Tuesday, January 30, 2018

Myanmar Fonts For Mi Beginners

Xiaomi ဖုန်းထဲမှာ မြန်မာစာကို ထည့်သွင်းအသုံးပြုဖို့ China Rom ဆိုရင် တစ်မျိုး၊ Global Rom ဆိုရင် တစ်မျိုး လုပ်ဆောင်ရပါတယ်။ အဲသည်အတွက် ကိုယ့်ဖုန်း rom ဟာ china လား၊ global လား ဆိုတာ အရင်ဆုံး အောက်ပါအတိုင်း ကြည့်လို့ခွဲခြားပါ။


Myanmar Fonts for China ROMs

CHINA ROMs တွေအတွက် လုပ်နည်းကို အရင်စပြောပေးပါမယ်။ Mi Account တစ်ခုလုပ်လို့ Login ကတော့ ၀င်ထားပြီးသား ဖြစ်နေရပါမယ်။ login ၀င်ထားပြီးပြီဆိုရင်တော့ Xiaomi Theme Store ကနေပဲ Myanmar font ကို အလွယ် download ပြုလုပ်ပြီး ထည့်သွင်းနိုင်ပါပြီ။ အောက်ဖော်ပြပါပုံအတိုင်း Fonts Option ရှိတဲ့ဆီသွားပါ။


သည်လိုပုံစံနဲ့လဲ Fonts ရှိတဲ့ဆီ သွားလို့ရပါတယ်။

Xiaomi Theme Store မှာရှိတဲ့ Myanmar Zawgyi Fonts ကို Download ပြုလုပ်ရန်


လိုချင်တဲ့ Font ကို Download ပြုလုပ်ပြီးသုံးစွဲရန်


ယခုဆိုလျှင် CHINA ROMs တွေမှာ မြန်မာစာထည့်သွင်းခြင်း ပြီးဆုံးပါပြီ။ System Update လုပ်လိုက်မိသည်ဖြစ်စေ၊ Themes တွေချိန်းတဲ့အခါ Reboot လုပ်လိုက်မိသည်ဖြစ်စေ မြန်မာစာ မမှန်တော့သည်ကို တွေ့ပါက အောက်ပါပုံများအတိုင်း ပြန်ရှာလို့ ပြန်ရွေးသုံးနိုင်ပါတယ်။

 

Myanmar Fonts for Global ROMs

Global ROMs တွေမှာ မြန်မာစာရှာသုံးနည်းကိုပြောပြပေးပါမယ်။ Global rom မှာ China rom တွေမှာကဲ့သို့ Myanmar font ကို Xiaomi Themes Store ကနေ download လုပ်ပြီးသုံးလို့မရပါ။ ROM ထဲမှာ တစ်ခါတည်း ပါပြီးသားဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံများအတိုင်း Font ကိုရှာလို့ Apply လုပ်လိုက်ပါ။ အခုနည်းနဲ့သုံးတာဟာ MIUI version 8 မှာ အသုံးပြုနည်းပါ။ Global MIUI 7 ဆိုလျှင် နောက်ဆက်ပြောပြပေးမယ့်နည်းကိုကြည့်ပါ။


ယခုဆိုလျှင် MIUI8 Global ROM မှာ မြန်မာစာအသုံးပြုနိုင်အောင် ပြုလုပ်ခြင်း အဆင်ပြေပါပြီ။


MIUI 7 Global ROM နှင့် MIUI 8 တွင် Locale ရွေးမရခဲ့ရင်

MIUI 7 Global ROM များမှာ Fonts ရှိသောနေရာကိုသွားလို့မရပါ။ MIUI8 Global Rom မှာလည်း firmware တင် ရာတွင် လိုအပ်ချက်တစ်ခုခုကြောင့် Locale မှာ China only ပဲဖြစ်နေတတ်ပြီး Fonts ရှိသောနေရာကို သွားလို့မရပါ။ အဆိုပါကိစ္စများပြေလည်အောင် Font Short Cut Maker app လေးကို သုံးပြိး Fonts icon ဖော်ပါမယ်။ ပြီးမှ မိမိတို့ အလိုရှိရာ mm font ကို ထည့်သွင်းအသုံးပြုပါမယ်။ Xiaomi Theme Store ထဲက font မဟုတ်ပဲ ကိုယ်ပိုင် mtz font တွေဖြစ်လို့ ကိုယ့် Mi Account ဟာ Designer Account type ပါဖြစ်နေရပါမယ်။ ကိုယ့် Mi Acc ဟာ DA မဟုတ်ရင်တော့ အခြား Designer Account ရပြီးသူ တစ်ယောက်ယောက်ရဲ့ Account ကို ခေတ္တအသုံးပြုလို့ mtz font တွေကို import လုပ်နိုင်ပါတယ်။ အောက်ဖော်ပြပါ ပုံများကို လေ့လာလို့ ပြုလုပ်ပါ။



