Tuesday, January 30, 2018

Myanmar Theme Fonts & Browser Problems

Facebook မှာ link တွေနှိပ်ဝင်ဖတ်တယ်။ Browser နဲ့လည်းပွင့်လာရော စာတွေကမမှန်တော့ဘူး.... စတာတွေက Mi Phone တွေမှာ Zawgyi Myanmar Theme Fonts တွေထည့်သုံးနေတိုင်း ကြုံနေကြရတာပါ။ ကျနော်သတိထားမိသလောက် ဖုန်းမှာပါတဲ့ Original Browser ဟာ Theme Font ကိုပဲယူသုံးပြီး Zawgyi Font တွေကိုပြပေးနေတာ ကြာပါပြီ။ သို့သော် China rom မှာပါတဲ့ Browser version, Global rom မှာပါတဲ့ version မတူကြဘူး။ သည်တော့ MIUI version အပေါ်၊ Android Version အပေါ်၊ Stable လား. Developer rom လားဆိုတာတွေအပေါ် မူတည်ပြီး Browser ထဲမှာ Zawgyi font မမှန်တဲ့ဟာက လုံးဝမမှန်ပါဘူး။ အဲလိုဖြစ်နေတဲ့ ဖုန်းမှာ UC Browser လည်းမမှန်ပါဘူး။

Zawgyi font ကို ဖုန်းမှာ Theme font အနေနဲ့ Download လုပ်၊ Import လုပ် ပြီးထည့်ထားသည်ဖြစ်စေ.. မထားသည်ဖြစ်စေ.. ။ Web Page တွေမှာလည်း Zawgyi font နဲ့ရေးထားတာဖြစ်စေ.. Unicode font နဲ့ရေးထားတာဖြစ်စေ..။ နောက်ဆုံး ဖုန်းမှာ Myanmar Font နဲ့ပတ်သက်တာ ဘာတစ်ခုမှမထည့်ထားသည်ဖြစ်စေ.. Zawgyi, Unicode ဘာနဲ့လာလာ စာဖတ်လို့ရအောင် Firefox Browser ကို Tagu Add-on လေးထည့်လို့သုံးနိုင်ပါတယ်။ Long time ago က Mi Phone တွေနဲ့ မြန်မာစာအကြောင်း Post တင်ရှင်းပြခဲ့ဖူးပါတယ်။ သည်နေရာမှာတော့ Tagu Addon ကို ဘယ်လိုထည့်မယ်ဆိုတာ အဆင့်ဆင့်ရှင်းမနေတော့ပဲ Tagu Addon တစ်ခါထဲပါပြီးသား Firefox browser ကို ထည့်သုံးလိုက်ကြရအောင်...။

Firefox Browser ကို Install လုပ်တာ ပုံမှန် APK Install လိုက်တာမဟုတ်ပါဘူး။ Tagu Addon ထည့်ပြီးသား Firefox Browser ကို Mi Backup နဲ့ Backup လုပ်ပြီး သုံးချင်တဲ့ Mi ဖုန်းမှာ ပြန်ထည့်သုံးတာပါ။ Mi Backup က App Data တွေကိုပါ တစ်ပါတည်း Backup လုပ်ပေးနိုင်လို့ သည်နေရာမှာ အသုံးဝင် အဆင်ပြေလှပါတယ်။

Firefox Browser backup ကို သည်နေရာမှာ [ Firefox Browser with Tagu Add-on ]Download လုပ်ယူပါ။ ပြီးရင် မိမိတို့ Phone Storage ထဲက MIUI Folder အောက်ကိုကူးထည့်ပါ။ အောက်ပါပုံလေး တွေကိုကြည့်လို့ Zip File ကို ဖြည်ပေးလိုက်ပါ။ ကျနော့်အနေနဲ့ ES File Explorer ကိုပဲ အသုံးပြုထားလို့ ပုံထဲကအတိုင်းလိုက်လုပ်မယ်ဆိုရင် ES File Explorer ကို သည်နေရာမှာ [ ES File Fxplorer Download ] Download ပြုလုပ်ပြီး Install လုပ်ကာ သုံးနိုင်ပါတယ်။



Zip File ဖြည်လို့ပြီးရင်တော့ ဖုန်းထဲမှာ Firefox Browser ရောက်အောင် Mi Backup file ကို ပြန်ပြီး Restore လုပ်ပေးရပါမယ်။ အောက်ပါပုံလေးတွေကိုကြည့်ပြီး အထက်မှာ မိမိတို့ဖြည်ထားတဲ့ Mi Backup ကို ပြန်ပြီး Restore လုပ်လိုက်ပါ။



Firefox Browser ကို Restore လုပ်လို့ပြီးပြီဆိုရင်တော့ Web Page တွေဖတ်တဲ့နေရာမှာ Myanmar Font ကို ဖုန်းမှာ (မည်သည့်ဖုန်းမဆို) ထည့်မထားသည့်တိုင် Firefox Browser မှာ Zawgyi font နဲ့ရေးထားတာဖြစ်ဖြစ်၊ Unicode font နဲ့ရေးထားတာပဲဖြစ်ဖြစ် အဆင်ပြေပြေဖတ်နိုင်ပါပြီ။




Facebook ကနေမှတစ်ဆင့် Link တွေနှိပ်ပြီး ရောက်လေ့ရှိတော့ Facebook မှာ Web site link တွေနှိပ်တာနဲ့ မိမိတို့ထည့်ထားတဲ့ Firefox Browser နဲ့တစ်ခါတည်းတန်းပွင့်အောင် လုပ်ထားပေးပါမယ်။ Facebook ရဲ့ App Settings ထဲမှာ အောက်ကပုံလေးအတိုင်း ပြင်ထားပေးလိုက်ပါ။


Link တွေနှိပ်ရင် Facebook မှာတဲ့ Built-In Browser နဲ့မပွင့်ပဲ ဖုန်းထဲရှိ External Browser နဲ့ပွင့်အောင်လုပ်ပေးဖို့ Facebook App ကနားလည်ပါပြီ။ MIUI System အနေနဲ့ Web site links တွေကို နှိပ်တာတွေဆိုရင် Firefox နဲ့ပွင့်လာအောင်လုပ်ပေးဖို့ Phone Settings ထဲမှာ ပြုပြင်ပေးထားရပါမယ်။ အောက်ပါပုံလေးတွေအတိုင်း ဖုန်းရဲ့ Default Browser ဟာ Firefox Browser ပါလို့ ဖုန်းက အမြဲသိနေအောင် ပြုပြင်ပေးထားလိုက်ပါ။



အခုဆိုရင် Facebook မှာ link တွေနှိပ်တယ်။ ကိုယ် install လုပ်ထားတဲ့ Firefox browser နဲ့ပွင့်လာမယ်။ အဲသည် Browser ကလည်း Zawgyi နဲ့ရေးထားတာတွေပဲလာလာ၊ Unicode နဲ့ပဲရေးထားတာတွေလာလာ (ဖုန်းမှာ Myanmar font ထည့်မထားသည့်တိုင်) အဆင်ပြေအောင် ပြပေးဖို့ Tagu Add-on လေးထည့်ထားလို့ မြန်မာစာတွေကို အဆင်ပြေပြေ ဖတ်ရှုနိုင်ပါပြီ။
#Crd Thet zaw ko

No comments:

Post a Comment