Tuesday, January 30, 2018

Another method for Mi Account By-Pass (Demo with Redmi Note 3 Pro - KENZO)

အဆင့် - ၁


Lock ဖြည်ပြီးရင် သုံးဖို့အတွက် Mi Account အသစ်တစ်ခုလုပ်ထားပါမယ်။ အခြား Mi Phone တစ်လုံးမှာလုပ်ပါ။ အဲသည်ဖုန်းမှာ Sign In ၀င်ပါ။ Mi Account ၀င်ချိန် Sync လုပ်ဖို့မေးလာတာသုံးခုဖြစ် တဲ့ Find Device, Mi Message, Sync တွေကို အကုန် OFF ထားလိုက်ပါ။ ပြီးရင်တော့ အဲသည် Mi Account ကို Backup လုပ်ထားပါမယ်။ ရလာတဲ့ backup ကို OTG Stick, SD Card, Computer နှစ်သက်ရာ တစ်နေရာရာမှာသိမ်းထားလိုက်ပါ။ ကျနော့်အနေနဲ့ Mi Account Backup လုပ်ပြီးသားကို တင်မပေးတော့ပါဘူး။ ကိုယ့်စိတ်ကြိုက် Mi Account တစ်ခုလုပ်ပြီး သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ Mi Phone မှာ Sign In ၀င်ပါ။ စ၀င်ဝင်ချင်းမေးလာတဲ့ Options သုံးခုကို OFF ပါ။ Backup လုပ်ပါ။ backup folder ကိုကူးသိမ်းထားပါ။ သူငယ်ချင်းဖုန်းမှာ ကိုယ့် Mi Account Sign Out လုပ်ပေးလိုက်ပါ။







အဆင့် - ၂


ဖုန်းဖွင့်တာနဲ့ အင်တာနက် Auto တက်မလာရအောင် ဖုန်းထဲက SIM Cards တွေကိုထုတ်ထားပါ။ မိမိတင်ချင်တဲ့ firmware ရဲ့ (Global Stable, Global Developer, China Stable, China Developer Fastboot ROM) ကို download ပြုလုပ်ပြီး တင်ပါ။ Boot Loader Lock နေတဲ့ဖုန်းဆိုရင် EDL (9008) mode ကနေတင်မယ်။ Boot Loader Unlock လုပ်ပြီးသားမျိးဆို Fastboot mode ကနေတင်မယ်ပေါ့။ Fastboot ROM ကို ရှာပြီး download ပြုလုပ်တာ၊ ကွန်ပျူတာမှာလိုအပ်တဲ့ Driver တွေတင်တာ၊ Mi Flash Tool or other tools တွေနဲ့ Firmware တင်တာ၊ EDL mode, Fastboot mode ၀င်တာတွေကို သည် blog ထဲက post တွေမှာလိုက်ရှာဖတ်ကြည့်ပါ။ ROM တင်ပြီးသွားရင် ဖုန်းကို Boot သာတက်ခိုင်းလိုက်ပါ။ MIUI 8 ဆိုတဲ့ Welcome Wizard Screen ပေါ်လာရင် ရပါပြီ။ Power ခလုပ်ကို ကြာကြာလေးသာနှိပ်ပေးထားလိုက်ပါ။ Power Off ဖို့ Button လေးတွေပေါ်လာပါမယ်။ Power Off ပေးလိုက်ပါ။

ပြီးရင်တော့ အများသိတဲ့အတိုင်း Mi Account Info တွေသိမ်းဆည်းထားတဲ့ Persist partition ကိုဖျက်မယ်ပေါ့။ Boot Loader Lock ဆိုရင် EDL mode ထဲဝင်ဖျက်မယ်။ Boot Loader Lock မပါတာ။ Unlock လုပ်ပြီးတာဆို Fastboot mode ထဲဝင်ဖျက်မယ်ပေါ့။ လိုအပ်တဲ့ File လေးတွေအတွက် သည် Archive လေးကို [ Mi Lock Pass2 ]download ပြုလုပ်ပါ။ ကွန်ပျူတာမှာဖြည်ချထားပါ။ ဖြည်လို့ရလာတဲ့ Folder ထဲက Files အားလုံးကို မိမိဖုန်းရဲ့ Firmware Folder အောက်က images folder ထဲကို Copy ကူးပေးပါ။


