Tuesday, January 30, 2018
About Xiaomi Tools
Mi Flash Tool 20-7-2017
======================
Mi Flash Tool 25-4-2017
======================
=========================================
==================================
==============================================
MIUI Fans များ စိတ်ရွှင်လန်း ချမ်းမြေ့ပါစေ....။
[ Unicode ]
Fastboot rom ကို Download လုပ်ပြီး ကွန်ပျူတာနဲ့ဖုန်းကိုချိတ်လို့ firmware တင်ရာမှာသုံးတဲ့ Mi Flash Tool တွေပါ။
PC နဲ့တွဲပြီး Firmware တင်တာတွေလုပ်ဖို့ PC မှာလိုအပ်တဲ့ Driver တွေတင်ပေးဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ သည်နေရာမှာ [ PC Driver Installation For Xiaomi Phones ] ဖတ်ပြီးလေ့လာပါ။ အခုနောက်ပိုင်း Mi Flash Tool တွေကလည်း လိုတဲ့ Drivers တွေပါလာပြီးသားလို့ သီးသန့်ရှာဖွေနေဖို့တော့ မလိုတော့ပါ။ Windows 64bit ဆို Driver Signature Enforcement ကို OFF ထားပေးပြီးမှ တင်ပေးရုံပါ။
Fastboot rom တွေကို Xiaomi official Web site မှာပဲ ဘယ်လိုရှာပြီး download လုပ်ရမယ်။ Mi Flash tool နဲ့ရေးဖို့အသင့်ဖြစ်အောင် download လုပ်ပြီး ဘယ်လိုတွေပြင်ဆင်ထားရမယ်ဆိုတာ သည်နေရာမှာ [ Preparation for Fastboot ROMs ] ဖတ်ပြီးလေ့လာပါ။
Mi Flash Tool 20-7-2017
======================
အခုနောက်ဆုံးထွက် Mi Flash Tool ပါ။ Windows 32bit, 64bit တွေမှာအဆင်ပြေပါတယ်။ Windows မှာတော့ Dot Net Framework ထည့်ပြိးဖြစ်နေရပါမယ်။ Windows 7 မှာတော့ .Net 3.5 ပါပြီးဖြစ်ပါတယ်။ Windows 8 နဲ့အထက်မှာတော့ .Net 4 ပါပြီးသားပါ။ လိုအပ်ရင်တော့ .Net 3.5 ကိုပါ manual ထည့်ချင်ထည့်ပေးရပါလိမ့်မယ်။ Tool ထဲက Menu bar မှာ Driver ဆိုတာ နှိပ်ရင် Driver တွေ Install ပေးဖို့ Message box ပေါ်လာပြီး Driver Install နိုင်ပါတယ်။ Windows 64bit ဆို Driver Signature Enforcement OFF ပြီးမှ အဲသည် driver တင်တာလုပ်ပေါ့။
Mi Flash Tool 25-4-2017
======================
Windows 32bit, 64bit တွေမှာအဆင်ပြေပါတယ်။ Windows မှာတော့ Dot Net Framework ထည့်ပြိးဖြစ်နေရပါမယ်။ Windows 7 မှာတော့ .Net 3.5 ပါပြီးဖြစ်ပါတယ်။ Windows 8 နဲ့အထက်မှာတော့ .Net 4 ပါပြီးသားပါ။ လိုအပ်ရင်တော့ .Net 3.5 ကိုပါ manual ထည့်ချင်ထည့်ပေးရပါလိမ့်မယ်။ Tool ထဲက Menu bar မှာ Driver ဆိုတာ နှိပ်ရင် Driver တွေ Install ပေးဖို့ Message box ပေါ်လာပြီး Driver Install နိုင်ပါတယ်။ Windows 64bit ဆို Driver Signature Enforcement OFF ပြီးမှ အဲသည် driver တင်တာလုပ်ပေါ့။ သူ့လိုပုံစံ အရင်ထွက်ခဲ့တဲ့ Mi Flash Tool 22-12-2016, Mi Flash Tool 14-12-2016 တို့ကိုလဲတင်ပေးလိုက်ပါတယ်။
