Tuesday, January 30, 2018

REDMI NOTE 3 PRO (KENZO) Mi Account ByPass

Qualcomm CPU base Mi ဖုန်းတွေမှာ Account info တွေ၊ Sensor value info တွေကို persist partition မှာရေးသိမ်းထားပါတယ်။ Fastboot rom ကို EDL or Fastboot .. ဘယ် mode ကနေပဲ Flash, Flash.. အဲသည် partation က ပျက်မသွားပါဘူး။ Mi Account Password မေ့လို့ Firmware အသစ်ပြန်တင်ချင်ရင် အဲသည် partition ကို ဖျက်ပစ်ပြီး Mi Account Lock ကို ကျော်နိုင်ပါတယ်။ (လောလောဆယ်အချိန်မှာပေါ့လေ..)။ အခု Redmi Note 3 Pro (Kenzo) နဲ့ Mi Account Lock ByPass တာ နမူနာပြပေးပါမယ်။ ကျန်ဖုန်းများကိုလည်း အလားတူ စဉ်းစားလို့ လုပ်ဆောင်နိုင်ပါတယ်။ (Only Qualcomm CPU based phones)

Sim cards တွေထုတ်ထားပါ။ မိမိနှစ်သက်ရာ firmware ကိုတင်ပါ။ ကျနော်ကတော့ Redmi Note 3 Pro အတွက် အခုနောက်ဆုံးထွက် Global Stable 8.1.1.0, China Stable 8.1.1.0 ROM တွေတင်ပြီး စမ်းထားပါတယ်။ Boot Loader Lock ဖြစ်နေရင် EDL mode ကနေ Mi Flash Tool နဲ့တင်ပါ။ Boot Loader Unlock ဖြစ်နေပြီဆိုရင်တော့ Fastboot mode ကနေ Mi Flash Tool နဲ့တင်တင်၊ Command Line ကနေပဲ တင်တင် နှစ်သက်ရာနည်းနဲ့ firmware တင်နိုင်ပါတယ်။ Firmware တင်ပြီးရင် ပုံမှန်အတိုင်းပဲဖုန်းပြန်တက်လာပါစေ။ Setup Wizard ရဲ့ စစချင်း GUI Screen ဖြစ်တဲ့ MIUI 8 လို့စပေါ်လာပြီဆိုရင်တော့ ဘာမျှားမှနှိပ်ပြီး Next လုပ်မနေပါနဲ့တော့။ Power Key ကိုကြာကြာဖိလိုက်ပါ။ Shutdown button ကိုရွေးနှိပ်လို့ ဖုန်းကိုပိတ်လိုက်ပါ။

Tools တွေသုံးရတာအဆင်ပြေရအောင် လိုအပ်တဲ့ Qualcomm Drivers တွေ၊ Adb, Fastboot Drivers တွေ တင်ထားရပါမယ်။ သည်မှာ [ PC Driver Installation for Xiaomi Phones ] လေ့လာပါ။



Boot Loader Lock ဖုန်းတွေအတွက် အရင်ပြောပါမယ်။ Mi Account ByPass လုပ်ဖို့ Tool Folder ကို သည်မှာ [ Redmi Note 3 Pro Mi Acc ByPass Tool ] download ပြုလုပ်ပါ။ ကွန်ပျူတာမှာ ဖြည်ချထားပါ။ ဖုန်းကို EDL mode ၀င်ပြီး ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ အကြံပြုချင်တာကတော့ Redmi Note 3 Pro တွေကို EDL mode နဲ့အလုပ်လုပ်တဲ့အခါ jig cable လေးကိုသုံးတာပဲ အကောင်းဆုံးဖြစ်တယ်လို့တော့ အကြံပြုချင်ပါတယ်။ မိမိနှစ်သက်အဆင်ပြေသလိုလုပ်ပါ (just suggestion)။

QDLoader COM Port no. ဘယ်လောက်နဲ့ ချိတ်ဆက်အလုပ်လုပ်နေလဲဆိုတာ သိအောင်လုပ်ထားရပါမယ်။ ကွန်ပျူမှာဖြည်ချထားတဲ့ Tool Folder ထဲကိုဝင်ပါ။ cmd.bat ဆိုတဲ့ file လေးကို Double Click ပါ။ Command Windows ပေါ်လာပါမယ်။ ပုံပါအတိုင်း command ရိုက်ပြီး Enter Key နှိပ်ပါ။ ( emmcdl ပါ။ 1 - one မဟုတ်ပါ )



