Monday, January 1, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(၁)

ဖုန်းတစ်လုံးပြုပြင်ရာတွင် Step by step တွေးတောပြုပြင်ခြင်းက အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ် ဥပမာအနေနဲ့ apk install လုပ်မည်ဆိုလျှင်တောင်မှ မိမိ install လုပ်သော Apk လက်ခံနိုင်သော Version ရှိမရှိကို သိထားသင့်ပါတယ် Facebook လို apk လို နောက်ဆုံးထွက် Version တွေမှာ ဆိုလျှင် 5.0 နှင့် အထက်သာ install လုပ်လို့ရနိုင်ပါတယ် ဒါမျိုးကို 4.4.2 အောက်လောက်မှာရှိ တဲ့ဖုန်းမျိုးမှာ install လုပ်လို့မရပါဘူး အခုပြောနေတာလေးတွေကို Beginner တွေအတွက်ရည်ရွယ်ပြီးပြောတာပါ သိထားပြီးသား ရှိသလို့ အသေးအဖွဲမို့လို့ဆိုကျော်သွားတာမျိုးကြောင့် မသိလိုက်လဲရှိတတ်ကြပါတယ်။ဒါကြောင့် ရည်ရွယ်ပြီး အပိုင်းလေးတွေခွဲပြီးတင်ပေးချင်တဲ့စိတ်ကလေး ရှိလာတာကြောင့် ဒီပိုစ့်ကိုရေးရခြင်းဖြစ်ပါတယ်။ မိမိဆီ Phone တစ်လုံး Software အနေနဲ့ လာအပ်မည်ဆိုပါတော့ စတင်စစ်ဆေးရမည့် အပိုင်းများကို သေချာလေ့လာသင့်ပါတယ် Huawei ဖုန်းတစ်လုံး Logo ရပ်နဲ့လာပြီး သင်တို့ထံအပ်နှံလာပါက မိမိဘက်မှ စစ်ဆေးရမည့် အပိုင်းများ 1 Battery အကောင်းတစ်လုံးနှင့် စမ်းသပ်ခြင်း 2 Fastlogo or Second logo လားစမ်းသပ်ခြင်း 3 Adb သိမသိ စမ်းသပ်ခြင်း ကို ကျွန်တော် စာရေးသူမှ အရင်စတင်စစ်ဆေးပါသည်။ Battery စစ်ဆေးရခြင်း အကြောင်းမှာ တချို့သော Huawei ဖုန်းများတွင် Battery ကြောင့် Logo ရပ်နေတတ်ပါတယ်။ဘယ်လိုဖုန်းတွေ မှာ ဖြစ်တတ်ပါသလဲ? G610,C8815,G6,G620,G630,Honor4X...တွင်ဖြစ်တတ်ပါတယ် မော်ဒယ်အကုန်မရေးနိုင်တဲ့ အတွက် ကိုယ်တွေ့ကြုံလာခဲ့ရင် စမ်းသပ်မှတ်သားပေးထားပါ။ fastlogo နှင့် Second logo စမ်းသပ်ခြင်း အကြောင်းမှာ တချို့သော ဖုန်းများတွင် Second logo တွင်ရပ်နေပါက software ဟု 90% လောက် မှတ်ယူနိုင်ပါသည် ။ Fastlogo ဖြစ်နေပါက Hardware 50% Software 50% ဟု ကျွန်တော့် အမြင်တွင် မှတ်ယူထားပါတယ်။သင်တို့လဲ ကြိုက်သလိုမှတ်ယူနိုင်ပါတယ်။တချို့ Huawei Phone များတွင်တော့ fastlogo အနေအထားတွင် Boardfirmware တင်လိုက်ပါက ပြန်ကောင်းလာတတ် ကြပါတယ်။adb သိမသိစစ်ဆေးရခြင်း အကြောင်းမှာ မိမိအားလာရောက်အပ်နှံသော ဖုန်းကို adb သိပါက adb command အား အသုံးပြုပြီးbuild.prop ထုတ်ပြီး Note++ ကြည့်ပြီး Firmware Buildnumber နှင့် Region ကိုသိနိုင်သောကြောင့် Firmware ရှာခြင်းနှင့် ရေးသားရာတွင်မန်ဆန်လာမည်ဖြစ်သည့်အတွက် အသုံးပြုခြင်းဖြစ်ပါတယ်။Build.prop ထုတ်တဲ့ command ကတော့ adb pull system/build.prop ဖြစ်ပါတယ်။
Crd post owner

No comments:

Post a Comment