Tuesday, January 30, 2018

Turning Off the Find Device Remotely

Mi Account Password မေ့သွားတယ်။ ပြန်ချိန်းဖို့အတွက် account လုပ်ထားတဲ့ ဖုန်း sim card ကတ်ကမရှိတော့ဘူး။ Settings-->Mi Account-->Mi Cloud နေရာကိုနှိပ်ပြီး အောက်ဆုံးနားကိုကြည့်ရင်လည်း Find Device ဆိုတာက ON နေတယ်။ သည်တော့ Factory Reset ချလို့လဲမရ။ ကွန်ပျူတာနဲ့ firmware တင်ရင် ပြန်တက်လာပါက Mi Account Password တောင်းနေမှာဖြစ်လို့ lock ကျမှာစိုးပြီး Firmware လဲမတင်ရဲ.. ။ အဲသည်လိုအခြေအနေမျိုးမှာ ကိုယ့်ဖုန်းမှာ ON နေတဲ့ Find Device ကို ကွန်ပျူတာ Browser ထဲကနေ လှမ်းပြီး OFF ပေးတာပါ။ Find Device OFF သွားပြီဆိုရင်တော့ Factory Reset ချချင်ချင်၊ ကွန်ပျူတာနဲ့ firmware တင်ချင်ချင် ရပါပြီ။ ပြန်တက်လာရင် Mi Account အသစ်ထည့်ပြီး သုံးလိုက်နိုင်ပါပြီ။ နည်းပညာအရ မမှန်ပေမယ့် အများပြောစကားအရ ကိုယ့်ဖုန်းမှာ password မေ့နေတဲ့ Mi Account ကိုဖျက်လိုက်တယ်ဆိုတဲ့သဘောပေါ့။

အောက်ပါပုံအရ Settings-->Mi Account-->Mi Cloud ဆိုတာထိနှိပ်ဝင်လာပြီး screen အောက်ဆုံးနားကိုကြည့်ရင် Find Device ဆိုတာ ON ထားကိုတွေ့ပါမယ်။ သွား OFF မယ်ဆိုရင် MI Account password တောင်းပါမယ်။ မှန်အောင်ဖြည့်ပေးမှ OFF မှာပါ။ ON နေရင် Factory Reset ချချိန် Mi Account Password တောင်းမှာဖြစ်လို့ Password မသိရင် Factory Reset ချမရပါ။ ကွန်ပျူတာသုံးလို့ Firmware ပြန်တင်သည်ဖြစ်စေ၊ Mi PC Suite သုံးပြီး ကွန်ပျူတာကနေ Factory Reset ချသည်ဖြစ်စေ ဖုန်းပြန်တက်လာရင် Mi Account Password တောင်းမှဖြစ်ပြိး မှန်အောင် မထည့်နိုင်ပါက ဖုန်းကိုဘာမှသုံးလို့ရမှာမဟုတ်တော့ပါ။


သည်လိုလုပ်နိုင်ဖို့အတွက် ကိုယ့်ဖုန်းက လက်ရှိအသုံးပြုလို့ရနေရပါမယ်။ Mi Account Password မေ့နေတာကို မသိပဲ ကွန်ပျူတာနဲ့ Firmware တင်မိလို့ lock ဖြစ်နေတာမျိုးတော့ မဖြစ်ရပါ။ Mi Account Password မေ့နေတဲ့မိမိဖုန်းကို အင်တာနက်ဖွင့်ထားပေးလိုက်ပါ။

အင်တာနက်အသုံးပြုလို့ရနေတဲ့ ကွန်ပျူတာ မှာ Browser ကိုဖွင့်ပါ။ Address bar မှာ [ https://i.mi.com ] လို့ရိုက်ပြီး Mi Cloud Web Site ထဲကို ၀င်ပါ။ Sign in with Mi Account ဆိုတဲ့ Button နှိပ်ပါ။


Mi Account ၀င်ဖို့ပေါ်လာရင် ထိပ်နားမှာရှိတဲ့ QR Code ထုတ်ပေးဖို့နေရာလေးကိုနှိပ်လိုက်ပါ။ အဲဒါလေးနှိပ်လိုက်ရင် QR Code ကိုပြပေးပါလိမ့်မယ်။


