Tuesday, January 30, 2018

Xposed Framework For Xiaomi

What is Xposed Framework


Xposed Framework ဆိုတာ ROM ပိုင်းဆိုင်ရာတွေ MOD(ပြုပြင်) လုပ်ပီးသုံးချင်တာတွေကို User စိတ်ကြိုက် အသုံးပြုခွင့်ရအောင် support လုပ်ပေးတဲ့ framework တစ်ခုပါ။ App တစ်ခုမဟုတ်ပါ။ MIUI ROM တွေကိုပဲနမူနာထားပြောသွားပါမယ်။ ဥပမာဆိုပါတော့ .. ကျနော်တို့တွေက ဖုန်း screen မှာ icon လေးတွေကို ပုံမှန်လို အတန်းတစ်တန်းမှာ လေးခု မဟုတ်ပဲ ငါးခုထားသုံးချင်တယ်ဆိုပါတော့..။ icon size ကိုလည်း ပုံမှန်ထက် နဲနဲပိုသေးချင်တယ်ဆိုပါတော့..။ အဲလိုရတဲ့ Themes တွေလဲရှိတာပါပဲ။ အဲဒီ Theme ကိုသုံးမှ အဲလိုပုံရမယ်လေ။ အဲသည် Theme မသုံးရင် ROM ရဲ့ default အတိုင်းပဲဖြစ်မှာပဲ။ အဲလိုမျိုး UI နဲ့ပတ်သက်တာတွေဆိုရင် ROM ထဲက MIUISystemUI.apk ကို မိမိလိုသလိုပြင်လို့ရပါတယ်။ ဒါပေမယ့် Normal users တွေအတွက် ခက်ခဲ့တဲ့အလုပ်တစ်ခုပါ။ အဲသည်လိုပြင်စရာမလိုပဲ သုံးလို့ရအောင် Xposed Framework က ထောက်ပံ့ပေးပါတယ်။ သည်တော့ Xposed Framework ဆိုတာပါ ထည့်ထားပြိးပြီဆိုပါတော့..။ User တွေက ကိုယ်သုံးချင်ရာ ဘယ်လိုသုံးမှာလဲ။ အလွယ်လေးပါပဲ။ ခုနလို Icon Size, Count တွေကိုမိမိနှစ်သက်သလိုရွေးချယ်ပေးပြီး လုပ်ထားနိုင်တဲ့ apk လေးသုံးလိုက်တာပါပဲ။ apk လေးတွေကို လူတိုင်း Install လုပ်တတ်ပါတယ်။ ဖွင့်ပြီးသုံးတတ်ပါတယ်။ အဲသည်အထဲမှာ Icon size ကို သည်အရွယ်ထားပါ၊ Count ကို သည်လောက်ထားပါ.. စသည်ဖြင့် number လေးတွေ ရွေးပေးလိုက်တာ လူတိုင်းလုပ်တတ်ပါတယ်။ ဒါဆိုရင် Xposed Framework ဆိုတာထည့်ထားပြီး ကိုယ်လုပ်ချင်တာကိုလုပ်ပေးနိုင်မယ့် apk ကိုထည့်ထားရင် ဘာ System APK တွေကိုမှ မိမိဖာသာပြင်ဆင်စရာမလိုပဲ သုံးလို့ရတယ်ဆိုတာမျိုးဖြစ်သွားပြီပေါ့။ နာရီလို အလယ်မှာထားချင်တယ်ဆိုတာလဲ အဲလိုမျိုးပေါ့။ ဒါက users တွေ မျက်စိနဲ့မြင်နီုင်မယ့် အမြင်ပိုင်းကိုပဲပြောတာပါ။ ကျန်တဲ့ Low Level System ပိုင်းဆိုင်ရာ ပြုပြင်သုံးတာတွေ အများကြီးရှိပါတယ်။ သည်တော့ Xposed Framework ဆိုတာ System ပိုင်းဆိုင်ရာ APK တွေ ဘာမှပြင်စရာမလိုပဲ မိမိလိုသလိုသုံးနိုင်ဖို့ ထည့်ထားပေးရတဲ့ အရာတစ်ခုလို့သာ အကြမ်းဖျဉ်းမှတ်သားထားနိုင်ပါတယ်။

