖို့…Myanmar News

မိမိရဲ့ Phone မှာ မေတ္တာပို့ App ကို အသုံးပြုချင်သူများအတွက်..

မိမိရဲ့ Android Phone ပေါ်ကနေ ပရိတ်တရားတော်များကို နာယူပူဇော်လိုပါက…..

BBC..CNN ..နှင့် Time News – ကမ္ဘာတစ်လွှားနေ့စဉ်ထုတ် သတင်းများကို အချိန်နဲ့ အမျှ ဖတ်ရှုလိုပါက…

ကမ္ဘာ့သတင်းများကို စိတ်ဝင်စားသူများအတွက်..

Android Phone နဲ့ တရားဓမ္မနာယူလိုသူများအတွက်…

မြန်မာ့ခေတ် FB Page မှ သတင်းများကို ဖတ်ရှုလိုသူတို့အတွက် apk download

Saturday, September 7, 2013

Android Recovery ၊ Custom Recovery နှင့် ClockworkMod Recoveryတို့အလုပ်လုပ်ပုံ…



ကျွန်တော့်အနေနဲ့ Android ဖုန်းတွေကို root လုပ်ရာမှာအလွန်အရေးပါတဲ့ ClockworkMod Recovery အကြောင်းကိုမပြောခင် Android Recovery ဘာလဲဆိုတာကိုအရင်ပြောချင်ပါတယ်။

Android Recovery ဆိုတာဘာလဲ….

Android recovery လို့လည်းခေါ်သလို stock recovery လို့လည်းသုံးနှုန်းပါတယ်။ Android device တွေတိုင်းဟာ company ကစထုတ်လိုက်ကတည်းက device ရဲ့ internal storage သို့မဟုတ် internal memory (Solid State Drive – SSD) အတွင်းမ
ှာ recovery partition သို့မဟုတ် recovery storage space တစ်ခုကို ထည့်ပေးလိုက်ပါတယ်။ ဒီ recovery partition ဟာ command တွေကိုအသုံးပြုရတဲ့ console based partition တစ်ခုလည်းဖြစ်ပါတယ်။ ဆိုလိုတာက ဒီ recovery partition ဆိုတဲ့ console based partition ထဲကိုဝင်ပြီး သူ့ partition ထဲမှာပါလာတဲ့ built-in command တွေကိုအသုံးပြုလို့ရပါတယ်။ ဒီ built-in command တွေကိုအသုံးပြုပြီး သင့်ရဲ့ Android device ကို factory reset (company ကထုတ်လိုက်တဲ့အခြေအနေ) အတိုင်းပြန်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီ command တွေကိုသုံးပြီး company ကတရားဝင်ထုတ်ထားတဲ့ ROM(ဒီနေရာမှာ ROM ဆိုတာ Honeycomb သို့ Ice Cream Sandwich) ကမှတစ်ဆင့် မူလထည့်ပေးလိုက်တဲ့Operating System ကိုပြန်ပြီး recover လုပ်နိုင်ပါတယ်။ ဒီလို command တွေကို built-in အနေနဲ့ ထည့်ပေးလိုက်သော်လည်း အခုလိုတရားဝင်ပါလာတဲ့ recovery option ဟာခုနကပြောသလို factory reset လုပ်မယ် မူလ OS ကို recover လုပ်မယ် အစရှိတဲ့လုပ်ဆောင်ချက်တွေကိုပဲလုပ်လို့ရပါတယ်။ တစ်ခြားလုပ်ဆောင်ချက်တွေကို အသုံးပြုလို့မရပါဘူး။ ဒါကြောင့်လည်း ဒီနေရာမှာ Custom Recovery ဆိုတာအသုံးဝင်လာတာပါ။

Custom Recovery ဆိုတာဘာလဲ…

Custom recovery ဆိုတာဟာ stock recovery နဲ့မလုပ်နိုင်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ Stock recovery ကိုသုံးခြင်းအားဖြင့် သင့်ရဲ့ device ကိုပိုပြီး control လုပ်နိုင်ပါတယ်။ Custom recovery မှတစ်ဆင့် device ကို company မှထုတ်မဟုတ်သော တရားမဝင် ROM တွေကို install လုပ်ခြင်း apps တွေ themes တွေနှင့် OS ရဲ့အလွန်အရေးပါသော kernel ကို install လုပ်ခြင်း modify လုပ်ခြင်း စသည့်လုပ်ဆောင်ချက်တွေအပြင် အသုံးပြုသူရဲ့ data တွေကို ဖျက်ထုတ်ပစ်ခြင်း file permission တွေကိုပြောင်းခြင်း backup လုပ်ထားတာကို restore ပြန်လုပ်ခြင်း အစရှိတဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကို Custom Recovery ကမှတစ်ဆင့်လုပ်ဆောင်နိုင်ပါတယ်။ ဒီနေရာမှာ အသုံးများဆုံး Custom Recovery Tool တစ်ခုကတော့ ClockworkMod Recovery ဖြစ်ပါတယ်။

ClockworkMod Recovery ဆိုတာဘာလဲ…

ClockworkMod (အတိုကောက် CMW) လို့ခေါ်တဲ့ recovery ဟာဆိုရင် Android device တွေအတွက်အလွန်ရေပန်းစားတဲ့ custom recovery အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Clockwork Mod (CMW) ကို Android Developer Community (ADC) မှ Koushik Dutta (Koush) ဆိုသူကတီထွင်ခဲ့တာဖြစ်ပါတယ်။ Clockwork Mod Recovery မှတစ်ဆင့် advanced recovery, restoration, installation and maintenance operations အစရှိတဲ့သာမန် Stock Recovery နဲ့လုပ်လို့မရတဲ့လုပ်ဆောင်ချက်တွေကို ဒီ CMW ကပေးလုပ်ပါတယ်။ အဓိက CMW ကိုသုံးရတဲ့အကြောင်းရင်းကတော့ root access ရရှိအောင်လုပ်ခြင်း(root လုပ်ခြင်း) ဖြစ်ပြီးတစ်ခြား Custom ROM များ install လုပ်ဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။ ဒီCMW ကိုသုံးခြင်းအားဖြင့် root လုပ်နိုင်မည်သာမက အခြား အဆင့်မြင့်လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် CMW အကြောင်းကို အခုလိုရှင်းပြရခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကျွန်တော်အနေနဲ့ Custom ROM နှင့် Stock ROM တို့ရဲ့ကွာခြားချက်လုပ်ဆောင်ပုံတွေကိုထပ်မံရေးသားပေးပါဦးမယ်။ စာဖတ်သူတွေ IT4M ကိုထပ်မံလာရောက်ပြီး ရှာဖွေလေ့လာနည်းပညာ (Articles) ဆိုတဲ့ album ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ နောက်ထပ်နည်းပညာအကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါဦးမယ်….။