Boot Loader Lock/Unlock အပေါ်မူတည်ပြီး EDL mode or Fastboot mode ကိုဝင်ပါ။ ကွန်ပျူတာနဲ့ဖုန်းကို USB Cable နဲ့ချိတ်ပါ။ EDL mode ကနေဖျက်ရမှာဆိုရင် 1-PersistErase_EDL.bat ကို Double Click နှိပ်ပါ။ Fastboot mode ကနေဖျက်ရမှာဆိုရင် 1-PersistErase_FASTBOOT.bat ကို Double Click နှိပ်ပါ။


EDL or Fastboot mode ထဲမှာ Persist partition ကိုဖျက်ပေးသွားပါလိမ့်မယ်။ အချိန်သိပ်မကြာပါ။ ခဏလေးပါ။ NO DEVICE လို့လာပြပြီး ထွက်ရင်တော့ Driver တင်တာတွေကို သေချာပြန်စစ်ပါ။ ပြန်လုပ်ပါ။ Phone နဲ့ Computer သေချာ သိနေ၊ အလုပ်လုပ်နေတာသေချာကြောင်း စစ်ဆေးပါ။ သည် Blog ထဲမှာပဲ လုပ်နည်းတွေကို ရှာဖွေဖတ်နိုင်ပါတယ်။ EDL mode ၀င်ရာမှာတော့ ကျနော့်အနေနဲ့ jig Cable ကိုပဲ အဓိကသုံးပါတယ်။ Mi Max, Redmi 4 တွေမှာလို ခလုပ်စုံနှိပ်ပြီး ၀င်လို့ရတာတွေမှာတော့ ခလုပ်တွေနှိပ်ဝင်ပါတယ်။ မိမိကျွမ်းကျင်သလို လုပ်နိုင်ပါတယ်။





Fasboot mode မှာဖျက်နိုင်တဲ့ဖုန်းတွေကတော့ persist ဖျက်ပြီးတာနဲ့ Auto Reboot ဖြစ်ပြီး ဖုန်း boot တက်ပါတယ်။ EDL mode ကနေ persist ဖျက်တဲ့ဖုန်းတွေကတော့ USB Cable ကိုဖြုတ်၊ Power Key ကိုကြာကြာလေးနှိပ်ပေးထားလိုက်ရင် Boot ပြန်တက်ပါမယ်။ Welcome Wizard Screen ပေါ်လာရင်တော့ တစ်ဆင့်ချင်းသာ ဆက်သွားလိုက်ပါ။ WiFi မချိတ်ပါနဲ့။ Skip ပါ။ Sim တွေ ထည့်မထားပါနဲ့။ ပုံမှန် Device Info Check တဲ့အဆင့်ကျော်ပြီး Home Screen ထိတက်သွားပါမယ်။ ဒါဆိုရင်တော့ Lock ကျော်တာအတွက် ကိစ္စပြီးပါပြီ။






