Friday, December 29, 2017

EMMC သို့ ချည်းကပ်ခြင်း အပိုင်း (၂)

 ဟိုးအရင်တုန်းက phone တွေက သုံးရတာ စက်ဟန်းဟန်းသွားတတ်ပါတယ်။ application ၂ ခုလောက်များဖွင့်မိလိုက်လို့ကတော့ Touch Screen သေသွားတယ်လေ။ ဒီအားနည်းချက်ကိုဖြေရှင်းဖို့ Hardware Developer တွေက EMMC ထဲကို LPDDR2 ဆိုတဲ့ နည်းပညာကိုပေါင်းထည့်ပေးလိုက်ပါတယ်။ LPDDR2 ဆိုတာ ကွန်ပျူတာမှာ RAM ချောင်းကိုပြောတာဗျ။ 2Gb RAM ချောင်းထည့်ထားတဲ့ Computer နဲ့ 4Gb RAM ချောင်းထည့်ထာ့တဲ့ Computer မှာ 4GB RAM သမားက Computer ပိုမြန်ပါတယ်။ ကျွန်တာ် computer ကိုလာသုံးတဲ့ သူငယ်ချင်းတွေ ကျွန်တော်ကွန်ပျူတာကို အရမ်းသဘောကျကြပါတယ်။ မကြပဲနေမလားဗျ။ သူတို့ကွန်ပျူတာက RAM 2 Gb တစ်ချောင်းပဲစိုက်ထားတာ။ ကျွန်တော်မှာ 8GB ၂ချောင်းကို Dual ပြေးထားတာ။ အခုဆိုရင် LPDDR3 နည်းပညာကို EMMC 64 GB တွေမှာ အသုံးပြုလာပေမယ့် အခြေလွတ်သွားမှာစိုးလို့ LPDDR2 EMMC 8GB, 16GB, 32GB အကြောင်းတွေပဲပြောပြပေးပါမယ်။ LPDDR2 နည်းပညာကို EMMC version 4.41 ကနေစတင်အသုံးပြုလာပါတယ်။ Data Bus Width ကလည်း 1 bit က Default ဖြစ်ပေမဲ့ Box နဲ့ EMMC Data သွင်းမယ့်သူတွေ 4 bit or 8 bit ကို စိတ်ကြိုက်လုပ်နိုင်ပါတယ်။ DATA STROBE လမ်းကြောင်းကို အရင်း version တွေမှာ single direction ပဲသွားနိုင်သလို့ Double-data rate architecture လိုခေါ်တဲ့ LPDDR2/3 နည်းပညာပိုင်းမှာတော့ bidirectional transfer ကို လမ်းကြောင်းထပ်တိုးပြီး ပြုလုပ်နိုင်အောင် upgrade ပြုလုပ်ထားပေးတော့။ Game ဆော့နေရင် Facebook ပြောင်းသုံးလည်း သင်တို့ဖုန်းတွေ စက်မဟန်းတော့တာပါ။ အရင် post မှာလည်းပြောခဲ့ပါတယ်။ EMMC ဆိုတာ EMMC Device Controller နဲ့ Memory နှစ်ပိုင်းပေါင်းထားပါတယ်။ အခု versionတွေမှာ တော့ EMMC ဆိုတာ EMMC Device Controller + Storage Memory (SDRAM) + LPDDR2 S4 ဆိုတဲ့ အပိုင်း (၃) ပိုင်းပါလာပေ့မယ်။ LPDDR2 နဲ့ stroage Memory ကို NAND Flash Memory မဖြစ် တစ်ခုတည်းသာ သတ်မှတ်ထားကြပါသေးတယ်။ ဒါပေ့မယ့် EMMC 32 GB မှာ LPDDR2 ရဲ့ space က 8Gb ပါတယ်။ ဒီ LPDDR2 8 GB က 32 GB ထဲပ ခွဲယူထားတာဟုတ်ဘူးနော်။ computer ရဲ့ Hard Disk 500 Gb မှာ RAM 2 GB နဲ့ မဆိုင်သလိုပေါ့ဗျာ။ ပြောချင်တာက EMMC 32 GB ဆိုတာ LPDDR2 width ရဲ့ 8 GB မပါပါဘူး။ အားလုံးတွက်ရင် 40 Gb ရှိတာပေါ့ဗျာ။
EMMC chip or EMMC IC တစ်လုံးတွင် EMMC device controller နှင့် NAND Flash Memory Array အခန်းနှစ်ခန်းပါရာ controller အတွက် ပေးသွင်းသော Supply Voltage ကို VDD (or) VCC အဖြစ်လည်းကောင်း၊ Memory ခန်းအတွက် ပေးသွင်းသော Supply Voltage ကို VDDF (or) VCCQ အဖြစ် schematic diagram များတွင်တွေ့နေပါဦးမည်။

ဆက်ဖော်ပြပါဦးမည်...........................

No comments:

Post a Comment