ကွန်ပျူတာ Browser page မှာ QR Code ကို ပြပေးနေပါပြီ။ Mi Account Password မေ့နေတဲ့ မိမိဖုန်းကို အသုံးပြုပြီး QR Code Scan ဖတ်ပေးရပါတော့မယ်။


အင်တာနက်ဖွင့်ထားတဲ့၊ Mi Account Password မေ့နေတဲ့ မိမိဖုန်းကိုယူပါ။ Tools Folder ထဲက Scanner app ကိုဖွင့်ပြီး ကွန်ပျူတာ Screen or အခြားဖုန်း Screen ပေါ်မှာပေါ်နေတဲ့ QR Code ကို လေးထောင့်ကွက်လေးထဲ ကွက်တိကျသည်အထိ ရှေ့တိုး နောက်ဆုတ် ချိန်ပြိး Code ကို Scan ဖတ်ပေးပါ။ ချိန်သားကိုက်သွားပါက ဖုန်းထဲမှာရှိနေတဲ့ Mi Account ID ကိုလာပြပြီး အဲဒါနဲ့ Log in ၀င်မလားလာမေးပါတယ်။ Sign In သာ နှိပ်ပေးလိုက်ပါ။


ကွန်ပျူတာမှာ Mi Cloud ဟာ ဘာမှရိုက်ထည့်ပေးစရာမလိုပဲ Sign In ၀င်သွားပါပြီ။ Find Device ဆိုတာလေးကိုသာနှိပ်လိုက်ပါ။ အခြားဘာကိုမှကြည့်မနေပါနဲ့။ Online လို့ပြနေမယ့် မိမိဖုန်း Model လေးကိုရှာပါ။ Disable လို့တွေ့နေတာလေးကို နှိပ်ပေးလိုက်ပါ။



Find Device ကို OFF မှာသေချာပြီလား မေးတဲ့ box မှာ Disable find Phone button လေးနှိပ်ပေးလိုက်ပါ။ မိမိ Mi Account နဲ့ bind ထားတဲ့ Device တစ်ခုမှမရှိတော့ပါဘူး။



Mi Account Password မေ့နေတဲ့ မိမိဖုန်းမှာ Recent တွေ Clean ပြီး Settings-->Mi Account-->Mi Cloud ထဲမှာဝင်ပြီး ကြည့်လိုက်ပါ။ Find Device လေး OFF သွားပါပြီ။ အဲသည်အခါမှာ Factory Reset ချချင် ချနိုင်ပါပြီ။ ကွန်ပျူတာနဲ့ firmware တင်တာလုပ်နိုင်ပါပြီ။ ဖုန်းပြန်တက်လာချိန်မှာ Mi Account အသစ်လုပ်ပြီး password ကိုသေချာမှတ်ထားလို့ Account အသစ်နဲ့အသုံးပြုနိုင်ပါပြီ။ လက်ရှိ password မေ့နေတဲ့ Mi Account က Sign out ထွက်သွားမှာမဟုတ်ပါ။ Password မသိရင် ထွက်လို့လဲမရပါ။ သို့သော် Find Devcie ကို OFF လိုက်ပြီဖြစ်လို့ Factory Reset ချတာဖြစ်ဖြစ်.. Firmware ပြန်တင်တာဖြစ်ဖြစ်လုပ်ရင် Mi Account Password တောင်းပြီး lock ကျနေတာမဖြစ်တော့ပါ။ Setup Wizard ကို အဆုံးထိသွားပြီးရင် မိမိဖုန်းမှာ ဘာ Mi Account မှ မရှိတော့ပါ။ အဲသည်အခါမှ Mi Account အသစ်လုပ်.. လုပ်ထားတဲ့ email or ph no နဲ့ password ကိုသေချာမှတ်ထားပြီး အသုံးပြုနိုင်ပါပြီ။


#Crd Thet zaw ko

No comments:

Post a Comment