အဆင့် - ၃


သည်အချိန်ထိ အင်တာနက်တက်ဖို့ကိစ္စ မစဉ်းစားသေးပါဘူး။ Sim တွေထည့်ဖို့လည်း မလုပ်ပါနဲ့အုံး။ အဆင့် - ၁ မှာ လုပ်ခဲ့တဲ့ Mi Account Backup ပြန်ထည့်ပါမယ်။ ကူးသိမ်းထားတဲ့ backup folder လေးကို အခု Account Lock ကျော်ထားတဲ့ ဖုန်းထဲက Storage အောက်က MIUI FOLDER အောက်ကို ကူးထည့်လိုက်ပါ။ နာမည်တူရှိနေလို့ Overwrite လုပ်မလားမေးတာတွေကို Overwrite သာလုပ်ပေးလိုက်ပါ။ ကွန်ပျူတာမှာ backup folder သိမ်းထားလို့ ဖုန်းနဲ့ကွန်ပျူတာချိတ်ပြီး backup folder ကို ကူးထည့်ပေးတာအဆင်ပြေပါတယ်။ သူ့အထဲမှာ .nomedia ဆိုတဲ့ hidden file တစ်ခုပါနေလို့ ဖုန်းမှာပဲ OTG or SD ကနေကူးတာလုပ်မယ်ဆိုရင် ES Explorer လိုမျိုး app မှာ Show Hidden Files option လေး ON ထားပေးပြီး ကူးထည့်ပါ။



Mi Account ကို Restore လုပ်ပြီးပြီဆိုရင် သူနဲ့ပတ်သက်တဲ့ Data/Cache တွေကောင်းကောင်းအလုပ်လုပ်တာသေချာစေရအောင် ဖုန်းကို Reboot လုပ်လိုက်ပါ။ ပြန်တက်လာရင် Mi Account ထဲကိုဝင်ကြည့်ပါ။ ကိုယ့် Mi Account ၀င်နေပြီဆိုတာသေချာပါစေ။


Mi Account လည်း ၀င်နေပြီဆိုတာ သေချာ OK နေပြီဆိုရင်တော့ ဖုန်းကို WiFi နဲ့ဖြစ်ဖြစ်.. Sim card ထည့်ပြီးဖြစ်ဖြစ် အင်တာနက်ဖွင့်လိုက်ပါ။ လက်ရှိထည့်ထးတဲ့ Mi Account နဲ့ပတ်သက်ပြီး Sign In ၀င်မရလို့ Sign In Error တက်လာပါမယ်။ ကိစ္စမရှိပါ။ Noti Bar မှ အဲသည် Sign In Error Noti လေးကိုနှိပ်ပေးပြီး Password ထည့်ပေးလို့ Sign In ၀င်ပေးလိုက်ပါ။ ကိုယ်တိုင် လတ်တလော အသစ်လုပ်ထားတဲ့ Mi Account ဖြစ်လို့ password မမှတ်မိဘူးဆိုတာတော့ မရှိလောက်ပါဘူးနော့......။


ကိုယ့်ဖုန်း data တွေ sync လုပ်ချင်ရင် Sync တွေကို ON ပေးပေါ့။ Mi Account->Mi Cloud-> ထဲမှာ Find Device ကို ON ထားပေးပါ။ မမေ့ပါနဲ့။ အင်တာနက်သုံးနေကြည့်ပါ။ Mi Account Function တွေ သေချာအလုပ်လုပ်မလုပ်ကို Themes Store ကနေ Themes, Fonts တွေ down ပြီး Apply လုပ်ကြည့်ပေါ့။ Lock မကျတော့ဘူး။ အားလုံးကို OK ပြီဆိုရင်တော့ Persist partition ကို အသစ်ပြန်ရေးပေးရပါတော့မယ်။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ Sensors တွေ ကောင်းစွာ အလုပ်မလုပ်ပါ။ ဖုန်းခေါ်ပြောလုပ်ရင် နားရွက်နား ဖုန်းကပ် ဖုန်းခွာ လုပ်ပေမယ့် screen မပိတ်တာ။ Rotate မရတာ။ ကင်မရာဖွင့်ရင် တော်တော်လေးကြာမှ ပွင့်လာတာ .... စတာတွေဖြစ်နေမှာပါ။ အဲသည် sensors တွေ ကောင်းမွန်စွာ အလုပ်လုပ်စေဖို့ persist partition ကို အသစ်ပြန်ရေးပေးရပါမယ်။



