Tuesday, January 30, 2018

Preparation for Fastboot ROM to Flash with Mi Flash Tool

မိမိရဲ့ဖုန်းကို ROM type ချိန်းချင်လို့ဖြစ်စေ (ဥပမာ China Stable to Global Stable)၊ error အမျိုးမျိုးတက်ပြီး Factory Reset သော်လည်း အဆင်မပြေလို့ဖြစ်စေ၊ Fastboot rom ကို ကွန်ပျူတာ သုံးပြီး MI Flash Tool နဲ့ပြန်တင်ဖို့အခြေအနေရောက်လာတတ်ပါတယ်။ အဲသည်အခါကြရင် Fastboot rom ကို download လုပ်ပြီး Mi Flash Tool ကနားလည် အဆင်ပြေမယ့်ပုံစံကို ပြင်ဆင်ပေးရပါတယ်။ အောက်ပါ အတိုင်း လေ့လာပြီး ပြင်ဆင်ပေးပါ။

ပထမဆုံး Latest fastboot rom တွေကို Xiaomi Fourm ရဲ့ သည်နေရာမှာ [ Latest Fastboot ROMs ] download ပြုလုပ်ပါ။ ကိုယ့်ဖုန်းအ တွက် ROM support ပေးတဲ့အပေါ်မူတည်ပြီး အနဲဆုံး China Stable နဲ့ China Developer ROM တွေကနေ Global Stable, Global Developer, China Stable, China Developer ဆိုပြီး ROM တွေတွေ့နေရမှာပါ။ မိမိတင်ချင်ရာ ROM တစ်ခုကို download ပြုလုပ်ပါ။

ရလာသော fastboot rom ကို C:\ or D:\ အောက်သို့ကူးထားပါ။ Fastboot rom တွေရဲ့ filename ဟာ .tar (or) .tgz နဲ့ အဆုံးသတ်ပါတယ်။ Mi Flash Tool က flash ဖို့ သက်ဆိုင်ရာ image file တွေရှာရာမှာ သူရှာတဲ့ path မှာ space တွေပါမနေအောင်၊ path လမ်းကြောင်း အရှည်ကြီးဖြစ်မနေရအောင် ကွန်ပျူတာရဲ့ C:\ or D:\ ထဲကိုသာ ရှင်းရှင်းလင်းလင်း ဖြစ်နေအောင် ကူးခိုင်းတာ ပါ။

ကျနော့်အနေနဲ့ WinRAR ဆိုတဲ့ Archive ဖြည်တဲ့ software ကိုသုံးပြီး နမူနာပြထားပါတယ်။ မိမိနှစ်သက်ရာ software ကိုသုံးပါ။ အရေးကြီးတာ Mi Flash Tool ကနားလည်မယ့် ROM Folder ရလာဖို့ အဓိကဖြစ်ပါတယ်။ Fastboot ROM file ပေါ်မှာ Mouse နဲ့ Right Click နှိပ်ပါ။ ပေါ်လာတဲ့ Shortcut Menu မှာ Extract Here... ဆိုတာကိုရွေးပေးလိုက်ပါ။

file ကိုဖြည်သွားပါလိမ့်မယ်။

file ကိုဖြည်တာပြီးဆုံးပြီဆိုရင်တော့ မိမိတို့ download ပြုလုပ်ထားတဲ့ fastboot rom filename နဲ့ထပ်တူ file အကြီးတစ်ဖိုင် ရလာပါမယ်။ ဘာ file type မှန်းကွန်ပျူတာကမသိလို့ စာရွက်ပုံအဖြု icon လေးနဲ့ပြနေမှာပါ။

အဲသည် file ကို နောက်ထပ်တစ်ဆင့်ဖြည်မှ Firmware Folder ရလာမှာမို့ Archive software တွေနားလည်လွယ်တဲ့ zip file format ဖြစ်အောင် နာမည်ပြောင်းပေးလိုက်ပါမယ်။ အဲသည် file အပေါ်မှာ Mouse နဲ့ Right Click နှိပ်ပါ။ ပေါ်လာတဲ့ Shortcut Menu မှာ Rename ဆိုတာရွေးပါ။

Filename ရဲ့နောက်ဆုံးမှာ .zip လို့ ရိုက်ထည့်ပေးပါ. zip ရှေ့မှာ အစက် (dot . ) လေးပါပါတယ်။

နာမည်ပြောင်းပြီးသွားတဲ့ zip file ပေါ်မှာ Mouse နဲ့ Right Click နှိပ်ပါ။ ပေါ်လာတဲ့ Shortcut Menu မှာ Extract Here.. ဆိုတာရွေးပေးလိုက်ပြီး ထပ်ဖြည်ခိုင်းလိုက်ပါ။

file ကိုဖြည်နေပါလိမ့်မယ်။

file ဖြည်တာပြီးပြီဆိုရင်တော့ Mi Flash Tool နဲ့ ရေးသားနိုင်မယ့် Firmware Folder က D:\ အောက်မှာ ရလာပါပြီ။ Folder နာမည်ကလည်း original နာမည်ပေးထားပုံအရ space တစ်ခုမှ မပါပါ။

Firmware folder ထဲဝင်ကြည့်ရင် images ဆိုတဲ့ folder တစ်ခုရယ်၊ အခြားသော files လေးတွေရယ်တွေ့ရမှာပါ။ Files လေးတွေကတော့ firmware ကို ဘယ်လို၊ ဘယ်ပုံရေးပါလို့ Mi Flash Tool ကို ညွန်ကြားတဲ့ fastboot commands တွေပါတဲ့ files လေးတွေပါ။ Images folder အောက်မှာတော့ ဖုန်းအတွက်လိုအပ်တဲ့ သက်ဆိုင်ရာ image files တွေပါရှိပါတယ်။


#Crd Thet zaw ko

No comments:

Post a Comment