Sunday, November 22, 2015

Huawei Phone များကို Computer နဲ့ Firmware တင်နည်း

Huawei   firmware တင်နည်းပါ၊အသုံးပြုရမည် software ကတော့ Huawei Multidownloader software ပါ ၊အရင်းဆုံ software ကို ဒီနေရာမှာ ကလစ်နှိပ်ပြီး ဒေါင်းလိုက်ပါ ။
ပြီးသွားရင် rar file ကို ဖြည်လိုက်ပါ ၊
ထွက်လာတဲ့ folder ကို my computer ထဲက  ( C:) ထဲး copy ကူးထည်ပါ၊
 
အသုံးပြုနည်း
၁. Huawei Multidownloader folder ကို ဖွင်.လိုက်ပါ၊
၂. Huawei Multidownloader  file ကို run လိုက်ပါ၊

 ၃. password က (Huawei)ပါ H က အကြီးနဲ.ရေးပါ၊

 ၄. Please Choose The Configuration file မှာ Huawei Multidownloader folder ထဲး
smartphone ပါတဲ. စာကြောင်းကို ရွေးပေးပါ၊



၅. firmware  ဆိုတဲ.နေရာမှာ ကိုတင်မယ် firmware folder ထဲးက
 dload folder ထဲးက update.app file ကို ရွေးပေးပါ ၊

 ၆. update.app file မပေါ်ရင် အောက်က file  of type  မှာ  ရွေးပေးလိုက်ပါ၊ app file(.app) ကို

၇. ပြီးသွားရင် ကို firmware တင်မယ့် phone ကို power ပိတ်၊ဓါတ်ခဲးဖြုတ် ၅ စက္ကန်. ကြာအောင်ထား
    ပြီး ဓါတ်ခဲးပြန်တတ် ၊ပြီးရင် Vol Up+Down ရယ် power key ရယ်ကို တွဲးဖိထားပါ ၊ပန်းရောင်   
     screen ပေါ်လာလိမ်.မယ်၊  
 ၈.ပြီးသွားရင် computer နဲ. phone နဲ. ကြိုထိုးပြီး Computer မှာ next လုပ်ပါ၊

 ၉.ပြီးရင် Scan && Download ကို နှိပ်ပါ၊

 ၁၀.firmware download လုပ်နေပါလိမ်.မယ် ၊

 ၁၁. 100% ပြည်သွားရင် Computer မှာ Download Success ပြနေပြီး၊phone မှာ ပန်းရောင်
       screen ပေါ်မှာ ok ပြနေပါလိမ်မယ်၊


   ၊Huawei phone တွေရဲ. ၂၀ % လောက်ကပေါ့  SD Card နဲ.တင်ပေးရတယ်
အများစုကတော့ Computer နဲ.တင်ပေးရပါတယ်၊

Credit > Original Author

အဆင်ပြေပါစေ

Android Application APK မှ Source Code ထုတ်ယူခြင်း

 Android apk ဖိုင်ကနေ Source Codeထုတ်ပုံထုတ်နည်းလေးပြောပြမယ်။ ကျွန်တော့်လို  androidကို စတင်လေ့လာသူတွေဟာ လေ့လာသူတို့ ထုံးစံအတိုင်း သူများဘယ်လို ရေးသလဲ သိချင်ကြတာပေါ့။ androidမှာ xmlနဲ့ ဖန်တီးတဲ့ Layout ပိုင်းက မခက်ပေမဲ့ Java Codingရေးရတဲ့အခါ အခက်တွေ့လေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် သူများရဲ့ ရေးသားနည်းကို လေ့လာချင်လို့ siteပေါင်းများစွာ ရှာဖွေပြီး ရလာတဲ့နည်းလေးဖြစ်ပါတယ်။ 

Apkဆိုတာ တကယ်တော့ Android Package ဖြစ်ပါတယ်။ .apk ဖိုင် extensionဟာ .zipဖိုင် formatဖြစ်ပြီး jar file formatအပေါ်မှာ အခြေခံထားတာပါ။ apkဖိုင်ထဲမှာ ဘာတွေပါမလဲဆိုတော့ .dex files, resources, assests, certificates နှင့် Manifest ဖိုင်တို့ ပါဝင်တယ်။
အဲတော့ ကျွန်တော်တို့က Java sourceဖိုင်တွေကို ဘယ်လိုရယူမလဲ။ လွယ်လွယ်လေးပါ။ 

Step 1: .apk ဖိုင် extensionကို .zipဆိုပြီး zipဖိုင် ပြောင်းလိုက်ပါ။ ပြီးရင် zipကို ဖြည်ထားပါ။ အဲမှာ classes.dexဆိုတာလေးကို တွေ့ပါလိမ့်မယ်။ အဲဟာ ကျွန်တော်တို့ လိုချင်နေတဲ့ Source Codeပါ။
Step 2: dex2jarဆိုတာလေးကို ဒီlinkကနေ downloadဆွဲလိုက်ပါ။ zipဖြည်ထားပါ။ ပြီးရင် ဒီ dex2jarထဲကို ခုနက apkကို zipဖြည်ထားတဲ့ထဲက classes.dex
Step 3: ပြီးရင် cmdကို ဖွင့်လိုက်ပါ။ dex2jarရှိတဲ့ locationကို cd commandနဲ့သွားပါ။ dex2jar folderကို ရောက်နေပြီဆိုရင်တော့ ဒီ commandကို ရိုက်ပါ။ dex2jar classes.dex လို့ ရိုက်လိုက်ရင် အဲ့ dex2jar folderထဲမှာ classes_dex2jar.jar ဆိုတဲ့ .jar fileလေးရပါလိမ့်မယ်။ 
Step 4: ဒီအဆင့်မှာ .jar ဖိုင်ကို Java decompilerနဲ့ java source codeထုတ်ယူပါ့မယ်။ အရင်ဆုံး java decompilerကို downloadဆွဲပါ။
Step 5: ရလာတဲ့ ဖိုင်ကို zipဖြည်ပြီး jd-gui.exeဖိုင်ကို runလိုက်ပါ။ jd-gui.exeရဲ့ window file menuကနေ classes_dex2jar.jarကို browseလုပ်ပေးလိုက်ပါ။
Step 6: နောက် file menuကနေ "save all sources"ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် java source codeတွေ အားလုံးပါဝင်တဲ့ classes_dex2jar.src.zipဆိုတဲ့ zipဖိုင်လေး ရပါမယ်။ zipကို ဖြည်ကြည့်လိုက်ရင် ကျွန်တော်တို့ လိုချင်တဲ့ .javaဖိုင်တွေ ရပြီပေါ့။


