Tuesday, January 30, 2018

Four Lock Types in Xiaomi - PART ONE

Mi Phones တွေကို သုံးနဲ့နေရာမှာ သူများအလွယ်တကူဖွင့်ကြည့်လို့မရအောင် screen lock အတွက် pattern, pin, password တွေထားတယ်။ Finger Print sensor ပါတဲ့ဖုန်းတွေမှာ Finger Print နဲ့ပါ Lock လုပ်ကြသေးတယ်။ App တွေကို အလွယ်ဖွင့်ကြည့်လို့မရအောင် lock လုပ်ကြတယ်။ Files တွေ၊ ပုံတွေ၊ SMS Message တွေကို Hide လုပ်ပြီး lock လုပ်ကြတယ်။ ဖုန်းပျောက်သွားရင် သူများက firmware ပြန်တင်ပြီး၊ factory reset ချပြီး အလွယ်သုံးမရအောင် Lock တွေထားကြတယ်။ အဲသည်လိုထားတဲ့ lock တွေမှာ ဟိုမေ့ သည်မေ့တွေဖြစ်ပြီး အခက်အခဲမကြုံရအောင် တစ်ခုချင်းစီသဘာဝကို လေ့လာထားရအောင်။ သက်ဆိုင်ရာ lock တွေမှာ pattern, pin, password တွေမေ့ခဲ့ရင် ဘယ်လိုနည်းနဲ့ပြန် recover လုပ်နိုင်မယ်ဆိုတဲ့ နည်းလမ်းတွေကို လေ့လာကြည့်ကြရအောင်ခင်ဗျာ....။



LOCK TYPE 1 : Mi Account Lock


Mi Account Lock ကတော့ Mi Account ကပေးတဲ့ Security Feature တစ်ခုပါပဲ။ သူ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မိမိဖုန်းပျောက်ဆုံးခဲ့ရင် ရသွားတဲ့ အခြားသူတစ်ယောက်အနေနဲ့ ဖုန်းကို Factory Reset ချပြီး ပြန်သုံးလို့မရအောင်၊ Firmware တင်ပြီး ပြန်သုံးလို့မရအောင်၊ မိမိအနေနဲ့ဖုန်းကို ပြန်မရတော့ချင်နေပါစေ.. ဖုန်းထဲမှာပါတဲ့ မိမိတို့ရဲ့ personal data တွေကို အခြားသူရယူနိုင်ခြင်းမရှိအောင် ဖုန်းကို အဝေးတစ်နေရာမှနေပြီး lock လုပ်တာ၊ data တွေဖျက်ပစ်တာ စတာတွေကို လုပ်ဆောင်နိုင်တဲ့ feature ပါ။

သည် feature ကို control လုပ်ပေးတာလေးကတော့ Mi Account တစ်ခုလုပ်ပြီး (Mi Account လုပ်တယ်ဆိုတာ Google မှာ email address တစ်ခုလုပ်သလို Xiaomi Server တွေမှာ account တစ်ခုလုပ်ထားလိုက်တာပါပဲ) ဖုန်းမှာ Login ၀င်လိုက်တယ်။ အဲသည်မှာ Mi Account ရဲ့ Feature တစ်ခုဖြစ်တဲ့ Find Device ဆိုတဲ့ security feature က auto ON ထားပြီးသားဖြစ်သွားပါတယ်။ အဲသည် Find Device ON/OFF ဆိုတာ အထက်မှာပြောခဲ့တဲ့ feature တွေကို အသုံးချဖို့ control လုပ်ပေးထားခြင်းပါပဲ။ ON နေလား.. OFF နေလား ဘယ်နားကကြည့်မလဲဆိုတာကတော့ Settings->Mi Account->Mi Cloud->Find Device ဆိုတဲ့နေရာမှာကြည့်နိုင်ပါတယ်။ သူ့ Default ကတော့ Mi Account ကိုဖုန်းမှာ Sign in ၀င်ပြီဆိုတာနဲ့ ON ပါတယ်။