Credit : IT4M

You might also like:

Wednesday, September 4, 2013

Android ဆိုတာဘာလဲ

ကျွန်တော် ဒီ ပို့စ်ကို မိတ်ဆက်အနေနဲ့ ရေးပေးတာ ဖြစ်ပါတယ်။ iPhone, Android, Windows Mobile စသည်ဖြင့် အဓိကကျတဲ့ Mobile Development တွေ ရှိကြတဲ့အထဲမှာ အနီးစပ်ဆုံး ဖြစ်တဲ့ Open Source ဖြစ်တဲ့ Android ကို မိတ်ဆက် ပေးချင်ပါတယ်။ tutsplus နဲ့ အခြား ကောင်းနိုးရာရာ Android နဲ့ ဆိုင်တဲ့ ဆိုက်တွေအကုန် လေ့လာပြီး မိတ်ဆက်အနေနဲ့ ရေးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အခုမှ စလေ့လာမှာ ဖြစ်ပါတယ်။ Mobile Development ကို လေ့လာဖို့ သေချာပေါက်လို အပ်နေတဲ့ အချိန်မှာ ကျွန်တော်ကတော့ Android ကို ရွေးချယ် ဖြစ်ပါတယ်။ ဘာကြောင့် ရွေးဖြစ်ရတာလဲ ဆိုရင် Open Source ဖြစ်နေလို့ပါပဲ။

 what is android What is android

Android ဆိုတာဘာလဲ

Android ဆိုတာ Open Source Mobile Operating System ဖြစ်ပါတယ်။ Open Source Projects တွေ ပေါင်းစပ် တည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ Open Source System လည်း ဖြစ်ပါတယ်။ ဒီတော့ Open Sources တွေရဲ့ ထုံးစံအတိုင်း Developer တွေ အနေနဲ့ Source Code တွေကို Access လုပ်ခွင့်ရှိပါတယ်။ Download ချခွင့်လည်း ရှိပါတယ်။ Mobile Phone မှာ ဘယ်လို Run မယ်ဆိုတာကို ကိုယ့်စက်ထဲမှာ Virtual Mobile Phone အနေနဲ့ ကြည့်လို့ရပါတယ်။ iPhone နဲ့ မတူညီတဲ့ အချက်မှာ အဲဒီအချက်က အဓိက ဖြစ်ပါတယ်။ အဲဒီလို Developer တွေ အနေနဲ့ Source Code တစ်ခုလုံးအပြင် အခြား လိုအပ်တဲ့ Document တွေ၊ Sample Projects တွေပါ တစ်ခါတည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့် Android ကို သုံးသင့်သလဲ

Android ကို သုံးသင့်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ အားသာချက်တွေ ဆိုပါတော့။
  • Development စဖို့အတွက် ပိုက်ဆံ တစ်ပြားမှ မကုန်ပါဘူး – Development Tools တွေကို Free download ချလို့ ရပါတယ်။ ကိုယ့်ရဲ့ Application တွေကို Android Market မှာ ရောင်းချင်တယ် ဆိုရင်တော့ ပိုက်ဆံ အနည်းငယ်ပေးရမှာပါ။ နှစ်စဉ်ကြေး လစဉ်ကြေးတွေ ပေးစရာ မလိုပါဘူး။
  • လွတ်လပ်စွာ တီထွင် ဖန်းတီးခွင့်ရှိပါတယ် – Android OS က Linux Kernel နဲ့ အခြား Open-source libraries တွေ အပေါ်မှာ အခြေခံထားပြီး တည်ဆောက်ထားတဲ့ Open-source platform ဖြစ်ပါတယ်။ Android Devices တွေအပေါ်မှာ အသုံးပြုနိုင်အောင် တည်ဆောက်ထား ပါတယ်။ ဒီတော့ မိုဘိုင်းဖုန်းမှ မဟုတ်ပါဘူး။ အခြား Devices တွေမှာ Android ကို သုံးနိုင်ပါတယ်။ Android platform ကို Developer တွေအနေနဲ့ ကြိုက်သလို ပြုပြင် ဖန်တီးခွင့်လည်း ရှိပါတယ်။
  • လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရှိပါတယ် – Android Developers တွေ အနေနဲ့ NDA(Non-Disclosure Agreement) တွေမှာ လက်မှတ် ထိုးထားစရာ မလိုပါဘူး။ အချင်းချင်း Code တွေ အပြန်အလှန် ဝေမျှလို့ရသလို လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရှိပါတယ်။ Black Duck Software ရဲ့ စစ်တမ်း ကောက်ယူချက်အရ open source mobile apps တွေ libraries တွေရဲ့ တိုးတက်ပွားများမှုနှုန်းဟာ ၂၀၀၈ ကနေ ၂၀၀၉ အတွင်း ၁၆၈% အထိ ရှိတယ်လို့ သိရပါတယ်။ Android ကတော့ တစ်ခြား Platform တွေထက် ပိုမြန်တယ်လို့ သိရပါတယ်။ အဲဒီတော့ သင့်အနေနဲ့ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သူများရေးထားတဲ့ Code တွေကို Share လုပ်ပြီး မြန်မြန် Product ထုတ် မြန်မြန် ဈေးကွက်တင်လို့ ရနိုင်တဲ့ အခြေအနေပါ။
  • လွတ်လပ်တဲ့ ဖြန့်ချီရေးပုံစံ – Google Android ရဲ့ ဈေးကွက်ရဲ့ Content (သို့) Functionality ပိုင်းမှာလည်း ကန့်သတ်ချက် အနည်အကျဉ်းပဲ ထည့်ထားပြီး Developers တွေ အနေနဲ့ အခြား Distribution Channel တွေမှာလည်း လွတ်လပ်စွာ ဖြန့်ချီခွင့်ရှိပါတယ်။
  • Multi-platform အထောက်အပံ့ပေးပါတယ် – Android ကို သုံးထားတဲ့ Hardware Devices တွေကလည်း အများကြီးပါ၊ မိုဘိုင်းဖုန်း၊ Tablet PC  စသည်ဖြင့် အများကြီး ရှိနေပြီ ဖြစ်ပါတယ်။ Windows, Mac OS ဒါမှမဟုတ် Linux မှာလဲ Development လုပ်လို့ရပါတယ်။
  • Multi-carrier အထောက်အပံ့ပေးပါတယ် – Google Android ကို သုံးမယ် Telecom ကုမ္ပဏီတွေကလည်း အများကြီးပါ။ ဒီထက်လည်း အများကြီး ထွက်လာနိုင်စရာ ရှိနေပါသေးတယ်။

