Tuesday, January 30, 2018

Trick For Themes


အဆင်ပြေနေတဲ့အချိန်လေးမှာ အဆင်ပြေသလိုလေး လုပ်သုံးတာပေါ့ခင်ဗျာ..။ Themes အလှလေးတွေနဲ့ လန်းလို့ရတာပေါ့။ Designer Account ရှိနေဖို့မလိုပါ။ Mi Account တော့လိုပါတယ်။ ဖုန်းမှာ Sign In ၀င်ထားရပါမယ်။ ဒါမှ Theme Store က Themes တွေ Download ပြုလုပ်နိုင်မှာပါ။ မိမိဖုန်းမှာ တင်ထားတဲ့ ROM က China ROM (Stable or Dev) ဖြစ်နေရပါမယ်။ လိုအပ်တာက MIUI Theme Editor app ပါ။ (Creator) မဟုတ်ပါ။ MIUI Theme Editor app ကို Play Store ကနေပဲ တိုက်ရိုက်ဒေါင်းထည့်လိုက်ပါ။ အခြားကနေ လိုက်ဒေါင်းထည့်လို့ သုံးမရဖြစ်ကာ နောက်တစ်ခါထပ်ဒေါင်းထည့်ရတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။


Themes App ကိုဖွင့်၊ မိမိသုံးချင်တဲ့ Themes ကိုရှာပြီး Download ပြုလုပ်ပါ။ Mi Credit နဲ့ ဖြစ်နေလို့အရေးမကြီးပါ။ Try for Free button ကိုသာနှိပ်ပြီး download လုပ်လိုက်ပါ။ ပြီးသွားရင်တော့ Apply တွေလုပ်မနေပါနဲ့။ Back Key နှိပ်ပြိးသာ ပြန်ထွက်လိုက်ပါ။ Local Themes ထဲမှာ မိမိဒေါင်းထားတဲ့ Themes လေးကိုတွေ့နေရမှာပါ။


MIUI Theme Editor ကိုဖွင့်ပါ။ MIUI Theme Editor ကိုအသုံးပြုချိန်မှာ အင်တာနက်ဖွင့်ပေးထားဖို့လိုပါမယ်။ ဖုန်းထဲမှာဒေါင်းထည့်ထားတဲ့ Theme ကိုပြင်မှာမို့လို့ Pick A Theme button ကိုနှိပ်ပါ။ Themes တွေပေါ်လာရင် မိမိတို့ဒေါင်းထားတဲ့ Mi Creidt နဲ့ဖြစ်နေတဲ့ Theme လေးကိုရွေးပေးလိုက်ပါ။ MIUI Theme Editor ထဲမှာ မိမိတို့ Themes လေးရွေးထားတာတွေ့ပါလိမ့်မယ်။ မူလ Theme လုပ်သူက Theme Title ကို တရုတ်နာမည်ပေးခဲ့ရင် တရုတ်စာတွေနဲ့ဖြစ်နေမှာပေါ့။ Theme ကို ရွေးပြိးပြီဖြစ်လို့ စတင်ပြင်ဆင်ရန် Start button ကိုနှိပ်ပေးလိုက်ပါ။ Themes ထဲမှာ မိမိတို့လိုသလို Customized လုပ်နိုင်တာတွေ ပေါ်လာပါပြီ။ သည်နေရာမှာ တစ်ခုချင်း ဘယ်လိုလုပ်တယ်ပြောမနေတော့ပါ။ App သုံးတာဖြစ်လို့ မိမိတို့ဖာသာ ကလိကြည့်ပါ။ အခုအတွက်ကတော့ Description button လေးသာနှိပ်ပေးလိုက်ပါ။


Description မှာ မိမိနှစ်သက်ရာ စာသား၊ နံပါတ်တွေ ထည့်နိုင်ပါတယ်။ Title ကတော့ မိမိတို့ဖုန်းထဲရှိ Local Theme list မှာပြနေမယ့်အရာပါ။ အဆင်ပြေတဲ့နာမည်တစ်ခုပေးပေါ့။ လိုတာလေးတွေ ပြင်ရေးပြီးရင် DONE button သာနှိပ်လိုက်ပါ။ မူရင်း Theme Edit လုပ်နိုင်တဲ့နေရာ page ကိုပြန်ရောက်ပါမယ်။ ဘာမှမလုပ်တော့ပါဘူး။ NEXT button သာနှိပ်ပေးလိုက်ပါ။ Theme MTZ File အနေနဲ့သိမ်းမယ့် file နာမည်ရယ်၊ ဘယ်မှာသိမ်းမယ်ဆိုတာရယ်ပေါ်လာပါမယ်။ MTZ File name ကတော့ မိမိတို့ Description မှာပေးခဲ့တဲ့ Theme Title ပါပဲ။ Default သိမ်းမယ့်နေရာကတော့ Internal Storage / MIUI / theme folder အောက်မှာပါပဲ။ FINISHသာနှိပ်လိုက်ပါ။ Theme ကို တည်ဆောက်ပြီး သိမ်းသွားပါမယ်။ ပြီးရင်တော့ ဖုန်းထဲမှာ Import လုပ်မလား မေးပါမယ်။ OK သာနှိပ်ပေးလိုက်ပါ။