Find Device ကို ဘယ်အချိန်မှာ OFF ထားပေးရမလဲဆိုတာကတော့ Firmware ပြန်တင်တဲ့အချိန်မှာပါ။ ဖုန်းကို စက်ရုံထွက်အတိုင်းဖြစ်အောင် fastboot rom တွေသုံးပြီး ကွန်ပျူတာနဲ့ firmware တင်တယ်၊ TWRP လို custom recovery ထဲကနေ ရှိသမျှ partitions အကုန် Full Wipe လုပ်ပြီးမှ rom တင်တယ်ဆိုရင် Find Device OFF မထားရင် ဖုန်းပြန်တက်လာချိန်မှာ Mi Account ရဲ့ password ကိုတောင်းပါတယ်။ ကိုယ်က password သိနေတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် အင်တာနက်ရနေဖို့လိုအပ်ပါတယ်။ WiFi နဲ့လဲ မချိတ်ခဲ့၊ ထည့်သုံးတဲ့ sim card တွေကလည်း Internet auto မတက်ရင် သည်နေရာမှာ အနည်းငယ်ကြန့်ကြာတတ်ပါတယ်။ အဲလိုလေးမဖြစ်အောင်သာ Find Device ကို ခဏ OFF ပေးထားခဲ့သဘောပါ။ နောက်တစ်ခုက Updater ကနေ Update စစ်ပြီး တင်တဲ့ကိစ္စပါ။ ပုံမှန်အားဖြင့်တော့ Updater ကနေတွေ့တဲ့ update ကိုတင်လိုက်တာ ဘာမှမပျက်ပဲ အကုန်အလုပ်လုပ်ပါတယ်။ ဒါပေမယ့်ခုနောက်ပိုင်းဖြစ်လာကြတာက Update ပြီးသွားရင် Find Device က Forced Stop ဖြစ်ဖြစ်သွားတတ်တာပါ။ အဲလိုဖြစ်ရင် Factory Reset လဲချမရပါ။ Factory Reset ချရင်လည်း မူလက Find Device ON နေလို့ သူက ခဏ OFF ဖို့ password တောင်းတာလုပ်မှာပါ။ ဒါပေမယ့် Find Device Function သေချာ အလုပ်မလုပ်တော့တဲ့အတွက် ကိုယ်လုပ်ရာကို လုပ်လို့မရတော့ပါဘူး။ Mi Cloud web site ထဲဝင်ပြီး Factory Reset ချမယ်ဆိုရင်လည်း ကိုယ့်ဖုန်းက Find Device က အလုပ်မလုပ်လို့ ဘာမှဆက်လို့ရမှာမဟုတ်ပါ။ ကွန်ပျူတာကိုသုံးပြီး Mi PC Suite နဲ့ Factory Reset တာပဲလုပ်လို့ရနိုင်ပါတော့မယ်။ ဒါကြောင့် ခုလိုတွေမဖြစ်ရအောင် Updater ကနေ Update တင်မယ်ဆိုရင်လည်း Find Device ကို ခဏ OFF .. အားလုံးပြီးမှ ကောင်းမှ ပြန် ON.. အဲလိုလုပ်တာ Best Practice ဖြစ်ပါလိမ့်မယ်။ Updater ကနေတင်လို့ အဲလိုဖြစ်တာကလည်း System Changes တွေများတဲ့ MIUI 8.1 ကနေ 8.2 ကို တင်တာမျိုးမှာပဲဖြစ်တတ်တာပါ။ အခြားသော 8.2.1.0 ကနေ 8.2.2.0 ကို update တာမျိုးကတော့ သာမာန်လို ဘာမှသတိမထားပဲ အလွယ်လုပ်လိုက်လဲ အဆင်ပြေတတ်ပါတယ်။ အထက်ပါ အကြောင်းအရာတွေလုပ်ဖို့ကြုံလာချိန်မှာ Find Device OFF ဖို့ ပြီးမှ ပြန် ON ဖို့ဆိုတာတွေ စဉ်းစားသင့်ပါတယ်။ Settings->Mi Account->Mi Cloud->Find Device နေရာမှာ switch လေးကို OFF လိုက်ရင် Mi Account ရဲ့ password တောင်းပါမယ်။ အင်တာနက်ဖွင့်ထားရင်း password ကိုထည့်ပေးလိုက်ရင် OFF သွားပါပြီ။

Mi Account နဲ့ပတ်သက်ပြီး ဒုက္ခရောက်တတ်ကြတာကတော့ Mi account password မေ့တာပါပဲ။ မေ့ရင် password ကို အသစ်ချိန်းနိုင်ပါတယ်။ အဲလိုလုပ်ဖို့အတွက် ကိုယ်က Mi Account ကိုဘာနဲ့လုပ်ခဲ့လဲ။ လုပ်နည်းက နှစ်ခုပဲရှိပါတယ်။ ဖုန်းနံပါတ်နဲ့လုပ်ခဲ့တာရယ်.. email address နဲ့လုပ်ခဲ့တာရယ်... ကိုယ်လုပ်ခဲ့တာကိုသိဖို့လိုပါတယ်။ သေချာမမှတ်မိရင်လည်း Settings->Mi Account-> ထဲကိုဝင်ပြီး ထိပ်ဆုံးက Nick Name နဲ့ Mi Account ID နားကိုနှိပ်လိုက်ရင်လည်း Mi Account Info တွေပေါ်ပါမယ်။ အဲသည်မှာကြည့်နိုင်ပါတယ်။