XML fileကို apkကနေ extractလုပ်မယ်
 ခုဒီမှာ ပေးထားတဲ့ XML Edit ဆိုတဲ့ folderကို downloadဆွဲပြီး zipဖြည်လိုက်ပါ။ ပြီးရင် ကိုယ် extractလုပ်ချင်တဲ့ apkကို အဲ့ folder ထဲ pasteလုပ်လိုက်ပါ။ ပြီးရင် cmdကို ခေါ်ပြီး folderရှိတဲ့ locationကို cd commandနဲ့ သွားပါ။ နောက် "apktool if framework-res.apk" လို့ command ရိုက်လိုက်ပါ။ အဲ့ဒါဆိုရင် "framework installed to......."ဆိုပြီး ပေါ်လာပါလိမ့်မယ်။ နောက်တဆင့်အနေနဲ့ "apktool filename.apk" ဆိုပြီး ကိုယ်extractလုပ်ချင်တဲ့ file nameနဲ့ commandရိုက်ပေးပါ။ လက်ရှိရောက်နေတဲ့ folderထဲမှာပဲ apk nameနဲ့ xml fileတွေပါတဲ့ folder ပေါ်လာပါလိမ့်မယ်။

Huawei Update.appကိုခွဲထုတ်နည်းအပြည့်အစုံနှင့် U9200, U9500 အစရှိတဲ့ဖုန်းတွေကို firmware တင်နည်း

U9200 Ascend P1 တွေ U9500 တွေက firmware ကို Build no ကိုက်ပဲ အတက်အဆင်း လုပ်မရတာများပါတယ်။

ကဲဒီတော့ ကျွန်တော်တို့ အဲ့ကောင်တွေကို အတက်အဆင်းလုပ်ကြည့်ရအောင်ဗျာနော် :)
အဆင့်တွေတော့များတယ်ဗျာ နည်းနည်းလေး သေသေချာချာလိုက်လုပ်လိုက်ရင် တင်လို့ရပါပီ။
ပထမဆုံးလိုအပ်တာကတော့ build prop လေးပါ အဲ့ကောင်လေးအရင်ခွဲပြမယ်နော်။
ပထမဆုံးလိုအပ်တဲ့ software လေး Active Perl လေးကိုဒေါင်း လိုက်ပါ မိမိ computer version အလိုက်
ပီးရင် အဲ့ကောင်လေးကို computer မှာ run ထားလိုက်ပါ။
 
နောက်ထပ်ဒီ zip folder လေးကိုထပ်ဒေါင်းပေးပါ။
ရလာတဲ့ folder လေးကို zip ဖြည်လိုက်ပါ။ အထဲမှာ ဖိုင်လေး သုံးခုပါပါတယ်
split update.pl ရယ် Huawei Finder ရယ် EXT4 unpacker ရယ်ဆိုပီး ပါပါတယ်။
ကဲစပီ firmware စတင်ကြမယ် ။
မိမိတင်ချင်တဲ့ firmware ထဲမှာပါတဲ့ update.app လေးကို အပေါ်က zip ဖြည်ထားတဲ့ folder လေးထဲမှာ သွားထည့်လိုက်ပါ။


ပီးရင် split updata.pl လေး ကို double click နဲ့ run လိုက်ပါ
split update.pl လေး run လို့ ပီးရင် cmd box ပျောက်သွားမှာပါ။ folder တစ်ခုအနေနဲ့ output folder လေးတိုးလာတာလည်းမြင်တွေ့ရမှာပါ။


အဲ့ကောင်ပီးရင် အဲ့ထဲမှာပါတဲ့ Huawei Finder လေးကိုထပ် run လိုက်ပါဦး။


ခုနက output folder မှာ ဖိုင်တွေက .bin တွေမရှိတော့ပဲနဲ့ img တွေချည်းပဲကျန်ခဲ့တာ မြင်တွေ့ရပါလိမ့်မယ်။


ပီးရင် EXT4 unpacker ကို run လိုက်ပါ။


ဖိုဒါပုံလေးကိုနှိပ်ပါ။ ပီးရင် system.img ကိုရွေးပေးပါ ခုနက output folder ကနေ


ရွေးလိုက်ရင် အောက်ကပုံအတိုင်းမြင်တွေ့ရပါမယ်။
ပုံမှာပြထားတဲ့အတိုင်းအားလုံးကို select မှတ်ပီး Extract လုပ်လိုက်ပါ။ပီးရင် သူက extract လုပ်မဲ့ လမ်းကြောင်းရွှေးခိုင်းပါလိမ့်မယ်။ ရွေးပေးလိုက်ပါ။


ကဲ ဒါဆိုရင်တော့ update.app ကနေ build prop ခွဲထုတ်ချင်းပီးပါပီ ။
ပီးရင် build prop ကို AIO Flasher သုံးပီး Flash ပါမယ်
လိုအပ်တဲ့ AIO Flasher လေးကို ဒီလင့်မှာဒေါင်းလိုက်ပါ ။
Build prop editor ထဲဝင်လိုက်ပါ။
အပေါ်ပုံမှာ import တွေ့မှာပါ ( ပုံက တွေ့တာတင်ထားလို့ပါ) သူဘေးနားက from device နေရာမှာ
from local ကိုရွေးပေးပါ လမ်းကြောင်းရွေးခိုင်းပါလိမ့်မယ် ။ ခုနက update.app ကနေခွဲထုတ်တုန်းက ရလာတဲ့ build prop ကို ညွှန်းပေးလိုက်ပါ။
ပီးရင် open in editor တက်ချက်နှိပ်ပါ။ Save Changes တစ်ချက်နှိပ်ပါ။ ပီးရင်ဖုန်းကို ADB mode ,
ကြိုက်နှစ်သက်ရာ normal mode , fastboot mode , cwm mode အဓိကက ADB သိနေဖို့ပါ
သီပီဆိုရင် flash to Device ကိုနှိပ်လိုက်ပါ ။ flashing flashed Successfully! Reboot to see changes ဆိုတာမြင်ရပါလိမ့်မယ်။ အဲ့လိုမြင်ရပီဆိုရင် Reboot Devices ကို တစ်ချက်နှိပ်ပေးပါ။ ဖုန်းက reboot ကျသွားပါလိမ့်မယ် flashing လုပ်တဲ့ကြာချိန်က second ပိုင်လောက်ပါပဲ ။တစ်ချို့ flashing နဲ့ရပ်နေတတ်ပါတယ်။ အဲ့တာဆိုရင်တော့ driver တွေ ပြန်စစ် ကြိုးတွေ slot တွေပြန်စစ်ပါ။
ကဲအဆုံးသတ်ရအောင် အားလုံးပီးရင်တော့ မိမိ ဆင်းချင် တတ်ချင်တဲ့ firmware ကို အလွယ် တစ်ကူ ဆင်း အလွယ် တစ်ကူ တတ်လို့ရပါပီ ခင်ဗျာ
(အယ်မေ့လို့ recovery တွေကတော့ stock ဖြစ်နေမှရမယ်နော်) အပေါ်မှာ ခွဲထုတ်ကတည်းက recovery.img ဆိုတဲ့ stock img ကြီးပါပီးသားပဲ fastboot ကနေ flash လိုက်ပေါ့ ဟုတ်ဘူးလား