Android Development အတွက် ဘာတွေလိုလဲ

  • Eclipse IDE ကို Eclipse IDE for Java Developers ကို ရွေးပြီး Download ချ Install လုပ်ဖို့ လိုပါတယ်။ ဒီ နေရာ မှာသွားပြီး Download ချနိုင်ပါတယ်။
  • Android SDK ကို Download ချ Install လုပ်ဖို့လိုပါတယ်။
  • Android Development Tools (ADT) ဆိုတဲ့ Eclipse Plugin ကို install လုပ်ဖို့ လိုပါတယ်။
Android နဲ့ ပတ်သက်တဲ့ Resources တွေ ရနိုင်တဲ့ နေရာတွေကတော့
Books
ဆိုတဲ့ စာအုပ်တွေပါ။ တစ်နှစ်လုံးမှ ဒေါ်လာ ၄၀ ပေးပြီး ရယူနိုင်ပါတယ်။
Sample Code & Graphics
  • apps for android – simple projects ၁၀ ခု စုပေးထားပါတယ်။
  • shelves – ဆိုတာကတော့ Google Developer တွေရဲ့ နမူနာတွေနဲ့တကွ ဖော်ပြပေးထာတဲ့ Application Site ပါ။
  • astrid – ဆိုတာကတော့ Android Market မှာတင်ပြီးသား ဖြစ်တဲ့ Android full-featured todo list application ဖြစ်ပါတယ်။
  • Android GUI PSD – ကတော့ Addroid GUIs အတွက် Photoshop file တွေ ရနိုင်ပါတယ်။
  • Android Snippets – ဒါကတော့ Google Android အတွက် Code Snippets တွေပါ။
  • Web Views – Android Framework Source တွေပါ။
Tutorials
Forums
Blogs

Custom ROM ဆိုတာဘာလဲ

Custom ROM ဆိုတာဘာလဲ




Android ထုတ်အသုံးပြုသူများအနေနဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဆိုဒ်တွေထံ လည်ပတ်ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့အကြောင်းကို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Android အသုံးပြုသူအများစုာ ROM တွေရဲံအကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိကြပါဘူး။ ဒါကြောင့် Custom ROM တွေရဲ့အကြောင်းကို မသိသေးသူများအတွက် Custom ROM ကိုအသုံးပြုရမှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ဆိုတာဘာလဲဆိုတာရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read Only Memory ကိုအတိုကောက်ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို Save လုပ်ဖို့အတါက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read Only ဖြစ်တဲ့အတွက် Modify ပြုလုပ်နိုင်ခြင်းမရှိပါဘူး။ ဒီအသုံးအနှုန်းကို Android မှာရည်ညွန်းအသုံးပြုတဲ့အခါမှာတော့ Firmware လို့သုံးနှုန်းတာ အနီးစပ်ဆုံးမှန်ကန်တယ်လို့ ဆိုရပါမယ်။ ROM ကို Android ထုတ်ကုန်တွေမှာ Install လုပ်တယ်ဆိုတဲ့အဓိပ္ပါယ်ဟာ Android software/system file တွေကိုဖျက်ခြင်း (သို့) လက်ရှိဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ Operating System (Window 7, OS x, Linux) တို့ကို re-install လုပ်တဲ့လုပ်ငန်းစဉ်နဲ့တူညီပါတယ်။


Custom ROM ဆိုတာဘာလဲ ၂
Android ROM တွေမှာ Stock ROM နဲ့ Stock ROM ဆိုပြီးနှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကိုဝယ်ယူတဲ့အခါမှာ ပါလာတဲ့ဖုန်းရဲ့ OS ဖြစ်ပါတယ်။ Custom ROM ဆိုတာကတော့ Android ဖြန့်ချီမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်းဖြစ်ပါတယ်။ Google ဟာ Android source code ကိုမည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၄င်း code ကိုကိုယ်တိုင်ပြောင်းလဲကြပြီး Feature များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်းတဲ့ Tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် Custom ROM တစ်ခုကို Homescreen ပြောင်းလဲခြင်း၊ Background ၀န်ဆောင်မှုများနဲ့ Default software စတာတွေပါဝင်တဲ့ Android ကိုထုတ်ကုန်တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် Custom code ပြောင်းလဲပြင်ဆင်မှုအချို့ပြုလုပ်ထားခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး Feature အများစုဖြည့်စွက်ထားတဲ့ ROM တွေကိုအတူတကွပူးပေါင်းတည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် 70 ကျော်အတွက် အထောက်အပံ့အပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထားပြီး ပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP အမြင်ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Android တည်ဆောက်မှုများကို သာမာန်လူများကသာ ပြုလုပ်ထားခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ Developer များကပြုလုပ်ထားခြင်းမျိုးမဟုတ်ပေမယ့် အားနည်းချက်အများအပြားရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ်မရှိစေပါဘူး။ အချို့သော အခြေအနေများတွင် Community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာတွေ့ရပြီး ဖြန့်ချီတဲ့အချိန်ကလည်း တစ်ခုတစ်ခုကွာဝေးခြင်းမရှိပါဘူး။ Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ Software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိနာမည်ကြီးနေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

-       CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျှင်မြန်စွာနဲအသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။

-       AOKP, http://www.aokp.co ကလည်းနာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်အများစုအတွက်ထောက်ပံ့ပေးထားခြင်းမရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။

-       Android Revolutio HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစု ထောက်ပံပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။


Custom ROM များကိုအသုံးပြုခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများ
- Android ဖြန့်ချီမှုအသစ်ကို ရရှိလိုတဲ့အခါမှာ လပေါင်းများစွာစောင့်ဆိုင်းရပါတယ်။ ဒါပေမယ့် Custom ROM Developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချီပေးနိုင်ပါတယ်။ ဒါ့အပြင် Feature သစ်ပါဝင်ပြီးအားနည်းချက်တွေကို ပြင်ဆင်ထားတဲ့ Update တွေကို မကြာခဏဆိုသလို ဖြန့်ချီတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို Update ပြုလုပ်တဲ့အခါမှာလည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို  re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။

- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို Install လုပ်တဲ့အခါမှာအလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ Stock  ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။

- Custom ROM တစ်ခုကို Install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှမလိုအပ်တဲ့အရာများကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Root Access လိုအပ်တဲ့ Overclocker လိုမျိုး Application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။


Custom ROM အသုံးပြုရာတွင်သတိပြုရမည့်အချက်များ
-      Custom ROM များကိုအသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီးအသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ Flash လုပ်ငန်းစဉ်ကိုပြုလုပ်တဲ့အခါမှာအမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုား ဖြစ်ပွားမှုနည်းပါးလျှက်ရှိပြီး တကယ်လို အမှားအယွင်းတစ်စုံတစ်ရာနဲ့ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအနေအတိုင်း Restore လုပ်နိုင်ပါတယ်။

-       Custom ROM ကို Install လုပ်တဲ့အခါမှာ Clean wipe ကိုအသုံးပြုဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ Dataတွေအားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး Backup လုပ်ထားရပါမယ်။

Photoshop နည်းပညာ စာအုပ်များ

Download: Adobe Photoshop CS3 [ Portable ]

Photoshop CS5 ကိုလည်း မကြာခင်မှာ တင်ပေးနိုင်အောင် ကြိုးစားနေပါတယ်...

