Tuesday, January 30, 2018
About Xiaomi Tools
Mi Flash Tool 20-7-2017
======================
Mi Flash Tool 25-4-2017
======================
=========================================
==================================
==============================================
MIUI Fans များ စိတ်ရွှင်လန်း ချမ်းမြေ့ပါစေ....။
[ Unicode ]
Fastboot rom ကို Download လုပ်ပြီး ကွန်ပျူတာနဲ့ဖုန်းကိုချိတ်လို့ firmware တင်ရာမှာသုံးတဲ့ Mi Flash Tool တွေပါ။
PC နဲ့တွဲပြီး Firmware တင်တာတွေလုပ်ဖို့ PC မှာလိုအပ်တဲ့ Driver တွေတင်ပေးဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ သည်နေရာမှာ [ PC Driver Installation For Xiaomi Phones ] ဖတ်ပြီးလေ့လာပါ။ အခုနောက်ပိုင်း Mi Flash Tool တွေကလည်း လိုတဲ့ Drivers တွေပါလာပြီးသားလို့ သီးသန့်ရှာဖွေနေဖို့တော့ မလိုတော့ပါ။ Windows 64bit ဆို Driver Signature Enforcement ကို OFF ထားပေးပြီးမှ တင်ပေးရုံပါ။
Fastboot rom တွေကို Xiaomi official Web site မှာပဲ ဘယ်လိုရှာပြီး download လုပ်ရမယ်။ Mi Flash tool နဲ့ရေးဖို့အသင့်ဖြစ်အောင် download လုပ်ပြီး ဘယ်လိုတွေပြင်ဆင်ထားရမယ်ဆိုတာ သည်နေရာမှာ [ Preparation for Fastboot ROMs ] ဖတ်ပြီးလေ့လာပါ။
Mi Flash Tool 20-7-2017
======================
အခုနောက်ဆုံးထွက် Mi Flash Tool ပါ။ Windows 32bit, 64bit တွေမှာအဆင်ပြေပါတယ်။ Windows မှာတော့ Dot Net Framework ထည့်ပြိးဖြစ်နေရပါမယ်။ Windows 7 မှာတော့ .Net 3.5 ပါပြီးဖြစ်ပါတယ်။ Windows 8 နဲ့အထက်မှာတော့ .Net 4 ပါပြီးသားပါ။ လိုအပ်ရင်တော့ .Net 3.5 ကိုပါ manual ထည့်ချင်ထည့်ပေးရပါလိမ့်မယ်။ Tool ထဲက Menu bar မှာ Driver ဆိုတာ နှိပ်ရင် Driver တွေ Install ပေးဖို့ Message box ပေါ်လာပြီး Driver Install နိုင်ပါတယ်။ Windows 64bit ဆို Driver Signature Enforcement OFF ပြီးမှ အဲသည် driver တင်တာလုပ်ပေါ့။
Mi Flash Tool 25-4-2017
======================
Windows 32bit, 64bit တွေမှာအဆင်ပြေပါတယ်။ Windows မှာတော့ Dot Net Framework ထည့်ပြိးဖြစ်နေရပါမယ်။ Windows 7 မှာတော့ .Net 3.5 ပါပြီးဖြစ်ပါတယ်။ Windows 8 နဲ့အထက်မှာတော့ .Net 4 ပါပြီးသားပါ။ လိုအပ်ရင်တော့ .Net 3.5 ကိုပါ manual ထည့်ချင်ထည့်ပေးရပါလိမ့်မယ်။ Tool ထဲက Menu bar မှာ Driver ဆိုတာ နှိပ်ရင် Driver တွေ Install ပေးဖို့ Message box ပေါ်လာပြီး Driver Install နိုင်ပါတယ်။ Windows 64bit ဆို Driver Signature Enforcement OFF ပြီးမှ အဲသည် driver တင်တာလုပ်ပေါ့။ သူ့လိုပုံစံ အရင်ထွက်ခဲ့တဲ့ Mi Flash Tool 22-12-2016, Mi Flash Tool 14-12-2016 တို့ကိုလဲတင်ပေးလိုက်ပါတယ်။