နာရီအလယ်ထားချင်တာ.. လိုင်းတိုင်လေးတွေကို ဘယ် ညာ ပို့ချင်တာ.. လိုင်းတိုင်ပုံစံလေးတွေ ပြောင်းချင်တာ.. အဲလိုမျိုးတွေအတွက် apk ကို ကိုယ်တိုင်မရေးတတ်တော့ အဲလိုလုပ်လို့ရတဲ့ apk လေးတွေကို Install လုပ်ပြီး သုံးလိုက်ရုံပါ။ အဲလို apk တွေကို Xposed Modules တွေလို့လဲခေါ်ပါတယ်။ သူတို့က Xposed Framework ဆိုတာထည့်ထားမှ အလုပ်လုပ်တာပါ။ Framework မရှိရင် အလုပ်မလုပ်ပါ။ Xposed Framework ထဲမှာ အဲသည် Module (APK) လေးတွေကို Enable/Disable လုပ်ထားလို့ရပါတယ်။ နာရီကို ကိုယ်ကြိုက်တဲ့နေရာ ထားလို့ရအောင်လုပ်ပေးတဲ့ APK လေးကိုထည့်ပြီး နာရီကိုဘယ်ဖက်ပို့ထားတယ်ဆိုပါတော့။ Xposed Framework ထဲမှာ အဲသည် နာရီနေရာပြောင်းအောင်လုပ်ပေးတဲ့ apk (module) ကို Enable လုပ်ပေးထားရင် နာရီက ဘယ်ဖက်ရောက်နေမယ်။ Disable လုပ်ထားရင် MIUI ရဲ့ default အတိုင်း ညာမှာပဲရှိမယ်ပေါ့။

Xposed Modules (APK) တွေ သန်းပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် သူတို့တွေက Stock Android (Google ကထုတ်ပေးလိုက်တဲ့ Android) ပေါ်မှာပဲ အခြေခံရေးထားကြတာများပါတယ်။ Xiaomi, Huawei, Samsaung, LG,.. စတဲ့ဖုန်းတွေမှာ Stock Android ကို base ယူပြီး ကိုယ်ပိုင် Function, Feature တွေထပ်ထည့်ပြီး မှလုပ်ထားတာဆိုတော့ Modules(APK) တိုင်းဟာ မိမိဖုန်းက ROM အတွက် အဆင်မပြေပါ။ APK တွေရှာတဲ့နေရာမှာ ကိုယ့် ROM နဲ့လဲအဆင်ပြေလားဆိုတာ စာဖတ်ကြည့်ပြီးသိနီုင်ပါတယ်။ တော်တော်များများက ဘယ် ROM တွေမှာ ကောင်းကောင်းလုပ်တယ်.. ဘယ် ROM တွေမှာ APK ထဲကလုပ်ပေးနိုင်တာတွေက အချို့တစ်ဝက်ပဲ အလုပ်လုပ်မယ် စသည်ဖြင့် ရှင်းလင်းပေးထားပါတယ်။ ကျနော်တို့က Xiaomi ရဲ့ MIUI ROM ကိုပဲအဓိကထားပြောမယ်ဆိုတော့ MIUI ROM ကို လိုသလို control လုပ်သုံးနိုင်တာ နာမည်ကြီး Module(APK) နှစ်ခုကတော့ xMIUI နဲ့ MIUI8 Tweaks ပါပဲ။ xMIUI apk ကတော့ အရင်တစ်ခါ Xposed အကြောင်းရှင်းပြတုံးကပေးခဲ့ပြီးဖြစ်လို့ သည် post မှာ MIUI8 Tweaks Pro Version ကို Share ပေးပြီး သုံးလို့ရမယ့် Function သဘောသဘာဝလေးတွေကို ရှင်းပြလိုက်ပါမယ်။

Xposed Framework Installation


ကဲ... Xposed Framework ကိုဘယ်လို Install လုပ်မလဲ။ ရိုးရှင်းတဲ့ Process ပါ။ ကိုယ့်ဖုန်းအတွက် Xposed Framework Zip File ကို TWRP လို Custom Recovery ထဲကနေ Flash ပေးလိုက်တာပါ။ သည်တော့.. အဲလိုလုပ်လို့ရဖို့ ဘာတွေလိုအပ်မလဲ...။

  • TWRP ထဲနေ ထည့်ပေးရတာဖြစ်လို့ TWRP ဆိုတာဖုန်းထဲထည့်နိုင်ရန် Boot Loader Lock ပါတဲ့ ဖုန်း model တွေဆိုရင် Boot Loader ကို အရင် Unlock လုပ်ပေးရပါမယ်။ Xiaomi ဖုန်းတွေကို Boot Loader Unlock လုပ်တာ ဘယ်လိုလုပ်လဲ ဆိုတာ သည် Post [ How to Unlock Boot Loader (Xiaomi) ] ကိုဖတ်ပြီးလုပ်ပါ။

  • Boot Loader Unlock လုပ်ပြီးပြီဆိုရင်၊ Boot Loader Lock မပါတဲ့ဖုန်းတွေဆိုရင် ကိုယ့်ဖုန်းအတွက် သက်ဆိုင်ရာ TWRP ကို ထည့်ပေးရပါမယ်။ Xiaomi ဖုန်းတွေမှာ TWRP ဘယ်လိုထည့်မယ်။ ဘယ်လို TWRP တွေရှိတယ်.. ဆိုတာတွေကို သည် Post [ TWRP for Xiaomi ] နဲ့ သည် Post [ My Collection of Xiaomi TWRPs ] မှာဖတ်ပြီး TWRP ထည့်ပါ။ ကိုယ့်ဖုန်းအတွက် လိုတဲ့ TWRP file တွေကို Download လုပ်ယူပါ။ မိမိဖုန်း model အတွက်မပါပါက Xiaomi Forum ရဲ့ သက်ဆိုင်ရာ ဖုန်းအသီးသီးအတွက် Tool Tips & Tutorials ဆိုတဲ့ အခန်းမှာ ရှာပြီးယူနိုင်ပါတယ်။