64bit Only Mi Flash Tool ကို လိုချင်ရင်တော့ သည်နေရာမှာ [ Get 64bit Only Mi Flash Tool from Google Drive ] , [ Get 64bit Only Mi Flash Tool from Google Drive ] Download ပြုလုပ်နိုင်ပါတယ်။ 2016, 4 လပိုင်းထွက်ခဲ့တာပါ။သူတော့ Driver တွေ ပါပြီးသားမဟုတ်ပါ။ သတ်သတ်ရှာတင်ပေးရပါမယ်။ Windows 64bit Only မှာပဲ အလုပ်လုပ်ပါတယ်။ 32bit Wiindows မှာ အဆင်မပြေပါ။
Flash tool နဲ့ဘယ်လိုတင်မယ်ဆိုတာကတော့ သည်နေရာမှာ [ Flashing Fastboot ROMs with Mi Flash Tool ] ဖတ်ပြီးလုပ်ပါ။ အထူးအထွေဘာမှမရှိလှပါ။ လိုတာလေးတွေ လိုက်ရွေးပြီး ဖုန်းကို သင့်တော်တဲ့ mode ၀င်ပြီး Flash ရုံပါ။
တစ်ခါတရံမှာ Mi Flash tool နဲ့တင်တာတွေက Success ပြနေပြိး ဖုန်းကတက်မလာလို့ Qualcomm ရဲ့ Flash Tool တစ်ခုဖြစ်တဲ့ QFIL နဲ့တင်ချင်ရင် သည်နေရာမှာ [ Flash Xiaomi Qualcomm Based Phones with QFIL ] ဖတ်လေ့လာပြီး လိုအပ်တာ download ပြုလုပ်ကာ လုပ်ဆောင်ပါ။
Xiaomi Mi PC Suite - Chinese Version v2.3.0.9091
=========================================
Boot loader lock ဖုန်းတွေမှာ Screen lock password မမှတ်မိတော့ပဲဖြစ်စေ.. MIUI Update လုပ်လိုက်ပြီး ဖုန်းကတက်မလာတော့တာပဲဖြစ်စေ.. အခြား Mi Account, Find Device app တွေ Error တက်ပြီး ဖုန်းက ဘာမှလုပ်မရတော့တာပဲဖြစ်စေ.. Firmware ပြန်တင်သည်ထိ အလုပ်ရှုပ်မခံပဲ Factory Reset လုပ်ပေးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ Factory Reset ဘယ်လိုလုပ်ရတယ်ဆိုတာ သည်နေရာမှာ [ Factory Reset Using Mi PC Suite ] ဖတ်ပြီးလေ့လာလုပ်ဆောင်နို်င်ပါတယ်။
Xiaomi Boot Loader Unlock Tool v2.3.803
==================================
ဖုန်းကို Boot Loader Unlock လုပ်တဲ့နေရာမှာ အသုံးပြုဖို့ပါ။ ကွန်ပျူတာနဲ့တစ်ခါမှ မဆက်ရသေးလို့ ကွန်ပျူတာမှာ driver တွေမရှိရင်လဲ သူ့ထဲမှာ Driver check လုပ်ပြီး Install လုပ်ပေးဖို့ USB Driver တွေပါပြီးသားပါ။ Boot Loader Unlock အတွက် ဘယ်လိုတွေလုပ်တယ်ဆိုတာ သည်နေရာမှာ How to Unlock Xiaomi Boot Loader ] ဖတ်ပြိးလေ့လာနိုင်ပါတယ်။
Changing ROMs with XiaomiTool [For Locked Bootloader]
==============================================
China Stable rom နဲ့ဖုန်းဝယ်တုန်းကပါလာပြိး Google app တွေ အဆင်မပြေလို့ Global Stable rom ကို တင်သုံးချင်ကြပါတယ်။ အရင်ကတော့ Mi Flash Tool နဲ့ပဲ ဖုန်းကို EDL mode ၀င်ပြီး တင်လိုက်ကြပါတယ်။ ဒါပေမယ့် Redmi 4A နဲ့သူ့နောက်ပိုင်းဖုန်းတွေမှာ BLU မလုပ်ရသေးရင် EDL က ၀င်လို့မရတော့ပါဘူး။ အဲသည်တော့ ဖုန်းအနောက်ဖုံးခွာ.. Test Point ထောက်ပြီး EDL ၀င်ပြီးမှ Flash tool နဲ့တင်တာ မလုပ်ချင်တဲ့သူတွေအဖို့ သုံးလို့ရပါတယ်။ လုပ်နည်း Tutorial ကိုတော့ သည်နေရာမှာ [ Automated Flashing Tool Guide ] ဖတ်ရှုလေ့လာနိုင်ပါတယ်။
#Crd Thet zaw ko
Google Play Store Tips
Waiting for Wi-Fi..