ဖုန်းနံပါတ်နဲ့လုပ်ခဲ့ရင် password အသစ်ချိန်းချိန် အဲသည်ဖုန်းဆီ sms code ပို့မှာမို့ အဲသည်ဖုန်းက လက်ထဲအသင့်ရှိနေရပါမယ်။ email နဲ့ mi account လုပ်ခဲ့ရင်လည်း အဲသည် email ကို verify code ပို့မှာမို့ အဲသည် email ကို ၀င်စစ်လို့ရနေဖို့ အဲသည် email password သိနေရပါမယ်။ ဆိုင်ကလုပ်ပေးလိုက်တဲ့ ဖုန်းနံပါတ်ဆိုလည်း ဆိုင်ကိုဆက်ပြိးမေးပေါ့။ အခြားတစ်ယောက်ဆီက ၀ယ်တာဆိုလည်း အဲသည်နံပါတ်ဆက်ပြီး code ပို့ခဲ့ရင် ပြောပြဖို့ သူအားချိန်မှာညှိပြိး password ချိန်းတာလုပ်ပေါ့။ အဲလိုနည်းတွေနဲ့ မေ့နေတဲ့ Mi Account Password ကိုအသစ်ချိန်းထားပြီး သေချာမှတ်သားထားနိုင်ပါတယ်။ Mi Account လုပ်တာ၊ Mi Account Info မှာ ဖုန်းနံပါတ်ချိန်းတာ၊ ဖုန်းနံပါတ်ထည့်တာ၊ email ချိန်းတာ၊ ထည့်တာ၊ Password မေ့လို့ချိန်းတာ.. စတာတွေလုပ်တတ်ဖို့ သည် post [ Using Mi Account ] ကို ဖတ်ရှုလေ့လာပြီး မိမိဖာသာ လုပ်ဆောင်နိုင်ပါတယ်။

OK ဗျာ... Find Device ON နေပြီ။ ကိုယ့်ဖုန်းပျောက်သွားပြီ။ ဘယ်လို Lock လုပ်မလဲ။ Data တွေ ဘယ်လိုဖျက်ပစ်လိုက်မလဲဆိုတာလေ့လာကြည့်ရအောင်။ အဲသည်လိုလုပ်ဖို့ကတော့ Mi Cloud Website ဖြစ်တဲ့ http://i.mi.com ကို အသုံးပြုရပါမယ်။ ကွန်ပျူတာ browser ကနေဖြစ်စေ၊ အခြားဖုန်းတစ်လုံးက browser ကနေဖြစ်စေ ၀င်နိုင်ပါတယ်။ ၀င်တဲ့အချိန် User name/ password တောင်းရင် ကိုယ်ပျောက်သွားတဲ့ဖုန်းမှာထည့်ထားတဲ့ Mi Account ရဲ့ User name/ password ကိုသုံးပြီးဝင်ပေးရပါတယ်။ ပုံလေးတွေကြည့်ပြီး Lock လုပ်တာလေ့လာနိုင်ပါတယ်။




Lock ချဖို့အတွက် တစ်ဖက်လူက မိမိဖုန်းထဲက sim card တွေထုတ်မထားဘူးဆို အလိုလို အင်တာနက်ပွင့်ပြီး Lock ကျသွားပါမယ်။ Sim card တွေ ထုတ်ချိန်းပြီဆိုရင်တော့ အသစ်ထည့်တဲ့ကတ်မျိုးတွေမှာ ထည့်လိုက်တာနဲ့ အင်တာနက် Settings အလိုလိုရလာတတ်တဲ့ operator တွေက ကတ်တွေဆိုရင်တော့ အင်တာနက်အလိုလိုပွင့်ပြီး lock ကျပါမယ်။ Ooredoo နဲ့ MPT ရဲ့နောက်ပိုင်းကတ်အသစ်တွေဆိုရင် ဖုန်းထဲထည့်လိုက်တာနဲ့ အင်တာနက် settings တွေ အလိုလိုဝင်ပါတယ်။ sim တွေထုတ်ထားတယ်၊ ဖုန်းပိတ်ထားတယ်ဆိုရင်တော့ သူလည်း သုံးမရသလို ကိုယ်လဲဘာမှလုပ်လို့မရတော့ပါဘူး။

