Tuesday, January 30, 2018

Flashing Global ROM on Redmi Note 4

Boot Loader Unlock မလုပ်ရသေးတဲ့ Redmi Note 4 ကို ဖုန်းစ၀ယ်ချိန်ပါလာတဲ့ China Stable ROM ကနေ Global ROM သို့ဖြစ်စေ၊ Global ROM ကနေ China ROM သို့ဖြစ်စေ မိမိစိတ်ကြိုက် ROM အမျိုးမျိုးချိန်းချင်ပါက Fastboot rom ကို Download လုပ်ပြီး SP Flash Tool ကိုသုံးလို့ Firmware ရေးသားနိုင်ပါတယ်။

မိမိဖုန်းအတွက် လိုအပ်သော latest fastboot rom ကို သည်နေရာမှာ [ Download Latest Fastboot ROM ] Download ပြုလုပ်နိုင်ပါတယ်။


Fastboot rom ရလာရင်တော့ ကွန်ပျူတာမှာ ဖြည်ချပေးထားရပါမယ်။ ကျနော်ကတော့ WinRAR software ကိုပဲသုံးလို့ archive file ဖြည်တာတွေ လုပ်ပါတယ်။ သည်နေရာမှာ WinRAR နဲ့ပဲ နမူနာပြ ထားပါတယ်။ မိမိကျွမ်းကျင်ရာ software သုံးလို့ archive file ကို ဖြည်နိုင်ပါတယ်။

  • Firmware file အပေါ်မှာ Right Click နှိပ်ပါ။ ပေါ်လာသော Shortcut Menu မှာ Extract Here... ဆိုတာရွေးပေးလိုက်လျှင် ဖိုင်ကို ဖြည်ချသွားပါလိမ့်မယ်။
  • Firmware နဲ့နာမည်တူ file အကြီးတစ်ဖိုင် ရလာပါလိမ့်မယ်။ အဲသည်ဖိုင်ပေါ် right click နှိပ်ပြီး Rename ဆိုတာရွေးလို့ နောက်ဆုံးမှာ .zip ဆိုပြီးထည့်ပေးလိုက်ပါ။
  • နာမည်ပြောင်းထားပြီးသား file ပေါ်မှာ Right Click နှိပ်လို့ Extract Here.. ဆိုတာရွေးပြီး ထပ်ဖြည်ပါ။
  • Firmware Folder ရလာပါမယ်။
  • Boot Loader Unlock မလုပ်ရသေးပဲ SP Flash Tool နဲ့ Firmware ရေးရာမှာ SEC_IMAGE_TOO_LARGE ဆိုပြီး Error တက်တတ်တာကြောင့် အဲသည်လိုမဖြစ်ရအောင် အခုလို firmware files တွေကို ပြင်ဆင်ပေးရပါမယ်။ သည်နေရာမှာ [ cust.img Download Link ] Modified လုပ်ထားတဲ့ cust.img file ကို Download ပြုလုပ်ပါ။ ရလာသော cust_global.rar file ကိုဖြည်ပါ။
  • cust_global folder ထဲမှာရှိတဲ့ cust.img file ကို Firmware Folder အောက်မှာရှိတဲ့ images folder ထဲကို ကူးထည့်ပါ။
  • ရှိပြီးသား file ကို Replace လုပ်မလားမေးလာရင် Replace သာလုပ်ပေးလိုက်ပါ။

Firmware အတွက်ပြင်ဆင်ပြင်ဆင်တာတွေ ပြီးပြီဆိုရင်တော့ Firmware ရေးဖို့လိုအပ်တဲ့ SP Flash Tool ကို သည်နေရာမှာ [ SP Flash Tool Download Link] Download ပြုလုပ်ပါ။ ရလာသော file ကို ဖြည်ထားပါ။

SP Flash Tool နဲ့ firmware ရေးနိုင်ဖို့ လိုအပ်တဲ့ MTK USB VCOM Driver ကို သည်နေရာမှာ [ MTK Driver Download Link ] Download ပြုလုပ်ပါ။ ဖိုင်ကိုဖြည်ပါ။

