Monday, January 1, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(5)

Factory reset ချရခြင်း အကြောင်းနှင့် နည်းလမ်းများ 2.............................................................................................................
..........................................................................................................................................................................................
Pattern , Pin or password များဖြုတ်နည်း ကို တော့ ဖုန်းမော်ဒယ်တမျိုးဆီရှင်းပြချင်ပါတယ်။ရှေ့ပိုင်းက ပြောခဲ့သလိုပေါ့

CPU နဲ့ ဖုန်း Model ပေါ်မူတည်ပြီး ကွာပါတယ်။MTK တွေမှာဆိုရင်တော့ Miracle box crack မှ root နေရာကိုနှိပ် clean password

ကို ထားပြီး ဖျက်လို့လဲရပါတယ်။ရပေမဲ့ ဘာဖြစ်လဲဆိုရင်တော့ ဖုန်းကို lock ထားပြီးပါဝါပိတ် ပြန်ဖွင့်ပါက ထို lock ပြန်ပျောက်သွားပါတယ်

တကယ်တော့ miracle box crack မှ boot အား ဆွဲထုတ်ပြုပြင်ပြီး ပြန်လည်အစားထိုးထားသောကြောင့် ဖြစ်တာပါ။အဲလို ပုံစံမျိုးဖြစ်သွားရင်

တော့ ဖုန်းရဲ့ offical firmware မှ boot ကိုပြန်ရိုက်လိုက်ရင် ရနိုင်ပါတယ်။miracle မှ တချို့သော အလုံးများကို ထိုကဲ့သို့ မပြုတ်ချင်း သို့မဟုတ်

ဖုန်းရဲ့ Key များ မကောင်းပါက userdata ကို format ချပြီး factory reset ဆင်းနိုင်ပါတယ်။မှတ်ချက် userdata format ချသော အခါတွင်

တချို့သော ဖုန်းမော်ဒယ်များတွင် Logo ထောက်နေတတ်ပါတယ်။ဒါကြောင့် မိမိ ဘက်မှ သေချာစေရန် Backup ထုတ်ထားခြင်းသည် အကောင်းဆုံး

ဖြစ်ပါတယ်။userdata အား format ချလျှင် နည်းလမ်း နှစ်မျိုး ရှိပါတယ်။ တခု မှာ Miracle box crack မှ format သို့သွားပြီး advance ကိုနှိပ်ပေးပြီး

format ချနိုင်သကဲ့သို့ offical firmware အတွင်းမှ scatter မှ userdata ရဲ့ start address နှင့် Size ရဲ့ hex တွေကိုနဲ့ Sp flashtool က ချလို့လည်း

ရပါတယ်။ Offical Firmware မရှိသော အခါ Miracle box crack မှ read info မှ စစ်ဆေးပြီး address ကို မှတ်ယူနိုင်ပါတယ်။

adb သိသော ဖုန်းများဆိုလျှင်တော့ Computer မှ allow ပေးလို့ရအောင် လုပ်ပြီးမှ adb command မှ ချနိုင်ပါသည်။ Allow ကို lock အနေအထားတွင်

တခါတရံပေးရခက်ပါသည်။ထို့ကြောင့် Emergency call မှ allow ပေးပါတယ်။ Allow ခွင့်ပြုချက်ရခဲ့ရင်တော့ PC မှ root tool များနှင့်ဖောက်ကြည့်ပါတယ်။

ဥပမာ ---Kingroot ,kinggo root လိုမျိုးပေါ့ ။Root ပေါက်လို့ access ရပြီဆိုရင်တော့ အောက်ပါ command အား အသုံးပြုပြီး Lock ဖျက်နိုင်သလို Lock ဖျက်သော

Tool များဖြင့်လည်း ဖျက်နိုင်ပါတယ်။ဥပမာ miracle box crack မှ android tab အောက်တွင်ရှိသော clean code ကိုနှိပ်ပြီး ဖျက်နိုင်ပါတယ်။တခြားသော tool များ