Download Pending..
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ....။
[ Unicode ]
Google Play Store ကနေ app တွေကို Mobile Data သုံးပြီး download လုပ်ချိန်မှာ Waiting for Wi-Fi, Download Pending.. စတာလေးတွေပေါ်နေရင် ဖြေရှင်းဖို့၊ သိထားဖို့ နည်းလမ်းလေးတွေပါ။
Waiting for Wi-Fi..
ပေါ်နေပြီး app တွေကို Download မလုပ်တာကတော့ China MIUI ROM (Stable or Beta) တင်သုံးနေတဲ့ Xiaomi ဖုန်းများမှာဖြစ်လေ့ရှိပါတယ်။ ROM ရဲ့ Download Manager app က Download ပြုလုပ်ချင်တဲ့ file size ဟာ 1MB or 2MB ထက်ကျော်တာနဲ့ Mobile Data နဲ့မလုပ်တော့ပဲ Wi-Fi ကနေပဲ download ပြုလုပ်အောင် Default Setting သတ်မှတ်ထားလို့ပါ။ Play Store မှ app မှရယ်မဟုတ်ပါ။ Internet ထဲက ဘယ်နေရာက ဘယ် file ကို မဆို 1MB or 2MB ကျော်တာနဲ့ Mobile Data နဲ့ဒေါင်းမပေးတော့တာပါ။ Updater ကနေ Mobile Data နဲ့ပဲ update ပြုလုပ်ချိန် WLAN နဲ့မှလုပ်ပါလို့ Msg box ပေါ်နေတတ်တာကလဲ သည် Setting ကြောင့်ဖြစ်တတ်တဲ့ effect ပါပဲ။ ဖြေရှင်းပေးဖို့နည်းလမ်းကတော့ Download app ရဲ့ Settings ထဲမှာ Download file size limit ဖြစ်နေတာကို Unlimited လုပ်ထားလိုက်ခြင်းပါပဲ။ မိမိနှစ်သက်ရာ size ကိုထားနိုင်ပါတယ်။ ဘယ် size လောက်ထိတော့ mobile data နဲ့ဒေါင်းမယ်.. အဲသည်ထက်ကြီးလာရင်တော့ Wi Fi ရမယ့်နေရာမှဒေါင်းပါစေပေါ့.. စသည်ဖြင့်လဲ မိမိအသုံးပြုလေ့ရှိတဲ့ အလေ့အကျင့်ပေါ်မူတည်ပြီးထားနိုင်ပါတယ်။ Waiting for Wi-Fi.. ပြနေတာအတွက်ကတော့ အောက်ပါပုံအတိုင်း ပြင်ပေးထားလိုက်ပြီးရင် အလုပ်လုပ်ပါပြီ။
Google Play Store အနေနဲ့ကလည်း File size ကြီးတာတွေကို WiFi နဲ့မှ download လုပ်ဖို့ Warning ပေးတတ်ပါတယ်။ အဲဒါအတွက်ကတော့ Warning check box လေးဖြုတ်ပြီး လိုချင်တာ download ပြုလုပ်ခိုင်းလိုက်ပါ။
Download Pending..
