Tuesday, January 30, 2018

Factory Reset by Using Mi PC Suite ( For Boot Loader Locked )

Mi PC Suite Chinese Version ကို သည်နေရာမှာ [ Mi PC Suite 2.3.0.9091-CN ] Download ပြုလုပ်ပါ။ Installation file ရလာရင် Right Click နှိပ်ပြီး Run As Administrator ကိုရွေးလို့ ကွန်ပျူတာမှာ Install လုပ်ပေးပါ။ ဖုန်းအတွက် Drivers တွေကွန်ပျူတာမှာလိုအပ်နေသေးရင် သူ့ဟာသူ Install လုပ်သွားပေးပါမယ်။


Installation ပြီးရင်တော့ Mi PC Suite ကို run ထားလိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်နေပါမယ်။


ဖုန်းကို အောက်ပါပုံအတိုင်း Recovery Mode ကိုဝင်ပါ။ Reboot ကျပြီးလို့ Recovery Mode ကိုရောက်ရင် ဖုန်းကို USB Cable လေးထိုးခိုင်းနေသည့်ပုံပေါ်နေပါမယ်။


ဖုန်းနှင့်ကွန်ပျူတာကို USB Cable နဲ့ဆက်ပေးလိုက်ပါ။ ဖုန်း screen မှာ ဖုန်းပုံလေးမှာ USB Cable ထိုးပြီးသားပုံလိုပေါ်သွားပြီး Mi PC Suite မှာတော့ ခုလို Box ပေါ်လာပါမယ်။ Button သုံးခုအနက် အလယ် တစ်ခုက Factory Reset ချခိုင်းတာပါ။ အဲသည် Button ကို နှိပ်ပေးလိုက်ပါ။


Data အကုန်ပျက်မှာဖြစ်လို့ Confirm လာမေးပါလိမ့်မယ်။ ဘယ်ဖက် button ကိုနှိပ်ပေးလိုက်ပါ။ YES ပေါ့...။


ဖုန်း Screen အောက်ခြေနားမှာ ဘားတန်း အဖြူရောင်လေး ပြေးသွားတာမြင်ရပါမယ်။ အချိန်သိပ်မကြာလှပါ။ 5 sec ၀န်းကျင်လောက်ပါပဲ။ ပြီးရင် ဘားတန်း ပျောက်သွားမှာပါ။ ပြီးရင်တော့ အောက်ဆုံး က button ကို နှိပ်ပေးလိုက်ပါ။ ဖုန်းကို Reboot လုပ်ခိုင်းတာပါ။ ဖုန်း reboot ဖြစ်သွားပြီး ထုံးစံအတိုင်း rom အသစ်စတက်သလို အချိန်နဲနဲကြာပါမယ်။ နောက်ဆုံးမှာတော့ MIUI 8 Welcome Wizard Screen ကိုမြင်ရပါပြီ။ Factory Reset ချတာပြီးပါပြီ။


#Crd Thet zaw ko

1 comment:

  1. Mi accဘယ်လိုပြန်ယူလို့ရလည်းbro simလည်းမရှိ gmailလည်းမေ့သွားလို့

    ReplyDelete