Font Shortcut ထုတ်ပြီးလျှင် မိမိဖုန်းထဲတွင် Download ပြုလုပ်ထားသော mtz theme font များကို import လုပ်ပြီး ရွေးချယ်အသုံးပြုနိုင်ပါပြီ။ (Designer Account လိုအပ်ပါသည်။ အခြားသူတစ်ယောက်ရဲ့ Designer account တစ်ခုကို ခဏ login ၀င်ထားပြိးလည်း import လုပ်နိုင်ပါသည်။ import လုပ်ပြီးပါက Mi account login ၀င်မထားလည်း Fonts များကို အသုံးပြုနိုင်ပါပြီ)။ အောက်ပါပုံအတိုင်း မိမိဖုန်းထဲမှာ download လုပ်ယူထားသော mtz fheme font ကို import လုပ်ပါ။


ကိုယ့်ဆီမှာရှိတဲ့ mtz font ကို import လုပ်ပြီးပါက Home Key နှိပ်လို့သာ ပြန်ထွက်လိုက်ပါ။ အောက်ပါပုံအတိုင်း မိမိတို့ import လုပ်ထားသော Font ကို ချိန်းသုံးပါ။

 



ယခုဆိုလျှင် China ROM မှာဖြစ်စေ၊ Global ROM မှာဖြစ်စေ မြန်မာစာကို အဆင်ပြေပြေအသုံးပြုနိုင်အောင် ထည့်သွင်းလို့ရသွားပါပြီ။


Browser များနှင့် မြန်မာစာ

Facebook သုံးနေရင် Web site link တွေ ဖွင့်ရင် မြန်မာစာ (zawgyi font) ကို အမှန်မြင်ရ အောင် အလွယ်ဆုံးအနေနဲ့ UC Browser ကို အသုံးပြုနိုင်ပါတယ်။ Link တော်တော်များများအတွက်ကို စာမှန် အဆင်ပြေပါတယ်။ ဖုန်းမှာပါလာတဲ့ Original Browser သည်လည်း တော်တော်မှန်ပါတယ်။ Zawgyi ပဲလာလာ.. Unicode နဲ့ပဲလာလာ မှန်နေချင်ရင်တော့ Firefox Browser ကို အသုံးပြုလို့ Tagu add-on လေးထည့်သွင်းထားခြင်းဖြင့် 100% unicode မြန်မာစာ ပဲဖြစ်ဖြစ် zawgyi မြန်မာစာပဲဖြစ်ဖြစ် အဆင်ပြေပြေဖတ်ရှုနိုင်ပါပြီ။

Firefox Browser ကို install ပြုလုပ်ပြီး အောက်ပါပုံများအတိုင်း Tagu add-on လေးကို ထည့်သွင်းပေးပါ။




Facebook မှ web site link ကိုဖွင့်တာနဲ့ Firefox browser နဲ့ပွင့်လာနိုင်အောင် အောက်ပါအတိုင်းလုပ်ဆောင်ပေး ပါ။ UC Browser သုံးရင်လည်း အလားတူပြုလုပ်ပေးထားပါ။






ယခုဆိုလျှင် Global rom မှာပဲဖြစ်စေ၊ China rom မှာပဲဖြစ်စေ မြန်မာစာကို အဆင်ပြေပြေ အသုံးပြုနိုင်၊ ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ အခြားသော CoC, News apps, smule, အစရှိသော app များတွင် မြန်မာစာအမှန်မပေါ်ခြင်းအတွက် ကတော့ Boot Loader Unlock, TWRP, Root ဆိုသော အရာများတွင် မိမိတို့ကိုယ်စွမ်း ဥာဏ်စွမ်းကို နှစ်မြှုပ်လို့ ဆက်လက်လေ့လာပါတော့ခင်ဗျာ.
#Crd Thet zaw ko

No comments:

Post a Comment