Friday, December 29, 2017

EMMC သို့ ချည်းကပ်ခြင်း အပိုင်း (၁)

 Emmc ဆိုသည်မှာ code နှင့် data များကို သိုလှောင်ထားပြီး ထိုအရာများကို manage ပြုလုပ်နိုင်သော Memory တစ်ခုပဲဖြစ်ပါသည်။ EMMC ၏ code နှင့် data များစီးဆင်းရာလမ်းကြောင်းများစွာရှိသည့်အနက် advanced 11-signal bus ဟုခေါ်သော လမ်းကြောင်း (၁၁) သည်သည် ပင်မသွေးကြောလမ်းကြောင်းများဖြစ်သည်။ တစ်နည်း computer ပညာရှင်တို့သည် signal bus type ကို communication protocol ဟုသမုတ်ကြသည်။ စင်စစ်တွင်မူ EMMC သည် ကျွန်တော်တို့ photo, video, image များ သိမ်းသော USB stick (or) SD card တစ်ခုသာဖြစ်သည်။ သိုသော EMMC တွင် cpu ပေါင်းထည့်ထားသည်။ သို့သော ထို cpu ကို Device Controller ဟုသာ ခေါ်တွင်စေပြီး၊ ပြင်ပ main CPU ကို တန်ဖိုးထိန်းသိမ်းထားဟန်တူပါသည်။ ထိုကြောင့် EMMC IC တစ်ခုတွင် Device Controller စက်ခန်းနှင့် Memory ခန်းဟူ၍ အခန်း (၂) ပါသည်ကို သိရှိစေလိုပါသည်။ EMMC သည် active ဖြစ်ရန်အလို့ငှာ Supply Voltage အား လိုအပ်သည်။




               EMMC သည်  အထက်တွင် ဖေါ်ပြထားသည်အတိုင်း အခန်း (၂) ခန်းရှိရာ၊ အခန်းတစ်ခန်းစီအတွက် Supply Volate တစ်ခုစီလိုအပ်ပါမည်။ Emmc Device Controller စက်ခန်းအတွက် Communication Voltage လိုခေါ်ပြီး၊ Vccq အဖြစ် စံသတ်မှတ်ပြီး၊ Emmc Memory သိုလှောင်ခန်းအတွက် Memory Access Voltage လို့ခေါ်ပြီး၊ Vcc အဖြစ်စံသတ်မှတ်ပါသည်။ Vccq အတွက် လိုအပ်သော Supply Voltage သည် 2.7 V မှ 3.6 V အတွင်းတစ်ခုခုဖြစ်နိုင်ပါသည်။ Vcc အတွက် Supply Voltage သည်လည်း 2.7 V မှ 3.6 V အတွင်းတစ်ခုခုဖြစ်နိုင်ပါသည်။ အချို့သော EMMC များကို Vccq အတွက် Supply Voltage လမ်းကြောင်းနှစ်ကြောင်းပေးကြသည်ကများသည်။ ထိုသို့သော EMMC ကို Dual Voltage EMMC လို့ခေါ်ပါသည်။ သိုပါသောကြောင့် Vccq အတွက် Dual Voltage သည် 1.1 V မှ 1.3 V (or) 1.7 V မှ 1.95 V (or) 2.7 V မှ 3.6 V တို့မှ supply voltage (၂) မျိုးဖြစ်နေမည်။ Momory ခန်းအတွက်မူ 1.7 V မှ 1.95 V (or) 2.7 V မှ 3.6 V တို့မှဖြစ်နေပါမည်။ Power Management IC နားရှိ Capacitor နှင့် Coil များထိပ်တွင် ထို့ Voltage များထွက်နေလျှင် ထိုလမ်းကြောင်းများသည် ဘယ်သို့သွားမည်ကို သဘောပါလိမ့်မည်။


               EMMC Device သည် Data များ သယ်ယူပိုဆောင်ရာတွင် အထက်တွင်ဖော်ပြပါ။ communication signal bus လမ်းကြောင်း (၁၁) ကိုသာ အသုံးပြုသည်။ ၎င်း တို့မှာ။