ဒီအောက်မှာတော့ Photoshop နဲ့ ပက်သက်တဲ့ နည်းပညာစာအုပ်တွေ ရယူနိုင်ပါတယ်..။

Download:  Photoshop CS3 အသုံးပြုနည်း Ebook

Download:  Photoshop Cs Tool များရဲ့ လျှို့ဝှက်ချက်


Download:  Photoshop Cs 5 အသုံးပြုနည်း ( E-Book )

Download:  Adobe Photoshop 7.0 အသုံးပြုနည်း Ebook

Download:  Adobe Photoshop CS4 အသုံးပြုနည်း Ebook

Download:  Photoshop မှတ်စုများ - ၁

Download:  Photoshop မှတ်စုများ အတွဲ -၂

Download:  3D Wave Cutting Text E-Book

Download:  ပုံရိပ်များရဲ့ ဖွဲ့စည်းပုံ သဘာဝ E-book

Download:  Photoshop CS-5 ကိုအသုံးပြု၍ ဆံပင်များကြားရှိ အရောင်များကို ဖယ်ထုတ်နည်း


နောက်ထပ် Photoshop နဲ့ ပက်သက်တဲ့ နည်းပညာစာအုပ်တွေကိုလည်း မကြာခင်မှာ ထပ်တင်ပေးသွားမှာပါ။

ကျွန်တော့် Blog လေးကို လာရောက်လည်ပတ်ပြီး အားပေးကြတဲ့ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်...www.kyawgyity.blogspot.com

Huawei Y300 , G520 , U8950 , U8951 , U8813C , U8813D မှာ မြန်မာဖောင့် ထည့်သွင်းနည်း

 
Emotion UI ဖုန်းတွေမှာ (သို့မဟုတ်) Huawei Y300 , G520 , U8950 , U8951 , U8813C , U8813D မှာ မြန်မာဖောင့် ထည့်သွင်းနည်း
  မင်္ဂလာပါ ဧဒင်လာ မိတ်ဆွေ အပေါင်းတို့

         ဒီကနေ့တော့ အောင်အေးချမ်း နည်းပညာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

         ဒါကတော့ IHuawei ( Emotion U) ဖုန်းတွေမှာ Root မလုပ်ရပဲ မြန်မာဖောင့်တွေ ကီးဘုတ်တွေကို ထည့်သွင်းပေးလို့ရတဲ့ နည်းပညာလေးတစ်ခုပါ။

         Emotion UI ပါဝင်တဲ့ ဖုန်းတွေကတော့ Huawei Y300 , G520 , U8950 , U8951 , U8813C , U8813D တွေပါ။ Emotion UI ဟုတ်မဟုတ်ကို ဖုန်းရဲ့ Setting>About Phone> Emotion UI Version မှာ ကြည့်လို့ရပါတယ်။

  * Huawei Y300 , G520 , U8950 , U8951 , U8813C , U8813D ဖုန်းတွေကို မြန်မာဖောင့်မထည့်ခင် ပထမဆုံး အောက်က လင့်ဆီကနေ အသုံးပြုရမယ့် Rar File ကို Download ဆွဲယူထားပါ *
ပြီးပြီဆိုရင် အောက်ပါအတိုင်း ဆက်လုပ်ပါ။

  1. USB Debugging ကို On ထားပေးပါ ။
  2. ထို့ နောက် ကွန်ပျူတာဖြင့်ချိတ်ပါ ။
  3. ဒေါင်းထားသော Emotion UI  Theme ကွန်ပျူတာပေါ်တွင် ဇစ်ဖြည်ပါ ။
  4. ဇစ်ဖိုင်ထဲမှ RunMe.bat ကို Run လိုက်ပါ ။
  5. ပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ထားတာကို ဖြုတ်လို့ရပါပြီ ။
  6. နောက် ဖုန်းရဲ့ Setting> Language&Keyboard> ForzenKeyboard ကို အမှန်ခြစ်ပေးပါ ။
  7. ForzenKeyboardPro ကိုလည်း အမှန်ခြစ်ပေးပါ ။
  8. ဖုန်းရဲ့ Home ကို ပြန်သွားပါ ။
  9. Screen ပေါ်မှာ Themes ဆိုတဲ့  Icon ကို ရှာပါ ။
  10. Themes Icon ကို တွေ့ရင် ကလစ်လိုတ်ပါ ။

Theme ကို ဖွင့်ပြီး အထက်မှာ ဖော်ပြထားတဲ့ ပုံများအတိုင်း အဆင့်ဆင့် ပြုလုပ်ပါ။ Theme With Font ကို Select ပေးပြီးပြီဆိုရင်တော့  Power ပိတ်သွားပါလိမ့်မယ်။ Power ပြန်တက်လာတဲ့အခါ ကိုယ့်ရဲ့ Handset မှာ မြန်မာဖောင့် ရသွားပြီပေါ့ဗျာ ။
         ကဲ .. မိတ်ဆွေတို့ဆီမှာ Huawei Y300 , G520 , U8950 , U8951 , U8813C , U8813D တွေထဲက တစ်ခုခု ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကျနော်ပြောတဲ့ နည်းအတိုင်းသာ လုပ်လိုက်ပေတော့ဗျား …
         ( နားပါဦးမည် )
         ဧဒင် ဝိုင်းတော်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ …
အောင်အေးချမ်း
ဧဒင်က အောင်အေးချမ်းရဲ့ Post ဖြစ်ပါတယ် ခုလိုကူယူမျှဝေပေးတားတာကို အောင်အေးချမ်းလဲကြေနပ်နိုင်မယ်ထင်ပါတယ်၊ အကြောင်း အမျိုးမျိုးကြောင့် အောင်အေးချမ်းရဲ့ ဒေါင်းလုပ် အညွှန်းမှာ Software ကို Download လုပ်၍ မရပ်က အောက်ပါလင့်များမှ ဒေါင်းယူပါ အောင်အေးချမ်း မူရင်း Software ကို Click
နှိပ်ပေးပြီး ပေါ်လာမဲ့ Windows အသစ်က ဘယ်ဘက် အထက်ထောင့်က File ကိုထပ်နှိပ်ပြီး
အောက်နားက Download မှဒေါင်းယူပါ။ Huawei Phone အတွက် သင့်တော်မယ်ထင်တဲ့ Software တွေကိုရှာဖွေစုဆောင်းထားပေးပါတယ် သုံးကြည့်ကြပါ ကျနော်ကတော့ မသုံးဘူးပါ။