Find Device ON ထားပြီး Mi Cloud Web Site ကနေနောက်သုံးနိုင်တာတစ်ခုက Wipe Device လုပ်တာပါ။ Factory Reset ချတာပါပဲ။ တူတူပါ။ ဖုန်းပျောက်လို့ Data တွေလှမ်းဖျက်ချင်ရင်ဒါကိုသုံးနိုင်ပါတယ်။ နောက်တစ်ခုက Lock Screen အတွက် လုပ်ထားတဲ့ Password, PIN, Pattern တွေမေ့လို့ဖုန်းထဲဝင်မရရင်လည်း အခုနည်းနဲ့ Factory Reset လုပ်ပစ်လိုက်နိုင်ပါတယ်။ Lock Screen Password တွေကသည်နည်းနဲ့ပျက်ပါတယ်။ Boot Loader Lock မပါတဲ့ဖုန်းမို့လို့.. Boot Loader Unlock လုပ်ထားတဲ့ဖုန်းမို့ ဆိုတာတွေကတော့ TWRP ဆိုတဲ့ custom recovery ထည့်ပြီး password file လေးဖျက်ပေးရုံနဲ့ Lock Screen passwords တွေပျက်ပါတယ်။ Data လည်းမပျက်ဘူးပေါ့။ အခုလို အကုန်ပျက်မယ့် Wipe Device လုပ်စရာမလိုပါ။ Find Device OFF နေရင်၊ Find Device Function က အလုပ်မလုပ်တော့တဲ့ error တွေဖြစ်နေရင်တော့ Factory Reset ချဖို့က ကွန်ပျူတာသုံးပြီး Mi PC Suite သုံးလိုက်တာပဲလုပ်လို့ရပါမယ်။ ဘာပဲပြောပြော fastboot rom ပြန်တင်သလောက်တော့ မရှုပ်ထွေးလှပါဘူး။ Mi PC Suite သုံးပြီး Factory Reset ချတာကို သည် post [ Factory Reset by Using Mi PC Suite ( For Boot Loader Locked ) ] မှာလေ့လာပြီး လုပ်ဆောင်နိုင်ပါတယ်။ Mi Cloud Web Site ကနေပြီး Wipe Device နဲ့ Factory Reset ချလိုက်တာကို ပုံလေးတွေ လေ့လာပြီး လုပ်ကြည့်ပါ။ Web Site ထဲဝင်တာ.. Find Device နှိပ်ပြီး ပေါ်လာတဲ့ ဖုန်းပုံလေးကိုရွေးလိုက်တာထိမပြတော့ဘူးနော်..။ အပေါ်က Lock ချဖို့ဝင်လာတဲ့အဆင့်တွေနဲ့တူတူပါပဲ။ Wipe Device ကတော့ ထူးထွေဘာမှမရှိပါ။ Wipe Device ဆိုတာနှိပ်၊ OK နှိပ်ပေးလိုက်ရင်ရပါပြီ။ တစ်ဖက်ဖုန်းမှာအင်တာနက်ဖွင့်ထားရင် Factory Reset ချသွားမှာပါ။


အခုဆိုရင် Mi Account တစ်ခုလုပ်ပြီး ဖုန်းမှာ Sign In ၀င်ထားမယ်။ အဲသည်မှာပါတဲ့ Find Device Feature က ON နေရင် ဘာဖြစ်မယ်၊ ဘယ်လိုတွေသုံးလို့ရမယ်။ OFF နေရင် ဘယ်လို effect တွေရှိမယ်ဆိုတာတွေကို နားလည်သဘောပေါက်ပြီယူဆပါတယ်။ Mi Account လုပ်ထားပြီး ဘာတွေအသုံးဝင်လဲဗျ ဆိုတာလဲ သည်လောက်လေ့လာခဲ့ရင် Mi Account ရဲ့ အသုံးဝင်ပုံ တစ်စိတ်တစ်ဒေသကိုလည်း မြင်မိပြီထင်ပါတယ်။ Mi Account Password မေ့တာ၊ မသိတာကို ပြန်ချိန်းဖို့အတွက် ဖုန်း sim card ဆိုတာလည်း မရှိတော့ဘူး။ email လဲမသိတော့ဘူး။ ဆိုင်ကလုပ်ပေးလိုက်တာ ဆိုင်ကလည်းမသိတော့ဘူး။ sim card အပျောက်လျှောက်လို့လဲမလွယ်ဘူး။ အဲသည်အတွက်ကြောင့် Factory Reset လည်းချလို့မရ၊ Firmware ပြန်တင်တာတွေလဲလုပ်လို့မရ ဖြစ်နေတာတွေကတော့ သက်ဆိုင်ရာ Service ဆိုင်မှာ Mi Account ကိုဖုန်းထဲမှာပျက်အောင်လုပ်ပစ်ပြီး Firmware ပြန်တင်တဲ့နည်းတွေကိုပဲသုံးမှ အဆင်ပြေနိုင်ပါတော့မယ်။ ဖုန်း model ပေါ်မူတည်ပြီး ဖျက်ပစ်နည်းတွေ အစုံရှိပါတယ်။ အဲသည်ဟာတွေ ရှင်းပြတာကတော့ သည် post ရဲ့ beyond the scope ပါပဲ။ ကျနော့် blog ထဲမှာ Mi Account ကိုပျက်အောင်လုပ်ပြီး Firmware တင်နည်းတွေကို လေ့လာနိုင်ပါတယ်။ သာမာန်လို Firmware တင်တာကတော့ အင်တာနက်ဖွင့်လိုက်ရင် Lock ကျသွားတတ်ပြီး ဖုန်းသုံးလို့မရဖြစ်သွားတတ်ပါတယ်။