Huawei phone - CMD မှ Firmware တင်နည်း

Verification Fail ဆိုတာမမြင်စေရပါဘူး ...Acend P1 ကို CMD မှ Firmware
တင်နည်း ... P1 မှမဟုတ်ဘူးနော် တချား Huawei တွေမှာလဲရတယ် ... P1 မှမဟုတ်ဘူးနော် တချား Huawei တွေမှာလဲရတယ်
Acend P1 ကို Build.prop ခွဲပြီး Firmware မတင်ချင်သူများအတွက်နောက်တနည်းပါ ...
ကို Hein Maung တင်ပြထားတဲ့ Build.prop ခွဲနည်းမှ......
Huawei Finder ဖြင့် System.img / Boot.img / Recovery.img တို့ကိုရှာသည့်အဆင့်ထိသွားပါ ...
Link ကတော့ - http://www.myanmarmobileapp.com/2013/08/11/huawei-phone-update-app-ကိုခွဲထုတ်နည်း-အပြည်/
ဒါလေးပြီးသွားရင် .......................
ကိုသစ်ဆန်းခန့်တင်ထားတဲ့ Andriod Tool လေးကို Down ပါ ...
Password က thitsankhant ပါ
Link ကတော့ - adb_fastboot_and_other_tools.zip
ကဲ အားလုံးပြီးရင်တော့စမယ်ဗျာ ... System File ကိုခွဲထားတဲ့ Output Folder ထဲမှာ System.img,Boot.img,Recovery.img ဆိုပြီး File (3)
ခု တွေ့လိုက်မယ် ....................
ကျန်တာက Unknown.img ဆိုပြီးရှိလိုက်မယ် အဲ့ Unknown.img ဆိုတဲ့ Fil e တွေထဲကဆိုဒ်အကြီးဆုံး File
ကို Userdata.img
ဆိုပြီးနာမည် ပြောင်းပါ ... ပြီးတော့ လို၇မယ်ရ Dload Folder ကိုပါ SD ကတ်ထဲထဲ့ထားပါ ...
ပြီးရင်ဖုန်းကို USB Debugging နဲ့ Unsource ကို On ပါ ... ကွန်ပြူတာနဲ့ချိတ်ပါ ... စောစောက Output Folder ထဲက System,Boot,Recovery
အားလုံးကို Ctrl+A ဖြင့် Select ပြီး Andriod Tool Folder ထဲကူးထဲ့ပါ ...
ပြီးရင် Andriod Tool Folder ထဲမှာ Shift+R-Click ပြီး Open Command Window In Here ဆိုတာကို ရွေးပေးပါ ... (Andriod Tool Folder ထဲက
လွတ်နေတဲ့ နေရာကိုထောက်ပြီး ကလစ်ရမှာပါ..)
Command Prompt တက်လာပါလိမ့်မယ် ...

1 - adb reboot bootloader လို့ရိုက်ပါ ... Phone က Fastboot ကို Auto ၀င်သွားပါ လိမ့်မယ် ...
2 - fastboot flash recovery recovery.img လို့ရိုက်ပါ .. Recovery သွင်းတာမြင်ရ ပါလိမ့်မယ် ...
3 - fastboot flash boot boot.img လို့ရိုက်ပါ ... Boot ကို Flash တာမြင်ရပါတယ် ...
4 - fastboot flash system system.img လို့ရိုက်ပါ System ကိုသွင်းပါလိမ့်မယ်.System သွင်းတာ နဲနဲ ကြာတယ် ... စောင့်ပေးပါ ...
5 - fastboot flash userdata userdata.img လို့ရိုက်ပါ ... Userdata သွင်းပါလိမ့်မယ် ...

ကဲပြီးပြီဆိုရင် CMD မှာပဲ fastboot reboot လို့ရိုက်ပါ ... Enter ခေါက်ပြီးတာနဲ့ ဖုန်းရဲ့ Volume Up ကိုဖိထားပေးပါ ... Recovery
ကိုဝင်သွားပါလိမ့်မယ် ... Wipe Cache Restart & Wipe Data Factory Restart နှစ်ခုလုံးလုပ်ပေးပါ ...
ပြီးရင် Reboot System Now ကိုရွေးပေးပါ ...
ကဲ ဗျာ..... သူငယ်ချင်းတို့ P1 လေး Firmware အသစ်လေးမြင်ရပါပြီ ...
တကယ်လို့ Boot Loop ဖြစ်တာတို့ Boot မှာရပ်နေတာတို့ဆိုရင် စောစောက SD Card ထဲထဲ့ထားတဲ့ Dload ကို Power + Volume up + Volume
Down နှိပ်ပြီး ပြန် Flash ပါ ... လုံးဝရပါတယ် ရဲရဲ ကြီးအာမခံတယ် ... Verification Fail ဆိုတာမမြင်စေရပါဘူး

Xiaomi Redmi Note & Note 4G ဖုန်းများကို အလွယ်တကူ Root လုပ် နိုင်ပါပြီ Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Xiaomi Redmi Note & Note 4G ဖုန်းများကို အလွယ်တကူ Root လုပ် နိုင်ပါပြီ



မင်္ဂလာပါ
အမေးများ လာတဲ့ Xiaomi Redmi Note & Note 4G ဖုန်း များကို Root လုပ်နည်းကို အားလုံး အတွက် ပြန်လည် မျှဝေ လိုက်ပါတယ်။

အခု ကျနော် ရှင်းပြပေး သွားမယ့် နည်းလမ်း များသည် ဒီ Xiaomi Redmi Note & Note 4G ဖုန်းများကို Root လုပ်နည်းနဲ့ Root Access ရရှိ နိုင်တဲ့ Root Tool များနဲ့ နည်းလမ်း ပေါင်းစုံကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

စကား မစပ် ဒီ Xiaomi Redmi ဆိုင်ရာ ဖုန်းကို Root လုပ် တော့မယ် ဆိုရင်တော့ Firmware တင်နည်း ကိုပါ မသိ ထားလို့ မဖြစ် ဘူးနော် တော်ကြာ Root လုပ်တာ တော့ အဆင်ပြေတယ် မပြေတဲ့ အခါကျ တွပ်ပီ ကံမကောင်းပဲ ဘာလုပ် ရမှန်း မသိ ဖြစ်နေ ရင်တော့ အဟ... မပူပါနဲ့ ဟိုအရင် ကျနော် တင်ပေး ထားဖူး ပါတယ်။

အောက်ကလင့်မှာ ၀င်လေ့လာ ကြည့်လိုက်ပါ။
အသွင် သစ်နဲ့ သိပ်လန်း ချင်တယ် ဆိုတဲ့ ညီအကိုများ အတွက် Official MIUI ROM တင်နည်း

မိမိ ဖုန်းကို Root လုပ်ခြင်း ကိစ္စ မစ မှီတော့ မိမိ ဖုန်းရဲ့ Data များ အားလုံးကို Backup လုပ်ထား သင့်ပါတယ်။

ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော် ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူတာ ကနေ လုပ်ယူနည်း များကို အသေးစိပ် ရှင်းပြပေး ခဲ့ပါပြီ။

ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး Backup အလွယ် တကူ လုပ်ယူ နည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။

Android ဖုန်းမှာ System တစ်ခု လုံးကို Backup and Restore အလွယ်တကူ လုပ်ယူနည်း

ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူတာ ကနေ Backup Tool များကို အသုံးပြု ပြီး အလွယ် တကူ Backup လုပ်ယူနည်း ကိုတော့ အောက်က လင့်မှာ လေ့ လာ ကြည့်လိုက်ပါ။

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန် အကောင်းဆုံး ဆော့ဝဲ များနဲ့ အသုံးပြုနည်း

