Tuesday, January 30, 2018

Changing ROMs by using TWRP

လက်ရှိမိမိဖုန်းမှာ မည်သည့်အမျိုးအစား ROM ကိုတင်ထားသည်ဖြစ်စေ TWRP ကို အသုံးပြုလို့ မိမိနှစ်သက်ရာ ROM (including Custom ROM) ကို တင်နိုင်ပါတယ်။ ROM Type တစ်ခုလုံးချိန်းတာဖြစ်လို့ အရင်တင်ထားတဲ့ ROM နဲ့ပတ်သက်တာတွေကို အကုန်ရှင်း (Full Wipe) ပြီးမှ အသစ်တင်ခြင်းဖြင့် error ကင်းကင်းနဲ့အသုံးပြုလို့အဆင်ပြေပါတယ်။

ယခုတင်ထားတာ China Stable ဆိုပါစို့.. China Dev ကို ချိန်းချင်တယ်.(Updater ကနေပဲလုပ်လို့ရပါတယ်။ သို့သော် TWRP ကနေ အရင်ရှိပြီးသာ; ROM ကို Full Wipe လုပ်ပြီးတင်ပေးရင် သုံးလို့ပိုပြီး error ကင်းပါတယ်). Global Stable or Global Dev ကိုချိန်းချင်တယ်။ ဒါမှမဟုတ် MIUI ကိုပဲ base လုပ်ထားတဲ့ MultiROM, EU ROM, MIUI Pro အစရှိတဲ့ Custom MIUI တွေတင်ချင်တယ်..။ MIUI base မဟုတ်ပဲ သီးခြားဖြစ်တဲ့ CM ROM, Resurrection Remix, အစရှိတဲ့ Custom ROM တွေတင်ချင်တယ်ဆိုရင် TWRP ထဲမှာ Full WIPE လုပ်၊ အရင် ROM နဲ့ပတ်သက်တာတွေ clean သွားမှ အသစ်တင်ပေးရင် ကိုယ်တင်သုံးတဲ့ ROM ကို အဆင်ပြေပြေသုံးနိုင်ပါပြီ။

TWRP ထဲမှာ Full Wipe လုပ်ရန် အောက်ပါပုံအတိုင်းလုပ်ဆောင်ပေးပါ။


အဆင့် ၃ မှာ ကိုယ်ဖျက်ချင်တဲ့ အပိုင်းတွေကိုရွေးပါတယ်။ OTG, SD တွေကတော့ ကိုယ်ပိုင် data တွေမှာရှိနေမှာဖြစ်ပြီး System နဲ့ မဆိုင်လှတော့ ရှင်းဖို့မလိုပါဘူး။ Internal Storage ကိုလည်း မရှင်းရတာကတော့ ROM တင်ဖို့ကိုယ်လုပ်နေချိန်မှာ ROM က Internal ထဲမှာပဲ ရှိနေနိုင်ခြေများမှာမို့ မရှင်းတာပါ။ ကိုယ့် data ဖြစ်တဲ့ songs, photos, docs တွေရှိနေနိုင်တာမို့ မရှင်းတာပါ။ အကုန်လုံးကို ရှင်းပစ်ချင်တယ်ဆိုရင်တော့ ROM တင်ပြီးမှ WIPE ထဲထပ်ဝင်ပြီး Internal Storage တစ်ခုထည်းကို သီးသန့်ရှင်းထုတ်ပစ်နိုင်ပါတယ်။

အဆင့် ၄ မှာ အကုန် clean ပါလို့ Swipe လုပ်ပေးပြိးရင် အဆင့် 5 မှာ TWRP Home key နဲ့ TWRP main screen ကိုပြန်သွားပြီး Reboot to Recovery ပြန်လုပ်ပါ။ အဲသည်လိုပြန်တက်လာမှ အရင် clean ထားတဲ့ Data Partition ကို Read/Write လုပ်နိုင်ပြီး ROM zip ကို Flash တာအဆင်ပြေပါမယ်။

 
TWRP ထဲ ဒုတိယအကြိမ်ပြန်ရောက်လာပြီဆိုရင်တော့ မိမိတို့ဖုန်းထဲမှာရှိတဲ့ ROM zip ကို flash နိုင်ပါပြီ။ Android version 4.4.4, Android version 5.0 ကို base လုပ်ထားတဲ့ Official MIUI ROM တွေ၊ အခြားသော Custom ROM တွေ (မည်သည် Android ဖြစ်ဖြစ်) အဆင်ပြေပါပြီ။ ROM zip flash ပြီး Reboot လုပ်နိုင်ပါပြီ။

