Tuesday, January 30, 2018

My Collection of Xiaomi TWRPs

မိမိတို့ဖုန်း Model အတွက် လိုအပ်သော TWRP ကို သည်နေရာမှာ [ My Collection of Xiaomi TWRPs ] Download လုပ်ယူနိုင်ပါတယ်။ အောက်ပါဖုန်း Model တွေအတွက် TWRP တွေပါပါတယ်။

By Official TWRP Team

Mi3Mi4 (Cancro), Mi Note Pro (Leo), Mi Note (Virgo), Mi Max Prime (Helium), Mi Max (Hydrogen), Redmi Note 3 (Hennessy – MTK), Redmi Pro (Omega)

By Cofface

Redmi 4 (Prada), Redmi 4A (Rolex), Redmi 4 Prime (Markw), Redmi 3 / 3 Pro (Ido), Redmi 3S / 3X (Land), Mi Note 2 (Scorpio)

By ZCX Team

Redmi Note 3 Pro (Kenzo), Redmi Note 3 Pro Special Edition (Kate), Mi4c (Libra), Mi 5 (Gemini – Android 6), Mi 5 (Gemini – Android 7), Mi 5s (Capricon), Mi 5s Plus (Natrium), Redmi Note 4 (Nickel), Mi Max Prime (Helium 64GB, 128GB), Mi Max (Hydrogen 16GB, 32GB)

Requirement 1

မိမိဖုန်းနဲ့ တွဲဆက်ပြီး အလုပ်လုပ်မယ့် ကွန်ပျူတာမှာ Xiaomi Phones တွေအတွက် ADB & Fastboot USB Drivers တွေ၊ ADB & Fastboot tool files တွေကို ထည့်သွင်းပြီးဖြစ်ရပါမယ်။ လုပ်နည်းတွေကို သည်မှာ [ PC Driver Installation for Xiaomi Phones ] လေ့လာပါ။

Requirement 2

မိမိဖုန်းဟာ Boot Loader Lock မပါသော model ဖြစ်ရပါမယ်။ Boot Loader Lock ပါခဲ့ရင်လည်း Boot Loader Unlock လုပ်ပြီးသား ဖြစ်နေရပါမယ်။ Boot Loader Unlock လုပ်တာကို သည်နေရာမှာ [ How to Unlock Boot Loader ] လေ့လာပါ။

  • TWRP Team က ထုတ်တဲ့ Offical TWRP ကတော့ ပုံမှန် Custom Recovery မှာပါတဲ့ Features တွေ အကုန်ပါဝင်ပါတယ်။ ထုံးစံ အတိုင်း TWRP တင်ပြီးတာနဲ့ TWRP ထဲတန်းဝင်ပြီး ROM ဟာ Android Version 5.1.1 နှင့်အထက်ဖြစ်ပြီဆိုပါက Lazy Flasher zip ကို Install ပေးပြီး Boot image patch လုပ်ရပါတယ်။ Android Version 6.0 နှင့်အထက်ဖြစ်ပြီဆိုရင် TWRP ထဲကနေ Format DATA လုပ်ပေးရပါတယ်။ သို့မှသာ Phone Internal Storage ကိုလည်း Detect သိနိုင်ပြီး zip တွေ Flash တဲ့ နေရာမှာလည်း အဆင်ပြေပါမယ်။

  • Cofface TWRP ကတော့ Official TWRP ကထုတ်တဲ့ TWRP ကိုအခြေခံပြီး Xiaomi ဖုန်းတွေအတွက် သီးသန့် Features တွေ ထပ်ဆောင်းပေးထားပါတယ်။ TWRP ထဲမှာ Boot Patch လုပ်နိုင်တဲ့ Function ပါပါတယ်။ Lazy Flasher zip မလိုတော့ပါ။ အချို့ ဖုန်း Model အတွက် TWRP တွေမှာတော့ Encrypted Data Partition ကိုဖတ်နိုင်လို့ Format DATA လုပ်စရာမလိုပါ။ ဖုန်း Internal Storage ထဲမှာရှိတဲ့ Zip file တွေ၊ Folders တွေ မြင်ရလား၊ မမြင်ရလားကို အရင်ကြည့်ကြည့်ပါ။ မမြင်ရရင် Format DATA လုပ်ဖို့လို တယ်လို့ မှတ်ယူနိုင်ပါတယ်။