Download ZawGyiPad  
Download soft keyboard

Tuesday, September 3, 2013

MPT Service V1.0.0 (GSM ဖြစ်ဖြစ် CDMA ဖြစ်ဖြစ် ငွေဖြည်မယ်ငွေစစ်မယ်)

ဒီ App လေးကိုတော့ကျွှန်တော်ကိုယ်တိုင်ရေးဆွဲထားပါတယ် . . .
ဒီ App လေးနဲ့ မိမိဖုန်းကို ဖုန်းဘေစစ်နိုင်ခြင်း၊ ငွေဖြည့်နိုင်ခြင်း

Internet လျှောက်ထားနိုင်ခြင်းများကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ပါတယ်။

ဒီ App ထဲမှာတင် အညွန်းများစွာထည့်သွင်းပေးထားပါတယ်။
GSM တွေ CDMA များပါ ငွေဖြည်နိုင်ငွေစစ်နိုင်ပါတယ်။
အသုံးပြုရတာလွယ်ကူပြီး မြန်မာလို Instruction များစွာပါဝင်တော့အဆင်ပြေပါလိမ့်မယ်။
Error ကင်းပြီး File Size ကလဲ 1MB သာသာပဲရှိပါတယ်။
Icon Design ကို Bo Sunny Lwin က ရေးဆွဲပေးထားတာပါ။
ဒီ App ကနေတင် Mobile Mother ကိုလဲတိုက်ရိုက်ဖုန်းခေါ်နိုင်ပါတယ်။
ရေးသားသူအကြောင်းကိုဝင်ရောက်ပြီး Mobile Mother ကိုနှိပ်လိုက်ရင် Mobile Mother ဆိုင်ကို
ဖုန်းခေါ်သွားပါလိမ့်မယ်။
Screen အရမ်းသေးတဲ့ဖုန်းတွေမှာ အပြည့်မပေါ်ရင်စိတ်မရှိပါနဲ့ခင်ဗျာ။
အားလုံးအဆင်ပြေအောင်လုပ်ပေးထားပါတယ်။
အသုံးပြုကြည့်ပါ။

http://www.mediafire.com/download/bjtu426zokbthcy/MPT_Service_v1.0.0.apk

Screenshot_2013-08-13-04-57-53

Screenshot_2013-08-10-06-26-59
Screenshot_2013-08-10-06-29-02
Screenshot_2013-08-12-07-42-47

ရည်းစားတွေကိုရန်တိုက်ပေးမဲ့ APP

မူရင်းလင့်တင်ပေးတဲ့  Until You ကို Credit ပေးပါတယ်
enshot_2013-08-20-13-47-37
kidlogger-2
ချစ်သူကောင်လေး/ကောင်မလေး ရဲ့ ဖုန်းကို Spy လုပ်ချင်ရင် ဒီ Software လေးကို သုံး သူ့ ဖုန်းထဲမှာ
ဘယ်အချိန် ဘာလုပ်တယ် ဘယ်သူ့ ဆီကို ဖုန်းခေါ်တယ် ဘယ်သူ့ ဆီကို Message ပို့ တယ်က အစ ဂိမ်းဆော့တာက အဆုံး အကုန်ကြည့် လို့ ရတယ်ဗျ
ကဲ… ကျွန်တော်ကတော့Until You ပြောတဲ့အတိုင်းရန်တိုက်ပေးလိုက်ပါပီ :D :D :D
unnamed
Press Da Icon 4 Download !!!
Thank You 4 Watchin’ My Post !!!

Fastboot ကနေ Factory Reset ချလို့ ရမယ့် Tool ပါ

Hardreset
Download Link – http://d-h.st/1sH

Myandroid v1.4 (Myanmar Android Service Tool)

Myandroid v1.4 ကို Free Share ပေးလိုက်ပါတယ်…
ဒီ Tool လေးကနေ လုပ်ဆောင်နိုင်တဲ့ Function တွေကတော့

- Zawgyi မြန်မာစာသွင်းနိုင်ခြင်း
- စံမြန်မာစာ သွင်းနိုင်ခြင်း
- Smart Zawgyi မြန်မာစာသွင်းနိုင်ခြင်း
- Android 4.0 Google App သွင်းနိုင်ခြင်း
- Android 4.1 Google App သွင်းနိုင်ခြင်း
-Andriud 4.2 Google App သွင်းနိုင်ခြင်း
- Pattern & Password ဖြတ်နိုင်ခြင်း
-Factory Reset လုပ်နိုင်ခြင်း
- Recovery Mode ၀င်ရောက်နိုင်ခြင်း
- Download Mode ၀င်ရောက်နိုင်ခြင်း
- Fastboot Mode ၀င်ရောက်နိုင်ခြင်း
- Adb Error များကို ဖြေရှင်းနိုင်ခြင်း တို့ပြုလုပ်နိုင်ပါတယ်။
နောက် Version အသစ်ထွက်ရင်လဲ သတိပေးနိုင်မဲ့စနစ်များပါထည့်သွင်းထားပါတယ်။
ဒီ Tool လေးကိုတော့ ၂လ ကျော် အချိန်ယူရေးဆွဲထားပါတယ်။
ဒီ Tool ကိုအသုံးပြုဖို့ .Net 4.0 လိုအပ်ပါတယ်
မရှိသေးသူများ ဒီမှာဒေါင်းပါ။
http://www.4shared.com/zip/BaBn3HOg/Dot_NET_Framework_40__Offline_.htm
Myandroid v1.3 ထက်ပိုပြီးအဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။
Icon Design ကိုတော့ ကို Bo Sunny Lwin က ရေးဆွဲပေးထားပါတယ်…
Zawgyi Font,San Myanmar Font, Smar zawgyi Font နဲ့ Keyboard Developer များကို Credit ပေးပါတယ်…
ဒီ Tool ကို ဒီ မှာဒေါင်းပါ။
http://www.mediafire.com/download/4dyp5gb6608zg5u/Mandroid_v1.4.rar

Screenshot - 8_27_2013 , 11_07_30 AM

Screenshot - 8_22_2013 , 12_22_19 PM

Screenshot - 8_21_2013 , 2_35_12 PM

Screenshot - 8_27_2013 , 11_13_33 AM

Huawei G610 Official Rom များစုစည်းမှု


ခုတစ်ခါ တော့ Huawei ရဲ့ G610 official rom လေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။
အသုံးလိုတဲ့သူများ ကြိုက်ရာ Build No ကိုရွေးပြီးဒေါင်းနိုင်ပါပြီ။