Lock Type 2 : Lock Screen & Password


ဖုန်း Lock Screen ကိုဖွင့်ဖို့အတွက် Password, PIN, Pattern တွေထားတာပါ။ Finger Print ပါတဲ့ဖုန်းတွေမှာ Finger Print ကို ပါထည့်ထားတာပါ။ ဖုန်း Lock Screen ကိုဖွင့်ရင် Finger Print နဲ့ပါ အသုံးချလို့ရအောင်ပါ။ လူတိုင်းလဲ အကျွမ်းတ၀င်ရှိပြီး လုပ်တတ်နေမယ့်အရာတစ်ခုပါ။ အောက်ပါပုံက Lock Screen အတွက် password, pin, pattern တွေထားဖို့...၊ Finger Print တွေထည့်ဖို့ အဆင့်ဆင့်ဝင်လာပုံပါ။


Screen Lock နဲ့ပတ်သက်ပြီး Password, PIN, Pattern တွေထားနိုင်ပါတယ်။ Password ကတော့ မိမိနှစ်သက်တဲ့ number တွေ၊ alphabet တွေရိုက်ပြီးထားလို့ရပါတယ်။ PIN ကတော့ numbers တွေ only ပါ။ Pattern ကတော့ dots လေးတွေမှာ line ဆွဲပေးတာပါ။ အနည်းဆုံး dots လေးခုကိုချိတ်မိအောင် ဆွဲပေးရပါတယ်။ Finger Print ကတော့ Screen Lock ဖွင့်ဖို့အတွက် Password, PIN, Pattern တွေမသုံးပဲ Finger Print နဲ့ဖွင့်နိုင်အောင် ထည့်ထားပေးတာပါ။ နမူနာအနေနဲ့ Screen Lock အတွက် Pattern တစ်ခုထားတာထည့်ပြထားပါတယ်။ မိမိထားချင်တဲ့ Type ကိုရွေးပြီး ပထမအကြိမ် Pattern ကိုဆွဲပါတယ်။ ဒုတိယအကြိမ်ထပ်မေးတာကို ပထမအကြိမ်နဲ့တူအောင်ဆွဲပါတယ်။ သည်နေရာမှာ Pattern အသစ်လိုပြန်လုပ်ချင်ရင် Clear ကိုနှိပ်ပြီး အစကနေပြန်လုပ်နိုင်ပါတယ်။ နှစ်ခုတူအောင်ဆွဲပေးပြီးရင်တော့ Confirm နှိပ်လိုက်ရင် Patten ထည့်တာပြီးပါပြီ။ Password ထည့်တာ.. PIN ထည့်တာတွေလည်း ထိုနည်းတူပါပဲ။ Confirm screen မှာမြင်နေရတဲ့ အောက်နားလေးက Password required immediately ဆိုတာကတော့ ဖုန်း screen ကို OFF လိုက်တာနဲ့ပြန်ဖွင့်ရင် ချက်ချင်းပဲ screen lock password တွေတောင်းပါလို့ဆိုလိုတာပါ။ မိမိနှစ်သက်ရာ time ကိုရွေးထားနိုင်ပါတယ်။ 30 seconds ရွေးထားရင် ဖုန်း screen ပိတ်လိုက်ပြီး 30 seconds အတွင်းပြန်ဖွင့်ရင် ဘာ password မှမတောင်းပဲပွင့်ပါမယ်။ 30 seconds ကျော်ရင်တော့ password တောင်းမယ်ပေါ့။ အဲလိုသဘောပါ။ အဲသည် Setting က နောက်မှလဲ Settings->Lock Screen & Finger Print->Screen Lock & Finger Print->Password Required ထဲမှာလဲ ၀င်ပြင်နိုင်ပါတယ်။ Default ကတော့ ပိတ်ပြီး ပြန်ဖွင့်တာနဲ့ ချက်ချင်း password တောင်းမှာပါ။


ပြီးရင်တော့ Finger Print ထည့်ခိုင်းပါတယ်။ (Finger print sensor ပါတဲ့ဖုန်းတွေမှာဆိုရင်ပေါ့)ပြီးမှ Add Finger Print နှိပ်ပြီးထည့်လည်းရပါတယ်။ Finger Print ထည့်ဖို့က Finger Print sensor က ဖုန်းနောက်ကျောမှာပါတာတွေဆို လက်ညှိုးထားမယ်ဆိုပါတော့။ လက်ညှိုးကို sensor ပေါ်ထိလိုက် ခွာလိုက် ၁၂ ကြိမ်လောက်လုပ်ပေးရပါတယ်။ ပုံသေတစ်နေရာထည်းချည်း ထိလိုက် ခွာလိုက်မလုပ်ပဲ လက်ညှိုးကို ဘယ်စောင်း ညာစောင်း စသည်ဖြင့် လက်ဗွေထိချက်နေရာစုံအောင် မသိမသာလေး ပြင်ပေးပြီးထည့်ပါ။ အဲဒါဆို ပြန်ဖွင့်ချိန် လက်ဗွေကို recognized လုပ်နိုင်တဲ့နှုန်းပိုကောင်းပြီး တစ်ကြိမ်ထည်းနဲ့ပွင့်ပါတယ်။ ပိုပြီးသေချာချင်ရင် Add Finger Print နဲ့ အဲသည်လက်ညှိုးကိုပဲ ဒုတိယအကြိမ်ပြန်ထည့်ပါ။ အဲလိုဆို တစ်ကြိမ်ထိတာနဲ့ မပွင့်ဘူးဆိုတာတွေ ပိုကင်းနိုင်ပါတယ်။ လက်ဗွေငါးခုထိထည့်လို့ရပါတယ်။ ဖုန်း model, rom အပေါ်မူတည်ပြီး ကွာမလားတော့ မပြောတတ်ပါ။ ကျနော်စမ်းထားတာတော့ Redmi Note 4, Global Stable 8.1.6 နဲ့ပါ။ မိမိတို့ထည့်ထားတဲ့ Finger Print တွေကို နာမည်ပေးထားတာ၊ ဖျက်တာတွေကို Finger Print တစ်ခုချင်းစီထဲဝင်ပြီး လုပ်ဆောင်နိုင်ပါတယ်။


