Tuesday, January 30, 2018

Four Lock Types in Xiaomi - PART TWO

Lock Type 3 : App Lock


မိမိဖုန်းထဲမှာသွင်းထားတဲ့ app တွေကို Lock screen ပွင့်နေသော်လည်း အလွယ်သုံးလို့၊ ဖွင့်လို့မရအောင် lock ချထားတာပါ။ မိမိသတ်မှတ်ထားတဲ့ pattern၊ Finger Print (Finger Print ပါတဲ့ဖုန်းတွေမှာ) ကိုထည့်ပေးမှ app ကပွင့်မှာပါ။ App တွေကို Lock လုပ်ထားဖို့ ဘယ်လို အဆင့်ဆင့်ဝင်လုပ်ရမယ်ဆိုတာ အောက်ကပုံလေးတွေကို လေ့လာပြီး လုပ်ကြည့်ပါ။ ရှုပ်ထွေးလှတဲ့ အဆင့်တွေမပါလို့ ပုံကြည့်တာနဲ့လုပ်တတ်ပါတယ်။ လိုအပ်တဲ့ပုံနေရာမှာ သိထားသင့်တာလေးတွေ စာရေးပေးထားပါတယ်။




App တွေ Lock ချဖို့ ၀င်တာ၊ လိုအပ်တဲ့ Pattern နဲ့ Finger Print ကိုသတ်မှတ်ပေးတာ၊ App တွေရွေးပေးတာ.. စတာတွေလုပ်လို့ပြီးပါပြီ။ App တွေ lock ချဖို့ထဲ ထပ်သွင်းထားချင်တာ၊ lock မထားချင်လို့ပြန်ဖြုတ်ချင်တာတွေ နောင်မှလုပ်ချင်လာတာရှိခဲ့သော် အထက်မှာပြထားတဲ့ပုံတွေအတိုင်းပဲ app တွေ ရွေးချယ်တဲ့ဆီထိဝင်ပြီး လုပ်နိုင်ပါတယ်။ App Lock တွေချဖို့ သတ်မှတ်ပေးပြီးပြီဆိုရင်တော့ lock လုပ်ထားတဲ့ app တစ်ခုကို စစချင်းဖွင့်ရင် Mi Account နဲ့ App Lock ပိုင်းဆိုင်ရာတွေနဲ့ ချိတ်ဆက်လာမှာလား လာမေးပါမယ်။ ချိတ်ဆက်ထားလိုက်တာ အကောင်းဆုံးပါ။ App Lock အတွက် Mi Account နဲ့ချိတ်ဆက်လုပ်စရာက တစ်ခုပဲရှိပါတယ်။ အဲဒါက App Lock Pattern မေ့ခဲ့ရင် အသစ်ချိန်းဖို့ပါ။ သာမာန်စဉ်းစားကြည့်ရင် Finger Print ကိုပါ App Lock ဖွင့်ဖို့ လုပ်ပေးထားနိုင်လို့ Pattern မသိလဲ သုံးနေလို့ရတာပါ။ ဒါပေမယ့် App Lock စတင်လုပ်ခဲ့ချိန်က Finger Print နဲ့ပါထားမလား မေးတာကို မသိလို့ကျော်ခဲ့တာဖြစ်စေ၊ Pattern only နဲ့ပဲ Password ထားချင်တဲ့သူတွေအတွက်ဖြစ်စေ၊ Finger Print sensor မပါတဲ့ ဖုန်း model တွေအတွက်ဖြစ်စေ၊ သည် App Lock Pattern မေ့လို့ ပြန်ချိန်းရတယ်ဆိုတာ ရှိလာနိုင်ပါတယ်။ သည်တော့ Mi Account နဲ့ချိတ်ဆက်ထားလိုက်တာ အကောင်းဆုံးပါ။ အောက်ပါပုံလေးတွေကိုကြည့်ရင်း App Lock ကို စစချင်းသုံးတဲ့အချိန်မှာ Mi Account နဲ့ချိတ်ဆက်တာလုပ်နိုင်ပါတယ်။