  • ZCX TWRP ကလည်း Official TWRP ကို Xiaomi ဖုန်းတွေအတွက် သီးသန့်မွမ်းမံထားတာပါ။ သူသည်လည်းပဲ Boot Patch Function ပါလို့ Lazy Flasher zip Install လုပ်ဖို့မလိုပါ။ Cofface TWRP ထက်ပိုထူးသာတာက ZCX TWRP တွေဟာ Android 6.0 နှင့်အထက်တွေမှာ Encrypted Data Partition ကို ဖတ်နိုင်လို့ Format DATA လုပ်ဖို့မလိုအပ်တော့တာပါပဲ။ နောက်ထပ် Feature တစ်ခုကတော့ OTA Update တွေကို ZCX TWRP က flash ပေးနိုင်တာပါပဲ။

Xiaomi ဖုန်းတွေအတွက် တွေ့ရတတ်တဲ့ TWRP သုံးမျိုးကွာခြားချက်ကို အကြမ်းဖျဉ်းသဘောပေါက်ပြီဆိုရင်တော့ TWRP ထည့်သွင်းတာတွေ စရအောင်…။

Download လုပ်လို့ ရလာသော rar file အား C:\ သို့မဟုတ် D:\ အောက်သို့ကူးထားပါ။ အောက်ဖော်ပြပါပုံများအတိုင်း TWRP image file flash ရန် ဆက်လက်လုပ်ဆောင်ပါ။ လွယ်ကူပါတယ်။ File zip ကို ဖြည်မယ်။ Folder တစ်ခုရလာမယ်။ Folder ထဲဝင်မယ်။ ဖုန်းကို fastboot mode ၀င်မယ်။ ကွန်ပျူတာနဲ့ချိတ်မယ်။ FlashTWRP.bat ဆိုတဲ့ file လေးကို Double Click လုပ်ပေးမယ်။ အဲသည်လောက်ဆို အဆင်ပြေပါပြီ။







အချို့သောဖုန်း model များတွင် TWRP flash လို့အောင်မြင်စွာပြီးဆုံးသော်လည်း TWRP ထဲသို့ boot မတက်ပါက USB Cable ကိုဖြုတ်… Power + Vol UP ကိုသာ တွဲနှိပ်ပေးထားလိုက်ပါ။ Mi logo ပေါ်လာပါက Power ကိုလွှတ်ပါ။ Vol UP ကို TWRP Home Screen မပေါ်မချင်း နှိပ်ထားပေးပါ။ ကျနော့် link မှာပေးထားသော TWRP img များသည် command နှင့်ပင် TWRP ထဲသို့ ၀င်ပါသည်။

ဖုန်းနှင့်ကွန်ပျူတာကို USB cable နှင့်ချိတ်ပြီး FlashTWRP.bat ကို နှိပ်သော်လည်း ကွန်ပျူတာက ဖုန်းကို Fastboot mode တွင် မသိ၊ Driver install ထားခြင်းမရှိပါက အောက်ပါပုံအတိုင်းပြလို့ Command windows ပြန်ပိတ်သွားပါမည်။ လိုအပ်သော USB Driver များကို Computer မှာ Install ပေးပြီး ကွန်ပျူတာက Phone ကို detect သိနေအောင် အရင်လုပ်ပေးပါ။




TWRP စတက်လာပြီဆိုရင် ...


အချို့သော TWRP များသည် Chinese Language နှင့်စတက်လာပါသည်။ English Language ကို အောက်ပါပုံအတိုင်း ပြောင်းလဲနိုင်ပါတယ်။



အခုဆိုရင် TWRP Home Screen ထဲလည်းရောက်ပါပြီ။ Android version 5.0.2 အထိရှိထားသော MIUI ROM တင်ထားသူများ အနေနဲ့ ဘာမှဆက်လုပ်ဖို့ မလိုအပ်တော့ပါ။ မိမိလုပ်ချင်သည့် root, Myanmar fonts, xposed framework အတွက် zip တွေကို flash နိုင်ပါပြီ။

Android Version 5.1.1 နှင့် အထက်တင်ထားသော MIUI ROM များအတွက် Mi Logo မှာရပ်နေတာ မဖြစ်ရအောင် Boot Image ကို Patch လုပ်ပေးရပါမယ်။ Official TWRP Team ကထုတ်တဲ့ TWRP တွေကို တင်ထားသူတွေအဖို့ကတော့ သည်နေရာမှာ [ TWRP for Xiaomi ] လေ့လာပြီး lazy flasher zip ကို ပုံစံအမျိုးမျိုးနဲ့ ထည့်သွင်းတာတွေပြုလုပ်ပါ။ ကျနော့ TWRP Collection ထဲမှာ ပါတဲ့၊ Mi တွေအတွက်ပဲ အဓိကထားလုပ်ထားတဲ့ Cofface, ZCX TWRP တင်နိုင်တဲ့ ဖုန်းတွေကတော့ အောက်ပါပုံအတိုင်း Boot Patch (Disable DM-Verify) ကို လုပ်ဆောင်နိုင်ပါတယ်။