Backup လုပ်နည်း Restore လုပ်နည်းကို နားလည် ပြီးရင်တော့ Xiaomi Redmi Note & Note 4G ဖုန်း များကို အလွယ် တကူ Root လုပ်နည်းကို အောက်မှာ ဆက်လေ့လာ ကြည့်ပါ။

Framaroot-1.9.3.apk Method ဖြင့် Root လုပ်နည်း



ကျနော် Google တစ်ခွင် ပတ်ရှာ ကြည့်တော့ ဒီ Xiaomi Redmi Note & Note 4G ဖုန်း များကို ကွန်ပျူတာမလိုပဲ Root Access အလွယ် တကူ ရရှိနိုင်တဲ့ Root Apk လေးကို တွေ့ပါတယ်။

အဲဒါ ကတော့ လူတိုင်း သိပြီး ဖြစ်တဲ့ Framaroot Apk လေးပါ။ ဒီ Apk မှာတောင်မှ ဗားရှင်း Framaroot-1.9.3.apk နဲ့မှ အဆင်ပြေ ပါတယ်။
ဒါပေမယ့် အခု နောက်ပိုင်း ထွက်ရှိ ထားတဲ့ Update ဗားရှင်း တွေလည်း အဆင်ပြေ လောက်မှာပါ။

ဒီ Xiaomi Redmi Note & Note 4G ဖုန်း များကို ဒီ Framaroot Apk လေးနဲ့ Root Access ရရှိ နိုင်တယ် ဆိုရင်တော့ ဒီ Apk လေးနဲ့ Root လုပ်နည်း ကိုတော့ အောက်ကလင့်မှာ ပုံလေးတွေနဲ့ တကွ ရှင်းပြ ထားပါတယ် လေ့လာ ကြည့်လိုက်ပါ။


Framaroot-1.9.3.apk

တစ်ခြားသော One Click Root Apk ဖြစ်တဲ့ Towelroot apk နဲ့ Root လုပ်နည်း ကိုတော့ အောက်က လင့်မှာ လေ့လာ ကြည့် လိုက်ပါ။

မည်သည့် ဖုန်းကို မဆို 4.2.2 အထက် ဖုန်း အားလုံးကို One Click နဲ့ Root အလွယ်တကူ လုပ်နည်း


Root Genius Method ဖြင့် Root လုပ်နည်း



ဒီတစ်ခါ Xiaomi Redmi Note & Note 4G ဖုန်း များကို Root Genius Tool ဖြင့် One Click နဲ့ တင် Root Access ရရှိနိုင် ပါတယ်။

ဒီ Root Tool လေးကို အသုံးပြု မယ် ဆိုရင်တော့ Root လုပ်မရ ဖြစ်နေတဲ့ တော်တော် များများ Phone or tablet များကို တစ်ချက် တည်း နှိပ်ရုံနဲ့
Root လုပ်ပေးနိုင်တဲ့ One Click Root tool ဖြစ်ပါတယ်။

Root Genius tool ဖြင့် Root အလွယ် လုပ်နည်း ကိုတော့ အောက်က လင့်မှာ ၀င်လေ့လာ ကြည့်လိုက်ပါ။

Phone or tablet များကို တစ်ချက်တည်း နှိပ်ရုံနဲ့ Root လုပ်ပေး နိုင်တဲ့ Root Genius Method

Updater app ကိုအသုံးပြု ပြီး Root လုပ်နည်း

ဒီ တစ်ခါတော့ Xiaomi Redmi ဖုန်းတွေမှာ တိုက်ရိုက် ပါလာတဲ့ Updater app ကို အသုံးပြု ပြီး Xiaomi Redmi Note & Note 4G ဖုန်း များကို
အလွယ် တကူ Root လုပ်နိုင် ပါတယ်။ အောက်မှာ ဆက်လေ့လာ ကြည့်လိုက်ပါ။

How to Root Xiaomi Redmi Note & Note 4G (Official)

1-) Download copy to external SD card
2-) Select updater app
3-) Select menu
4-) Select update package
5-) Select pathway to 'Rootonly_beta.zip'
6-) And install
7-) After reboot select security app
8-) Select permission app
9-) Check root tab
Well done you have root!!!

၁။ ပထမဆုံး RedMiNote_rootonly.zip ကို အောက်မှာ အရင် ဒေါင်းလော့ ရယူ လိုက်ပါ။

www.gizdev.com

၂။ ဒေါင်းလော့ ရလာတဲ့ Zip ဖိုက်ကို မိမိဖုန်း SD Card သို့ ကူးထည့် လိုက်ပါ။ ဘယ် Folder မှာမှ သွား မထည့်ပါနဲ့ ဒီ အတိုင်း ထည့် လိုက် ရုံပါ။

၃။ ဖုန်းမှာ ပါလာတဲ့ Updater app ကို ဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ Menu Button ကို နှိပ်ပါ၊ Select installation pack ဆိုတာကို နှိပ်ပါ။

Select installation pack ဆိုတာကို နှိပ်ပြီး တာနဲ့ စောနားက ဖုန်းရဲ့SD Card ထဲမှာ ထည့်ထား ခဲ့တဲ့ ‘Update.Zip’ OR RedMiNote_rootonly.zip ကို ရွေးပေး လိုက်ပါ။

အောက်ကပုံကို အသေအချာကြည့်ပါ။



၎။ Update ဆိုတာကို နှိပ်လိုက် ပြီးရင်တော့ Update Now သို့မဟုတ် Update to New version ကို နှိပ်ပေး လိုက်ပါ။ ပြီးရင် 2 Minutes လောက် စောင့် နေ ပေး လိုက်ပါ။

ဖုန်း ပြန်တက် လာရင်တော့ Security App ကို အသင့် ရောက်နေ ပါလိမ့်မယ်။ Verify လုပ်ရန်အတွက် Security App ကို ဖွင့် လိုက်ပါ။
ပြီးရင် Root Permission နေရာ မှာ Enable သို့မဟုတ် Turn on ပေး လိုက်ပါ။


အပေါ်က နည်းလမ်းတွေ အတိုင်း အားမရ သေးရင်တော့ Root လုပ်နည်း Video Tutorial လေးကို Youtube လင့်ကနေ တင်ပေး လိုက် ပါတယ် အောက်မှာ ကြည့်လိုက်ပါ။



အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

ခင်မင်လေးစားလျှက်

ဇူးနစ်(နည်းပညာ) www.zunite.org မှ ကူးယူ မျှဝေသည်။



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။


MI Devices Fastboot Firmware Flashing Guide !


