Tuesday, January 30, 2018

CDMA Internet for Mi MAX / Mi MAX Prime

အခုလောလောဆယ်အချိန် Mi MAX အတွက် CDMA Internet သုံးချင်တယ်ဆိုရင် Global Developer (Beta) or China Developer (Beta) rom တွေကို တင်သုံးရင် အဆင်ပြေပါမယ်။ လက်ရှိတင်ထားတဲ့ rom က Global Stable or China Stable rom ဖြစ်နေရင် CDMA Internet သုံးလို့ မရသေးပါ။ သည်တော့ Mi MAX တွေမှာ CDMA Internet သုံးချင်တယ်ဆိုရင်....

  1. လက်ရှိ Global or China Stable rom အတိုင်းပဲထားပြီး Updater app ကနေ update စစ်ကြည့်နေပြီး update ရလာရင် လုပ်သာပေးနေပါ။ သိပ်မကြာခင်အချိန်မှာ Stable roms တွေမှာလည်း သည် CDMA Internet သုံးလို့ရတဲ့ feature ပါလာပါမယ်။
  2. Developer (Beta) roms တွေချိန်းသုံးပါ။
  3. Developer (Beta) roms တွေဆိုတာ အနည်းနဲ့အများ bugs တွေတော့ ပါနေတာပါ။ အဲဒါတွေကို အပတ်စဉ်တိုင်း update လုပ်ပေးနေပါတယ်။ အဲသည်လို bugs တွေနဲ့လည်း မသုံးချင်၊ အပတ်စဉ်တိုင်းလဲ update လုပ်မပေးနိုင်၊ လက်ရှိတင်ထားတဲ့ Global or China Stable လေးနဲ့မှာပဲ CDMA Internet ရတဲ့ feature သုံးချင်ရင်တော့ အခုဖေါ်ပြမယ့်နည်းကို လုပ်ဆောင်ပါတော့..။

အခုနည်းက Stable roms တွေမှာ CDMA Internet မရသေးချိန် ကိုယ်က ရအောင်လုပ်သုံးတာပါ။ လုပ်ပေးဖို့ကတော့ CDMA Internet ရနေတဲ့ Developer (Beta) rom က MODEM File ကို ဖုန်းမှာ ထည့်ပေးလိုက်တာပါ။ အဲသည်လို လုပ်ဖို့အတွက် Boot Loader Unlock တွေ၊ Root တွေ မလိုပါဘူး။ ဘယ်လိုနည်းတွေနဲ့ သွင်းလို့ရတယ်ဆိုတာ ပြောပါမယ်။

အောက်မှာပြထားတဲ့ About Phone Screen Shots တွေကိုလေ့လာကြည့်ပါ။ Mi Max Prime မှာ Latest ဖြစ်တဲ့ Global Stable နဲ့ China Stable ကိုတင်ထားတာပါ။ CDMA Internet မရပါ။ ဖုန်းပြောရန် Voice Call Only ပဲရနေပါသေးတယ်။


မိမိဖုန်းအတွက် လိုအပ်တဲ့ Tool File ကို download ပြုလုပ်ပါ။ Post အောက်ဆုံးမှာ သက်ဆိုင်ရာ Mi Max model အတွက် Download Link ပေးထား ပါတယ်။ ကွန်ပျူတာမှာ archive file ကိုဖြည်ချထားပါ။