App Lock စတင်အသုံးပြုချိန်မှာ Mi Account နဲ့ချိတ်ဆက်မထားပဲ Cancel နှိပ်ခဲ့မိလို့ နောင်မှ ပြန်ချိတ်ချင်တယ်ဆို အောက်ပါပုံအတိုင်း ၀င်လုပ်လိုက်ပါ။


App Lock နဲ့ ပတ်သက်ပြီး သိထားစရာ Options လေးတွေပါ။ App Lock Settings ထဲကို အောက်ပါပုံအတိုင်းသွားပါ။


  1. ON ထားတာတော့ App တွေကို Lock ချထားတာတွေရှိတယ်။ အဲဒါတွေကိုဖွင့်ရင် Password ထည့်ပေးမှဖွင့်လို့ရမယ်ဆိုတဲ့ features ON ထားတာပါ။ OFF လိုက်ရင်ကတော့ သာမာန်လိုအတိုင်းပဲ ဘယ် apps ကိုဖွင့်ဖွင့် Password တောင်းတာမလုပ်တော့ပါ။
  2. Lock လုပ်ထားတဲ့ app တွေဖွင့်ရင် Password တောင်းမယ့် behavior ပါ။
    • When device is locked ဆိုတာက app ကိုဖွင့်တယ်။ Password ထည့်ပေးတယ်။ သုံးတယ်။ Screen off သွားပြီး device lock မဖြစ်မချင်း အဲသည် app ကို ပိတ်လိုက်၊ ပြန်ဖွင့်သုံးလိုက် လုပ်နေတိုင်း Password ပြန်မတောင်းတော့ပါ။ Default ပါ။
    • When device is locked or after existing app ကတော့ app ကိုဖွင့်တယ်။ password ထည့်တယ်။ သုံးတယ်။ Screen off ပြီး device lock ဖြစ်တယ်။ app ကိုပြန်ဝင်တယ်၊ Password တောင်းမယ်။ App ကိုသုံးနေတယ်။ Home နဲ့ထွက်တယ်။ ချက်ချင်းပဲပြန်ဖွင့်တယ်။ Password ထည့်ရမယ်။ သဘောကတော့ ဘယ်လိုပဲဖြစ်ဖြစ် app ဖွင့်တိုင်း Password ထည့်ကို ထည့်ရမှာပါ။ အဲလို Feature ပါ။
    • အောက်ဆုံးတစ်ခုကတော့ ထုံးစံအတိုင်း screen off/device lock ဖြစ်ပြီးမှ ပြန်ဖွင့်သုံးရင် password တောင်းမယ်။ App ကိုသုံးနေရင်းထွက်လိုက်တယ်။ Screen off/device lock တော့မဖြစ်သေးဘူး။ တစ်မိနစ်အတွင်းမှာ အဲသည် app ပြန်ဖွင့်ရင် password မတောင်းပါဘူး။ တစ်မိနစ်ကျော်မှဖွင့်ရင်တော့ Password တောင်းပါမယ်။ အဲလို feature ပါ။
  3. သည်ဟာကတော့ Pattern ကို အသစ်ချိန်းချင်တဲ့အချိန်ဝင်လုပ်တာပါ။ မှတ်မိနေတဲ့ ကိုယ့် Pattern ကိုအသစ်ချိန်းတာပါ။
  4. Locked app တွေဖွင့်ရင် password အနေနဲ့ Finger Print ကိုသုံးမယ်၊ မသုံးဘူးဆိုတာ သည်နေရာမှာ ON/OFF ထားနိုင်ပါတယ်။ ON ရင် Finger Print ပါသုံးမယ်ပေါ့။ OFF ထားရင် မသုံးဘူးဆိုတဲ့သဘောပေါ့။
  5. App Lock Pattern ဆွဲသွားတဲ့ line ကြောင်းလေး ခဏပေါ်သွားစေချင်တယ်။ ဘာမှမပေါ်စေချင်ဘူးဆိုတာကို သတ်မှတ်ပေးတာပါ။ Pattern ဆွဲရင် ဘယ်ပုံလေးပေါ်တတ်တယ်ဆိုတာ Xiaomi ဖုန်းသုံးသူတိုင်းသိမှာပါ။
  6. Lock လုပ်ထားတဲ့ app တစ်ခုကိုဖွင့်တာနဲ့ ကျန် lock လုပ်မယ်လို့ သတ်မှတ်ထားတဲ့ app တွေကို lock ပွင့်နေစေတာပါ။
  7. App lock password ကိုမေ့လို့ ဖျက်ပြီးအသစ်လုပ်ချင်ရင် Mi Account နဲ့ချိတ်ဆက်ထားရပါမယ်။ ထို့အတွက်ကြောင့် သည်နေရာ ON ထားပါ။ အစပိုင်းတွေမှာ Mi Account နဲ့မချိတ်ခဲ့မိလို့ ချိတ်ချင်ရင်လည်း သည်နေရာထိဝင်လာပြီး ON ထားလိုက်ပါ။