  • ဖုန်းကို ROOT လုပ်ထားဖို့လိုပါမယ်။ Xposed Modules(APK) တွေကတော့ Xposed Framework ရှိရင် ရနေပါပြီ။ Xposed Modules တွေကို Control လုပ်ပေးမယ့် Xposed Installer လေးကတော့ အချို့အရာတွေလုပ်ဖို့ ROOT လိုတတ်ပါတယ်။ မဖြစ်မနေ ROOT ထားရမယ်တော့ မဟုတ်ပါ။ သို့သော် TWRP ထည့်ပြီးတဲ့ဖုန်းတိုင်း ROOT လုပ်ထားလိုက်ကြတာပါပဲ။ ROOT လုပ်တာကတော့ SuperSU Zip file ကို TWRP ထဲကနေ Flash ပေးလိုက်တာပါပဲ။ နောက်ဆုံး Version (v2.79)ဖြစ်တဲ့ SuperSU Zip ကို သည်နေရာမှာ [ SuperSU v2.79 ] download ပြုလုပ်ပြီး ဖုန်းထဲကူးထည့်...။ TWRP ထဲဝင်ပြီး Install ပေးလိုက်ပါ။

ကိုယ့်ဖုန်းမှာ Boot Loader Unlock(BLU) လုပ်ပြီးပြီ။ TWRP လဲရှိနေပြီဆို Xposed Framework ထည့်ဖို့အသင့်ဖြစ်ပါပြီ။ Xposed Framework သည်လည်း Xposed Modules(APK) တွေလိုပါပဲ။ Goolge ရဲ့ Stock Android အပေါ်မှာပဲအခြေခံလုပ်ခဲ့တာပါ။ ဖုန်း ROM တိုင်းအတွက် အဆင်မပြေပါဘူး။ MIUI ROM တွေအတွက် သီးသန့်လုပ်ပေးနေတဲ့ SolarWareZ ရဲ့ Xposed Framework တွေဟာ MIUI ROM တွေအတွက် အဆင်အပြေဆုံးဖြစ်ပါတယ်။ Xposed Frameowrk Zip ကိုထည့်မယ်ဆိုရင် ကိုယ့်ဖုန်းရဲ့ CPU က 32bit လား၊ 64bit လားဆိုတာသိရပါမယ်။ CPU Architecture က Mobile လောကအတွက် အသုံးအများဆုံးစြဖ်တဲ့ ARM လား.. Intel လားဆိုတာသိရပါမယ်။ Xiaomi Devices တွေမှာ Intel CPU သုံးတာ Mi Pad တွေပဲရှိပါတယ်။ ဒါတောင် Mi Pad 3 မှာ MTK CPU ကိုပဲသုံးပါတယ်။ သူက ARM Architecture ပါပဲ။ သည်တော့ ကျနော့အနေနဲ့ ARM Architecture ဖြစ်တဲ့ CPU အတွက် 32bit, 64bit ဟာတွေရဲ့ Xposed Framework Zip တွေကိုပဲ Share ပေးလိုက်ပါမယ်။ သည်တော့ Xiaomi ဖုန်းတွေအတွက် CPU နည်းပညာသည် ARM နည်းပညာဆိုတာသိပါပြီ။ 32bit လား.. 64bit လားသိဖို့ပဲလိုပါမယ်။ သည်အတွက်လွယ်ပါတယ်။ Post ကိုသာ ဆက်ဖတ်သွားပါ။

နောက်တစ်ခုသိရမှာက Android Version ကဘယ်လောက်လဲဆိုတာပါ။ Xposed Framework files တွေဟာ Android Version အပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခုမတူပါဘူး။ သည်တော့ ကြာခဲ့ပြီဖြစ်တဲ့ Android 4.4.4 (KitKat) နဲ့ရှေ့ပိုင်းမှာလုပ်နည်းတွေကို မပြောတော့ပါဘူး။ ခုအချိန် Xiaomi ဖုန်းတော်တော်များများမှာရှိနေမှာက Android 5 (Lollipop) ပါ။ Android 6 (Marshmallow) ပါ။ နောက်တစ်ခုက Android 7 (Nougat) ပါ။ Android 7 အတွက် Xposed Framework ကတော့ Develop လုပ်တုံးအဆင့်မှာပဲရှိနေပါတယ်။ သည်တော့ Android 7 တင်ထားတဲ့ Xiaomi ဖုန်းတွေမှာ Xposed Framework ထည့်သုံးလို့မရသေးပါ။ Xposed Framework ဟာ Android 5.0 မှာ တစ်ခု၊ Android 5.1 မှာတစ်ခု၊ Android 6 မှာတစ်ခုရှိပါတယ်။ သည်တော့ ကိုယ့်ဖုန်း info တွေသေချာမသိတောင် အလွယ်ဆုံးဘယ်လိုတင်မယ်ဆိုတာ ပြောပြပေးပါမယ်။