ကဲ........ Xiaomi Devices တွေထဲကမှ " MI Phone " တွေက

အခုနောက်ပိုင်း လူကြိုက်များလာတာနဲ့ အမျှ အသုံးပြုသူတွေ ကလိတာပဲဖြစ်ဖြစ်


ကိုယ့်ဘာသာကို ပြုပြင်တာပဲဖြစ်ဖြစ် အခန့် မသင့်ရင် Firmware ပျက်တတ်ပါတယ်


အဲ့လိုပျက်လာတဲ့အခါမှာ တချို့ ဖုန်းတွေမှာတော့ Battery အရှင်ဖြစ်နေတော့ ကိစ္စမရှိပါဘူး


သူနဲ့ သက်ဆိုင်တဲ့ Rom.zip လေးတွေဒေါင်းပြီး SD Card ထဲထည့်ပြီး Recovery mode ကနေ


တင်ယုံပါပဲ Battery အသေဖုန်းတွေမှာ တိုင်ပတ်တာပါပဲ SD Card လည်း စိုက်မရ Zip ဖိုင်ကိုလည်း




ပေးမတင် ဒုက္ခရောက်ကြရော....... ကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့


အဲ့လို Battery အသေဖြစ်ပြီး Internal Storage ပဲပါတဲ့ဖုန်းတွေရေးနည်းလေးပါ


ကျွန်တော်လည်း သူ့ ဆိုက်မှာပြောတဲ့ အတိုင်းလိုက်လုပ်ကြည့်တာ အဆင်မပြေတော့


လိုက်ရှာ လိုက်လုပ်ရင်းနဲ့ တွေ့ ရှိလာတာပါ အားလုံးကို သိစေချင်လို့ ပြန်လည်


ဝေမျှပေးချင်လို့ ပါ :) :)


ကဲ..... အရင်ဆုံး ကိုယ့်ဖုန်းနဲ့ သက်ဆိုင်တဲ့ Fastboot Firmware လေးတွေကို


ဒီလင့်မှာသွားရောက်ကြည့်ရှု့ ဒေါင်းလိုက်ကြပါဗျာ..... >>>>> ( Link ) <<<<<


ပြီးရင် Fastboot ကနေရေးဖို့ အတွက် Tool လေးကို ဒီလင့်မှာဒေါင်းပါ


>>>> ( Fastboot Tool ) <<<< 


ပြီးရင် Flashing Tool ကိုသွင်းပါ ဒီလိုကောင်လေးကိုဖွင့်ပါ ...










ပြီးရင် ကိုယ်ဒေါင်းလာတဲ့ Example : cancro_images_KXDCNBH34.0_4.4_cn_e0a92a2a26.tar 



အဲ့ကောင်လေးကို ဖြည်ပါ ပြီးရင် အထဲမှာ ဖိုင်လေးတဖိုင်ရှိနေပါလိမ့်မယ် အဲ့ကောင်လေးကို


7zip နဲ့ သုံးပြီးထပ်ဖြည်ပေးပါ အဲ့ဒါဆို ဖိုင်တွေထပ်ထွက်လာပါလိမ့်မယ်


ပြီးရင် ခုနက ဖွင့်ထားတဲ့ MiFlash tool က Browse အောက်က Advance ထဲမှာ ရွေးပေးပါ ဒီလိုလေးပေါ့







အဲ့မှာ ထိပ်ဆုံးက flash all except storage.bat ဘေးက browse ထဲကနေ ခုနက ကျွန်တော်တို့ 


ဖြည်ထားတဲ့ 7zip နဲ့ ဖြည်ထားတဲ့ အထဲက flash all.bat ဖိုင်လေးကိုရွေးပြီး OK ကိုနှိပ်ပေးပါ


ပြီးရင် ဖုန်းကို Vol Down နဲ့  Power Button ကိုနှိပ်ပြီး Fastboot Mode ကိုဝင်ပါ ပြီးရင်


ကွန်ပြုတာမှာထိုးပေးပါ


အဲ့ဒါဆို ကွန်ပြုတာမှာ ဒီလိုလေးပေါ်လာပါလိမ့်မယ် မပေါ်ဘူးဆို Refresh ဆိုတာလေးနှိပ်ပေးလိုက်ပါ







ပြီးရင် Browse ဆိုတဲ့ ခလုပ်လေးနှိပ်ပြီး ကိုယ်ဖြည်ထားတဲ့ 7Zip နဲ့ ဖြည်ထားတဲ့ ဖိုဒါလေးရွေးပေးလိုက်ပါ


အဲ့ဒါဆို ကျွန်တော်ပြထားတဲ့အတိုင်းလေးပေါ်လာပါလိမ့်မယ် ပြီးရင်တော့ Flash ဆိုတာလေးနှိပ်လိုက်ပါ


ဒါဆို သူ့ ဟာသူ အကုန်လုံးလုပ်ဆောင်သွားပါလိမ့်မယ် ....အားလုံးပြီးဆုံးသွားရင်တော့


မိမိတို့ ဖုန်းလေးဟာ Fastboot Firmware Flashing ပြီးဆုံးသွားပါပြီ...


စာနည်းနည်းရှည်သွားတာတောင်းပန်ပါတယ် ကျွန်တော်နားလည်သလိုလေးရေးပေးထားပါတယ်


အမှားရင်တောင်းပန်ပါတယ်ဗျာ....... အားလုံးအဆင်ပြေကြပါစေဗျာ.

Coolpad 5200S ကို Firmware တင်နည်း

Coolpad 5200S ကို Firmware တင်နည်း

ဒီpost နဲ့ ပတ်သက်လို့ ကူညီပေးခဲ့တဲ့သူများကတော့
Ko Ko Than (Fb: https://www.facebook.com/kokothann) ပါ။
Y60-C1 တင်နည်းကို သူshare ပေး ပြောပြပေးတဲ့ အတွက် အခု 5200sမှာသူပေးတဲ့ ဖိုင်နဲ့
flash mode ၀င်လို့ရသွားတာပါ။ကျေးဇူးအထူးပါ ကိုကိုသန်း ခင်ဗျား။
ဖြစ်နိုင်ရင် ကူးယူဖေါ်ပြခြင်း မပြုပဲ မူရင်းဒီ post ရဲ့လင့်ကိုပဲ ညွှန်ပေးစေချင်ပါတယ်။
ဒုတိယ ကျေးဇူးတင်ရမှာတော့ ကိုမျိုးမြတ်သူ (Fb : https://www.facebook.com/ko.sai.712)ပါ။
သူကတော့ အရင်ဆုံး တစ်ခါတင်ပြီးစမ်းပေးထားတာပါ ။သူ့ကြောင့်လည်းဒီpost ကိုရေးဖြစ်တာပါ။
ကျတော် ကတော့ ဘယ် Driver ကြောင့် အဆင်ပြေတယ် ဆိုတာရယ် သိအောင် အဖြေရှာပေးပါတယ်။
windown 8 pro 32 bit မှာ စမ်းသပ်ပြီးဖြစ်ပါတယ်။
အရင်ဆုံး ဒီဖိုင် ကို ဒေါင်းပြီး ဖြည်ချပြီးနောက် setup.exe ကိုနှိပ်ပြီး Driver သွင်းပေးထားပါ။
ပြီးရင် ဒီဖိုင်ကို ဒေါင်းပြီး  နောက် ဖြည်လို့ ရလာတဲ့ ဖိုင်နှစ်ဖိုင်ကို sdcardရဲ့ root(ဂေါင်နေရာ) မှာ  ကူးထည့်ပြီးနောက် sdcard ကိုဖုန်းမှာ ထည့်ပြီး
ဖုန်းကို ပါဝါ ဖွင့်လိုက်ပါ။  vibrate တစ်ချက်သာတုန်ပြီး ဘာမှ မပေါ်ပဲ အမည်းရောင် screen သာ ဖြစ်နေပါမယ်
အဲဒါfirmware တင်လို့ရမယ့်  flash mode ပါ။ ကြိုးထိုးပြီး ချိတ်ဆက်ထားလိုက်ပါ။
ပြီးရင် ပထမဆုံးပုံမှာ ပြထားတဲ့ အတိုင်း device manager မှာ ပေါ်နေရင်driver သိသွားပါပြီ။
ဒုတိယပုံမှာ ပြထားတဲ့ အတိုင်း Selet ကနေ firmware folder ကိုရွေးပေးပါ... နောက် Unlock ကိုနှိပ်ပါ။ Yes နှိပ်ပါ။
တတိယပုံမှာ ပြထားတဲ့အတိုင်း Download ကို နှိပ်ပြီးတဲ့နောက် စာတန်းတွေ စပေါ်လာပြီဆို firmware တင်နေပါပြီ။ ကြိုးဆွဲ မဖြုတ်ပါနဲ့
နောက်ဆုံပုံမှာပြထားတဲ့ အတိုင်းပေါ်လာပြီးဆိုရင်တော့ ဖုန်းကို ဓါတ်ခဲဖြုတ် sdcardဖြုတ်(ဒါမှမဟုတ် sdcardထဲကိုကူးထည့်ခဲ့တဲ့ ဖိုင်ကိုဖျက်ပြီး)
ပါဝါ စဖွင့်လိုက်ပါ။ firmware တင်လို့ပြီးပါပြီ။
တင်လို့ အဆင်မပြေရင် ဒီpost comment မှာ မေးထားနိုင်သလို