  • ZCX TWRP သုံးသူများအနေနဲ့ Settings ထဲတွင် Disable Boot System DM-Verify ဆိုတာလေး အမှန်ခြစ် ပေး ထားတာ သေချာကြောင်း စစ်ကြည့်ရုံပါ။ Default Settings အနေနဲ့လဲ အဲဒါက TWRP တင်ပြီးချိန်မှာ Auto ON ထားပေးပါတယ်။
  • Cofface TWRP သုံးသူများအနေနဲ့ Boot Patch (Disable DM-Verify ) ကို အောက်ပါပုံအတိုင်း TWRP ထဲမှာ ၀င်လို့ လုပ်ဆောင် နိုင်ပါတယ်။
Android Version 6.0 နှင့်အထက်တင်ထားတဲ့ MIUI ROM တွေအဖို့ကတော့ နောက်ဆုံးလုပ်ဖို့ကျန်သောအရာသည် TWRP ထဲမှနေပြီး Format DATA လုပ်ပေးခြင်းပါ။ အဲဒါမှ ROM Zip တွေကို Flash ရင် အဆင်ပြေပါမယ်။ Format DATA လုပ်ခြင်းဟာ Factory Reset ချသလိုဖြစ်သောကြောင့် မိမိ data, app တွေကို Backup ကူးပြီးမှသာ သည်အဆင့်ကိုလုပ်ပါ။ သည်အဆင့်ကိုမလုပ် ရင် Zip file တိုင်းကို မ flash နိုင်သေးပေမယ့် အပေါ်အဆင့်တွေမှာလုပ်ခဲ့တဲ့ TWRP သွင်းတာ၊ Boot Patch လုပ်တာတွေ မှန်ကန်ပြီး စီးခဲ့ရင် ဖုန်းမှာလည်း TWRP ရှိနေပြီး Normal အတိုင်း Boot တက်နေနိုင်ပါတယ်။ Data Backup ယူပြီးချိန်မှာသာ TWRP ထဲပြန် ၀င်ပြီး သည်အဆင့်ကိုလုပ်ပေါ့။

  • Official TWRP တင်သုံးသူတွေအဖို့ Android 6 ရဲ့ Encrypted Data Partition ကိုဖတ်နိုင်ဖို့ TWRP ထဲမှနေပြီး Format Data လုပ်ပေးပါ။
  • Cofface TWRP တွေသုံးသူတွေအနေနဲ့လည်း TWRP Home Screen မှ Install button နှိပ်ပြီး Internal Storage ကိုကြည့် လိုက်ပါ။ Folders တွေများစွာတွေ့နေရတယ်ဆိုရင်တော့ Encrypted Data Partition နဲ့ TWRP က အလုပ်လုပ်ပါတယ်။ Folder တစ်ခုမှမတွေ့ ရင်တော့ Fomat DATA ပါပဲ..။
  • ZCX TWRP သုံးသူတွေအဖို့ကတော့ သည်ကိစ္စ ဘာမှစဉ်းစားနေဖို့မလိုပါ။ ZCX TWRP က Encrypted Data Partition ကို ဖတ်နိုင်ပါတယ်။

TWRP ကို အကျဉ်းချုပ်ရရင်တော့ ...

  1. ကိုယ့်ဖုန်းအတွက် လုပ်ထားတဲ့ TWRP ကို Downlaod လုပ်မယ်။ ကွန်ပျူတာသုံးပြီး Flash မယ်။ TWRP ထဲ တန်းဝင်မယ်။ Android 5.0.2 နဲ့အောက်ဆိုရင် သည်နေရာမှာပြီးပြီ။
  2. Android 5.1.1 နဲ့အထက်လား? Boot Patch လုပ်မယ်။ Official TWRP ဆို lazy flasher zip install မယ်။ Cofface TWRP ဆိုရင် TWRP ထဲဝင်လုပ်မယ်။ ZCX TWRP ဆို ဘာမှလုပ်ဖို့မလို။ Settings ထဲမှာပဲ သေချာအောင် စစ်ပေးမယ်။
  3. Android 6 နဲ့အထက်လား? Format DATA လုပ်ရမယ်။ Data, Apps တွေ ကူးထားဖို့လိုမယ်။ ZCX TWRP သုံးရင်တော့ အခုအဆင့်မလို…။