G610-T00,Android 4.2,V100R001CHNC01B122680959168

G6100-U00,Android 4.2,Emotion UI,V100R001CHNC17B126

G610-U00,Android 4.2,Emotion UI,V100R001CHNC17B127

G610-C00,Android 4.2,Emotion UI,V100R001C92B122

Monday, September 2, 2013

VROOT Update Version 1.6.0 Eng & Chinese Version

vroot 2English version အတွက်ဘယ်သူကို credit ပေးရမလဲမသိပါဘူးဗျာ … သက်ဆိုင်တဲ့သူကိုပေးပါတယ်

VROOT 1.6.0(China)

VROOT 1.6.0 (ENG)

Saturday, July 20, 2013

Y210 Series တွေကို Recovery ကနေ Root,မြန်မာစာ,လက်ကွက်အကုန်ထည့်နည်း (v2)


ပထမဆုံး ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။
Y210 Recovery Installer  v1.2          http://adf.ly/RNZm9
MMSD.zip                                    http://adf.ly/RNZoW
ပြီးသွားရင်တော့ update.zip ကို SD card ထဲထည့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပါ။
ပြီးရင် Volume Down + Power နဲFastboot Mode ၀င်လိုက်ပါ။
Huawei LOGO လေးရပ်နေပြီဆိုရင် ကြိုးထိုးလိုက်ပါ။
Download လုပ်ထားတဲ့ Tool ကိုဖွင့်လိုက်ပါ။
Screenshot - 6_28_2013 , 8_23_28 PM

 Login Password

password:mmsd
password:mobilemother
password:phyochan


မိမိဖုန်းကိုရွေးချယ်ပြီး လုပ်ပါ။

Screenshot - 6_28_2013 , 8_23_45 PM


အားလုံးပြီးသွားရင်တော့ ဖုန်းကို Battery ဖြုတ်ပြီး Recovery Mode ၀င်လိုက်ပါ။
Volume Up + Power ကိုဖိနှိပ်ထားရင် Recovery Mode ကိုရောက်ပါပြီ။
imasge3069

ပေးထားတဲ့ Update.zip ကို Install zip From SD Card ကနေရွေးပေးလိုက်ရင်အဆင်ပြေပါပြီ။
ပြန်တက်လာရင်တော့ မိမိဖုန်းဟာ Myanmar Font,FrozenKeyboard,Root Access တစ်ခါတည်းအကုန်ရပြီးဖြစ်ပါလိမ့်မယ်။

Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် updtae failed ဖြစ်မှာ မပူတော့နဲ့။ ဒီမှာလာပြီ Huawei Stock Recovery Installer

images
ကဲ ဒီမှာ မရေးဖြစ်တာလည်း ကြာသွားတော့ ဘာလေး လုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့။ Firmware တင်ရင်
Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်။ ကျွန်တော်
တတ်နိုင်သလောက်လေး လုပ်ပေးထားတာလေးပါ။ လိုချင်ရင်တော့ ယူကြဗျာ။ Huawei Stock Recovery Installer
လို့တော့ နာမည်ပေးထားတယ်။သူက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတော့။ Official Firmware မှာ ပါတဲ့ boot.img နဲ့
recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့ Update Failed ဖြစ်ရတဲ့ ပြသနာက
တင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့ Update Failed
ဖြစ်တယ်လို့ သိထားပါတယ်။အဲဒါကြောင့် ဒါလေးကို ဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေ
အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ
Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိ
ကလိတတ်တဲ့ Customer တွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့
ကိုယ်လုပ်ပေးထားတာလေးတွေ ပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့
စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့ သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။
1.U8650
2.C8650
3.U8661 Sonic+
4.C8800
5.C8810
6.C8812
7.U8818
8.U8950D
9.U8825D
10.C8825D
11.U8860
12.C8860E
အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။
Download Link 1 : https://www.box.com/s/hokw38sewu1p0amqc8yh
Download Link 2 :https://www.sugarsync.com/pf/D0019460_943_25963148
Download Link 3 : https://www.dropbox.com/s/9vd0329dr2njuug/HuaweiStockRecoveryInstaller%203y%20H%40NL%40Y.exe
အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်နော်။ အားပေးစကားလေးတော့ ပြောခဲ့ကြပါအုံးနော်။

Samsung Galaxy S Duos GT-S7562 ကို Recovery သွင်းပီး Root ကြမယ် deathlesspuck | June 26, 2013 | 2 Replies

ပထမ ဖုန်းထဲက Unknown Sourcesနဲ့USB debugging ကိုတော့ On ထားနော်

Thursday, July 18, 2013

နောက်ဆုံးထွက် TANGO UPDATE V 3.0.53221 (18.07.2013)

ဒါလေး ကတော့ TANGO ရဲ့ နောက်ဆုံးထွက် update လေးပါ
17.07.2013 ရက်နေ့က  update ပေးထားတာပါ

ဘာတွေ လုပ်လို့ရနိုင်လည်းဆိုတာကတော့ပြောစရာလိုမယ်မထင်ပါဘူးနော်

သူငယ်ချင်းတွေနဲ့ video call ခေါ်နိုင်တယ် အုပ်စု့လိုက် Chat နိုင်တယ်

ဓါတ်ပုံတွေ video တွေ ရှယ်လုပ်နိုင်တယ် Smart ဖုန်းတွေနဲ့ Tabletတွေမှာ

အရမ်းအသုံးဝင် စကားပြောလို့ကောင်းတဲ့ app လေးပါ

Google Play မှာဒေါင်းလို့ရသလို အောက်ကပေးထားတဲ့ လင့်မှာလည်း

ဝင်ဒေါင်းလို့ရပါတယ် ခင်ဗျာ

Google ကနေငွေလွှဲပြောင်းနိုင်ပြီ


Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ 






သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့် ချိပ်ဆက်ထားပါက အလွန်သက်သာသော ဝန်ဆောင်မှု နှုန်းထား (of 2.9% per transaction (minimum $0.30)) ပေးဆောင် ရပါမယ်။ ပိုက်ဆံ လက်ခံရယူမှုကတော့ အမြဲတမ်း "Free" ဖြစ်ပါတယ်။ ဝန်ဆောင်မှုများအားလုံးကို လုံခြုံစိတ်ချမှု အပြည့် ရှိပါတယ်လို့  ပြောထားပါတယ်။

ဒီဝန်ဆောင်မှုကို Desktop version မှာ အားလုံး အသုံးပြုနိုင်ပြီး Mobile version အနေနဲ့  တော့ အမေရိကန်နိုင်ငံရှိ သတ်မှတ်ထားသော Android mobile device များတွင်သာ အသုံးပြုနိုင်ပါသေးသည်။

အသုံးပြုနိုင်သော Mobile Device list ကို ဤနေရာတွင် ကြည့်ရန်...