Boot Loader Unlock လုပ်ပြီးရင် Fastboot Mode ကနေသွင်းရန်


ဖုန်းကို Power ပိတ်ပါ။ VOL DOWN + POWER KEY တွဲနှိပ်ပေးထားပါ။ Fastboot Logo ပေါ်လာပါမယ်။ Keys တွေနှိပ်ထားတာလွှတ်ပါ။ ကွန်ပျူတာနဲ့ဖုန်းကို USB Cable သုံးလို့ ချိတ်ပါ။ ဖြည်ချထားတဲ့ Folder ထဲက Fastboot_FlashMODEM.bat ကို Double Click နှိပ်ပေးလိုက်ပါ။ Fastboot Device သိမသိစစ်ပါမယ်။ သိတယ်ဆိုရင်တော့ MODEM File Flash ဖို့ Key တစ်ခုခုနှိပ်ခိုင်းပါမယ်။ MODEM File ကို Flash ပါလိမ့်မယ်။ အချိန်သိပ်မကြာပါ။ ပြီးသွားရင်တော့ ဖုန်းကို REBOOT လုပ်ဖို့ Key တစ်ခုခုနှိပ်ခိုင်းပါမယ်။ နှိပ်ပေးလိုက်ရင်တော့ ဖုန်း Reboot ဖြစ်သွားပြီး MODEM File Flash တာပြီးဆုံးပါပြီ။ ဖုန်း Normal ပြန်တက်လာရင်တော့ CDMA Internet အတွက် APN Settings ထည့်ပေးပြီးရင် Internet သုံးနိုင်ပါပြီ။



ADB, Fastboot Drivers တွေတင်မထားလို့ Fastboot Device မသိပါက အောက်ဖော်ပြပါပုံအတိုင်းပြပြီး program ကနေပြန်ထွက်သွားပါမယ်။ ဖုန်းလဲ Reboot ဖြစ်မှာမဟုတ်ပါ။ Drivers တွေ ကွန်ပျူတာမှာ ဘယ်လိုတင်မယ်ဆိုတာ သည်နေရာမှာ [ PC Driver Installation for Xiaomi Phones ] လေ့လာပါ။ လိုအပ်တဲ့ Drivers တွေအတွက် Download Link ကို အဲသည် post မှာပေးထားပါတယ်။




Boot Loader Unlock မလုပ်ရသေးရင် EDL Mode ကနေသွင်းရန်


ဖုန်းကို EDL Mode (QDLoader Mode or 9008 Mode) ၀င်ပေးရပါမယ်။ ဖုန်းကို Power ပိတ်ပါ။ VOL UP + VOL DOWN တွဲနှိပ်ထားပြီး POWER Key ကို နှိပ်ထားလိုက်ပါ။ Vibrate တစ်ချက်တုန်ရင် Power Key ကိုလွှတ်ပါ။ ပြီးရင် VOL Keys တွေလွှတ်ပါ။ EDL Mode ရောက်ပါပြီ။ ဖုန်းနဲ့ကွန်ပျူတာကို USB Cable သုံးပြီး ချိတ်ဆက်ပါ။

ကွန်ပျူတာနဲ့ဖုန်းချိတ်ပြီးရင် Tool Folder ထဲက cmd.exe file ကို Double Click ပါ။ အောက်ပုံပါ command ကိုရိုက်ပါ။ ကွန်ပျူတာနဲ့ တွဲစပ်အလုပ်လုပ်နေတဲ့ COM Port Number ကိုမှတ်ထားပါ။ ကျနော်ပြတဲ့ နမူနာပုံမှာကတော့ ကျနော့်ဖုန်းနဲ့ကွန်ပျူတာ တွဲစပ်အလုပ်လုပ်နေတာ COM5 မှာပါ။



MODEM File ကို EDL ကနေ Flash ပေးရန် အောက်ပုံပါ command ရိုက်ပြီး Enter Key နှိပ်ပါ။ COM Port Number နေရာ မိမိကွန်ပျူတာမှာ emmcdl -l နဲ့စစ်လို့ပြလာသော COM ကို ထည့်ပါ။ စာလုံးကြီးသေး မှန်ပါစေ။ space ခြားရမယ့်နေရာ သေချာခြားပါ။ -f နောက်က prog ထိရိုက်ပြီး TAB Key နှိပ်လိုက်ရင် programmer filename အလိုလို ပေါ်လာပါလိမ့်မယ်။


