Monday, January 1, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(၂)

သင့်ထံ Huawei ဖုန်းတစ်လုံး လာအပ်မည် ဆိုပါတော့ မနေ့က ပြောခဲ့တဲ့ အပိုင်းတွေ ကျွန်တော်စစ်ဆေးပါတယ်။ ဒါတွေပြီးရင်တော့ ကျွန်တော်လုပ်ရမဲ့ အပိုင်းတွေကိုပြောပါတော့မယ်။ပထမဆုံး အနေနဲ့ ကိုယ် Firmware ရေးမဲ့ အလုံးက ဘာမော်ဒယ်လဲ? ဘာ CPU သုံးတယ်ဆိုတာ ကို အရင်လေ့လာဖြစ်ပါတယ်။ G610-U00 လိုအလုံးတွေဆိုရင်တော့ MTK cpu ကို အသုံးပြုထားပြီး G615 လိုအလုံးတွေ ဆိုရင်တော့ Qualcomm cpu ကို အသုံးပြုထားတဲ့ အတွက် MTK SPD Qualcomm HI အစရှိတဲ့ CPU အမျိုးအစားပေါ်မူတည်ပြီး ရေးနည်း တွေးနည်းတွေကို စဉ်းစာပါတယ်။
1 dload or update.zip 2 Fastboot firmware 3 Flashtool firmware 4 Qualcomm firmware 5 Board firmware 6 Hi Board firmware အထက်ပါ အချက်လက်တွေကို အရင်ဆုံးအနေနဲ့ တွေးထားပါတယ်။ပထမဆုံးအနေနဲ့ dload or update.zip ကို အရင်တင်ကြည့်ပါတယ် အပိုင်း (၁) မှာ ပြောခဲ့သလိုမျိုး Buid.prop လေးကိုကြည့်ပြီး တင်ကြည့်ပါတယ်။တော်တော်များများတော့ အဆင်ပြေပါတယ်သို့ပေမဲ့ တချို့သော ဖုန်း တွေမှာ step2 fail ဆိုတဲ့ error မျိုးတွေမှာဆိုရင်တော့ နည်းနည်းခေါင်းစားတတ်ကြပါတယ်။တကယ်တော်တဲ့ Software ဆရာတွေကတော့ ဒါမျိုးတွေ မိုင်နာဖြစ်မှာပေါ့ beginner လေးတွေအတွက်တော့ နည်းနည်းလေးခက်ခဲတာပေါ့(နည်းနည်းလေး လို့ပြောတာနော်) ဒါဆိုပြန်စဉ်းစားပြီ step 2 ဘယ်လို ရှင်းမလဲ? ဟုတ်ကဲ့ ကျွန်တော် တို့ အတွက် အွန်လိုင်းမှ တချို့သော ဆရာ ဆရာများ လုပ်ပေးထားတဲ့ Step 2 fail dload လေးတွေ ရှာပြီး ရေးပြီးမှ Firmware ပြန်ရေးကြည့်ပြီး ရှင်းပါတယ်။ဒါမှ မရဘူးဆိုရင်တော့ ကျွန်တော့် တို့ ဒုတိယ နည်းလမ်းလေးဖြစ်တဲ့ fastboot firmware လေးကိုစဉ်းစားပါပြီ fastboot firmware ဘယ်ကရမလဲ? Offical firmware ဖြစ်တဲ့ UPDATE.APP ကနေ Huawei Update Extractor နဲ့ ခွဲထုတ်ပြီး fastboot.exe ရှိတဲ့ ဖိုင်အောက်ထည့်ပြီး command line အသုံးပြုပြီး flashing လုပ်ပါတယ်။တချို့သော beginner လေးတွေမေးကြတယ် အကို fastboot.exe က ဘယ်က နေယူရမှာလဲတဲ့?တော်တော်များများ tool တွေအောက်မှာ ရှိတတ်ပါတယ်။ဥပမာ miracle box crack တို့ shume လို pc suite အောက်တွေ ရှိတတ်ပါတယ်ဘာဆို ဘယ်လို flash ရတာလဲ တဲ့? အထက်ပါ ပြောခဲ့တဲ့ အတိုင်း UPDATE.APP ကို huawei update extractor နဲ့ခွဲထုတ်လိုက်ပါ ထွက်လာတဲ့အထဲက boot , recovery , system, userdata လေးဖိုင်ကို fastboot.exe ရှိတဲ့အောက်မှာ ထည့်ပြီး Folder အတွင်းမှ လွတ်နေသောနေရာမှ Shift keyနဲ့ Right click လေးနှိပ် Open command window here စာတန်းလေးခေါက်ပေးလိုက်ပါ။cmd box မဲမဲကြီးပေါ်လာပါမယ်။ဒါပေမဲ့ ပြောစရာလေးနည်းနည်းကျန်ခဲ့တယ် ဗျ Fastboot က Flashing လုပ်မယ်ဆိုရင် မိမိဖုန်းဟာ Bootloader unlock ဖြစ်ထားရမယ်ခင်ဗျ Bootloader unlock လား Lock လားစစ်ချင်ရင် ဖုန်းကို fastboot mode ခေါ်လိုက်ပါ ပြီးရင်ကြိုးထိုးလိုက်ပါ ခုနက မဲမဲကြီးအကွက် cmd box ထဲ မှာ fastboot oem get-bootinfo လို့ရိုက်ပါ Bootloader Lock လား Unlock လားပြပေးပါလိမ့်မယ်။Bootloader Unlock ဆိုရင်တော့ Flashing လုပ်မဲ့ အပိုင်းကို စပါမယ်။ခုနက မဲမဲကြီး အကွက်ထဲမှာပဲ fastboot flash boot boot.img fastboot flash recovery recovery.imgfastboot flash system system.img fastboot flash userdata userdata.img ဆိုပြီး တကြောင်းချင်းဆီ၇ိုက်လိုက် Flashing လုပ်လိုက်တာစောင့်ပေးလိုက်ရင်ရပါပြီအဲမှာ error တခု ရှိပါတယ် သူကဘာလဲဆိုရင် system ကို flash တဲ့အခါမှာ too large လို့ပြလာရင် fastboot flash system system နေရာမှာ fastboot flash system -S 100M system.img လို့ရိုက်ပေးရပါတယ်။ပြီးသွားပြီထင်ပါသလား? No ပါ ကျန်ပါသေးတယ် fastboot.exe ကွာခြားတဲ့ ပေါ်မူတည်ပြီး အထက်ပါ command တွေ error တတ်ပါတယ် -S ဆိုတာကို မသိတဲ့ error တတ်လာတတ်ပါတယ်။ စာရေးသူက E လိုသိပ်မတတ် လို့ အပြည့်အစုံမရေးတော့ပါဘူး။ဒါဆို ဘယ်လိုလုပ်မလဲ fastboot.exe လေးတွေ ပြောင်းစမ်းကြည့်ပေါ့............
Crd post owner

No comments:

Post a Comment