အထက်မှာပြောခဲ့တဲ့ အချက် ၇ ခုနဲ့အောက်ကပုံလေးကို ယှဉ်တွဲလေ့လာကြည့်လိုက်ပါ။


App lock pattern မေ့သွားလား။ Mi Account နဲ့ချိတ်ဆက်ထားရင် အောက်ပါပုံအတိုင်းဝင်လုပ်ပြီး Mi Account Password သာထည့်ပေးလိုက်ပါ။ Pattern ပျက်ပါပြီ။ အသစ်ပြန်ထည့်ချင်ရင် အပေါ်မှာပြောခဲ့သလို App Lock Settings ထဲဝင်ပြီး Change Pattern ဆိုတာလုပ်နိုင်ပါတယ်။ Mi Account နဲ့ခုလို App Lock Settings ထဲမှာ သီးသန့် ON ပေးပြီးချိတ်ရတာက MIUI 8.1 နဲ့အထက် rom version တွေမှာပါ။ MIUI 8.0 နဲ့အောက်ပိုင်းမှာက Mi Account နဲ့ချိတ်ထားပြီးသားပါ။ ချိတ်မလားလို့မေးတာ၊ ကိုယ်က၀င်ချိတ်ပေးရတာ မရှိပါ။ MIUI 7.3 လောက်ကတည်းက App Lock feature စရခဲ့တယ်လို့ ထင်မိပါတယ်။ ခုလို ROM အမြင့်မှာ Mi Account မချိတ်မိထားပဲ Pattern မေ့လို့ကတော့ ပြန်လုပ်စရာ Factory Reset နည်းပဲ ရှိပါလိမ့်မယ်။ ကိုယ့် data တွေကူးသိမ်းရ၊ ပြန်ထည့်ရနဲ့ အလုပ်ရှုပ်တာပေါ့ဗျာ..။ သည်တော့ Mi Account နဲ့ပါ ချိတ်ခဲ့ဖို့ မမေ့နဲ့ပေါ့။