ပထမဆုံး ဖုန်းမှာ Xposed Installer ဆိုတဲ့ သည် app [ Xposed Installer ] လေးကို Install လုပ်လိုက်ပါ။ လူတိုင်းလုပ်တတ်မှာပါ။ APK Install တာပါပဲ။ ကိုယ်သုံးဖို့ Install လုပ်ထားတဲ့ Xposed Modules(APK) တွေကို Enable ပေးမယ်၊ Disable လုပ်ထားမယ်ဆိုတာတွေကို သည် Xposed Installer app လေးထဲကပဲ Control လုပ်ရမှာပါ။ Xposed Installer app လေးကို ဖွင့်လိုက်ပါ။

အောက်ပါပုံလေးအတိုင်းပေါ်လာပါမယ်။ အနီရောင်ပြနေတာကတော့ Xposed Framework ဆိုတာကို ခုထိမထည့်ရသေးပါ။ ဒါကြောင့် Active ဖြစ်မနေဘူးလို့ပြနေပါတယ်။ အောက်ဖက်မှာပါတဲ့ Framework ဆိုတာထဲမှာတော့ မိမိဖုန်းဟာ Android Version ဘယ်လောက်ဆိုတာတွေ့ရပါမယ်။ အခုပုံအရ Android Version 6 ပါ။ API 23 ဆိုတာတွေ့ပါမယ်။ အဲသည် 23 လေးမှတ်ထားပါ။ Processor Architecture ကိုတွေ့ပါမယ်။ arm64 လို့ပါနေတာဟာ 64bit Processor ပါ။ arm လို့ပါနေတာက 32bit Processor ပါ။ x86 လို့ပါနေတာက Intel 32bit Processor ပါ။ x86_64 လို့ပါနေတာက Intel 64bit Processor ပါ။ Xiaomi ဖုန်းတွေအတွက် arm နဲ့ arm64 ဆိုတာပဲမှတ်ထားပါ။ သည်ပုံအရ Redmi Note 4 ဟာ 64bit Processor, Android Version 6, API 23 နဲ့လို့သိနိုင်ပါတယ်။


မိမိတို့ဖုန်း CPU Version, Android Version အလိုက် Xposed Framework Zip ရွေးချယ်ပုံ။


  • Android 5.0 (Xiaomi များတွင် Android 5.0.2) နဲ့ဆိုရင် Zip file မှာ sdk21 လို့ပါတဲ့ဟာပါ။ Xposed Installer apk ကပြနေတဲ့ API 21 ဆိုတာ sdk21 ပါပဲ။ 32bit CPU ဆိုလျှင် arm လို့ပါတာပါ။ 64bit CPU ဆိုလျှင် arm64 လို့ပါတာပါ။

  • Android 5.1 (Xiaomi များတွင် Android 5.1.1) နဲ့ဆိုရင် Zip file မှာ sdk22 လို့ပါတဲ့ဟာပါ။ Xposed Installer apk ကပြနေတဲ့ API 22 ဆိုတာ sdk22 ပါပဲ။ 32bit CPU ဆိုလျှင် arm လို့ပါတာပါ။ 64bit CPU ဆိုလျှင် arm64 လို့ပါတာပါ။

  • Android 6.0 (Xiaomi များတွင် Android 6.0.1) နဲ့ဆိုရင် Zip file မှာ sdk23 လို့ပါတဲ့ဟာပါ။ Xposed Installer apk ကပြနေတဲ့ API 23 ဆိုတာ sdk23 ပါပဲ။ 32bit CPU ဆိုလျှင် arm လို့ပါတာပါ။ 64bit CPU ဆိုလျှင် arm64 လို့ပါတာပါ။

Xposed Installer APK ကပြတဲ့ Framework Info မှာ မိမိဖုန်းဟာ Android Version ဘယ်လောက်ဆိုတာကြည့်ပြီး sdk21, sdk22, sdk23 ဆိုတာသိပါပြီ။ arm လား၊ arm64 လား ဆိုတာသိပါပြီ။ Xposed Installer App ကိုသုံးပြီး မိမိဖုန်းအတွက် Xposed Frmaework Zip File ကို တစ်ခါတည်း Download လုပ်ပြီး ထည့်လိုက်နိုင်ပါတယ်။ ဖုန်းကို အင်တာနက်ဖွင့်ပေးလိုက်ပါ။ ပုံပါအတိုင်းသွားပြီး မှန်ကန်တဲ့ Framework Zip ကိုရွေးလိုက်ပါ။ Framework Version နောက်ဆုံးကိုပဲပြပါမယ်။ ကိုယ့်ဖုန်း Android Version အရ မှန်ကန်တဲ့ sdk ကိုပဲတန်းပြပါတယ်။ တစ်ခုပဲသတိထားပြီးရွေးပေးရပါတယ်။ CPU Architecture ပါပဲ။ arm လား... arm64 လား... ဆိုတာပါပဲ။ Intel CPU အတွက်လဲတွေ့ပါလိမ့်မယ်။ အောက်ဆုံးက Magisk ဆိုတာကတော့ အခု Android 6 နောက်ပိုင်းမှာ ခေတ်စားနေတဲ့ Magisk System Less ROOT လုပ်ထားတဲ့ ဖုန်းတွေမှာသုံးဖို့အတွက်ပါ။ Magisk System Less ROOT ကတော့ သည် Post အတွက် Out Of Scope ပါ။