ငွေပို့ သူရော ငွေလက်ခံသူရောပါ အနည်းဆုံး "Google Wallet" account ဖွင့်ရန်လိုအပ်ပြီး မိမိ၏ Bank account, Credit account, Debit account တစ်ခုခုနှင့် ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။




Google ဟာ Apple iOS mobile device များ အတွက် App ကို မကြာမီ ထုတ်ပေးလာမယ်လို့  မျှော်လင့်ရပါတယ်။

အသေးစိတ်ဖတ်ရှုရန်... 


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

အလွယ်ကူဆုံး ဘလော့တစ်ခု တည်ဆောက်ရအောင်

ကဲဗျာ gmail အကောင့်တစ်ခုရှိသူတိုင်း ဘလော့လေးတစ်ခုတည်ဆောက်နိုင်ရန်အတွက် ရေးလိုက်ပါတယ်။ မသိ
သေးသူများ မရှိသေးသူများ စမ်းသပ်တည်ဆောက်နိုင်ရန်အတွက်ပါ။ အကျဉ်းလေးပါဘဲ ဓါတ်(10)ပုံထဲပါ။ အဲဒါ
လေးကြည့်ပြီး လုပ်ရှားလိုက်ရင် ဘလော့ပိုင်ရှင်တစ်ယောက်ဖြစ်ပါပြီ။ စီးပွါးရေးသမားတွေလည်း စိတ်ကြိုက်ဘလော့ တစ်ခုတည်ဆောက်နိုင်ရန်အတွက်ပေါ့ဗျာ။ကဲပြောနေတာကြာတယ် စလိုက်ရအောင်
ပထမဆုံး www.blogger.com လို့ Browser မှာရိုက်ထည့်ပါ။ အောက်ကပုံလေးပေါ်လာပါပြီ။ မိမိ gmail အကောင့်
နှင့် Password ကိုဖြည့်လိုက်ပါ။



ကဲ ဒုတိယပုံလေးကို ကြည့်လိုက်ပါ။

 တတိယပုံလေးကိုကြည့်ပါ။ လှမင်းမှာ ကိုယ့်နာမည်ရေး hlamin မှာ မိမိထည့်လိုတဲ့ ဘလော့လိပ်စာပေးပါ။ ကျုပ်ရဲ့ hlamin ဟာ www.hlamin.blogspot.com ဖြစ်သွားမှာပါ။ ဒါကြောင့်မိမိရဲ့နာမည်ရင်းဖြစ်ဖြစ်ကြိုက်ရာပေးပါ။ပုံပါအ
တိုင်း  ကြည့်ပြီး လုပ်ရှုားကြရအောင်ဗျာ။


Create blog ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရမှာပါ။ (1) ပြထားတဲ့နေရာလေးကိုနှိပ်ပါ။ ဒါက Post အသစ်တစ်ခု တင်စမ်းကြည့်ရအောင် ဘလော့တည်ဆောက်တာကပြီးသွားပြီ။


 ကဲဗျာဒီပုံကတော့ New Post ပေါ့ဗျာပို့စ်တစ်ရေးတော့မယ် ခေါင်းစီးရေးရန်နေရာမှာ မိမိစိတ်ကြိုက်ရေးပါ။ ပုံမှာပြထားသည့်အတိုင်း လုပ်စမ်းကြည့်ပါ။


ပို့စ်ကိုစိတ်ကြိုက်ရေးပြီးရင် Publish နှိပ်ကာ အတည်ပြုလိုက်ပါ။ ဒါပို့စ်တစ်ခုရေးသားခြင်းပါဘဲ။ ဒီလိုဘဲနောက် စိတ်ကြိုက်ပို့စ်တွေ အများကြီးရေးသားနိုင်ပါပြီ။ မိမိနှစ်သက်ရာပေါ့ဗျာ။ ကဗျာဝါသနာပါရင် ကဗျာရေးပေါ့။ ဂိမ်းဝါသနာပါရင် ဂိမ်းအကြောင်းရေးပေါ့ စီးပွါးရေးဝါသနာပါရင် စီးပွါးရေး ရေးသားကြပေါ့။


ကဲဗျာ Publish နှိပ်ပြီးသွားရင်တော့ အပေါ်ပုံကိုကြည့်ပါ။ ကိုယ်ပြုပြင်ချင်တာတွေကို ကလိနိုင်ပါပြီ။