Lock Type 4 : Privacy Protection Password


သည် Password lock ထားတာကတော့ SMS Messaging ထဲမှာ အချို့ contacts ရဲ့ sms တွေကို hide ထားချင်တယ်။ Gallery ထဲမှာ ပုံအချို့ကို Hide ထားချင်တယ်။ ဒါက Mi Users တော်တော်များများသိတဲ့အရာပါ။ Notes တွေကို Hide ထားချင်တယ်။ Explorer ထဲမှာ files တွေ Hide ချင်တယ်။ Hide တာတွေပြန်ဖော်ချင်ရင် Password ခံချင်တယ်။ အဲသည်ဟာတွေအတွက် Password ကိုဆိုလိုတာပါပဲ။ App Lock က app ဖွင့်ဖို့ကို password ခံတာ။ သည်ဟာက App ထဲရောက်မှာ နောက်ထပ်အရာလေးတွေအတွက် Password ခံတာ.. အဲလိုသဘောပါ။ အဲသည် App တွေမှာ Hide ထားတဲ့ဟာတွေကိုခံတဲ့ Password ကို တစ်နေရာထည်းကနေ.. တစ်ခုထည်းထားပြီး ထိန်းချုပ်တာပါ။ ထုံးစံအတိုင်း Mi Account ပါချိတ်ပြီး password မေ့ရင် reset ချတာပါလုပ်နိုင်တာပေါ့။ သည်ဟာကလည်း MIUI 8.1 နဲ့အထက်မှ ပါလာတာဖြစ်ပါလိမ့်မယ်။ အရင်က မတွေ့မိခဲ့ပါ။ Gallery ထဲမှာ Hide ချင်ရင် ကြိုက်တဲ့ pattern ပေး။ Notes hide တာက တစ်ခုပေး။ SMS hide တာက တစ်ခုပေး.. စသည်ဖြင့်လုပ်ခဲ့ရတာပါ။ အဲသည်လို Hide ထားပြီး Password ခံချင်တဲ့ Idea ရှိရင် Privacy Password ကို တစ်ခါတည်း Set လုပ်ထားနိုင်ပါတယ်။ App ထဲမှာ သုံးမှ လိုက်ပေးနေစရာတွေ မလိုတော့ဘူးပေါ့။ Privacy Password ကို Set လုပ်ပေးဖို့ဝင်တာက အောက်ပါပုံအတိုင်းပါပဲ။


ပြီးရင်တော့ ထုံးစံအတိုင်း Privacy Password အတွက် Pattern ကို ပေးရပါမယ်။ Password ပေးတယ်ဆိုတဲ့ ထုံးစံအတိုင်း တူအောင် နှစ်ခါပေါ့။ အဲဒါပြီးရင်တော့ Privacy Password Set လုပ်တာပြီးပါပြီ။ သူ့ထဲပါတဲ့ Options လေးတွေ လေ့လာထားလိုက်ရအောင်....။

  1. ထုံးစံအတိုင်း Privacy Password ရဲ့ Pattern ကိုချိန်းချင်ရင် သည်နေရာထိလာပြီး ချိန်းရပါမယ်။
  2. Pattern ဆွဲသွားချိန် Pattern လိုင်းကြောင်းလေး ပေါ်သွားချင်လား.. ON ထား.. မပေါ်ချင်ဘူးလား.. OFF ထား...
  3. Mi Account ကတော့ ON ထားဖို့လိုပါတယ်။ လိုအပ်လာချိန် Pattern ကိုချိန်းရအောင်ပါ။ App Lock နဲ့ သည် Privacy Lock မှာ Mi Account နဲ့ချိတ်ဆက်တာဟာ Default OFF နေပါတာကို သတိပြုပါ။
  4. သည်ဟာကတော့ Finger Print နဲ့လဲ password ကိုဖွင့်မယ်ဆိုတာပါ။ ON ထားတာကောင်းပါတယ်။ Pattern မေ့လည်း မိမိ Hide ထားတာတွေ ဖွင့်နိုင်တာပေါ့။ Mi Account ပါချိတ်ထားတော့ Pattern Reset လဲလုပ်နိုင်တာပေါ့
  5. သည်မှာပါနေတာကတော့ ဘယ် app တွေမှာ Hide ထားတာတွေလုပ်နိုင်မယ်။ အဲသည် app တွေမှာ privacy password ကိုသုံးနိုင်မယ် ဆိုတာတွေပါ။ အောက်ပါပုံလေးကိုကြည့်ပြီး Settings တွေကို လေ့လာပါ။


အခုဆိုရင်တော့ Privacy Password ကို ဘယ်လိုထားထားပေးမယ်။ သူ့ settings ထဲဝင်ပြီး Mi Account ချိတ်ဖို့ ON မယ်။ Finger Print ပါသုံးလို့ရအောင်လုပ်မယ်ဆိုတာတွေ ကို နားလည်သဘောပေါက်ပါပြီ။ Pattern မေ့တာကတော့ ခုလိုပုံစံအတိုင်းဝင်ပြီး အင်တာနက်ဖွင့်ထားရင်း Mi Account Password ထည့်ပေးလိုက်တာပါပဲ....။