Framework Zip ကိုဖုန်းထဲထည့်ဖို့ Install / Update Button နှိပ်ပေးလိုက်ရင်တော့ System အပိုင်းတွေပြင်တာမို့လို့ ထုံးစံအတိုင်း Warning Message Boxes လေးတွေလာပြပါမယ်။ CPU Architecture (arm or arm64) ရွေးတာ မှန်တယ်ဆိုတာသေချာရင်တော့ အကုန် OK ပဲပေါ့။ Framework Zip ကို Auto Download လုပ်ပါလိမ့်မယ်။ Install လုပ်ပေးဖို့ Xposed Installer က Root Access လိုတာမို့ SuperSU Root Access လာမေးပါမယ်။ Grant ပေါ့။ သူ့ဟာသူ Install ပါလိမ့်မယ်။ ပြီးရင် Reboot ချခိုင်းပါမယ်။ ဘာမှမနှိပ်ပဲနေလဲ သူ့ဟာသူ Reboot သွားမှာပါ။ ပြန်တက်လာချိန်မှာတော့ အနည်းငယ်ကြာတတ်ပြီး Delvik Cache တွေ Clear လုပ်သွားလို့ Screen အောက်ခြေမှာ Bar အဖြူတန်းလေးပြည့်သွားချိန်မှာ ဖုန်းပြန်တက်လာပါပြီ။



Xposed Framework ထည့်တာအဆင်မပြေလို့ ပြန်ဖျက်ချင်သလား.. မသုံးတော့လို့ပြန်ဖျက်ချင်လား... Uninstaller လေး download လုပ်ပြီး Uninstall လုပ်ရုံပါ။ သူ့ဆီမှာလည်း CPU Architecture မှန်အောင် (arm or arm64) ရွေးပေးလိုက်ရုံပါ။


Xposed Frame Work Zip ကိုဖုန်းထဲမှာ Install လုပ်ပေးတာပြီးပါပြီ။ Xposed Framework Zip ကို Xposed Installer App ထဲက Download လုပ်ခိုင်းပြီး တင်တာ အကြောင်းအမျိုးမျိုးကြောင့် download မရခဲ့ရင် သည်မှာပေးထားတဲ့ Zip တွေကို မိမိဖုန်းအတွက် မှန်ကန်အောင် download လုပ်ပြီး TWRP ထဲကနေ Install လုပ်ပေးပါ။ Install လုပ်နည်းကိုတော့ ပုံနဲ့မပြတော့ပါဘူးနော်။ Zip ကိုဖုန်းထည့်ကူးထည့်။ TWRP ထဲဝင်။ Zip file ရှာပြီး Install ပေးလိုက်တာပါ။ Post အစမှာပါတဲ့ SuperSU Zip ကိုရှာပြီး Install ပေးလိုက်သလိုပါပဲ။



How to Use Xposed Framework


ကဲ... Xposed Framework တော့ထည့်ပြီးပြီ...။ နာရီလေးအလယ်ထားချင်တာ ဘယ်လိုထားမလဲ...။ လိုင်းတိုင်လေးဘယ်ဖက်ရွှေ့ချင်တာ ဘယ်လိုရွှေ့မလဲ... စတာတွေလုပ်ဖို့အတွက် အဲသည်လိုတွေ လုပ်နိုင်တဲ့ APK တွေ ရှာသုံးတာပါပဲ။ အဲလိုလုပ်နိုင်ပါတယ်လို့ပြောတဲ့ APK တွေကလည်း Xposed Framework ဆိုတာဖုန်းထဲမှာထည့်ထားမှ သုံးလို့ရပါတယ်လို့ ပြောထားတာတွေပါပဲ။ သည်တော့ MIUI ROM အတွက် Xposed Framework ထည့်ပြီးပြီ။ MIUI ROM မှာ မိမိလိုသလိုတွေလုပ်သုံးနိုင်ဖို့ (ဖုန်း Settings ထဲမှာ လိုက်ပြင်ထားပြီး သုံးတာထက် ပိုပြီးပြင်နိုင် သုံးနိုင်တာတွေပါ) နာမည်ကြီး APK နှစ်ခုထဲကတစ်ခုဖြစ်တဲ့ MIUI8 Tweaks Pro ဆိုတဲ့ Pro Version Functions အကုန်ကို Activated လုပ်ပြီးသား APK လေးကို Share ပေးပါမယ်။ သည်မှာ [ MIUI8 Tweaks v1.17 Pro.apk ] Download လုပ်ပါ။ ဖုန်းမှာ Install ပါ။ လူတိုင်းလုပ်တတ်မှာပါ။ MIUI8 လို့ဆိုထားလို့ MIUI Version 8 အတွက်ပါပဲ။ China ROM, Global ROM, ဘယ်မှာမဆိုသုံးနိုင်ပါတယ်။ (Stable လား... Dev လားလဲမရွေးပါဘူး)