အသုံးချ ADB Command များ

adb devices
ချိတ်ဆက်ထားမှု ရှိ/မရှိ စစ်ဆေးတာပါ
adb reboot
လာချိတ်ဆက်ထားတဲ့ adb device တစ်ခုကို reboot လုပ်ပေးပါတယ်
adb kill-server
task Manager running ဖြစ်နေတဲ့ adb.exe အစရှိတာတွေကို Kill လုပ်ပေးတာပါ
adb start-server
adb.exe ကို စ Run နိုင်အောင် ခေါ်ပေးလိုက်တာပါ
adb wait-for-device
တစ်ချို့Script (xxxx.bat ) တွေမှာ ဒီ Command ထည့်ရေးမထားရင် devices not fount ဆိုတဲ့ error တက်သွားပြီး
Command တွေတာ အကုန် Run ပြီးသွားတယ် ကိုယ့်လုပ်ငန်းစဉ် မပြီးမြောက်ပဲ ဖြစ်သွားတတ် ပါတယ်
adb push zawgyi.ttf /data/local/tmp/zawgyi.ttf
အထက်ပါ command မှာဆိုရင် zawgyi.ttf ဆိုတဲ့ ဖေါင့်လေးကို ဖုန်းရဲ့ data အောက်က local အောက်က tmp အောက်ကို လှမ်းပို့
လိုက်တဲ့ command ပါ
ဖုန်းတွေရဲ့ partition တွေကို လေ့လာကြည့်မယ်ဆိုရင်
/cust
/data
/dev
/etc
/proc
/res
/sbin
/sys
/system
အစရှိသဖြင့် အများကြီးတွေ့ရမှာပါ {rootexplorer.apk သွင်းပြီးလေ.လာကြည့်ပါ}
ရှိနေတဲ့အများကြီးထဲကမှ ကျနော်တို. ” /data/local/tmp ” ” /dev/block ” ” /system ” အစရှိတဲ့နေရာတွေကို အထူးရင်းနှီးကျွမ်းဝင်နေဖို့လိုပါတယ်
adb push zawgyi.ttf /data/local/tmp/zawgyi.ttf
adb(adb.exe) က push( ပို.လိုက်ပါတယ်) zawgyi.ttf ကို ” /data/local/tmp ” အောက်ကို ဖြစ်ပါတယ်

ext4 format system backup from command

Android ဖုန်းတွေမှာ system partition ကို yaffs ext2 ext4 UBIFS
ဆိုပီး format ၄ မျိုးလောက် ရှိပါတယ်
yaffs ကိုတော့ ဖုန်းတော်တော် နိမ့်နိမ့်တွေမှာ သုံးပါတယ်
သူ့ထက် နည်းနည်းပိုမြင့်တာ ext2 ပါ sony အနိမ့်ဖုန်းတွေမှာ သုံးပါတယ်
ခု ခေတ် အစားဆုံးကတော့ ext4 format တွေပါ
ဖုန်းအမြင့် အားလုံးနီးပါးကို ext4 format နဲ့ ဖွှဲစည်းထားပါတယ်
UBIFS ကတော့ မော်ဒယ်မြင့် အရည်အသွေးနိမ့် ဖုန်းတွေမှာ သုံးပါတယ်
ဥပမာကြည့်ချင်ရင် Y325-T00 မှာ ပါမယ် ထင်ပါတယ်
ကျနော်တို့ ext4 format နဲ့ တည်ဆောက်တဲ့ ဖုန်းတွေကို system backup ယူကြရအောင်
ဖုန်း က root လုပ်ထားရပါမယ်
ext4 format နဲ့ တည်ဆောက်ထားတာ ဖြစ်ရပါမယ်
Command prompt ကနေ အောက်ပါ command တွေ ရိုက်ထည့်လိုက်ပါ
adb shell
su
make_ext4fs
အောက်က အတိုင်း system က reply ပြန်ရင် ရပါပီ
Expected filename after options
make_ext4fs [ -l <len> ] [ -j <journal size> ] [ -b <block_size> ]
[ -g <blocks per group> ] [ -i <inodes> ] [ -I <inode size> ]
[ -L <label> ] [ -f ] [ -a <android mountpoint> ]
[ -S file_contexts ]
[ -z | -s ] [ -t ] [ -w ] [ -c ] [ -J ]
<filename> [<directory>]
ဒါဆိုရင် /system/bin အောက်မှာ make_ext4fs binary ရှိနေပီပေါ့ဗျာ
နောက်တစ်ဆင့် ကျနော်တို့ system partition ကို စစ်ဆေးပါမယ်
root@android:/ # df
df ဆိုတဲ့ command ရိုက်ပါမယ် disk free space ကို စစ်ဆေးတာပါ
Filesystem Size Used Free Blksize
/dev 234M 56K 234M 4096
/mnt/secure 234M 0K 234M 4096
/mnt/asec 234M 0K 234M 4096
/mnt/obb 234M 0K 234M 4096
/system 639M 584M 55M 4096
/data 1G 156M 1G 4096
/cache 369M 6M 362M 4096
/protect_f 8M 4M 4M 4096
/protect_s 8M 4M 4M 4096
/mnt/cd-rom 8M 8M 0K 2048
/storage/sdcard0 1G 11M 1G 16384
/mnt/secure/asec 1G 11M 1G 16384
System ရဲ့ size က 639M ရှိပါတယ်
[ -l <len> ] ဆိုတဲ့နေရာအတွက် ကျနော်တို့တွက်ချက်လို့ရတာက 639M ပါ
[ -b <block_size> ] အတွက် system ရဲ့ Block_Size ကတော့ 4096 ပါ
[ -a <android mountpoint> ] အတွက် ကျနော်တို့ယူမယ့် mount point က system ဖြစ်ပါတယ်
ကျနော်တို့ သုံးမယ့် command က
make_ext4fs [ -l <len> ] [ -b <block_size> ] [ -a <android mountpoint> ] <filename> [<directory>]
ကျနော်တို့ လိုအပ်တဲ့နေရာတွေ အစားထိုးပါမယ်
အောက်ပါအတိုင်း ရလာပါမယ်
=======================
make_ext4fs –l 639M -b 4096 -a system /data/local/tmp/system.img /system
==================
အပေါ်က command ကို ကူးချပီး Enter ခေါက်ပေးလိုက်ပါ
==============
Creating filesystem with parameters:
Size: 670040064
Block size: 4096
Blocks per group: 32768
Inodes per group: 8192
Inode size: 256
Journal blocks: 2556
Label:
Blocks: 163584
Block groups: 5
Reserved block group size: 39
Created filesystem with 1788/40960 inodes and 151826/163584 blocks
================
ပီးသွားပီ ဆိုရင် /data/local/tmp အောက်မှာ system.img နာမည်နဲ့ သိမ်းပီးသား ဖြစ်နေပါလိမ့်မယ်
ဒီနေရာမှာ တစ်ခုပြောစရာရှိတာက df ကို ရိုက်ကြည့်လိုက်လို့ /system က /data ထက် ပိုကြီးနေရင် /data အောက်မှာ သိမ်းလို့ မရပါဘူး အဲ့လိုဆိုရင်တော့ ကျနော်တို့ backup Location ကို
/sdcard/system.img လို့ပြောင်းလဲ သတ်မှတ်ပေးဖို့လိုပါမယ်
ခု ကျနော်တို့ /data/local/tmp/system.img ကို permission ချိန်းပါမယ် ဒါမှ PCကနေ ဆွဲထုတ်ရင် permission error မတက်မှာပါ
chmod 444 /data/local/tmp/system.img
လို့ရေးပီး Enter ခေါက်ပေးပါ ပီးရင်
exit
exit
ခုဆိုရင် PC ပေါ် ပြန်ရောက်ပါပီ PC ကနေ system.img ကို ပြန် ဆွဲထုတ်ပါမယ်
adb pull /data/local/tmp/system.img
အပေါ်က command ရိုက်ပီး ခဏစောင့်ပေးပါ system.img ထွက်လာပါလိမ့်မယ်
ဒါဟာ dd command သုံးပီး Block ကို dump လုပ်တာ မဟုတ်ပါဘူး
မူရင်းပါတဲ့ make_ext4fs ကို သုံးပီး system backup ယူတာ ဖြစ်ပါတယ်