Lock Screen & Finger Print ထဲမှာပါတဲ့ ဘယ်နှမိနစ်ကြာရင် screen ပိတ်သွားအောင်လုပ်မယ်။ Screen Lock ဖွင့်ချိန် Pattern ဆွဲတာတွေကို မမြင်ရအောင်လုပ်မယ်... စတာတွေကိုတော့ မိမိဖာသာ Settings ထဲမှာပဲကလိကြည့်ပါတော့....။

ကဲ... Screen Lock နဲ့ပတ်သက်လို့ Troubleshooting အပိုင်းလာမယ်ဗျာ..။ Finger Print ပါတဲ့ဖုန်းတွေမှာ ဖုန်းကို power ပိတ်ထားရာကနေ ပြန်ဖွင့်လို့တက်လာတာပဲဖြစ်ဖြစ်၊ သုံးနေရင်းကနေ reboot ချလိုက်တာပဲဖြစ်ဖြစ်.. ပြန်တက်လာချိန်မှာ Finger Print ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုသိထားဖို့လိုပါမယ်။ အဲလိုမျိုးတွေကြောင့်ဖုန်းပြန်တက်လာချိန် Lock Screen ကိုဖွင့်တဲ့နေရာမှာ Finger Print နဲ့တန်းဖွင့်လို့ ရ မရ၊ Pattern or PIN or Password တွေနဲ့သာအရင်ဆုံးစဖွင့်ရ.. စတာတွေက Android Version တွေပေါ်မှာမူတည်ပါတယ်။ Android Version 5.0.2, 5.1.1 နဲ့ဖုန်းတွေမှာ Power ON လိုက်လို့ဖုန်းတက်လာလာချင်းအချိန်မှာ Finger Print အလုပ်လုပ်ပါတယ်။ Finger Print နဲ့ Lock Screen ကိုဖွင့်လို့ရပါတယ်။ Android 6,7 နဲ့ဖုန်းတွေမှာ Power ဖွင့်လို့ Reboot လုပ်လို့ စတက်လာလာချင်းမှာ Finger Print နဲ့ဖွင့်မရပါ။ PIN, Pattern or Password တွေနဲ့သာ အရင်စဖွင့်ရပါတယ်။ သည်တော့ အဲသည် PIN, Pattern, Password တွေမမေ့ဖို့ အရေးကြီးတယ်လို့မှတ်သားထားပါ။ ပြန်လုပ်ရတာကလွယ်ပါတယ်။ ဒါပေမယ့် data တွေပျက်တာပေါ့ဗျာ။

Lock Screen password မေ့ပြီဆိုပါစို့။ အသစ်ထည့်ဖို့ဘယ်လိုပြန်ဖျက်မလဲ။ အဲသည်အချိန်မှာ ဖုန်းက ဘယ်လို condition လဲဆိုတာကိုစဉ်းစားပြီး Troubleshoot ပါမယ်။ ဖုန်းကတော့ လက်ရှိသုံးနေယ်။ အဆင်ပြေနေတယ်။ တစ်ခါမှလဲ Power မပိတ်၊ Reboot မချမိသေးဘူး (Android 6 နဲ့အထက်ဖုန်းတွေအတွက်ဆိုလိုချင်တာပါ။ 6 အောက်ဖုန်းတွေကတော့ Reboot လုပ်လဲ Finger Print နဲ့ပွင့်တယ်ဆိုတာ မှတ်သားထားပါ။)။ Lock Screen ဖွင့်ရင် Finger Print နဲ့ပဲဖွင့်နေတယ်။ ရနေတယ်။ ဒါပေမယ့် Pattern တို့ဘာတို့ကတော့ မသိတော့ဘူးဆိုပါတော့။ အဲလိုမျိုးမှာ Pattern, PIN, Password ဖျက်ပြီး အသစ်ထည့်နိုင်ဖို့ ဖုန်းမှာ Mi Account ကို Sign In ၀င်ထားပေးဖို့လိုပါမယ်။ ဖုန်းကို အင်တာနက်ဖွင့်ထားလိုက်ပါ။ Settings->Lock Screen & Finger Print->Screen Lock & Password ကိုဝင်ပါ။ အဲသည်မှာ မိမိထားခဲ့တဲ့ Pattern or PIN or Password ကိုလာတောင်းပါပြီ။ Mi Account ၀င်ထားတဲ့ဖုန်းအနေနဲ့ အောက်နားမှာ Forgot Password ဆိုတာတွေ့ပါမယ်။ အဲဒါလေးနှိပ်ရင် Mi Account ရဲ့ Password လာတောင်းပါမယ်။ ထည့်ပေးလိုက်ရင် မိမိမေ့နေတဲ့ Pattern or PIN or Password တွေပျက်ပါပြီ။ မိမိနှစ်သက်ရာ Pattern or PIN or Password တွေပြန်ထားနိုင်ပါပြီ။