APK လေး install ပြီးရင်တော့ အခြားသော Facebook, Viber တို့လို သည်တိုင်းဖွင့်ပြီးသုံးလိုက်လို့မရပါ။ သူ့ကို Xposed Framework မှာ Enable လုပ်ပေးရပါတယ်။ အဲသည် အလုပ်ကို Xposed Installer App ထဲမှာလုပ်ပေးရပါတယ်။ လုပ်ပေးပြီးရင် Reboot ချရပါတယ်။ ပြန်တက်လာရင် ကိုယ်သုံးချင်တဲ့ APK ကိုသုံးဖို့ Ready ဖြစ်ပါပြီ။ သည်လိုပါပဲ.. အဲသည် APK ကို မသုံးချင်တော့ဘူးဆိုလည်း Xposed Installer App ထဲမှာ Disable လုပ်ပေးရပါတယ်။ Reboot လုပ်ရပါတယ်။ ပြန်တက်လာရင် အဲသည် APK နဲ့ပြင်ထားတဲ့ Settings မှန်သမျှ Disable ဖြစ်သွားပါပြီ။ ဘာမှအလုပ်မလုပ်တော့ပါ။ ကဲ... MIUI8 Tweaks App လေးကို Enable(Active) ဖြစ်အောင်လုပ်ပြီး သုံးဖို့အသင့်ဖြစ်အောင် Reboot ပေးလိုက်ပါ။ ပုံလေးတွေ ကြည့်လုပ်လိုက်ပါ။



MIUI8 Tweaks App လေးနဲ့ ကျနော်တို့တွေဟာ ကိုယ့် Mi Phone ကို ဘယ်လိုတွေ Customized လုပ်ပြီးသုံးလို့ရမယ်ဆိုတာ အကြမ်းဖျဉ်းပြောပြပေးပါမယ်။ ပုံတွေနဲ့ တစ်ခုချင်းတော့ အသေးစိတ် မပြတော့ပါဘူး။ သုံးနိုင်တဲ့ Functions တွေအရမ်းများလို့ပါ။ ပြိးတော့ သည်ဟာက App သုံးတာဖြစ်လို့ ON ပေးရမယ့် Settings လေးတစ်ခုကို ON ကြည့်လိုက်.. Reboot ချလိုက်.. ဘာတွေပြောင်းလဲမှုရှိလဲကြည့်လိုက်.. လိုသလိုပြင်လိုက်.. မကြိုက်ရင် OFF ထားပေးလိုက်.. အဲလိုလုပ်ရုံပဲဖြစ်တာမို့ မိမိဖာသာစမ်းသပ်ကလိရမယ့် အရာတွေပါ။

MIUI8 Tweaks app ထဲဝင်လိုက်ရင် Customized လုပ်နိုင်တဲ့အပိုင်းတွေကို တူရာ တူရာ category (ခေါင်းစဉ်) လေးတွေ ခွဲပေးထားပါတယ်။ ဘာတွေပါလဲဆိုတော့...


Status Bar

Status Bar နဲ့ပတ်သက်ပြီး Customized လုပ်လို့ရပါတယ်။ Status Bar ကတော့ အများသိတဲ့အတိုင်း Clock, Signal Icons လေးတွေ, Toggle Short Cut လေးတွေရှိနေတဲ့ နေရာပါ။ အဲသည်နေရာကို မိမိလိုသလို ပုံပေါ်လာအောင်၊ အလုပ်လုပ်အောင် အစုံသတ်မှတ်ပေးတာပါ။ ပုံစံပြောင်းတာမဟုတ်ပါ။ ပုံစံပြောင်းဖို့က Xiaomi တွေမှာ Theme ကလုပ်တာပါ။ နာရီကို အလယ်၊ ဘယ်၊ ညာ ထားချင်တာသည်ထဲလုပ်လို့ရပါတယ်။ Network speed ပြတဲ့နေရာ MIUI Default ဖြစ်တဲ့ Download Speed တစ်ခုထဲမပြပဲ Upload / Download speed နှစ်ခုခွဲပြတာ၊ လိုင်းတိုင်လေးတွေကို SIM 1 က color တစ်ခု၊ SIM 2 က color တစ်ခုထားတာ။ Wifi icon ကို မိနေတဲ့ Signal Strength ပေါ်မူတည်ပြီး Color လေးတွေနဲ့ပြစေတာ (Signal ကောင်းရင် အစိမ်း၊ အနဲဆုံးဖြစ်နေရင် အနီ၊ ကြားလယ်က အခြား color လေးတွေ စသည်ဖြင့်)၊ Noti တွေပေါ်လာတာကို ပုံစံမျိုးစုံဖြစ်အောင်၊ နာရီကိုလည်း မိမိကြိုက်တဲ့ Format ပါအောင် ( seconds လေးတွေ၊ Day, Date တွေပါပါနေအောင် စသည်ဖြင့်)၊ Status Bar ပေါ် ဘယ် ညာ ဖိဆွဲတာနဲ့ပဲ Brightness ကို အတိုးအလျော့လုပ်တာ.. စသည်တွေကို လုပ်ဆောင်နိုင်ပါတယ်။