  1. CLK
  2. Data Strobe
  3. CMD
  4. DAT0
  5. DAT1
  6. DAT2
  7. DAT3
  8. DAT4
  9. DAT5
  10. DAT6
  11. DAT7    စသည်တို့သာဖြစ်သည်။
 CLK
          CLK သည် Clock Siglan Bus လမ်းကြောင်းလို့ခေါ်ပါသည်။ CLK သည် Data များကို Main CUP နှင့် EMMC device ကြားတွင် အသွားအပြန်လုပ်နိုင်သောကြောင် bidirected Bud လမ်းကြောင်းဖြစ်သည်။ CLK လမ်းကြောင်းပေါ်တွင် သယ်ဆောင်နိုင်သော Data width သည် 1 bit or 2 bit အတွင်းဖြစ်နိုင်ပြီး၊ Frequency သည် sleep mode ဖြစ်နေချိန်တွင် 0 MHz မှ Active or boot mode ချိန်တွင် 1 to 200 MHz (ကွဲပြားနိုင်) ဖြစ်နိုင်သည်။ 1 bit data width သည် Default ဖြစ်သည်။

Data Strobe
               Data Strobe Signal Bus လမ်းကြောင်းသည် EMMC မှ main CPU သို့ တစ်ဘက်တည်းသာစီးဆင်းသည်။ Data Strobe လမ်းကြောင်းပေါ်တွင် data transfer speed သည် တစ်စက္ကအကန့်အတွင်း 400Mb အထိပို့ဆောင်ပေးနိုင်သည်။ ထို speed ကို HS400 mode ဟုခေါ်ပါသည်။ Data Strobe လမ်းကြောင်းသည် သယ်ဆောင်နိုင်သော Data Width သည် 2 bit ဖြစ်၍ ထို 2 bit တွင် 1 bit သည် positive signal ခေါ် positive edge ဖြစ်ပြီး ကျန်သော 1 bit သည် negative edge ဖြစ်သည်။ သို့သော Main CPU သည် negative signal edge ကို လျစ်လျှူရှုသွားမည်ဖြစ်သည်။

 CMD
           CMD signal Bus လမ်းကြောင်းသည် အသွားအပြန်ရှိသော bidirectional command လမ်းကြောင်းဖြစ်ပြီး EMMC Device ကို initialization (အသက်ဝင်စေခြင်း) နှင့် command များ transfer လုပ်ရာတွင် အသုံးပြုသည်။ command ဆိုသည်မှာ လိုအပ်ချက်၊ ပေးသွင်းခြင်း ဟု အဆောင်ဆောင်သည်။ ထိုကြောင့် Main CPU သည်လည်း EMMC ကို command လုပ်နိုင်ပြီး၊ EMMC သည်လည်း အခြား IC များသို command လုပ်နိုင်ပါသည်။

DAT0-DAT7
             DAT0 မှ DAT7 အထိသော Data Transfer Bus လမ်းကြောင်း (၈) ကြောင်းသည် bidirectional data bus ဖြစ်သည်။ EMMC နှင့် Main CPU တို့ data အပေးအယူလုပ်နေချိန်ကို pull-put mode ချိန်လို့ခေါ်ပါသည်။ ၎င်း emmc နှင့် cpu တို့သည် တစ်ခု pull လျင် ကျန်တစ်ခုက put ဖြစ်ရမည်။ Device တစ်ခုတည်းတွင် pull-put မလုပ်နိုင်ပါ။ EMMC သည် ပထမဆုံး Active ဖြစ်ချိန်တွင် DAT0 လမ်းကြောင်းတစ်ကြောင်းတည်းသည် Data ကို transfer လုပ်ပါသည်။ နောက်ပိုင်းဆို Main CPU ၏လိုအပ်ချက်အရ DAT0-DAT3 (လမ်း ၄ ကြောင်း) အုပ်စုဖြင့်လည်းကောင်း လမ်းကြောင်းစုံဖြင့်လည်းကောင်း ခုတ်မောင်းစေပါသည်။ Phone တစ်လုး ဖွင့်သည်ကို power on သည်ဟုခေါ်ဆိုသော်လည်း IC တစ်လုံး ဖွင့်သည့် Active ဖြစ်စေသည်ကို reset သည်ဟုခေါ်သည်။ ဤသင်ခန်းစာခန်းတွင် Host ကို Main CPU or Other IC လိုမှတ်သားစေချင်ပါသည်။

ဆက်လက်ဖော်ပြပါဦးမည်.......................
             

No comments:

Post a Comment