အဆင့် - ၎


ဖုန်းကို အင်တာနက်ပိတ်လိုက်ပါ။ Power ပိတ်လိုက်ပါ။ ကိုယ့်ဖုန်းက Boot loader lock or unlock ပေါ်မူတည်ပြီး EDL or Fastboot ကိုဝင်ဖို့လုပ်တော့ပေါ့။ ကွန်ပျူတာနဲ့ဖုန်း ချိတ်ပေးပေါ့။ ပြီးရင်တော့ ကျနော်တို့ရဲ့ Tool Files လေးတွေရှိတဲ့ Firmware Folder အောက်က images folder အောက်ကိုသွားပါ။ EDL Mode ကနေ persist ပြန်ရေးမယ်ဆိုရင် 2-PersistFlash_EDL.bat file ကို Double Click ပါ။ Fastboot ကနေ persist ရေးမယ်ဆို 2-PersistFlash_FASTBOOT.bat file ကို Double Click ပါ။ persist.img ကို auto ရေးပေးသွားပါမယ်။





ထုံးစံအတိုင်းပေါ့။ EDL နဲ့ရေးတာက ပြီးရင် ကြိုးဖြုတ်၊ power key ကြာကြာလေးနှိပ်ပြီး boot တက်ခိုင်းပေါ့။ Fastboot ကနေရေးတာကတော့ သူ့ဟာသူ ဖုန်း auto reboot သွားမှာပါ။ အားလုံးပြန်တက်လာရင်တော့ အင်တာနက်ဖွင့်ထားကြည့်။ သုံးချင်တာလေးတွေစမ်းသုံးနေကြည့်။ အဆင်တွေပြေနေမှာပါ။ Sim card တွေကို Mi Cloud မှာ Activate လုပ်ပေးဖို့ Password လာတောင်းရင် ကိုယ့် Mi Account password ထည့်ပေးလိုက်ပါခင်ဗျာ...။ ALL OK ပါ။



General Tips


Firmware တင်တာ.. persist ဖျက်တာတွေကတော့ လူတိုင်း OK မှာပါ။ persist ပြန်ရေးပြီးချိန် lock ကျတတ်ပါတယ်။ Mi Max နဲ့စမ်းရင်းဖြစ်တာပါ။ သည်တော့ EDL or Fastboot ပြန်ဝင်။ persist ပြန်ဖျက်.. Mi Account Backup ပြန်သွင်း... စတာတွေပြန်လုပ်ရပြန်ရော..။ ခက်တာက Lock ကျချိန် power သေချာပိတ်ဖို့ခက်တာပါပဲ။ အဲသည်အတွက်ကတော့ power ကိုပိတ်မနေတော့ပဲ Vol Down + Power key ကို ကြာကြာလေးသာနှိပ်ပေးထားလိုက်ပါ။ Fastboot mode ရောက်သွားပါမယ်။ Fastboot ကနေရေးနိုင်တဲ့ ဖုန်းတွေကတော့ သည်နေရာမှာ Fastboot ကနေ persist ပြန်ရေးလိုက်ရုံပါပဲ။ EDL အတွက်ကတော့ ဖုန်းနှင့်ကွန်ပျူတာကို Jig Cable နဲ့ ပုံမှန်အတိုင်းပဲ အောက်ပါပုံအတိုင်း ချိတ်ထားလိုက်ပါ။


နံပါတ် - ၁... Jig Cable က button ကို လက်တစ်ဖက်က အရင်နှိပ်ထားပါ။ နံပါတ် - ၂... ကျန်လက်တစ်ဖက်က ဖုန်းက power key ကို ဖိထားပါ။ နဲနဲလေးကြာရင် fastboot logo ပျောက်ပါပြီ။ အဲသည်အချိန် Power key ကိုဖိထားတာလွှတ်လိုက်ပါ။ အဲသည်လက်လွှတ်ပြီး 5 sec လောက်ကြာရင် Jig Cable က button ကို ဖိထားတဲ့ လက်ကိုလွှတ်လိုက်ပါ။ အဲဒါဆိုရင် EDL mode ကိုရောက်ပါပြီ။ သည်နည်းကို Redmi Note 3 Pro ကို firmware တင်ရင်း 900E mode ၀င်သွားတာကို 9008 mode ပြန်ရောက်အောင်ပြီး firmware ပြန်တင်နိုင်အောင် သုံးနိုင်ပါတယ်။ နောက်ဖုံး ခွာစရာမလိုတော့ဘူးပေါ့....။ Boot Loader File ( emmc_appsboot.mbn ) ကို ကလိလို့မှားတာမဟုတ်မချင်း၊ Firmware မှားတင်တာမဟုတ်မချင်း Fastboot ၀င်ပါတယ်။ သည်နည်းနဲ့ 900E ကနေ 9008 mode ကိုရောက်အောင် လုပ်နိုင်ပါတယ်။