SMS ထဲကို Private Message အနေနဲ့ Hide ဖြစ်ပြီးဝင်လာအောင် ဘယ်လိုလုပ်မယ်။ Private Message တွေ ဘယ်လိုကြည့်မယ်..စသည်ဖြင့်လေးတွေကို ပုံလေးတွေမှာကြည့်ကြည့်ပါ။ မိမိဖာသာ ဥာဏ်ရှိသလို ချဲ့ထွင်အသုံးချပါ။


Gallery ထဲကပုံတွေကို ဘယ်လို Hide မယ်.. ပြန်ကြည့်မယ်.. ပြန်ပြီး UnHide လုပ်မယ်ဆိုတာ နမူနာပုံလေးတွေပါ။ အခြေခံပေါ့။ ကျန်တာကတော့ သုံးရင်းနဲ့သင်သွားတာပါပဲ။


Notes တွေကို ဘယ်လို Hide မယ်.. ပြန်ဖော်မယ်ဆိုတဲ့ နမူနာပါ။ Hide ထားတာတွေရှိနေတဲ့ screen ထဲမှာလုပ်တဲ့အရာတွေကိုတော့ Screen Shot ရိုက်ခွင့်မပေးလို့ မပြနိုင်ပါဘူး။ သဘောပေါက်မှာပါခင်ဗျာ...။


င်္Files, Folders တွေကို ဘယ်လို Hide မယ်.. ဘယ်လိုပြန်ဖော်ကြည့်မယ် ဆိုတဲ့ နမူနာပုံပါ။




သည်အပိုင်းမှာ အဓိကပါတဲ့ App Lock နဲ့ Privacy Password တွေဟာ မိမိတို့လိုချင်သည်များကို Pattern မေ့လို့ ကြည့်လို့ဖွင့်လို့မရမဖြစ်ရအောင် သူတို့ရဲ့ Settings ထဲမှာ Finger Print နဲ့ချိတ်ဆက်ထားဖို့လိုတယ်ဆိုတာ သတိပြုပါ။ လိုအပ်လွန်းတဲ့အချိန် Pattern Reset လုပ်နိုင်အောင် သူတို့ Settings ထဲမှာလည်း Mi Account နဲ့ချိတ်ထားဖို့ လိုတယ်ဆိုတာ သတိပြုထားပါ။ Pattern Reset မလုပ်နိုင်လို့ ဘာမှဖွင့်မရ သုံးမရတော့ရင်ကတော့ ကျနော်စဉ်းစားမိသလောက်နည်းတွေမှာ Factory Reset ချလိုက်တာကိုပဲမြင်မိပါတယ်။ ဒါကြောင့် Pattern Reset နိုင်အောင် Mi Account နဲ့ချိတ်ဖို့.. Mi Account ရဲ့ အရေးကြိးဆုံးဖြစ်တဲ့ Password မမေ့ဖို့တွေ သတိထားစေချင်ပါတယ်။ သည်လောက်ဆို Xiaomi ရဲ့ MIUI မှာ Lock တွေဘယ်လိုပေးလို့ရတယ်.. ဘာတွေသတိပြုမှတ်သားထားရမယ်.. စသည်ဖြင့်တွေကို သဘောပေါက်နား လည်မှာပါ။ "Mi Account ဖွင့်တာ ဘာအကျိုးထူးလဲဗျ.. " ဆိုတဲ့မေးခွန်းတွေဟာလည်း ဒါတွေကိုဖတ်ကြည့်ရင်း စဉ်းစားဥာဏ်ကွန့်နိုင်မယ်လို့ထင်ပါတယ်ခင်ဗျာ......။

အပိုင်း - ၁ ကို သည် post [ Four Lock Types in Xiaomi - PART ONE ] မှာဖတ်နိုင်ပါတယ်။

#Crd Thet zaw ko

No comments:

Post a Comment