Saturday, November 21, 2015

Fastboot အသုံးပြုနည်းများ

adb command တွေလိုပဲ fastboot မှာ command တွေ သုံးလို့ရပါတယ်
fastboot driver တွေတော့ သွင်းထားရပါလိမ့်မယ်
=====================
fastboot flash
partition တွေကို flash တဲ့အချိန် သုံးပါတယ်
ဥပမာ –
fastboot flash boot boot.img
fastboot flash recovery recovery.img
fastboot flash -S 500M system system.img {ဖိုင်ဆိုဒ်ကြီးတဲ့ system တွေ flash တာပါ }
==================
fastboot boot xxxxxxxx
fastboot mode ကနေ partition ကို အပီး မflash ပဲ အငှားတက်တဲ့ သဘောပါ
fastboot boot yourboot.img
fastboot ကနေပီး yourboot.img ကို သုံးပီး အငှားတက်တာပါ ဖုန်း ပါဝါပိတ်ပီး ပြန်ဖွင့်လိုက်ရင် မူလ အနေအထားအတိုင်း ပြန်ဖြစ်သွားမှာပါပဲ
fastboot boot yourRecovery.img
fastboot ကနေပီး recovery ကို အပီး မရေးပဲ အငှားတက်တာပါ
ခင်ဗျားသုံးထားတဲ့ yourRecovery.img ထဲကို ရောက်သွားမှာပါ
ဥပမာဗျာ..
Xperia Z တစ်လုံးဆိုပါတော့ root လုပ်ချင်တယ်ဆိုပါတော့
bootloader unlock လုပ်တယ် ပီးရင် သူနဲ့ သက်ဆိုင်တဲ့ custom recovery ရှာပီး fastboot ကနေ flash ပေးရပါတယ် အဲ့ဒီကတစ်ဆင့် root.zip ထည့်ပီင်္း root ဖေါက်တယ်ပေါ့
ကျနော်တို့ အနေနဲ့ custom recovery ကို အပီး မသွင်းပဲ
fastboot boot recovery.img ဆိုပီး သုံးလို့ ရပါတယ် custom recovery ထဲကို ရောက်သွားမှာဖြစ်ပီး restart တစ်ကြိမ်ဖြစ်လိုက်တာနဲ့ recovery ပြန်ပျောက်သွားပါလိမ့်မယ်
===============================
fastboot -w
bootloader unlock ဖြစ်နေရင် factory data reset ချလို့ ရပါတယ်
====================
fastboot oem get-bootinfo
Huawei ဖုန်းတွေကို bootloader unlock ဖြစ် မဖြစ် စစ်တဲ့ command ပါ
===================
fastboot getvar product
fastboot mode မှာ ထားပီး ဖုန်းရဲ့ product name ကို စစ်ဆေးတာပါ
တစ်ချို့ဖုန်းတွေမှာတော့ CPU ဘာလဲဆိုတာ ပြပေးပါတယ်
ဆိုနီတွေကိုတော့ ဒီနည်းနဲ့ ကိုယ်တင်ရမယ့် Firmware မမှားယွင်းရလေအောင် ရွေးချယ်လို့ရပါတယ် ဥပမာ သူက D6602 လို့ပြရင် ကိုယ်က D6603 မှား မတင်မိတော့ဘူးပေါ့
Xiaomi တွေမှာလည်း သုံးလို့ ရပါတယ် Firmware မှားတင်မိတာမျိုး မဖြစ်တော့ဘူးပေါ့ဗျာ
==========================
fastboot reboot
fastboot mode ကနေ phone ကို reboot လုပ်တာပါ
============
fastboot reboot-bootloader
fastboot mode ကနေ bootloader mode ကို သွားတာပါ

Android Phoneတစ်လုံးကို read/write ရအောင် mount ပြုလုပ်ခြင်း

ကျနော်တို့ Android phone တွေကို root ပြုလုပ်တယ်ဆိုတာ
ကျနော်တို့လိုချင်တဲ့ အပိုင်းကို read/write လုပ်လို့ ရချင်လို့ ဖြစ်ပါတယ် ။ Superuser လိုချင်လို့ su binary ထည့်ချင်လို့ဆိုတာတွေထက် ပိုပီးလေးနက်ပါတယ်။
ဆိုလိုတာက root ပြုလုပ်ပြီးSuperuser access ရနေတာတောင် partitions တွေကို read/write permission မရသေးဘူးဆိုရင် ကျနော်တို့ root ပြုလုပ်ရတဲ့ အကျိုးကိုမခံစားရသေးပါဘူး။
အရင်ဆုံးဖုန်းထဲမှာ rootexplorer.apk သွင်းပီးလေ.လာကြည့်ကြရအောင် လိုအပ်သူများအောက်မှာဒေါင်းပါ
RootExplorer APK Download
ဖုန်းထဲမှာသွင်းပီးပီဆိုရင် RE apk ထဲဝင်လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။

