Monday, January 1, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(4)

Factory reset ချရခြင်း အကြောင်းနှင့် နည်းလမ်းများ ---------------------------------------------------- Factory reset ချရခြင်း အကြောင်းမှာတော့ အမျိုးမျိုးရှိပါတယ်။ 1 စက်လေးလံနေခြင်း 2 internal memory ပြည့်နေသောကြောင့် စက် LOGO လည်နေခြင်း 3 Secound logo တွင်ထောက်နေသော Software ဟုထင်ရသည့် အလုံးများအား ပြန်လည်တတ်လာစေရန် ချခြင်း 4 Pattern or pin or password lock များဖြတ်ခြင်း 5 File များ application များပျောက်ဆုံးနေခြင်းကြောင့် ချရခြင်း အစရှိသော Error များကြောင့် factory reset ချရပါတယ်။ factory reset ချလို့ရသောနည်းလမ်းတွေလည်း အများအပြားရှိပါတယ်။စက် မော်ဒယ်ပေါ်မူတည်ပြီး ပြောင်းလဲလာပါတယ်။ 1----------စက်လေးလံသောကြောင့် factory reset ချရခြင်းမှာတော့ Service လုပ်သည့်လူများ အားလုံးသိပြီးသာဖြစ်ပါတယ်။ 2--------internal memory ပြည့်နေခြင်းကြောင့်ချရသော အလုံးတွေမှာတော့ Samsung အများစုမှာဖြစ်တတ်ပါတယ်။ Samsung devices အများစုမှာ Zapya လို application တွေမှ တဆင့် user အများစုသည် Video တွေကိုကူးပြီး စက် internal memory ပြည့်နေသောကြောင့် Devices တွေသည် lock screen ဆွဲသောနေရာတွင် ပါဝါပြန်လည်ပြုတ်ကြပြီး Logo လည်နေတတ်ပါသည်။ဒါမျိုးဖြစ်လာသော အလုံးများကို Factory reset ချပေးလျှင်ကောင်းသွားတတ်ပါတယ်။ ပြောစရာအနေနဲ့ အနည်းငယ်တော့ ရှိပါတယ်။ အခုနောက်ပိုင်း popular ဖြစ်နေသော Frp ရှိမရှိကိုတော့ စစ်ဆေးသင့်ပါတယ်။ ဘယ်လိုစစ်ဆေးမလဲ? ကျွန်တော်ကတော့ Download mode အရင်ခေါ်ကြည့်ပါတယ်။ Download mode တွင် Frp on နေပါက Customer ဆီမှ Service ကြေးပိုတောင်းပါတယ်။ထိုကဲ့သို့သော အလုံးများကို reset မချပဲ ပြန်ကောင်းအောင်လုပ်လို့မရဘူးလား? ရပါတယ်။စိတ်ရှည်စွာဖြင့် file manager အတွင်းသို့ရအောင်ဝင်ပြီး Zapya ဖိုင် သို့မဟုတ် Android ဖိုင်ကိုရအောင်ဖျက်ပေးရပါတယ်။ ဘာကြောင့် Android ဖိုင်ကိုဖျက်ရသလဲဆိုရင်တော့ တချို့သော ဖိုင်တွေဟာ zapya ဖြင့်ကူးသော်အခါ zapya folder ထဲသို့ ရောက်ရှိခြင်း မရှိပဲ Android အောက်တွင် ရောက်ရှိနေရခြင်းကြောင့် ဖျက်ပစ်ရခြင်းပါ။ 3----------------Secound logo တွင်ထောက်နေသော အလုံးများအား Factory reset ချရခြင်းအကြောင်းမှာတော့ တချို့သော ဖုန်းများတွင် Factory reset ချလိုက်လျှင်ပြန်ကောင်းတတ်တာတွေ့ရပါတယ်။ဘယ်လိုအလုံးတွေမှာ ဖြစ်တတ်သလဲ ဆိုရင်တော့ Huawei အနှိမ့်ဖုန်းများတွင် ဖြစ်တတ်ပြီး Clone ဖုန်းများ ဖြစ်သည့် MTK and SPD ဖုန်းများတွင် ဖြစ်တတ်ပါတယ်။ SPD ဖုန်းများတွင် အဖြစ်များပြီး တော်တော်များများ နာမည်မရှိသော ဖုန်းများကို reset ချလျှင်ပြန်တတ်လာတတ်ပါတယ်။ ပြောစရာတခုတော့ ရှိသလို မေးစရာလေးတွေ ရှိလာမယ်ထင်ပါတယ်။ SPD ဖုန်းတွေက recovery ခေါ်လို့မှ မရတာ ဘယ်လိုချမလဲပေါ့ ဟုတ်ပါတယ် Spd ဖုန်းများဟာ recovery mode အားခေါ်ရခက်ခြင်းကြောင့် factory reset ချရန်ခက်ခဲနိုင်ပါတယ်။ ဒါမျိုးတွေဆို Miracle box crack or command အားအသုံးပြုပြီး ချပါတယ်။Miracle box crack မှ spd tab အားသွားပြီး format ကိုရွှေးပေးပါ ထို့နောက် advance ကို အမှန်လေးခြစ်ပေးပြီး cpu နံပါတ်အားမှန်အောင်ရွှေးပေးပြီး boot key နှိပ် ကြိုးထိုးပေးလိုက်ပါ။ userdata ကို တဖိုင်ထဲ အမှန်ခြစ်ပေးပြီး အိုကေ နှိပ်ပေးလိုက်ပါ။ဒါဆို reset ချပေးလိုက်တာနဲ့ အတူတူပါပဲ။ဒါဆို command က ဘာလို့သုံးတာလဲ တချို့သော cpu အများစု ကို miracle box က support မပေးတဲ့အတွက်ပါ။SC8825 နဲ့လာတဲ့ ကောင်တွေဆိုမရတော့ပါဘူး။ True လိုအလုံးတွေဆိုမရတတ်ပါဘူး။ဒါဆိုမျိုး တွေဆိုရင်တော့ ကျွန်တော်ကတော့ spd ဖုန်းအများစု တွင် ပါဝင်သော testmode ကိုရအောင်ဝင်ကြည့်ပါတယ်။Testmode ကိုရောက်ပြီဆိုရင်တော့ အပေါ်ဘားလေးကို ဆွဲချပြီး setting ထဲသို့ဝင်ပြီး debugging ကို on ပြီး စက်မှာ allow ပေးပါတယ် ပြီးမှ adb command မှ adb reboot recovery သို့မဟုတ် adb reboot bootloader ဆိုပြီး ရိုက်ကြည့်ပါတယ်။ Recovery mode ကိုဝင်သွားပြီဆိုရင်တော့ reset ချလို့ရပြီး fastboot mode ကို ဝင်လို့ရရင်တော့Fastboot -w ဆိုပြီး reset ချနိုင်ပါတယ်။ဒီလုပ်နည်းတွေကို China tablet တွေဖြစ်တဲ့ allwinner တွေမှာလဲ အသုံးပြုနိုင်ပါတယ်။
Crd post owner

No comments:

Post a Comment