64bit Only Mi Flash Tool ကို လိုချင်ရင်တော့ သည်နေရာမှာ [ Get 64bit Only Mi Flash Tool from Google Drive ] , [ Get 64bit Only Mi Flash Tool from Google Drive ] Download ပြုလုပ်နိုင်ပါတယ်။ 2016, 4 လပိုင်းထွက်ခဲ့တာပါ။သူတော့ Driver တွေ ပါပြီးသားမဟုတ်ပါ။ သတ်သတ်ရှာတင်ပေးရပါမယ်။ Windows 64bit Only မှာပဲ အလုပ်လုပ်ပါတယ်။ 32bit Wiindows မှာ အဆင်မပြေပါ။
Flash tool နဲ့ဘယ်လိုတင်မယ်ဆိုတာကတော့ သည်နေရာမှာ [ Flashing Fastboot ROMs with Mi Flash Tool ] ဖတ်ပြီးလုပ်ပါ။ အထူးအထွေဘာမှမရှိလှပါ။ လိုတာလေးတွေ လိုက်ရွေးပြီး ဖုန်းကို သင့်တော်တဲ့ mode ၀င်ပြီး Flash ရုံပါ။
တစ်ခါတရံမှာ Mi Flash tool နဲ့တင်တာတွေက Success ပြနေပြိး ဖုန်းကတက်မလာလို့ Qualcomm ရဲ့ Flash Tool တစ်ခုဖြစ်တဲ့ QFIL နဲ့တင်ချင်ရင် သည်နေရာမှာ [ Flash Xiaomi Qualcomm Based Phones with QFIL ] ဖတ်လေ့လာပြီး လိုအပ်တာ download ပြုလုပ်ကာ လုပ်ဆောင်ပါ။
Xiaomi Mi PC Suite - Chinese Version v2.3.0.9091
=========================================
Boot loader lock ဖုန်းတွေမှာ Screen lock password မမှတ်မိတော့ပဲဖြစ်စေ.. MIUI Update လုပ်လိုက်ပြီး ဖုန်းကတက်မလာတော့တာပဲဖြစ်စေ.. အခြား Mi Account, Find Device app တွေ Error တက်ပြီး ဖုန်းက ဘာမှလုပ်မရတော့တာပဲဖြစ်စေ.. Firmware ပြန်တင်သည်ထိ အလုပ်ရှုပ်မခံပဲ Factory Reset လုပ်ပေးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ Factory Reset ဘယ်လိုလုပ်ရတယ်ဆိုတာ သည်နေရာမှာ [ Factory Reset Using Mi PC Suite ] ဖတ်ပြီးလေ့လာလုပ်ဆောင်နို်င်ပါတယ်။
Xiaomi Boot Loader Unlock Tool v2.3.803
==================================
ဖုန်းကို Boot Loader Unlock လုပ်တဲ့နေရာမှာ အသုံးပြုဖို့ပါ။ ကွန်ပျူတာနဲ့တစ်ခါမှ မဆက်ရသေးလို့ ကွန်ပျူတာမှာ driver တွေမရှိရင်လဲ သူ့ထဲမှာ Driver check လုပ်ပြီး Install လုပ်ပေးဖို့ USB Driver တွေပါပြီးသားပါ။ Boot Loader Unlock အတွက် ဘယ်လိုတွေလုပ်တယ်ဆိုတာ သည်နေရာမှာ How to Unlock Xiaomi Boot Loader ] ဖတ်ပြိးလေ့လာနိုင်ပါတယ်။
Changing ROMs with XiaomiTool [For Locked Bootloader]
==============================================
China Stable rom နဲ့ဖုန်းဝယ်တုန်းကပါလာပြိး Google app တွေ အဆင်မပြေလို့ Global Stable rom ကို တင်သုံးချင်ကြပါတယ်။ အရင်ကတော့ Mi Flash Tool နဲ့ပဲ ဖုန်းကို EDL mode ၀င်ပြီး တင်လိုက်ကြပါတယ်။ ဒါပေမယ့် Redmi 4A နဲ့သူ့နောက်ပိုင်းဖုန်းတွေမှာ BLU မလုပ်ရသေးရင် EDL က ၀င်လို့မရတော့ပါဘူး။ အဲသည်တော့ ဖုန်းအနောက်ဖုံးခွာ.. Test Point ထောက်ပြီး EDL ၀င်ပြီးမှ Flash tool နဲ့တင်တာ မလုပ်ချင်တဲ့သူတွေအဖို့ သုံးလို့ရပါတယ်။ လုပ်နည်း Tutorial ကိုတော့ သည်နေရာမှာ [ Automated Flashing Tool Guide ] ဖတ်ရှုလေ့လာနိုင်ပါတယ်။
#Crd Thet zaw ko
No comments:
Post a Comment