နောက်တစ်ခု........ ကျနော်လုပ်ပေးထားတဲ့ bat tool files လေးတွေက Qualcomm 65x series CPU သုံးဖုန်းတွေအတွက် OK ပါပဲ။ (For Redmi Note 3 Pro - Kenzo, For Mi Max ) ကျနော်ပြောသလို images folder အောက်ကူး.... Double Click လေးတွေ သွားရုံပါ။ အခြားဖုန်းတွေအတွက်တော့ Firehose filename ကို ပြင်ပေးရပါမယ်။ 1-PersistErase_EDL.bat နဲ့ 2-PersistFlash_EDL.bat ဆိုတဲ့ File နှစ်ခုထဲမှာပါ။ Fastboot ကနေလုပ်ဖို့က ဖုန်းအားလုံးအတွက် command တူတူပဲဖြစ်လို့ ဘာမှလုပ်နေစရာ မလိုပါ။ အဲသည်ဖိုင်နှစ်ခုကို Note Pad++ လို Text Editor တစ်ခုခုနဲ့ဖွင့်ပါ။ အခုနမူနာအတိုင်းဆို prog_emmc_firehose_8976_ddr.mbn ဆိုတဲ့ filename တွေ့မှာပါ။ အဲသည်နေရာပြင်ပေးရမှာပါ။ ကိုယ့်ဖုန်း firmware folder ထဲက images folder ထဲမှာ firehose လို့ နာမည်ပါတဲ့ file တစ်ခုကိုရှာပါ။ အဲသည်နာမည်အတိုင်း EDL နဲ့ပတ်သက်တဲ့ bat file နှစ်ခုထဲမှာပြင်ပေးရမှာပါ။ ပုံကိုလည်းသေချာကြည့်ပါ။ စာလုံးပေါင်းမမှားပါစေနဲ့။ -f နဲ့ filename အစကြားမှာ space တစ်ခုပါပါတယ်။ filename အဆုံးနဲ့ -b, -e တို့ကြားမှာ space တစ်ခုပါပါတယ်။ အဲသည် firehose file ပြန်ပြင်ပြိး bat file တွေကို save လုပ်ပေါ့။ ပြီးရင်တော့ ကိုယ့်ဖုန်းအတွက်သုံးနိုင်ပါပြီ။ ကိုယ်ပြင်တာ တစ်ခုခုမှားလို့ EDL Flash တဲ့နေရာ Status : 0 နဲ့ success မပြပဲ အခြား Status no နဲ့ error ဖြစ်လာပါက Don't Worry ပါ.. File တွေကိုပြင်ထားတာပြန်စစ်ပါ။ ဖုန်းကိုတော့ Fastboot ပဲဝင်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနည်းအတိုင်း EDL mode ရောက်အောင် ပြန်လုပ်နိုင်ပါတယ်။ ပြီးမှ လိုတာ ပြန် flash နိုင်ပါတယ်။


ကျနော်စမ်းတာ Redmi Note 3 Pro မှာ Global Stable ROM နောက်ဆုံး version (ယခုစာရေးချိန်) 8.1.1.0 နဲ့ပါ။ အထက်ပါအဆင့်တွေအတိုင်း အကုန် OK ပါ။