အရင်ဆုံး persist partition ကိုဖျက်ပစ်ပါမယ်။ ပုံပါအတိုင်း command ရိုက်လို့ Enter Key နှိပ်ပါ။ စာလုံး ကြီးသေး မှန်ပါစေ။ Space ခြားသင့်သည့်နေရာ ခြားပေးပါ။



persist partition ဖျက်ပြီးရင်တော့ Good sensor info တွေပါအောင်၊ Mi Cloud မှာ Mi Account နဲ့တွဲစပ်မနေဘဲ Device အသစ်တစ်ခုလို info တွေဖြစ်အောင် ပြုလုပ်ထားတဲ့ persist.img file ကိုပြန်ရေးပေးပါမယ်။ အောက်ပုံပါအတိုင်း လုပ်ဆောင်ပါ။ စာလုံး ကြီး သေး မှန်ပါစေ။ space ခြားသင့်သည့်နေရာ ခြားပါ။





Boot Loader Unlock ဖုန်းများအတွက် ပြောပါမယ်။ အဲဒါတွေကတော့ လွယ်ပါတယ်။ ဖုန်းကို Power + Vol Down Key ကြာကြာလေးတွဲနှိပ်ပေးပြီး Fastboot mode ကိုဝင်လိုက်ပါ။ ကွန်ပျူတာနဲ့ ချိတ်ပါ။ Tool Folder ထဲမှာရှိတဲ့ Fastboot_PersistFlash.bat file ကို Double Click ပါ။ Persist partition ဖျက်တာ၊ အသစ်ပြန်ရေးပေးတာ လုပ်သွားပေးပါလိမ့်မယ်။






EDL mode or Fastboot mode တွေကနေ persist ဖျက်တာ၊ တင်တာပြီးသွားပြီဆိုရင်တော့ USB Cable ကိုဖြုတ်၊ ဖုန်းကို Vibrate တစ်ချက်တုန်လို့ Mi logo ပေါ်သည်ထိ power key နှိပ်ပေးထား လိုက်ပါ။ Setup Wizard အဆင့်ဆင့်သွားချိန် Wifi ကိုချိတ်မသွားပါနဲ့။ Skip လိုက်ပါ။ Sim cards စစ်တဲ့နေရာ sim မတွေ့ပြောတာတွေလဲ ညာဖက်မျှားလေးသာနှိပ်ပြီး နောက်အဆင့်ကိုသွားပါ။ Mi Account/Device info စစ်သည့်အဆင့်ကျော်သွားတာတွေ့ပါမယ်။ အားလုံးပုံမှန်တက်ချိန်မှာတော့ sim တွေထည့်ပါ။ Internet ကို Wifi, Mobile တွေမှဖွင့်ပြီးစမ်းသပ်ပါ။ online တက်ပေမယ့် Mi Account Lock ပြန်မကျပါ။ Sensor တွေ နှစ်သက်သလိုစမ်းသပ်ပါ။ အကုန် အလုပ်လုပ်ပါတယ်။ Mi Account အသစ်တွေ ၀င်ပါ။ Find Device ကို ON ပါ။ OFF ပါ။ Mi Account ကို Sign Out လုပ်ပါ။ Sign In ပြန်လုပ်ပါ။ ဘယ် Account နဲ့ပဲ ဖြစ်ဖြစ် အကုန်အဆင်ပြေပါတယ်။

Mi Account Lock ချပြီး persist ပြန်ဖျက်၊ ပြန်ရေးတာ စမ်းရင်း lock ချတဲ့ account နဲ့လဲ ပြန်ဝင်သုံးကြည့်ပါတယ်။ Mi Cloud Site မှာ အဲသည် Account ဟာ နောက်ထပ်ဖုန်းအသစ်တစ်လုံးနဲ့ Sign In ၀င်လာတယ်လို့ပဲပြပြီး ဖုန်းအရေအတွက်တိုးလာပါတယ်။ ဖုန်းကို online လုပ်ထားပေမယ့် Find Device ထဲမှာ ဖုန်း Info အသစ်မှာသာ Online ဖြစ်နေပြီး အရင်ဖုန်း info ဟောင်းကတော့ Offline မှာပဲ ဖြစ်နေပါတယ်။ နောက်ဆုံး MIUI 8.1.1.0 China Stable ROM မှာစမ်းနေရင်း MIUI 8.1.2.0 OTA Update ရလို့ လဲလုပ်ပါတယ်။ အကုန်အဆင်ပြေပါတယ်။ Mi Account ပြန်ထွက်တယ်။ ကြိုက်တဲ့ Account ပြန်ဝင်တယ်။ အကုန်အဆင်ပြေပါတယ်။ သည်တော့ အခုလောလောဆယ်အချိန်များမှာ Mi Account Password မေ့လို့ Official နည်းနဲ့ ပြန် Recover လုပ်ဖို့ အကြံကုန်ပြီဆိုရင်တော့ သည်နည်းကို အသုံးပြုပါပေါ့..။ ဖြစ်နိုင်ရင်တော့ Official နည်းတွေကိုသာ အစွမ်းကုန် အရင် ကြိုးစားစေချင်ပါတယ်။ အားလပ်ချိန်မှာတော့ အဆင်ပြေစေမယ့် persist.img လေးတွေ လုပ်ထားပါအုံးမယ်။

#Crd Thet zaw ko

No comments:

Post a Comment