  • MTK Drivers တွေ Install ပြုလုပ်ဖို့ မိမိသုံးတဲ့ Windows က 64bit ဆိုလျှင် Drivers တွေ မှန်ကန်စွာထည့်နိုင်ရန် Driver Signature Enforcement OFF ပေးရပါမယ်။ သည် command file လေးကို [ SIG-DISABLE.cmd Download Link ] download ပြုလုပ်ပါ။ ပုံတွင်ပြထားသည့်အတိုင်း file လေးပေါ်မှာ Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Run As Administrator ကိုရွေးပေးလိုက်ပါ။ သိပ်မကြာခင်မှာ Windows က Auto Restart ဖြစ်သွားပါလိမ့်မယ်။ ပြန်တက်လာရင် Driver Signature Enforcement OFF ပြီးဖြစ်နေပါပြီ။ MTK Driver Installation ကို စတင်နိုင်ပါပြီ။
  • MTK Driver Installation Folder ထဲမှ DriverInstaller.exe ဖိုင်ပေါ်မှာ Right Click နှိပ်၊ ပေါ်လာတဲ့ Menu မှ Run As Administrator ကိုရွေးပေးပါ။
  • Install Drivers ဆိုတဲ့ Option ကိုရွေးပါ။ Start button ကိုနှိပ်ပါ။
  • Drivers တွေ Install လုပ်ချိန် Warning box အနီလေးတွေပေါ်လာပါက Install This Driver Software Anyway ဆိုတာသာ ရွေးပြီး နှိပ်ပေးပါ။
  • MTK Drivers တွေ Install တာ complete ဖြစ်ရင်တော့ Exit button နှိပ်လို့ ထွက်နိုင်ပါပြီ။

  • Firmware file ကို Download ပြုလုပ်လို့ ဖြည်ချပြီးပြီ။ cust.img file ကိုလည်း အစားထိုးထည့်ပြီးပြီ။ MTK Drivers တွေလည်း မှန်ကန်စွာ Install လုပ်နိုင်ခဲ့ပြီ။ SP Flash Tool ကိုလည်းဒေါင်းပြီး ဖြည်ထားပြီးပြီ ဆိုရင်တော့ Firmware ရေးသားခြင်းကို စတင်နိုင်ပါပြီ။

