Friday, December 29, 2017

EMMC partition များအား လေ့လားခြင်း

MTK chip နှင့်တွဲဖက်အလုပ်လုပ်မည်ဖြစ်သော eMMC ခေါ် NAND flash memory ကို partition (၁၄) ပိုင်းဖွင့် ခွဲထွက်မောင်းနှင်းစေပါသည်။

NAND 14 Partition Layout


1 PRELOADER

2 DSP_BL


3 NVRAM


4 SECCFG


5 UBOOT


6 BOOTIMG


7 RECOVERY


8 SEC_RO


9 MISC


10 LOGO


11 EXPDB


12 ANDROID


13 CACHE


14 USRDATA
  စသည့်တိုဖြစ်ပါသည်။

1. PRELOADER
          PRELOADER partition အပိုင်းသည် emmc တွင်း ကျန်သော partition 13 ခုအတွင်းဝင်ရောက်နေရာယူမည် (download) Data များကို ချုပ်ကိုင်ပြီး CPU Hot controller နိုးထစေမည်၊ မနိုးထစေမည်ကို Kernal နှင့် Firmware Data တိုကို တိုက်ယူပြီး secure ဖြစ်မဖြစ် မှတ်တမ်းယူသည်။

2. DSP_BL
            DSP boot loader လို့ခေါ်ပါတယ်။ ကိုယ်ပိုင် OS အား USER များမှ ပြင်ဆင်ခွင့်မရှိအောင် security ပြုလုပ်ရမည့် apk နှင့် data များကို passcode ခတ်၍ထိန်းသိမ်းထားသော partition အပိုင်းဖြစ်သည်။ DSP boot loader ကို နားလည်းအောင်လေ့လာနိုင်လျှင် Stock Rom အား Custom Rom အဖြစ်ပြောင်းလဲနိုင်ခြင်း၊ Root ဖောက်နိုင်ခြင်း၊ System Application  (Call apk, Contact apk) စသည့်တိုကို ပြောင်းလဲထည့်သွင်းလာနိုင်မည်။ 

3. U-boot
               U-boot ကို Second loader image လို့လည်းခေါ်ပါတယ်။ တပ်ဆင်ချိတ်ဆက်ထားသော Hardware များသည် Linux Kernal version က လက်ခံနိုင်မည်မခံနိုင်မည်ကို တိုက်စစ်သောစေသော partition ဖြစ်သည်။

4. Boot
               Linux kernel image လို့ခေါ်တဲ့ Hardware နှင့် OS ချိတ်ဆက်အလုပ်လုပ်ရန်အလိုငှာ program data တစ်ခုပဲဖြစ်ပါသည်။

5. Recovery
               OS တစ်ခုလုံးကို backup, recovery, default, update ပြုလုပ်နိုင်သော program data တည်ရှိသော partition အပိုင်းဖြစ်ပါသည်။

6. Logo
           Boot-up logo image ခေါ် phone စဖွင့်ချင်းမြင့်ရမည့် Brand တံဆိပ်ပုံ တည်ရှိရာအပိုင်းဖြစ်သည်။ (samsung logo, Huawei logo, ViVo logo) စသည့်ဖြင့်...

7. NVRAM
                NVRAM partition သည် wireless devices တို့၏ မှတ်တမ်းများ တနည်းဆိုတော် network address များကို မှတ်တမ်းတင်သိမ်းစည်းပေးသောနေရာဖြစ်သည်။ ဥမာ wifi (MAC address), Phone Call (IMEI)

8. SECCFG & 9. SEC_RO
          HARDWARE, OS SYSTEM, USER APPLICATION တို သဘောတူညီမူရှိမရှိ security ကို လုပ်ဆောင်ပေးတယ်။ ဥပမာ - ၂၀၁၇ ထွက် facebook application များအား Android version 2.3.... တွင် လက်ခံမည်မဟုတ်ပါ။

10 MISC
           Suddenly Power Shut Down ဖြစ်ချိန်တွေင် OS system data များ Loss ဖြစ်ခြင်းမှကာကွယ်ပေးရန် recovery data များ ထည့်သွင်းသွင်းဆည်းရာ အပိုင်းဖြစ်တယ်။

11. Cache
          Internet ဆိုင်ရာ Cache နှင့် User Cache များမှတ်တမ်းတင်သိမ်းဆည်ရာ အပိုင်းဖြစ်သည်။ ဥပမာ- Internet Browser apk ကို clear cache လုပ်လိုက်လျှင် username နှင့် password များကို နောက်တစ်ကြိမ်ပြန်ထည့်ပေးရလိမ့်မည်။ Clash of Clan ဂိမ်းကို Clear cache ပြုလုပ်လိုက်လျှင့် Login ၀င်ထားသော အကောင့်မှတ်တမ်းများကို ပြန်ထည့်ပေးရလိမ့်မည်။ Contact application အား clean cache လျှင့် မှတ်ထားသော phone storage အတွင်းက မိတ်ဆွေများ၏ phone number များပြောက်ပျက်သွားပါလိမ်မည်။ တစ်ခါတစ်ရံ Camera Cache ပြည့်နေလျှင့် Camera Error တက်လာလိမ်မည့်။


12. EXPDB
hardware နှင့် software ပစ္စည်းများမည့်သို့အလုပ်နိုင်ကြောင်းကို  Linux Kernel အဖြစ် message ပြောင်းယူပြီး၊ CPU သို့တင်ပြရန် ထို message များအားသိမ်းဆည်းရာ အပိုင်းဖြစ်သည်။


13. ANDROID
          ANDROID or System patition အပိုင်းသည် Device တို ရှင်သန်နိုးထလာစေမည် အရေးကြီးဆိုးသော System Data များကို သိမ်းဆည်းပေးမည် အပိုင်းဖြစ်သည်။ firmware တစ်ခု Default or Factory Application များ တည်ရှိရာအပိုင်းဖြစ်သည်။

 14. USRDATA
                User တို ထပ်မံသိမ်းဆည်များ user's photo, user's video, user data များ သိမ်းစည်းနိုင်သော storage space အများဆုံးသော partition သည်။

နောက်ပိုင်းတွင် upgrade ပြုလုပ်လာသော အခြားသော partition ပိုင်းအကြောင်းများကိုလည်း ဆက်တင်ပြပါဦးမည်.....................................

No comments:

Post a Comment