အပေါ်နားလေးမှာ Mounted as r/o ဆိုတဲ့ စားသားလေးကို တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက read only system နဲ့ mounted ဖြစ်နေတယ်လို့ ပြောတာပါ။ ဒီအခြေအနေမှာ ကျနော်တို့ Android OS တစ်ခုလုံးကို ဘာမှ ထိ လို့ မရပါဘူး။ ဘေးမှာပါတဲ့ Mount R/W ဆိုတဲ့ဟာလေး နှိပ်ပေးလိုက်ပါ။ တကယ်လို့ rooted device ဆိုရင် Superuser တက်လာပီး root access တောင်းပါလိမ့်မယ်။ နှိပ်လဲဘာမှ မတောင်းဘူးဆိုရင် ဖုန်းကို အရင် Root လုပ်ပေးဖို့လိုပါလိမ့်မယ်။
Root Access ပေးလိုက်တာနဲ့ Mounted r/w ဆိုပီး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ကျနော်တို့က root Directtory ကို rw ရအောင် mount လုပ်လိုက်နိုင်ပီ ဖြစ်ပါတယ။

အိုကေ နောက်တစ်ဆင့် ….
ကျနော်တို. System ဖိုဒါထဲ ၀င်လိုက်ပါ Mounted ကို rw ဖြစ်အောင် ထပ်ပြောင်းပါ။ ရရင် ကျနော်တို့ system partition ကို ကလိလို့ ရပါပြီ။
ဒါဟာ သာမန်ဖုန်းတွေ အနေနဲ့ ပြောပြတာပါ။

ခု ကျနော်ပြောချင်တဲ့ အပိုင်း လာပါတော့မယ်။
ဖုန်းထုတ်လုပ်သူတွေဟာ google က ပေးတဲ့ Security အပြင် သူတို့ ကိုယ်ပိုင် Security တွေနဲ့ပါ သူတို့ဖုန်းတွေကို ကာကွယ်ထားတတ်ပါတယ်
Samsung SE Linux enforcing
Huawei set_immutable
Sony ric kernel security တို့ဟာ နာမည်ကြီးကြပါတယ်။
ခု ကျနော်တို့ Huawei ရဲ့ set_immutable ကို လေ့လာကြည့်ကြရအောင်ပါ။
အရင်ဆုံး Huawei က root ဖေါက်ပီး ဘယ်လိုကလိကလိ မပျက်ရလေအောင် set_immutable ဆိုတဲ့ binarty ကို သုံးလိုက်ပါတယ်
သူ့ binary ကို မပျက်စီးရလေအောင်
/system/bin/set_immutable အနေနဲ့ မထားပဲ
/sbin/set_immutable အနေနဲ့ boot partition ထဲမှာ သွားထည့်ထားပါတယ်။ RE apk ကနေ sbin ဖိုဒါထဲသွားကြည့်ရင်
အပေါ်ကပုံလို မြင်ရပါမယ်။ အဲ့ဒီset_immutableကို enable { 1 }
လုပ်ထားရင် /system အောက်ကset_immutable.listထဲမှာ register လုပ်ထားတဲ့ ဖိုင်တွေကို read write မရအောင် ပိတ်ထားပေးပါတယ် ၊ set_immutable.listထဲမှာတော့
အပေါ်ကဖိုင်တွေ ပါပါတယ်၊။ အဲ့တော့
/system/bin အောက်ကဟာတွေ
/system/build.propဖိုင် /system/etcအောက်ကဖိုင်တွေ
/system/fontsအောက်ကဖိုင်တွေ ပြင်လို့ မရတော့ပါဘူး
နမူနာအနေနဲ့ ပြောပြတာပါ အဲ့ဒီ List ထဲမှာပါသမျှ ဘာမှ ပြင်လို့ မရပါဘူးပထမအရင်ဆုံးဖုန်းကို root လုပ်ပါ
Command line ကနေ ပြင်ပါမယ်
suခေါ်လိုက်လို့ # ပေါ်လာပီဆိုရင် အောက်က command တွေ တစ်ကြောင်းရိုက် Enter တစ်ခါခေါက်ပီးset_immutableကိုဖြုတ်လိုက်ရပါမယ် ဒါမှသာ system partition ကို fully read write လုပ်လို့ရမှာပါ
အရင်ဦးဆုံးbusyboxကို /data/local/tmpအောက်ကိုပို့ပါမယ်
Busyboxမရှိသေးသးများဒီနေရာမှာဒေါင်းယူပါ
adb push busybox /data/local/tmp/busybox
shellယူပါမယ်
adb shell
suကိုခေါ်ပါမယ်
su
နောက်တစ်ဆင့် /data/local/tmpအောက်ကbusyboxကိုအလုပ်လုပ်လို့ ရအောင် permission အပြည့် ပေးပါမယ်
chmod 777 /data/local/tmp/busybox
နောက်တစ်ဆင့် set_immutableကို kill လုပ်ပါမယ်
set_immutable 0
system Directory အောက်ကိုသွားပါမယ်
cd system
busyboxရဲ့ chattrကိုသုံးပီး system အောက်မှာရှိသမျှဖိုင်တွေကိုအရင် ဖြည်ပါမယ်
/data/local/tmp/busyboxchattr -R -i *
/system အောက်ကset_immutable.listကိုသီးသန့် ဖြည်ပါမယ်
/data/local/tmp/busyboxchattr -i set_immutable.list
ခုဆိုရင် အဲ့ဒီset_immutable.listကိုဖျက်လို့ရမယ့် permission ကျနော်တို့ ပိုင်သွားပါပီrmကိုသုံးပီးအပီးတိုင် ဖျက်ပါမယ်
rmset_immutable.list
တစ်ကယ်လို့ ကျနော်တို့ အပေါ်ကrmအလုပ်မလုပ်ဘူးset_immutable.listမဖျက်ဘူးဆိုရင် /system ကို r/w ရအောင် mount လုပ်ယူရပါမယ်
/data/local/tmp/busybox mount -o remount,rw -t auto /system
ဒါဆိုရင် ကျနော်တို့ set_immutable binary ကိုအပီးတိုင် ဖျက်ချနိုင်ခြင်းမရှိပေမယ့် အဲ့ဒီ binary အလုပ်မလုပ်တော့ပါဘူး system ဖြစ်စေ root directory ဖြစ်စေ read write ရသွားပါပီ
သင်ခန်းစာရဲ့ အနှစ်ချုပ် အနေနဲ့ root လုပ်ထားရုံနဲ့ system read write မရပါဘူး R/W မရအောင်သီးသန့် ပိတ်ထားတာတွေ ရှိရင် သီးသန့်နည်းတွေသုံးပီးထပ်လိုက်ရပါတယ်
တစ်ဆင့်ကူးယူဖေါ်ပြခြင်းမပြုပါရန် တောင်းပန် အပ်ပါသည်။