 ကဲဒါကတော့ View blog ပေါ့ မိမိရွေးခဲ့တဲ့ Template နောက်ခံအရောင်အတိုင်းဘဲ။ မိမိရေးသားခဲ့တဲ့ ချစ်တော့ချစ်
တယ်ဒါပေမယ့်ဆိုတဲ့ ပို့စ်လေးတစ်ခုပါ။ စာသားတွေအများကြီးရေးသားလို့ရပါတယ်။ ဓါတ်ပုံတွေလည်းထည့်လို့
ရပါတယ်။ ဗွီဒီယိုဖိုင်တွေလည်းထည့်လို့ရပါတယ်။ အပေါ်မှာ ပြခဲ့တဲ့ပုံမှာ ပါပြီးသားတွေပါ။
 ကဲအပေါ်ပုံကိုကြည့်ပါ။ ဒါကတော့ကျုပ်ရေးနေကျစတိုင်ဘဲ သူများတွေတော့မိသိဘူး။ Post အသစ်တင်ချင်ရင် အပေါ်မှာ ခဲတံလေးလိုပုံပါတယ် သူ့ကို ထောက်ကြည့်ရင် New Postလို့တွေ့မယ် ပို့်စ်တစ်ခုရေးချင်ရင် အဲဒီကိုနှိပ်ပေါ့ဗျာ။ အပေါ်မှာ ပြခဲ့တဲ့အတိုင်း ပို့စ်ရေးသားလို့ရပါပြီနော်။ ပုံလေးကြည့်ပြီးလုပ်ရှုားလိုက်တော့။
 ဒါကတော့ Add Gadget ကိုနှိပ်လိုက်ရင် မြင်ရတဲ့ပုံပါ။ ဒီအထဲမှာ ကိုယ်ကြိုက်တာလေးတွေထည့်လို့ရပါတယ်။ တစ်ခုပြီးတစ်ခု လုပ်စမ်းကြည့်ပါ။ ကိုယ်ကြိုက်တာတွေ့ရင် နောက်ဆုံးတော့ Save ရုံဘဲလေ။ ဒါနဲ့ပါတ်သက်လို့
တော့ အများကြီးဘဲ။ ကျုပ်ရဲ့ဘလော့ကိုဘဲကြည့်လိုက်ပါ။ ညာဘက်ချမ်းမှာ ကိုယ်သဘောကျတာတွေ အများ
ကြီး ကောက်ထည့်ထားတာဘဲ။ စမ်းသပ်ပါ စမ်းသပ်မှ အောင်မြင်ပါမည်။ အထူးသဖြင့် ဒို့ဖောင်းပြင်သားများအ
တွက်ပေါ့ဗျာ။ ကျုပ်တို့က တိုင်းစွန်ပြည်ဖျားကဆိုတော့ မလုပ်တတ်ကြဘူးလေ။ ဒါကြောင့် အကောင်းဆုံးနဲ့ အကျဉ်းဆုံးဖြစ်အောင် ရေးသားလိုက်တာပါ။
ကဲဒါကတော့ မိမိဘလော့ကို ဒေါင်းလော့ချတဲ့နေရာလေးပါ။ဒီနေရာကိုကတော့ Template ကိုနှိပ်ရင်ရောက်ပါတယ်။ ဒီကောင်အသုံးပြုပုံကတော့။ မိမိဘလော့တစ်စုံတစ်ရာ အမှားမရှိရအောင် ပို့စ်လေးငါးခု
တင်ပြီးတိုင်းလုပ်ထားသင့်တယ်။ တစ်ခုခုမှားသွားရင် ပြန်ပြီးတော့ သိမ်းဆည်းလို့ရတာပေါ့ဗျာ။ Setting ပိုင်းကိုတော့ မရေးတော့ဘူးဗျာ။ ဒီထက်အကျယ်ကိုတော့ စာအုပ်တင်ပေးပါ့မယ်။ ကျုပ်ကတော့ အဲဒီစာအုပ်
ကြည့်ပြီးလုပ်ခဲ့တာဘဲ ဒါပေမယ့် စာအုပ်ကကြာပြီဆိုတော့ မတူတာတွေများတယ်။ ပုံစံတူလေးတွေပါဘဲ။
ကဲဗျာ ဒီနောက်ဆုံးပုံလေးနေရာမှာ အသုံးဝင်တာတွေ အများကြီးပါ။ Template ဒီဇိုင်းချိန်းလိုရင်လည်း ချိန်းလို့ ရပါတယ်။ Template ဒီဇိုင်းလေးတွေကို www.google.com မှာ ရှာကြည့်ပါ။ firebox ညာဘက်ချမ်းလေးမှာ Template လို့ရိုက်ထည့်လိုက်တာနဲ့ ကျလာပါလိမ့်မယ် free ရတဲ့ Template လေးတွေကို ရှာပြီး ဒေါင်းလော့ ဒေါင်း
ပြီးရင်။ Choose file မှာ Upload လုပ်ကာတင်လိုက်ပေါ့။ မတင်ခင် ကျုပ်ရှေ့ကပြောခဲ့သလို ဒေါင်းထားပါ။ ဒါမှမကောင်းရင် ပြန်ပြင်လို့ရအောင်ပေါ့ဗျာ။
    ကဲဗျာ လက်တွေ့စမ်းသပ်ခြင်းဖြင့် အကျိုးရှိတဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့လုပ်ဆောင်ကြပါ။ ကျောက်သမားတွေ
လည်း ၀က်ဆိုက်ထောင်ပြီး။ ကြော်ငြာကြပေါ့။ ကုမ္မဏီ ပိုင်ရှင်တွေလည်း မိမိတို့ကိုယ်တိုင်ရေးနိုင်ရင်လည်း
ရေးပေါ့ဗျာ။ ဘယ်သူမဆိုပေါ့ဗျာ ကိုယ်ဝါသနာပါတာရေးကြ ကြော်ငြာကြပေါ့။ လိုအပ်တဲ့ တန်ဆာပလာတွေလည်း
ကျုပ်ဆိုက်ထဲမှာထည့်ထားတယ်။ သူများဆိုက်လေးတွေကကောင်းတာ ကိုယ်သဘောကျတာလေးတွေကို ကူး
ယူပြီးတော့ အားဖြည့်တင်ဆက်ထားတယ်။ သဘောကျရင်ယူသုံးကြပေါ့ဗျာ။ ဘလော့နဲ့ပါတ်သက်ရင် ဘလော့နှင့်
ပါတ်သက်သမျှလို့ ကျုပ်တင်ထားတာရှိပါတယ် အဲဒီမှာရှာကြည့်ပါ။ နောက်ပြီးကောင်းတဲ့ဆိုက်လေး နှစ်ခုသုံးခု   ဖော်ပြပေးလိုက်ပါ့မယ်။ ဒါကတော့ http://kp3family.blogspot.com/  KP 3ဆိုက်လေးနှင့် http://kyawkothein.blogspot.com/ ကျော်ကိုသိန်းဆိုက်လေးပါ။ ဒီနေရာတွေမှာ ဘလော့နှင့်ပါတ်သက်လို့ လေ့
လာနိုင်ပါတယ်ဆိုတဲ့ အကြောင်းပြောကြားရင်း ဒီနေ့အတွက် ဒီလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်ကြပါဦးလို့ ပြောပါရ
စေတော့ဗျာ။ ကြိုက်သူများလည်း ကူးယူသွားနိုင်သည် ။ 16.11.2012 အမှတ်တရ။ မိုးကောင်းကင်မှ ရေးသား
တင်ဆိုက်သည်။ မပျင်းရင်လည်း အလည်လာကြပါဦးလို့ ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။ လိုအပ်တာလေးတွေရှိရင်လည်း အကြံဥာဏ်လေး Cbox မှာရေးသားပေးခဲ့ကြပါဦးဗျာ။ စောင့်မျှော်ရင်းဖြင့်....
   ကဲဒါကတော့ အဆင့်မြင့်အင်တာနက်အသုံးပြုနည်းဆိုတဲ့ စာအုပ်လေးပါ။  ကျုပ်ရဲ့ရေးသားချက်က အပြည့်အစုံ
မဟုတ်ပါဘူး။ ဒါကြောင့် ဒီစာအုပ်လေးကို ဖတ်ပြီးလည်း လုပ်ဆောင်ကြည့်ကြပါဦး။ ဒီစာအုပ်လည်း အမှန်ပြော
ရရင် အပြည်စုံဆုံးတော့မဟုတ်ပါ။ မိမိတို့လေ့လာသင့်တာတွေကို လေ့လာမှ ပြည့်စုံလာမှာပါ။ ကဲပြောနေတာကြာ
တယ်ကွယ်။ ဒေါင်းပြီးဖတ်ကြတော့ဗျာ။ လုပ်သင့်တာကို လုပ်ကြပေတော့။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။


 


♣♣♣♣ Download mediafire ♣♣♣♣

ကဲဗျာကျုပ်တင်ထားတဲ့ပို့လေးက ဓါတ်ပုံလေးတွေကိုလည်း စုစည်းပြီးတင်ပေးလိုက်ပါတယ်။ 

♣♣♣♣ Download mediafire ♣♣♣♣