Android version 5.1.1, 6.0, 7.0 base လုပ်ထားတဲ့ Official MIUI ROM တွေကတော့ boot ပြန်တက်ချိန် logo ရပ်ခြင်းမဖြစ်ရအောင် Lazy Flasher zip လေးကို ROM zip flash ပြီးတာနဲ့ flash ပေးရပါမယ်။ ၄င်း Android version တွေအတွက် ROM zip flash မယ်၊ Lazy Flasher zip flash မယ်၊ အဲဒါတွေပြီးရင်တော့ Reboot လုပ်နိုင်ပါပြီ။ ZCX, Cofface TWRP သုံးသူတွေကတော့ TWRP settings ထဲမှာပဲ Boot patch or Disable DM-Verify လုပ်တာကို ၀င်လုပ်နိုင်ပါတယ်။ Lazy Flasher flash ပေးလည်း ရပါတယ်။ အဆင်ပြေပါတယ်။ အတူတူပါပဲ။ Lazy Flasher Zip Download လုပ်ရန်

Official MIUI ROM တွေ Flash ပြီး TWRP မှ Reboot လုပ်ရင်မေးတတ်တာကတော့ လက်ရှိရှိနေတဲ့ TWRP အစား Stock recovery ကို boot ပြန်တက်လာချိန် အစားထိုးပစ်လိုက်မလားဆိုတာပါ။ TWRP ကျန်နေချင်ရင်တော့ အဲသည်နေရာမှာ အစားထိုးတဲ့ function ကို Disable လုပ်ပေးရပါမယ်။ အောက်ပါပုံအတိုင်း လုပ်ဆောင်ပေးပါ။


TWRP မှနေ zip တွေ Flash တဲ့အခါ zip signature verify လုပ်တာကို check လုပ်မထားပါနှင့်။ zip တော်တော်များများမှာ signature မပါပါ။ မပါပဲ check လုပ်ထားရင် error ပြပြီး flash မှာမဟုတ်ပါ။ Reboot after complete မှာလည်း check လုပ်မထားပါနှင့်။ သို့မှသာ Reboot မလုပ်ခင်မှာ မိမိတို့ zip flash တာ successful ဖြစ်လား၊ error တက်လား၊ ဘာ error တက်လည်း စတဲ့ message တွေကိုဖတ်နိုင်မှာပါ။ ကိုယ်လိုအပ်တာ အကုန် flash, ပြုပြင်ပြီးမှ manual reboot လုပ်ပါ။


အခုဆိုရင် မိမိဖုန်းမှာ ဘယ် ROM ပဲတင်ထားထား၊ ကိုယ်ချိန်းချင်တဲ့ rom ကို အဆင်ပြေပြေ ချိန်းနိုင်အောင် လုပ်ဆောင်တတ်ပြီလို့ ယူဆပါတယ်။ Android 5.1 နှင့်အထက် Xiaomi Site မှ Official Recovery ROM များဒေါင်းတင်တဲ့အခါ ROM flash ပြီးတာနဲ့ reboot မလုပ်သေးပဲ Boot Patch or DM-Verify Disable လုပ်တာကို မမေ့ပါနဲ့။ Lazy Flasher zip flash တာဖြစ်စေ၊ Cofface TWRP ထဲမှာ Advandced ထဲဝင်လုပ်ပေးထာဖြစ်စေ၊ ZCX TWRP ထဲက settings ထဲမှာ Check ထားတာသေချာကြောင်း စစ်ဆေးပေးတာ လုပ်ဆောင်ပါ။

Xiaomi Website မှ Official full recovery ROM တွေကို သည်နေရာမှာ Xiaomi Official Full Recovery ROM Download မိမိတို့ဖုန်း model အပေါ်မူတည်ပြီး ရွေးချယ်လို့ download ပြုလုပ်နိုင်ပါတယ်။ ROM support ပေးတဲ့အပေါ်မူတည်ပြီး China, Globle တွေအတွက် Stable, Developer roms တွေရှိနေမှာပါ။




#Crd Thet zaw ko

No comments:

Post a Comment