သည်လောက်ဆိုရင်တော့ ကိုယ်တင်သုံးတဲ့ TWRP တွေရဲ့ သဘောသဘာဝ၊ ကိုယ့်ဖုန်းရဲ့ Android Versions တွေပေါ် မူတည်ပြီး လုပ်ပေးရမှာတွေ .. ကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပါပြီ။



How to get OTA update by using ZCX TWRP

ZCX TWRP ရဲ့ အားသာချက်ကတော့ Updater ကနေစစ်လို့ရလာတဲ့ OTA update တွေကို Install လုပ်နိုင်ခြင်းပါ ပဲ။ ရလာတဲ့ OTA File size က system changes ပေါ်မူတည်ပြီး size ကြီးတာ သေးတာတော့ ရှိမှာပေါ့။ အခြားသော TWRP တွေကဲ့သို့ Full recovery rom ဒေါင်းပြီး System update လုပ်စရာမလိုပဲ OTA ရလာတဲ့ file လေးတွေကိုသာ Update ပြုနိုင်ပါတယ်။ ZCX TWRP တင်ပြီးတာနဲ့ OTA update လုပ်နိုင်အောင် ပြုလုပ်ပုံတွေကတော့……..

အရင်ဆုံးလိုအပ်ချက်ကတော့ ZCX TWRP Settings ထဲမှာ OTA Update တွေနဲ့အလုပ်လုပ်ဖို့ ON ထားပေးရပါမယ်။

ပြီးလျှင် မိမိတင်ထားသော rom type အတိုင်း Full Recovery ROM ကိုဒေါင်းပြီး Install ပေးပါ။ China stable or China Developer or Global Stable or Global Developer လေးခုထဲက လက်ရှိတင်ထားတာ တစ်ခုပေါ့။ Xiaomi Official Recovery ROMs တွေကို သည်နေရာမှာ [ Xiaomi Official Full Recovery ROM Download ] မိမိဖုန်း Model ကိုနှိပ်ဝင်ပြီး Download ပြုလုပ်နိုင်ပါတယ်။

Full Recovery ROM ဒေါင်းပြီးပါက ဖုန်းထဲကူးထည့်ပြီး install လုပ်ပေးပါ။ အခြားဘာမှလုပ်နေစရာမလိုပါ.. ။ Just Installation ပြုလုပ်ရုံပါ။

ကိုယ်က လက်ရှိတင်ထားတာ China Developer, အဲဒါကို TWRP တင်ပြီး Global Stable ROM ပြောင်းချင်တယ်။ အဲသည် Global Stable နဲ့ပဲ နောက်ပိုင်း OTA Update တွေဆက်သွားချင်တယ်ဆိုရင်တော့ Global Stable Full Recovery ROM ကို Download လုပ်ပြီး သည်နည်းအတိုင်းသာ [ Changing ROMs by Using TWRP ] ROM ချိန်းပေးလိုက်ပါ။ နောက်ပိုင်း OTA Update တွေရလာရင် အခုပြောင်းလိုက်တဲ့ Global Stable အတွက် အလိုလိုအဆင်ပြေသွားမှာပါ။ ဥပမာ ပေါ့….။

OTA Update ပေးချိန်မှာ Updater ထဲမှာ Update စစ်ပါ။ Update ကို download လုပ်ပါ။ Reboot လုပ်ပါ။ ZCX TWRP က အခြားလိုအပ်သည်များကို ဆက်လက် လုပ်ဆောင်သွားပါလိမ့်မည်။

ZCX TWRP အားသာချက်ကတော့ OTA Update လုပ်နိုင်တဲ့အတွက် update file size သေးသေးပဲ auto download ခိုင်းပြီး လုပ်ဆောင်နိုင်ပါတယ်။

အားနည်းချက်တော့ ROM install ပြီးတိုင်း system state backup ယူထားတဲ့အတွက် ph storage ထဲမှာ TWRP System backup တွေ များလာနိုင်ပါတယ်။ ထို့အတွက်ကြောင့် TWRP/BACKUPS အောက်မှာရှိတဲ့ folder တွေရဲ့ date/time stamp တွေကိုကြည့်ပြီး မလိုအပ်တော့သော system state backups များကို မိမိဖာသာလိုက်ဖျက်နိုင်ပါတယ်။ ZCX နဲ့ OTA Update လုပ်ရင် ပုံမှန်ထက် နှစ်ဆပိုကြာတတ်တာကြောင့် Battery အားအလုံအလောက်ရှိနေပါစေ။

မိမိဖုန်းအတွက် အဆင်ပြေမယ့် TWRP တွေကို ကျွမ်းကျင်စွာ တင်တတ်၊ အသုံးပြုတတ်ကြပါစေ။


#Crd Thet zaw ko

No comments:

Post a Comment