သည်တော့ Android 6,7 နဲ့ဖုန်းတွေကလည်း Reboot မချမိသေးလို့ Pattern, PIN, Password တွေမထည့်ရဘဲ Finger Print နဲ့ပွင့်နေပေမယ့် Pattern, PIN, Password တွေနဲ့ဖွင့်ကြည့်တာလည်း လုပ်ပေးနေပါ။ Xiaomi Group က Post တွေမှာ Pattern အမှန်ထည့်တာပဲ.. Lock ဖွင့်မရဘူး.. စတာတွေတွေ့နေမိလို့။ သည်တော့ Finger Print ကအလုပ်လုပ်နေပေမယ့် Pattern, PIN တွေနဲ့ဖွင့်ကြည့်တယ်။ မရဘူး။ Try တယ်။ မရဘူး။ ခဏလောက် သုံး လေးမိနစ် ဖုန်းက Disable ဖြစ်သွားတယ်။ အဲလိုမျိုးဖြစ်ရင် အချိန်စေ့မှ Finger Print နဲ့ပြန်ဝင်ပြီး Pattern, PIN, Password တွေကို ဖျက်တာ၊ အသစ်ထည့်တာ လုပ်ထားလိုက်နိုင်ပါတယ်။ Reboot ချမိပြီးမှ ဖွင့်မရဆိုတာ မဖြစ်တော့ဘူးပေါ့။ ကဲ.. သည်နေရာမှာလည်း Mi Account ဖွင့်ထားပြီးသုံးတာ ဘာအသုံးကျလည်းဗျ ဆိုတာကို အကဲခတ်မိမယ်ထင်ပါတယ်။

ကဲ.. နောက် condition တစ်ခု..။ Finger Print ရှိတဲ့ဖုန်းတွေမှာ Finger Print တွေထည့်ထားမှာပါပဲ။ သည်တော့ Android 5.0.2, 5.1.1 နဲ့ဟာတွေအတွက်က ဖုန်းပွင့်အောင်လုပ်လို့ရတော့ အပေါ်ကနည်းနဲ့ဖျက်ရင်အဆင်ပြေပါတယ်။ Android 6,7 နဲ့ဟာတွေမှာတော့ Reboot မိပြီး pattern, pin, password တွေမေ့လို့ဖွင့်မရတော့ဘူးဆိုပါစို့။ အဲသည်အတွက် ပြန်လုပ်တဲ့နည်းလမ်းကတော့ Factory Reset ချလိုက်တာပါပဲ။ Factory Reset ချဖို့က Mi Account ၀င်ထားတယ်၊ Find Device ON ထားတယ်ဆိုရင် အထက်မှာပြောခဲ့သလို Mi Cloud Web Site ထဲဝင်ပြီး Wipe Device လုပ်တာပါ။ Mi Account မ၀င်ထားလို့၊ Find Device မ ON ထားလို့ကတော့ Mi PC Suite ကိုသုံးပြီး Factory Reset ချလိုက်တာပါ။ အခုလို Mi Cloud Web Site ကနေလုပ်တာ၊ Mi PC Suite နဲ့လုပ်တာတွေက ဘယ် Xiaomi Phone Model ကိုမဆိုလုပ်နိုင်ပါတယ်။ အဲသည်နည်းတွေက Pattern, PIN, Password တွေပျက်တာချည်းပါပဲ။ မိမိတို့ရဲ့ Data တွေလည်း ပျက်ပါတယ်။ Finger Print မပါ၊ Boot Loader Lock မဟုတ်တဲ့ဖုန်းတွေမှာ တော့ Recovery ထဲကနေပဲ Wipe Data ဆိုတာရွေးပြီး Factory Reset ချပစ်နိုင်ပါတယ်။ Recovery ထဲဝင်တာကတော့ ဖုန်းကို Power ပိတ်။ ပြီးရင် Power + Vol UP key ကိုတွဲနှိပ်ထား...။ Mi Logo လေးပေါ်ရင် Power ကိုလွှတ်၊ Vol Up ကိုတော့ နှိပ်ထား။ နဲနဲကြာရင် Recovery ထဲရောက်ပါပြီ။ Vol Up/Down keys တွေသုံးပြီး ပေါ်အောက်သွားနိုင်ပါတယ်။ Power key ကိုတစ်ချက်နှိပ်လို့ မိမိရွေးချယ်ထားတာကို အလုပ်လုပ်ခိုင်းလိုက်နိုင်ပါတယ်။