လို့ Play Store ထဲမှာ app တွေ download ပြုလုပ်ချိန်ပေါ်နေတာကတော့ ကိုယ် app ဒေါင်းခိုင်းတဲ့အချိန်မှာ Play Store အနေနဲ့ background မှာ Play Store ကိုယ်တိုင်သော်ဖြစ်စေ.. Google Play Service ကိုဖြစ်စေ.. အခြားသောကိုယ့်ဖုန်းထဲမှာထည့်ထားတဲ့ play store ကဒေါင်းထားတဲ့ app များကိုဖြစ်စေ Auto Update လုပ်နေတဲ့အခိုက်မို့ ကိုယ်ဒေါင်းခိုင်းတဲ့ app ကို မဒေါင်းသေးပဲ ခဏ စေင့်နေတဲ့သဘောပါ။ Error လဲမဟုတ်ပါ။ သူအလုပ်လုပ်တဲ့ သဘာဝပါ။
အဲလိုမဖြစ်စေချင်ရင် ကိုယ် app ဒေါင်းဖို့လုပ်တဲ့အချိန်မှာ background update လုပ်နေတာတွေကို ရပ်ပစ်လိုက်နိုင်ပါတယ်။ ဒါမှမဟုတ်လဲ သည်တိုင်းထားပြီး အကုန် update ဖြစ်သွားအောင် စောင့်ချင်စောင့်နေလိုက်ပါ။ ခဏရပ်လိုက်ချင်တယ်။ ပြီးမှ မိမိစိတ်တိုင်းကြ တစ်ခုချင်း Update လုပ်မယ်စိတ်ကူးရှိရင်တော့ အောက်ပါပုံအတိုင်းဝင်ပြီး ခဏ STOP လိုက်နိုင်ပါတယ်။ Google Play Store ကိုယ်တိုင်သော်လည်းကောင်း၊ Google Play Service သော်လည်းကောင်း Auto Update လုပ်နေတာမျိုးကတော့ STOP လုပ်မနေပါနဲ့။ ပြီးဆုံးအောင်သာစောင့်ပေးလိုက်ပါ။ အဲဒါတွေက Up to Date ဖြစ်မှ ပုံမှန်အလုပ်လုပ်မယ့် အရာတွေဖြစ်ပါတယ်။
Google Play Store ရဲ့ Default Setting က ဖုန်းထဲရှိ app တွေကို WiFi ချိတ်ချိန်မှာ Auto Update လုပ်ပါတယ်။ အဲလိုတွေမလုပ်ချင်ပဲ မိမိကိုယ်တိုင် ကြည့်ပြီး လိုချင်တာကိုသာ တစ်ခုချင်း update လုပ်မယ်စိတ်ကူးရှိရင်ကတော့ Play Store Setting ထဲမှာ အောက်ပါပုံအတိုင်းပြင်ပေးထားရင် မိမိကိုယ်တိုင်ဝင်ပြီး Update လုပ်တာမှတစ်ပါး app တွေကို Auto Update လုပ်မပေးတော့ပါ။
Play Store's Auto Update ပိတ်ထားပြီး Google Play Store မှ ဒေါင်းထည့်ထားသော app များကို Update လုပ်ချင်ပါက အောက်ပါပုံအတိုင်း မိမိကိုယ်တိုင်ဝင်ကြည့်ပါ။ လုပ်ချင်သော app တစ်ခုစီကို Update လုပ်ပေးပါ။
Global ROM ကိုပြောင်းတင်ပြီး Female for English..Waiting for WLAN စသည်ဖြင့်ဖြစ်နေတတ်တဲ့ဟာပျောက်အောင်အတွက်ကတော့ အောက်ပါပုံထဲကအတိုင်း Download Manager app ကိုလုပ်ထားပေး ပြီးရင် အဆင်ပြေပါတယ်။
#Crd Thet zaw ko
Get Google Apps Ready for MIUI 9
အခုအချိန်မှာ အချို့သော Xiaomi Phone Model များအတွက် MIUI 9 Public Beta ROM ထွက်လို့နေပါပြီ။ Global Dev ROM မထွက်တဲ့ ဖုန်း model တွေအတွက်၊ ဒါမှမဟုတ် China Dev မှသုံးချင်တယ်ဆိုတဲ့ user များအတွက် ထုံးစံအတိုင်း Google Apps ထည့်သွင်းဖို့ပါ။ Very Simple ပါပဲ။ APK တစ်ခုချင်းစီ Install လုပ်သွားရုံပါ။ Google App တွေက သက်ဆိုင်ရာ Android version ပေါ်မှာမူတည်ပြီး ပိုပြီးမှန်ကန်စွာ အလုပ်လုပ်ကြတာမို့ ကိုယ့် Android version နဲ့ကိုက်ညီတဲ့ Google app