Mi Max မှာလည်း Latest Global Stable 8.1.9.0 ပါ။ သူ့မှာတော့ sensor တွေအကုန်ကောင်းအောင် persist ပြန်ရေးပြီးချိန် lock ကျပါတယ်။ EDL ပြန်ဝင်.. persist ဖျက်.. mi account backup ထည့်.. လိုင်းတက်... OK.. persist ပြန်ရေး.. ပြန်ကျ... အဲလိုဖြစ်ပါတယ်။ သည်တော့ persist ပြန်ဖျက်.. ဖုန်းပြန်တက်.. အင်တာနက်ချိတ်... lock ကျ... persist ပြန်ဖျက်.. ဖုန်းပြန်တက်.. အင်တာနက်ချိတ်.. လုပ်နေရင်း lock မကျတော့ပဲ Device Security Info စစ်တာအောင်သွားပြီး Mi Account အသစ်ဝင်ဖို့တောင်းပါတယ်။ အဲသည်အချိန် Mi Account အသစ်ဝင်တယ်.. Find Device On တယ်.. အိုကေနေမှ persist အသစ်ပြန်ရေးပေးပြီး ဖုန်းပြန်တက်လာချိန်မှာတော့ အားလုံးဟာ OK လျှက်ပါ။

Mi Note နဲ့စမ်းတာမှာတော့ သူက သိတဲ့အတိုင်းပါ။ Original ကတည်းက Boot Loader Lock မပါပါဘူး။ ထုံးစံအတိုင်း firmware တင်... persist ကို Fastboot ကနေပဲဖျက်.. ပြန်တက်လာချိန်မှာ အကုန်အဆင်ပြေပြီး Mi Account backup လဲထည့်စရာမလို.. အင်တာနက်ဖွင့်လဲ OK.. Mi Account လည်း ကိုယ်ကြိုက်တာထည့်သုံးလို့ရ.. sensors တွေလဲ ALL OK ပါ.. firmware ထဲက persist.img တောင် ပြန်ရေးပေးစရာမလိုပါ။ ရေးလဲ ဘာမှမဖြစ်ပါ။ OK ပါတယ်.. ။ Original ကတည်းက Boot Loader မပါတဲ့ ဖုန်း Model တွေအတွက် သည် idea ကို မှတ်ထားပေါ့...။

ကျနော်စမ်းတဲ့နေရာမှာ ROM မရွေးပါဘူး။ နောက်ဆုံးတွေကိုပဲတင်တာပါ။ MultiROM လို custom rom တွေနဲ့လဲ တင်စမ်းတာပါပဲ။ အထက်မှာပြောခဲ့တဲ့ အတိုင်းတွေ လုပ်ခဲ့တာပါပဲ။ Lock ကျော်ခွဖို့ ဘာ persist.img ကိုမှ ရှာမနေပါဘူး။ Fastboot rom မှာပါလာတာကိုပဲ သုံးခဲ့တာပါ။ အဲသည် persist.img မှ အဆင်မပြေလဲ သုံးနေတဲ့ model တူ၊ Find Device clear ဖြစ်တဲ့ ဖုန်းတစ်လုံးက persist raw Img ကိုထုတ်ပြီး သုံးလိုက်နိုင်ပါတယ်။ Boot Loader Lock ဆိုလည်း persist block ကို EDL ကနေ လွယ်ကူစွာထုတ်နိုင်ပါတယ်။ sparse img မပြောင်းပဲ raw img နဲ့ပဲ flash နိုင်ပါတယ်။

Android 7 နဲ့မှာလဲ အေးဆေးအောင်မြင်စွာ lock ကျော်နိုင်ပါတယ်။ Sensors တွေလဲ Good ပါတယ်..။ သို့သော် online ချိတ်ပြီးဆိုတာနဲ့ Lock ကျတာကို အားလပ်ချိန်မှာ ကလိလို့ နည်းရှာကြည့်ပါ အုံးမယ်ခင်ဗျာ......။

#Crd Thet zaw ko

No comments:

Post a Comment