Tuesday, January 30, 2018

Flashing fastboot rom without using Mi Flash Tool

မိမိဖုန်းသည် Boot Loader Lock ပါသော model ဖြစ်လို့ Boot Loader Unlock လုပ်ပြီးသည့်အချိန်တွင်ဖြစ်စေ၊ Boot Loader Lock မပါသော ဖုန်းများတွင်ဖြစ်စေ လိုအပ်လာလို့ Fastboot rom ကို ပြန်တင်ချင်တဲ့အခါမှာ Mi Flash Tool ကို မသုံးပဲ command line မှနေပြီး အလွယ်ပြန်တင်ပေးလို့ရပါတယ်။ Windows က 32bit မို့၊ 64bit မို့။ Flash tool က 32bit မို့၊ 64bit မို့ အဆင်မပြေမှုတွေ ကို ထည့်စဉ်းစားပေးနေဖို့မလိုတော့ပါ။ ဘယ် Computer မှာမဆို Fastboot ROM နှင့် လိုအပ်သော ADB, Fastboot file လေးများရှိနေပြီဆို အလွယ်တင်လိုက်နိုင်ပါပြီ။ Qualcomm, MTK သုံး မည်သည့် Mi phone မှာမဆိုအဆင်ပြေပါတယ်။ (Fastboot mode မပါတဲ့ MTK model လေးတချို့မှလွဲလို့.....)

သည်တော့ ပထမဦးစွာလိုအပ်တဲ့ Fastboot ROM ကို [ Fastboot ROM Download Page ] မှာ Download ပြုလုပ်နိုင်ပါတယ်။ မိမိတို့ Phone Model ပေါ်မူတည်လို့ Support ပေးထားတဲ့ rom type တွေကို တွေ့နေရမှာပါ။ အများဆုံး China Developer, China Stable, Global Developer, Global Stable ဆိုပြီး လေးခုထိတွေ့ချင်တွေ့နေရမျာပါ။ ကိုယ်တင်ချင်တာ တစ်ခုကို ဒေါင်းပေါ့။

မိမိဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ပြိး firmware တင်ခြင်း တစ်ခါမှပြုလုပ်ဖူးခြင်း မရှိသေးရင်တော့ ဖုန်းအတွက် ADB and Fasboot drivers တွေကို သည်မှာဒေါင်းပြီး [ Universal ADB and Fastboot Driver ] ကွန်ပျူတာမှာ install လုပ်ပေးပါ။ Windows က 32bit လား၊ 64bit လားတွေအပေါ်မူတည်ပြိး Drivers တင်တာ အသေးစိတ်ကိုတော့ သည်နေရာမှာ [ PC Driver Installation for Xiaomi Phones ] လေ့လာနိုင်ပါတယ်။

Download လို့ရလာတဲ့ Fastboot rom ကို ဖြည်ပါမယ်။ မိမိနှစ်သက် ကျွမ်းကျင်တဲ့ Archive software ကို အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့ WinRAR ကို အသုံးပြုပြီး ဖြည်ပါတယ်။ Download လို့ရလာတဲ့ fastboot rom file ကို C:\ or D:\ အောက်သို့ကူးထည့်ပါ။ ပုံပါအတိုင်းဖြည်ချပါ။


Firmware နှင့်နာမည်တူ file တစ် file ရလာပါမည်။ အဲသည် file ကို rename လုပ်ပြီး နောက်ဆုံးတွင် .rar ဟု ထပ်ဖြည့်ပေးလို့ နောက်တစ်ဆင့် ဆက်လက်ဖြည်ချရပါမယ်။




အားလုံးဖြည်ချပြီးချိန်မှာတော့ Firmware file နှင့် နာမည်တူ Firmware Folder ရလာပါပြီ။


Command line ကနေ firmware တင်ရမှာလိုအပ်တဲ့ Tool files လေးတွေကို သည်နေရာမှာ [ ADB & Fastboot Tools ] download ပြုလုပ်ပါ။ AnF ဆိုတဲ့ Folder လေးတစ်ခုရလာပါမယ်။ အဲသည် Folder ထဲမှာရှိတဲ့ Files အကုန်လုံးကို Firmware folder အောက်ကို ကူးထည့်ပေးပါ။


Files ကူးတာပြီးပြီဆိုရင်တော့ ဖုန်းကိုပိတ်ပါ။ Vol Down + Power Key တွဲနှိပ်ထားပါ။ Fastboot Mode logo ပေါ်လာရင်တော့ ကွန်ပျူတာနဲ့ USB Cable သုံးပြီး ချိတ်ပါ။ Firmware folder အောက်မှာ CHECK_DEVICE.bat ဆိုတဲ့ file လေးကို Double Click လုပ်ပါ။ ကွန်ပျူတာက ဖုန်းကို Fastboot mode မှာ device သိ မသိ ဆိုတာစစ်တာပါ။ သိနေရင် Fastboot device တစ်ခုပြပါမယ်။ မိမိလုပ်ချင်တဲ့ firmware တင်တာ ဆက်လုပ်လို့ရပါပြီ။ Fastboot device မတွေ့ဘူးဆိုရင်တော့ Drivers installation လုပ်တာတွေ ပြန်စစ်ပြိး ပြန်တင်ပေးပါ။



Driver သိလို့ Device တွေ့ပြီဆိုရင်တော့ flash_all.bat file လေးကို Double click လိုက်ရင် Firmware ရေးသားခြင်း စတင်နေပါပြီ။ ရေးသွားတဲ့ image တစ်ခုချင်းကိုကြည့်နေပြီး OKAY message တွေပြ မပြ တွေစစ်နေကြည့်ပါ။ system.img နဲ့ userdata.img image တွေကို ရေးသားချိန်မှာတော့ အချိန်ကြာမြင့်ပါမယ်။ ကိုယ့် app, data တွေ မပျက်စေချင်ရင် flash_all_except_data_storage.bat ကို Double Click ပြီး firmware ရေးနိုင်ပါတယ်။


Firmware ရေးတာပြီးဆုံးရင်တော့ ဖုန်း reboot ဖြစ်ကာ OS တက်လာပါမယ်။ Mi logo ပေါ်လို့ Android ဆိုတဲ့စာသားလေးနဲ့ အစက်လေးတွေပြေးနေရင် အရာရာ အဆင်ပြေနေပါပြီ။ Fastboot rom တွေတင်ပြီး အစပြန်တက်ချိန် ကြာတတ်သည်မို့ စိတ်ရှည် ရှည်သာစောင့်ပေးလိုက်ပါတော့.......။

#Crd Thet zaw ko

No comments:

Post a Comment