ဖြစ်တဲ့ Handy toolkit ,Shume,rom master....etc.. အများကြီး ရှိပါတယ်။command ဖြင့် ဖျက်ချင်ရင်တော့ ကျွန်တော် သုံးတဲ့ command လေးကို ပြောပြပါ့မယ်

adb devices လို့ရိုက်လိုက်ပါ devices သိပြီးဆိုရင်တော့

adb shell

su

mount -o remount,rw /system

cd data/system

လို့ရိုက်လိုက်ပါတယ် data/system အောက်တွင် password.key ,gesture.key or locksettings.db လိုမျိုးတွေတွေ့ခဲ့ရင် အောက်က rm command အသုံးပြုပြီး

ဖျက်လိုက်ပါတယ်။

rm password.key
rm gesture.key
rm locksettings.db

ဆိုပြီးရိုက်လိုပါတယ်။ထို လုပ်ငန်းစဉ်အားလုံးပြီးပြီဆိုရင်တော့ ဖုန်းကို reboot ချပေးလိုက်ပြီး ပြန်တတ်လာရင် Lock ပြုတ်ပါပြီး အဲလိုမျိုးနဲ့ တချိန်က meizu m3 note

အား ရခဲ့ဖူးပါတယ်။Samsung အနှိမ့်ဖုန်းများတွင် key မကောင်းသောကြောင့် reset ချမရပါက miracle box crack မှ Samsung tab ကိုသွားပြီး comport အား အရင်ဆုံး Scan ဖတ်လိုက်ပါတယ်။ Com သိပြီးဆိုရင်တော့ Reset Phone Lock ကိုနှိပ်ပြီးဖျက်လိုက်ပါတယ်။အဲမှာအများစုက Version 4.3 အောက်လောက်တွေသာ

အလုပ်လုပ်ပါတယ်။Factory reset ချချင်ရင်တော့ Factory reset tab ကိုရွှေးပေးပြီး ချလိုက်ပါတယ်။အမြင့်ဖုန်းတွေမှာ ဆိုရင်တော့ အရင်ဆုံးအနေနဲ့ Download

mode တွင် Frp ရှိမရှိစစ်ဆေးပါတယ်။ မရှိဘူးဆိုရင်တော့ TWRP or CWM လို recovery ကို odin မှ သွင်းကြည့်ပါတယ်။TWRP or CWM ရပြီဆိုရင် Pattern pin

တွေဖြည်လို့ရတဲ့ flashable zip တွေကို install လုပ်ပေးလိုက်ပြီး ဖြည်ပါတယ်။မှတ်ချက် TWRP or CWM မကိုက်ပါက Logo လည်တတ်ပါတယ်။ အဲလိုဖြစ်လာရင်တော့

Offical firmware မှ recovery တဖိုင်ထဲ ပြန်ရိုက်လျှင် Firmware ပြန်တတ်လာပါတယ်။

Sony ဖုန်းများဆိုရင်တော့ အရင်ဆုံး emergncy မှ #*#7378423#*# ကိုရိုက်ကြည့်ပြီး reset ချကြည့်ပါတယ်။မရတော့ဘူး ဆိုရင်တော့ Lock ftf ဖိုင်လေးတွေ

ဒေါင်းလော့ ဆွဲပြီးဖျက်ကြည့်ပါတယ်။သူလည်း ပြောချင်တာက version အနှိမ့်အမြင့်ပေါ်မူတည်ပြီး အရေးမခံတာတွေ နောက် Logo လည်တာတွေဖြစ်တတ်ပါတယ်အဲလိုဖြစ်လာပြီဆိုရင်တော့ သူ့ offical မှ userdata တခုထဲကိုသာ ရွှေးပြီး ရေးလဲ ပြုတ်ပါတယ်။နောက်ပိုင်းထွက်လာတဲ့ Oppo လိုဖုန်းများတွင်တော့ recovery မှ reset ချသောလဲ data သာ ပျက်သွားပြီး lock မပျက်တာတွေ ကြုံတွေ့ရပါတယ်။ဥပမာ Oppo F1s လိုအလုံးတွေပေါ့။
Crd post owner

No comments:

Post a Comment