ကဲ...နောက်ဆုံး Troubleshooting Technique တစ်ခု..။ သူကတော့ နဲနဲလေး Advance ဖြစ်သွားပါတယ်။ ကွန်ပျူတာလဲလိုပါမယ်။ အဲဒါကတော့ TWRP custom recovery ကိုသွင်းပြီး Pattern, PIN, Password တွေကိုမှတ်သားထားတဲ့ file ကို TWRP ထဲကနေဖျက်ချလိုက်တာပါ။ အဲသည်နည်းနဲ့ကတော့ မိမိတို့ Data တွေ တစ်ခုမှမပျက်ပါ။ ဖုန်း Lock Screen ဖွင့်ဖို့လည်း ဘာ Pattern, PIN, Password တွေမှမလိုအပ်တော့ပါ။ Boot Loader Lock မပါတဲ့ဖုန်းတွေနဲ့ Boot Loader Unlock လုပ်ပြိးသားဖုန်းတွေမှာ TWRP ကို ကွန်ပျူတာကနေအလွယ်သွင်းလိုက်နိုင်ပါတယ်။ သည် blog ထဲက TWRP Posts တွေမှာ သွင်းနည်းတွေ လိုအပ်တဲ့ TWRP files တွေကို လေ့လာပြီးယူသုံးနိုင်ပါတယ်။ Xiaomi forum မှာလည်း ဖုန်းတိုင်းအတွက် TWRP တွေရှိပါတယ်။ TWRP သွင်းပြီး သူ့ထဲဝင်ဖို့ကတော့ ဖုန်းကို power ပိတ်ထားချိန်မှာ Power + Vol UP key ကိုတွဲနှိပ်ထား...။ Mi Logo လေးပေါ်ရင် Power ကိုလွှတ်၊ Vol Up ကိုတော့ နှိပ်ထား။ နဲနဲကြာရင် TWRP Recovery ထဲရောက်ပါပြီ။ File ဖျက်ဖို့လုပ်ဆောင်တာကိုတော့ အောက်ကပုံလေးတွေမှာကြည့်ပြီး လေ့လာပါ။




အခု TWRP မှာဖျက်ပြထားတဲ့ပုံတွေကတော့ Mi Note LTE ရဲ့ Pattern Lock file ကိုဖျက်ထားတာပါ။ Android 6 နဲ့ပါ။ file နာမည်လေးတွေ ကွဲပြားတာရှိနိုင်ပါမယ်။ အဓိကကြည့်ရမှာကတော့ .key လို့ဆုံးတာလေးတွေပါ။ အဲသည်မှာမှ pattern, password လို့ပါတာလေးတွေပါ။ Android Lollipop version တွေမှာတော့ gesture.key လို့နာမည်ပေးထားမယ်ထင်ပါတယ်။ တစ်ဖိုင်စီဖျက်ကြည့်လိုက်.. Reboot လုပ်လိုက်နဲ့လည်း စမ်းကြည့်နိုင်ပါတယ်။ Android 6 နဲ့အထက်ဖုန်းတွေမှာ (Finger Print ပါတာတွေမှာ) ကြုံဖူးတာတစ်ခုကတော့ Screen lock password တွေပြန်ထည့်မယ်ဆိုပြီး Settings->Lock Screen & Password-> Screen Lock & Password ထဲပြန်ဝင်ချိန်မှာ အရင်ထည့်ထားတဲ့ Pattern, PIN, Password ကိုတောင်းတတ်ပါတယ်။ အဲဒါအတွက်တော့ လွယ်ပါတယ်။ အထက်ကနည်းအတိုင်း Mi Account ၀င်ထားနေပြီး Forgot Password လုပ်ကာ Mi Account Password ကိုထည့်ပေးလိုက်တာပါ။ အဲဒါဆို မိမိနှစ်သက်ရာ PIN, Pattern, Password တွေထည့်နိုင်ပါပြီ။ TWRP ကနေလုပ်တဲ့နည်းကတော့ မိမိ Data တွေလည်း မပျက်စေပဲ ဖုန်း screen lock ကိုဖွင့်နိုင်တဲ့နည်းပါခင်ဗျာ....။

အခြားသော Lock Type နှစ်ခုအတွက် အပိုင်း - ၂ မှာဆက်လက်လို့ဖတ်ရှုနိုင်ပါတယ်။

#Crd Thet zaw ko

No comments:

Post a Comment