Launcher

Nova Launcher, Go Launcher... စတာတွေသုံးဖူးမှာပါ။ အဲသည်လိုပဲ MIUI Launcher ကို မိမိလိုသလို Customized လုပ်တာပါ။ အခု MIUI Version မြင့်တာတွေ၊ Dev ROM တွေမှာ MIUI Launcher နဲ့ပတ်သက်ပြီး လုပ်နိုင်တာပါလာတာက icon တွေကို move လို့မရအောင်လုပ်တာ၊ icon grid ကို 4x6 ထားတာပဲ ပါလာပါသေးတယ်။ ကျန်တာတွေ ဘာမှလုပ်မရပါ။ သည်ဟာနဲ့ကတော့ Icon Grid ကို မိမိကြိုက်တဲ့ count ထားနိုင်ပါတယ်။ Icon တစ်တန်းမှာ ငါးခု၊ခြောက်ခု လိုသလိုထားနိုင်ပါတယ်။ Themes နဲ့ဆို အခြား Theme သုံးရင် အဲသည်လိုလုပ်တာပျောက်ပြီး MIUI Default လိုပြန်ဖြစ်တာပဲလေ။ Icons တွေ size အကြီး၊ အသေးကို လိုသလို control လို့ရတယ်။ မမြင်စေချင်တဲ့ Icons တွေကို Hide ထားလို့ရတယ်။ Folder တွေမှာ Icon တွေကို ဘယ်လိုထားမယ်ဆိုတာတွေ လုပ်လို့ရမယ်။ Folder ထဲက app တစ်ခုဖွင့်ပြီးတာနဲ့ Folder ကို auto ပိတ်သွားအောင်လုပ်ထားမယ်။ သက်ဆိုင်ရာ app အသီးသီးမှာ Noti တွေဝင်ခဲ့ရင် ဘယ်နှခုဝင်နေတယ်ဆိုတဲ့ Count တွေကို App Icon မှာပြပေးမယ်... စတာတွေကို Customized လုပ်နိုင်ပါတယ်။


Controls

သည်ထဲမှာတော့ ဖုန်းမှာပါတဲ့ Buttons တွေ၊ Navigation Keys တွေ၊ Touch တွေနဲ့ပတ်သက်ပြီး Control Sequence တွေ သတ်မှတ်ထားနိုင်တာပါ။ Navigation Keys တွေနဲ့ပတ်သက်ရင် Home ကို တစ်ချက်ဆို သာမာန်အတိုင်း Home Screen ရောက်၊ အကြာကြီးဖိရင် Screen ပိတ်၊ နှစ်ချက်ထိရင် Phone Settings ပွင့်... စသည်ဖြင့်ပေါ့.. အခြား Menu Key, Back Key တွေရဲ့ Behavior တွေကိုလည်း မိမိကြိုက်တဲ့ Commands တွေထားပေးနိုင်ပါတယ်။ ဒါကပုံမှန်သုံးနေတဲ့အချိန်.....။ သူများက ဖုန်းခေါ်လို့ In Call UI ပေါ်လာရင် Home Key နှိပ်ရင် ကိုင်၊ Menu Key ဆို Cancel လုပ်၊ Back Key နှိပ်ရင် Mute လုပ်.. စတာတွေလည်းလုပ်နိုင်ပါတယ်။ ဒါက ဖုန်းလာမှ Navigation Keys တွေ အလုပ်လုပ်ပုံပြောင်းတာ....။ နောက် Screen Off နေချိန် Power ကိုကြာကြာလေးသာနှိပ်.. ဓါတ်မီးကလင်းလာတာ.. ပုံမှန်ဆို Screen ON လိုက်အုံး.. ပြီးမှ Home ဖိအုံး.. ဒါလည်း အကြာကြိးနေတာမဟုတ်.. သိမကြာခင် မီးပိတ်သွားတာလေ.. အဲသည် Behavior ကို ပြောင်းနိုင်တာပါ။ ဖုန်းသုံးနေရင်း Launcher Screen မှာ Touch တစ်ချက်ဆို ဘာလုပ်... နှစ်ချက်ဘာလုပ်.. Status Bar ကို Touch တွေလုပ်ရင် ဘာတွေလုပ်.. Lock Screen မှာ Touch တွေက ဘယ်လိုအလုပ်လုပ်... စတာတွေလုပ်နိုင်ပါတယ်။