file တွေသွင်းပေးနိုင်ရင် အဆင်ပြေမှာပါ။ Google App တွေအပေါ် MIUI System ရဲ့ effect က အနည်းငယ်လောက်ပဲရှိတတ်ပါတယ်။ အဲဒါတွေကို လိုအပ်ရင် Security, Permissions တွေထဲမှာ ချိန်ညှိနိုင်ပါတယ်။ အခုပေးလိုက်တဲ့ File တွေကလည်း MIUI Global Forum မှာ Admin တစ်ယောက်တင်ပေးထားတာကို ပြန်ပြီးဝေမျှပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။
လိုအပ်တဲ့ Google app apk တွေပါတဲ့ Zip file ကို အောက်ပါ link တစ်ခုခုကနေ Download ပြုလုပ်နိုင်ပါတယ်။
OR
APK file တွေကို Install လုပ်ပေးဖို့ Settings ထဲမှာ Unknow Sources ကို ON မပေးထားရသေးရင် Settings->Additional Settings->Privacy->Unknown Sources ကို ON ထားပေးပါ။
Download ပြုလုပ်လို့ရလာတဲ့ zip file ကိုဖြည်ချပြီး အောက်ပါ အစီအစဉ်အတိုင်း APK File တွေကို တစ်ခုချင်း Install လုပ်ပေးသွားလိုက်ပါ။ တစ်ခုချင်းစီ Install လုပ်ပြီး DONE သာနှိပ်ပေးပါ။ OPEN မနှိပ်ပါနဲ့။
အစီအစဉ်အတိုင်း အားလုံးပြီးဆုံးပြီဆိုရင်တော့ ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။ ပြန်တက်လာရင် Google Play Store ကိုဖွင့်ပြီး Google Account ထည့်ကာ Google app တွေကို စတင်အသုံးပြုနိုင်ပါပြီ။ MIUI System မှာ Permission တွေနဲ့ပတ်သက်လို့မေးတဲ့ Dialog box တွေတက်လာရင်လဲ Allow သာလုပ်ပေးပါ။
အင်တာနက်ဖွင့်ထား၊ Google Play Store ထဲဝင်နေချိန်မှာ လိုအပ်လျှင် Google Play Store, Google Play Services တွေ အလိုလို Update လုပ်ချင်လုပ်နေပါလိမ့်မယ်။ အဲသည်အချိန်မှာ App တွေကို Download ပြုလုပ်ဖို့ ကြိုးစားပါက Download Pending... ဆိုပြီးပြနေတတ်ပါတယ်။ ဘာမှစိုးရိမ်စရာမရှိပါ။ Google Service တွေ သူ့ဟာသူ update ဖြစ်ပြီးချိန်မှာ App တွေ အလိုလို Download ပြုလုပ်ပေး သွားပါလိမ့်မယ်။ Waiting for Wi-Fi လို့ပြနေပါက အောက်ပါပုံအတိုင်း Download Settings ထဲမှာ ပြင်ပေးထားလိုက်ပါ။
#Crd Thet zaw ko
Google Applications for Mi Max 2
Mi Max 2 မှာ Google App တွေ ထည့်သွင်းဖို့အတွက်ပါ။ လုပ်ပေးရမည့်နည်းကတော့ Google App တွေ အဆင်ပြေနေတဲ့ အခြား model တူ။ android version တူဖုန်းတစ်လုံးမှ Mi Backup နဲ့ထုတ်ယူလာတာကို မိမိဖုန်းမှာ ပြန်ထည့်ပေးလိုက်တဲ့နည်းပါ။
ဖုန်းထဲမှာ Restore ပေးဖို့လိုအပ်တဲ့ file ကို အောက်တွင်ပေးထားသော Link နှစ်ခုထဲက မိမိတို့ဝင်လို့အဆင်ပြေတဲ့တစ်ခုဆီကနေ Download ပြုလုပ်ပါ။ Zip file ရလာရင် ဖြည်ချပါ။ AllBackup ဆိုတဲ့ Folder တစ်ခုရပါမယ်။ အဲသည် Folder ကို Internal Storage / MIUI / backup folder အောက်ကိုကူးထည့်ပါ။ မိမိတို့ Backup လုပ်ထားသည်များရှိသော် AllBackup ဆိုသည့် Folder ရှိနေနိုင်သည့်အတွက် နာမည်တူရှိနေလို့ Overwrite လုပ်မလားလို့ မေးလာတဲ့ Message box တွေမှာ OK သာရွေးပေးပြီး Overwrite သာလုပ်လိုက်ပါ။