MODEM File Flash တာ success ဖြစ်ပါပြီ။ USB Cable ကိုဖြုတ်၊ Power Key ကို ကြာကြာလေးနှိပ်ထားရင် Vibrate တစ်ချက်တုန်ပြီး ဖုန်းမှာ android ပြန်တက်လာပါလိမ့်မယ်။


Global Stable or China Stable version တွေမှာ CDMA Internet အသုံးပြုလို့ရနေပါပြီ။ MODEM အသစ်ထည့်ပေးလိုက်လို့ Baseband Number လေးတွေပြောင်းသွားတာ သတိထားမိမှာပါ။


CDMA Internet အတွက် APN Setting ကို အောက်ပုံပါအတိုင်းထည့်ပေးပါ။ MECTel နဲ့ နမူနာပြထားပါတယ်။ MPT CDMA ဆိုရင် Username/Password နေရာမှာ cdma@c800.mm နဲ့ c800 ထားပေးပါ။ Phone Settings --> SIM cards & Mobile Network --> CDMA card ကိုရွေးပြီး --> Access Point Name -> အောက်ခြေနားလေးက New APN + sign လေးကိုနှိပ်ပြီး APN ထည့်ပါ။ Save လုပ်ပါ။


Mi Max Prime - Helium ( 3GB/64GB, 4GB/128GB ) အတွက် Tool File download ပြုလုပ်ရန်.. [ Mi_Max_Prime_CDMA.rar [

Mi Max - Hydrogen ( 2GB/16GB, 3GB/32GB ) အတွက် Tool File download ပြုလုပ်ရန်.. [ Mi_Max_CDMA.rar ]

#Crd Thet zaw ko

13 comments:

  1. Mi 5s Plus က MECTel Line Good ပြီး Internet သုံးမရဘူး ဖြစ်နေတယ်။ အင်တာနက် သုံးရအောင်ဘယ်လို့လုပ်ရမလဲဆိုတာ ပြောပြပေးပါဦး။ mi phone အငိတာနက် သုံးရတဲ့ အမျိုးအစားထဲမှာပါတယ်။ internet setting တွေလည်းစုံးနေပြီ ကူညီပါဦး။ thank....
    Xiaomi Device
    CDMA Internet
    1. Redmi Note 4X (SD) / MECTel Line Good / No Internet
    2. Redmi Pro / MECTel Line Good / Yes Internet
    3. Mi 5s Plus / MECTel Line Good / Yes Internet
    4. Redmi 4A / MECTel Line Good / No Internet
    5. Mi Max / MECTel Line Good / No Internet
    6. Mi 5 / MECTel Line Good / Yes Internet
    7. Mi 5s / MECTel Line Good / No Internet
    8. Redmi 4X / MECTel Line Good / No Internet
    9. Redmi Note 4X (MTK) / MECTel Line Good / Yes Internet
    10. Mi Max 2 / MECTel Line Good / No Internet
    11. Redmi Note 4 (SD) / MECTel Line No / No Internet
    12. Mi 5X / MECTel Line Good/ Yes Internet

    ReplyDelete
  2. Huawei nova eရောရမလား sir

    ReplyDelete
  3. Redmi Note 7 သုံးရလား mectel internet

    ReplyDelete
  4. Redmi 6 cdma 800 ရပီး internet မရလို့

    ReplyDelete
  5. Redmi note 8 proလဲ cdma 800 intwrnetမရဘူး

    ReplyDelete
  6. Mi8se ကောရလားဗျ

    ReplyDelete
  7. Mi 5X အတွက်setting, please.

    ReplyDelete
  8. Mi 5X မရဘူးဖြစ်နေတယ်

    ReplyDelete
  9. ဆရာ ခင်ဗျာ Redmi 6A က mectel sim
    အသုံးပြု့လို့ရပါသလါး ဆရာ

    ReplyDelete