Apps

သည်ထဲပါတာကတော့ ဘယ် apps တွေမှာ Auto Rotate ON မယ်.. OFF မယ် သတ်မှတ်ပေးထားတာ... အချို့သော ROM MOD တွေကို Activate လုပ်တာ.. Double Touch တာနဲ့ Screen ပွင့်အောင်လုပ်တာ.. Camera MOD နဲ့ပတ်သက်ပြီး Functions တွေတိုးအောင် ON တာ.. ဒါတွေကတော့ ROM တိုင်းမှာ အကုန်အလုပ်လုပ်ချင်မှလုပ်မှာပေါ့..။ နောက်သူများဖုန်းခေါ်ရင်.. ကိုယ်ကခေါ်ရင်.. ပြောနေချိန်မှာ Contact Photo အလုံးသေးသေးလေးပေါ်တာကို Photo အကြီးပေါ်အောင် (ဒါက In CallUI.apk ကိုပြင်ရင် အများကြီးပြင်ရတယ်.. ROM တိုင်းနဲ့လဲ သည်ဟာကို ကူးသုံးလို့မရဘူးလေ) လုပ်တာတွေ...နောက် ဖုန်းပြောနေချိန် ပွတ်မိလို့ Status bar ကြီး အောက်ကျပြီး မလာအောင် Lock ထားတာ.. နောက်ဆုံးတစ်ခုကတော့ Theme Manager ဆိုတာလေးကို ON ထားပေးရုံနဲ့ China ROM တွေမှာ Paid Themes တွေကို အကုန် Free Down သုံးလို့ရသွားတာ.. ( Global ROM တွေမှာ Paid တွေကို Free သုံးချင်ရင် သည်မှာ [ Using Paid Themes from China ROM Theme Store in Global ROM ] ဖတ်ပါ.. Global မှာက Xposed, Root, ဆိုတာတွေတောင် မလိုပါ..)


Power

Reboot လုပ်ရင် အရင်ပုံမဟုတ်ပဲ Recovery ထဲကို reboot တာ.. Fastboot Mode ကို Reboot တာ..စသည်ဖြင့် Power Menu မှာ Functions တွေတိုးလာစေတာပါ။ Charging မီးကိုလည်း Battery ဘယ် Level ဆို ဘယ်အရောင် စသည်ဖြင့် သတ်မှတ်ထားတာ.. Power Key နှိပ်ပြီး Screen OFF ခိုင်းလိုက်ရင် Fade Effect ပြောင်းတာ.. Battery Level Warning ကို လိုသလို သတ်မှတ်တာ.. ကိုယ်ကိုယ်တိုင် Screen Lock ဖွင့်ပြီး ဖုန်းသုံးနေမှာ Power Key ကြာကြာနှိပ်ရင် Shutdown Menu ပေါ်အောင်.. သူများက သည်တိုင်း Power Key လာနှိပ်ရင် Reboot, Power Off တွေ ဘာမှမပေါ်အောင်... စတာတွေပေါ့...။


Lock Screen

သည်မှာတော့ Android အမြင့်တွေမှာ Reboot တက်တာနဲ့ စစချင်းကတည်းက Finger Print နဲ့တန်းဖွင့်နိုင်အောင် လုပ်ထားတာလေးတွေ...။


Sound

Sound နဲ့ပတ်သက်လို့ Customize လုပ်နိုင်တာလေးတွေ.....။


Others

ခေါင်းစဉ်တစ်ခုခွဲပြီး လုပ်ပေးရအောင် Functions အများကြီးမရှိတာလေးတွေပါ..။ ကျနော်သုံးဖြစ်တာကတော့ app အပိတ်၊ အဖွင့်၊ Phone Settings ထဲ အ၀င် အထွက်မှာ လှပတဲ့ IOS Style Animations လေးတွေပါပဲ....။


သည်လောက်ဆိုရင် Xposed Framework ထည့်.. ကိုယ့် ROM အတွက်လုပ်ထားတဲ့ Xposed Module (APK) လေးတွေထည့်သုံးခြင်းဖြင့် မိမိလိုသလို Settings ပိုင်းဆိုင်ရာတွေ Customize လုပ်နိုင်တာ သဘောပေါက်လောက်ပါပြီ။ မိမိဖာသာ Modules တွေရှာချင်ရင် အင်တာနက်ဖွင့်ထားပြီး Xposed Installer App ထဲမှာ ရှာနိုင်ပါတယ်။ Battery Save ပိုင်းနဲ့ပတ်သက်လို့ အသုံးများတဲ့ Greenify လိုမျိုးတွေ ဒေါင်းသုံးနိုင်ပါတယ်။ MIUI နဲ့အဆင်ပြေပြေသုံးနိုင်တဲ့ Modules တွေကို Xiaomi Forum က Xposed နဲ့ပတ်သက်လို့ရေးထားတဲ့ posts တွေမှာ ရှာကြည့်နိုင်ပါတယ်။ မိမိသုံးချင်တဲ့ Modules ကိုနာမည်သိရင် Online ကနေရှာဒေါင်းသုံးနိုင်ဖို့ အောက်ပါပုံလေးအတိုင်းသွားရှာပြီး ဒေါင်းသုံးပါ။ အကောင်းဆုံးကတော့ Xiaomi Forum မှာ Recommend လုပ်ထားတဲ့ Modules တွေနဲ့ကလိတာပါပဲ....။

#Crd Thet zaw ko

No comments:

Post a Comment