Backup file ကို Restore လုပ်ဖို့ Settings ထဲကနေ အောက်ပါပုံများအတိုင်း Backup Lists ကိုမြင်သည်အထိသွားပါ။
မိမိတို့ဖုန်းထဲမှာ Backup လုပ်ထားတာတွေရှိနေပါက Backup List တွေ များနေပါမယ်။ အောက်ပါပုံမှာပါတဲ့ Data / Time အတိုင်း ရှိနေတဲ့ Backup ထဲပဲနှိပ်ဝင်လိုက်ပါ။ ပြီးရင် Restore button နှိပ်လို့ Restore ပြုလုပ်ပေးလိုက်ပါ။
Restore လုပ်လိုက်တဲ့ Google Apps က ငါးခုပါ။
  1. Google Play Store
  2. Google Contacts Sync
  3. Google Play Services
  4. Google Services Framework
  5. Google Account Manager
အဲသည် ငါးခုစလုံးကို Security-->Permissions-->Other Permissions--> ထဲမှာ ရှာပြီး တစ်ခုချင်းစီကို အောက်ပါနမူနာပုံအတိုင်းဖြစ်အောင် Permissions တွေကို Allow လုပ်ပေးပါ။ အဓိကအတွက်ကတော့ Google Play Service နဲ့ Google Play Store ပါ။ အကုန်လုပ်ပေးထားလဲ ဘာမှမဖြစ်ပါဘူး။
China Rom မှာ Google service တွေကို Permission ပေးနိုင်သမျှအကုန်ပေးထားတာ ပိုအဆင်ပြေပြေအလုပ်လုပ်စေတာမို့ Security-->Permissions-->Auto Start--> ထဲမှာလည်း Google apps ငါးခု ကိုရှာပြီး ON ထားပေးပါ။
Permissions ပေးတာရယ်.. Auto Start မှာ ON ထားတာရယ်ပြီးပြီဆိုရင်တော့ ဖုန်းကို Reboot လုပ်လိုက်ပါ။ Reboot လုပ်လို့ ပြန်တက်လာပြီဆိုရင် Google Account ထည့်လို့ စတင်အသုံးပြုနိုင်ပါပြီ။ Google account ထည့်ရာမှာ email, password ထည့်သွင်းပေးပြီး Checking Info လို့ပေါ်နေချိန် Noti Bar မှာ Sync icon အ၀ိုင်းလေးလည်နေတာမြင်ရရင် အဆင်ပြေပြီလို့ မှတ်ယူနိုင်ပါတယ်။ အဲသည် icon လေးမမြင်ရပဲ Checking Info.. နေရာမှာ အရမ်းကြာနေပါက Settings-->Install Apps--> ထဲမှာ Google Play Store နဲ့ Google Play Service တို့ Clear Data / Clear Cache လုပ်။ ဖုန်းကို Reboot လုပ်ပြီး Google Account ပြန်ထည့်ကြည့်ပါ။
Gmail app သုံးရာမှာ Google Play Service error တက်ပြီးအဆင်မပြေရင် အောက်ပုံပါအတိုင်း Browser Shortcut လုပ်ပြီး Gmail ကို ၀င်စစ်တာ.. ပို့တာတွေ လုပ်နိုင်ပါတယ်။ Gmail app သုံးရင်ကတော့ Internet လိုင်းဖွင့်တိုင်း email ၀၀်တာရှိရင် Noti တက်တာပေါ့။ သည်ဟာကတော့ မိမိဖာသာ Browser ထဲမှာဝင်တော့ကြည့်ပေးရတာပေါ့။ ဒါပေမယ့် Gmail app နဲ့သုံးရင် Zawgyi နဲ့ရေးထားတဲ့ မြန်မာစာတွေကို အမှန်မြင်ရမှာမဟုတ်ပါ။ သည်နည်းနဲ့သုံးတာကတော့ Browser မှာ zawgyi font အမှန်မြင်ရင်၊ မြင်ရအောင်လုပ်ထားပေးရင် စာတွေ မှန်မှန်ကန်ကန် ဖတ်နိုင် ရေးနိုင်ပါတယ်။ Root တွေဘာတွေ လုပ်ဖို့ မလိုတော့ဘူးပေါ့။
#Crd Thet zaw ko