Import လုပ်ပေးတာပြီးသွားရင်တော့ Theme ကိုသုံးဖို့ Themes App မှာဝင်ပြီး Apply ပါလို့ Message box ပြပါလိမ့်မယ်။ OK ပေါ့။ Themes App ကိုဖွင့်ပါ။ Local Themes ထဲဝင်ကြည့်ရင် မိမိတို့လုပ်ထားတဲ့ Theme နာမည်နဲ့ Free ဖြစ်နေပြီဖြစ်တဲ့ Themes လေးကိုတွေ့ရပါပြီ။ နှိပ်ဝင်လိုက်ရင် တစ်ခါတည်း Apply လုပ်ဖို့တွေ့ပါပြီ။ Buy or Try for Free ကိုတွေ့မှာမဟုတ်တော့ပါ။ သည်အချိန်မှာ အင်တာနက်ဖွင့်မထား၊ Mi Account Sign in ၀င်မထားလည်း သည် Theme ကို Apply လုပ်လို့ရပါပြီ။ Tial ဖြစ်နေတဲ့အရင် download လုပ်ခဲ့တဲ့ Theme ကိုတော့ ဖျက်ပစ်လိုက်နိုင်ပါပြီ။


မိမိတို့တွေ MIUI Theme Editor နဲ့ပြုပြင်ခဲ့တဲ့ mtz file က Internal Storage / MIUI / themes အောက်မှာရှိနေမှာပါ။ အဲဒါကို ကူးသိမ်းထားပြီး အခြားဖုန်းမှာထည့်သုံးလဲရပါတယ်။ Global ROM တင်ထားတဲ့ဖုန်းမှာထည့်သုံးလို့ရသွားပါတယ်။ အဲသည်ဟာကိုသုံးဖို့အတွက် ဖုန်းမှာ MI Account တောင် ၀င်ထားစရာမလိုတာကိုတွေ့ရမှာပါ။ အမှန်တကယ်က MIUI Theme Editor ထဲမှာ Description တောင် ပြင်စရာမလိုပါ။ Theme ကို Pick လုပ်ရွေး.. NEXT-->NEXT->DONE-->FINISHED ... စသည်ဖြင့်သွားပြီး mtz file သိမ်းခဲ့လဲရပါတယ်။ ခုလိုလေးပြင်တာကတော့ တရုတ်နာမည်နဲ့ဖြစ်နေမယ့် Theme နာမည်နေရာ မိမိစိတ်ကြိုက်နာမည်လေျးေတွ ထားလို့ရတာပေါ့။ သည်လောက်ဆိုရင် China ROM မှာ Paid Theme တွေကို Free ဖြစ်အောင် လုပ်သုံးနည်းကို လုပ်တတ်လောက်ပါပြီ။ သည်လို Error ကို Xiaomi က fix မလုပ်မိသေးခင်ထိတော့ အဆင်ပြေနေမှာပေါ့။ Global ROM သုံးနေသူတွေကတော့ ခုနည်းနဲ့ပြင်ထားတဲ့ mtz theme file တွေ အလွယ် Import လုပ်ပြီး သုံးလိုက်နိုင်ပါပြီ။

မိမိတို့ဆီမှာ Theme mtz file တွေရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် Apply လုပ်လို့မရဆိုတာတွေဖြစ်နေရင် MIUI Theme Editor app ဖွင်ပြီး စစချင်းမှာ Pick A Theme အစား Browse button နှိပ်ပြီး မိမိတို့ MTZ File ကိုရွေးပေးပြိး Next...Next.. လေးတွေသာနှိပ်ပေးလို့ နောက်ဆုံးရလာတဲ့ Theme ကို MIUI Theme Editor ကို သာ install ခိုင်းလိုက်ပါ။ Apply ပြီးသုံးလို့ရသွားပါလိမ့်မယ်။
#Crd Thet zaw ko

No comments:

Post a Comment