    • SP Flash Tool folder ထဲမှ flash_tool.exe file ပေါ် Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Run As Administrator ကိုရွေးပြီး flash tool ကို run ပါ။
    • Flash tool စ run ချိန် Scatter file နဲ့ပတ်သက်တဲ့ Message Box ပေါ်လာပါက OK နှိပ်ပေးလို့သာ ကျော်လိုက်ပါ။
    • SP Flash Tool ထဲမှာ ပြင်ဆင်ပေးရမယ့် အရာတွေကတော့
      1. Download Agent file ကို ရွေးပေးရပါမယ်။ SP Flash Tool Folder ထဲမှာပဲ MTK_AllInOne_DA.bin ဆိုတဲ့ file ရှိပါတယ်။ Download Agent button နှိပ်လို့ အဲသည်ဖိုင်ကို ရှာရွေးပေးလိုက်ပါ။
      2. မိမိတို့ ဖြည်ချထားတဲ့ Firmware Folder အောက်က images ဆိုတဲ့ Folder ထဲမှာ MT6797_Android_scatter.txt ဆိုတဲ့ Scatter File ရှိပါတယ်။ Scatter Loading ဆိုတဲ့ button နှိပ်ပြီး Firmware Folder အောက်မှာရှိတဲ့ Scatter file ကိုရွေးပေးလိုက်ပါ။
      3. Preloader ဆိုတဲ့ Block ရဲ့ Check Box ကို အမှန်ခြစ်ထားတာဖြုတ်ပါ။
      4. Download Only ဆိုတာပဲ ရွေးထားတာသေချာပါစေ။
      5. Download Button ကို နှိပ်ပေးလိုက်ပါ။
    • ကွန်ပျူတာမှာ USB Cable ကို ထိုးထားပါ။ ဖုန်းကို Power ပိတ်ပါ။ ပိတ်သွားပြီဆိုလျှင် Volume Down Key ကိုနှိပ်ထားပြီး USB Cable ကိုထိုးလိုက်ပါ။ အနီရောင်ဘားတန်း ပေါ်လာပြီး SP Flash Tool က ဖုန်းကို initialize လုပ်နေပါလိမ့်မယ်။ Volume Down Key ကို မလွှတ်ပါနဲ့။ နှိပ်ထားပေးပါ။
    • Chip Info box ပေါ်လာပြီး Firmware စတင်ရေးသားတဲ့ အ၀ါရောင်ဘားတန်းပေါ်လာပြီဆိုလျှင်တော့ Volume Down Key ကိုနှိပ်ပေးထားတာ လွှတ်လိုက်နိုင်ပါပြီ။
    • အစိမ်းရောင် အမှန်ခြစ် Box လေးပေါ်လာရင်တော့ Firmware ရေးသားတာ အောင်မြင်စွာပြီးဆုံးပါပြီ။ ဖုန်းကို USB Cable ဖြုတ်၊ Power Key ကို Vibrate တုန်သည်အထိနှိပ်ထားပေးလိုက်ရင် Power ပွင့်လာပါပြီ။ ထိုအချိန်မှစလို့ Setup Wizard တက်လာသည့် အချိန်ထိ ၁၅ မိနစ်ခန့် စိတ်ရှည်ရှည်စောင့်ဆိုင်းပေးလိုက်ပါ။
    အခုဆိုရင် China ROM မှ Global Stable or Global Developer ROM ကို အောင်မြင်စွာ ချိန်းလို့ပြီးစီးပါပြီ။ Boot Loader Unlock မလုပ်ရသေးခင် SP Flash Tool နဲ့ Global ROM ကို ရေးရာမှာ error မတက်ရအောင် cust.img ကို modified လုပ်ပြီးရေးသားရတာကြောင့် Region ကို Myanmar (Burma) ရွေးပေးထားလို့ ရသော်လည်း၊ Themes ထဲမှာ Fonts ကို ၀င်ရွေးစရာ ပါသော်လည်း ZawgyiX1 font ပါမလာပါ။ သည်အတွက် မြန်မာစာ အဆင်ပြေအောင်အတွက်ကတော့ Designer Account နဲ့ ကိုယ့်ဆီမှာရှိနေတဲ့ mtz font file တွေကို import လုပ်ပြီး ချိန်းသုံးနိုင်ပါ တယ်။ ZawgyiX1 font ကလည်း မြန်မာစာ မမှန်၊ မလှတာကြောင့် Global ROM မှာ သည်လိုပဲ Designer Account နဲ့ပဲ mtz font တွေထည့်သုံးတာ အဆင်ပြေဆုံးဖြစ်မှာပါ။ ကိုယ့် Mi Account ကို Designer Account ဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာ သည်နေရာမှာ [ How to Apply Designer Account ] လေ့လာနိုင်ပါတယ်။ ကိုယ့်ဆီမှာရှိနေတဲ့ mtz font file တွေကို ဘယ်လို Import လုပ်ပြီးသုံးမလဲဆိုတာ သည်နေရာမှာ [ Myanmar Font for Mi Beginners ] လေ့လာနိုင်ပါတယ်။

    Global ROM တွေတင်ထားပြီး China ROM တွေကို ပြန်ချိန်းချင်ရင်တော့ လုပ်ဆောင်ရတာတွေ အတူတူပါပဲ။ China ROM ကို ပြန်ရေးမယ်ဆိုရင် cust.img file ကို အစားထိုးထည့်ပေးတာ လုပ်စရာမ လိုပါ။ SP Flash Tool မှာ Preloader block နဲ့ Cust block ကို အမှန်ခြစ်ဖြုတ်ထားပေးပြိး firmware ရေးရင် အဆင်ပြေပါပြီ။



    #Crd Thet zaw ko

    1 comment: