Tuesday, January 30, 2018

TWRP Collections for Xiaomi Devices


Xiaomi ဖုန်းတွေအတွက် ကိုယ်ကိုယ်တိုင်တင်သုံး၊ သူများကိုလဲတင်ပေး၊ Xiaomi Forum မှာလည်း အဆင်ပြေဆုံးဆိုတာဖြစ်တဲ့ TWRP Images လေးတွေကို စုစည်းပေးထားတာပါ။ TWRP သဘာဝအရ လိုအပ်မယ့် Lazy Flasher Zip, ROOT ဖို့အတွက် Latest SuperSU v2.8 Zip, Manual ပဲ TWRP ကို Flash ချင်ချင်၊ Installer ကိုပဲ Double Click ပြီး ထည့်ခိုင်းချင်ချင် ဘယ်လိုလုပ်ပါဆိုတဲ့ PDF Guide လေးတွေလဲ ထည့်သွင်းပေးထားပါတယ်။ ဖုန်း Android version ပေါ်မူတည်ပြီး ထည့်ပေးရမယ့် သဘာဝတွေ၊ ZCX, Cofface စတဲ့ TWRP Developer တွေရဲ့ TWRP သဘာဝတွေ၊ အထာတွေကို အရင်နားလည်အောင် အောက်ပါ Posts တွေကိုဖတ်ပါ။ ဖုန်းထဲထည့်ဖို့ လိုတဲ့ file ကိုတော့ သည် Post မှာ တင်ပေးထားတဲ့ links တွေမှာ Download လုပ်ပါ။ သည်မှာ Up to Date ဖြစ်အောင် လုပ်ပေးထားပါတယ်။


TWRP for Mi MAX 2


TWRP for Mi6

Cofface ကလုပ်ပေးထားတဲ့ TWRP ဖြစ်လို့ Xiaomi devices တွေမှာ ပိုအဆင်ပြေစေပါလိမ့်မယ်။

TWRP for Mi Mix

TWRP သုံးခုပေးထားပါတယ်။ အဆင်ပြေတာကိုထည့်သုံးနိုင်ပါတယ်။ Sepneela TWRP မှာတော့ UI က Chinese Only ဖြစ်နေပါလိမ့်မယ်။ TWRP ထည့်ပြီးရင် Internal Storage/TWRP Folder အောက်မှာ theme ဆိုတဲ့ folder တစ်ခု Create လုပ်ပါ။ ui.zip ဆိုတာလေးကို အဲသည်အောက်မှာကူးထည့်ပေးထားလိုက်ရင် TWRP ထဲမှာ English UI နဲ့ဖြစ်ပါလိမ့်မယ်။

TWRP for Mi Note 2

ZCX, Cofface TWRP တွေကတော့ အရင်ဥိးစားပေး တင်ကြည့်သင့်တာပေါ့။ ကျန်တစ်ခုက Official Team Win ကဟာပါ။

TWRP for Mi5s Plus

ZCX ကတော့ OTA Support တဲ့ဟာပေါ့။ ကျန်တစ်ခုကတော့ Official Team Win ကထုတ်တာပါ။

TWRP for Mi5s

ZCX နဲ့ Cofface နှစ်ခုရှိပါမယ်။ မိမိနှစ်သက်ရာတင်သုံးပါ။

TWRP for Mi5

ZCX TWRP ရှိပါမယ်။ Android 6.0.1 အတွက်တစ်ခု၊ Android 7 အတွက် တစ်ခုရှိပါမယ်။ မိမိဖုန်း Android နဲ့ကိုက်တာတင်သုံးပါ။

TWRP for Mi5c


TWRP For Mi MAX

Mi Max Prime (3/64, 4/128) တွေအတွက်တော့ ZCX TWRP ရှိပါမယ်။ ဒါပေမယ့် သူက Redmi Note 3 Pro ကနေ Port လုပ်ထားလို့ ROM zip တွေ flash ရင် အဆင်မပြေတဲ့အခါမပြေပါ။ updater-script ကို ပြင်ပေးပြီးမှ ROM တင်တာတွေရတတ်ပါတယ်။ သူ့ကို Format DATA မလုပ်ချင်တာမျိုးတွေမှာ တင်လို့တော့ အဆင်ပြေတာပေါ့။

TWRP for Redmi Note 4/4X MTK - Nickel

သူ့အတွက်တော့ OTA ပါရတဲ့ ZCX နဲ့ကောင်းကောင်းအဆင်ပြေပါတယ်။

TWRP for Redmi Note 4X - Mido

Cofface TWRP ဆိုတော့ အဆင်ပြေပါတယ်။

TWRP for Redmi Note 3

Redmi Note 3 Pro နဲ့ Redmi Note 3 Special Edition တို့အတွက် OTA ရမယ့် ZCX ရှိပါမယ်။



TWRP for Redmi 3S, 3X, 3Prime




TWRP for Mi Note (Mi Note LTE)




TWRP for Mi3/Mi4

#Crd Thet zaw ko

No comments:

Post a Comment