Tuesday, January 30, 2018

*#*#64663#*#* or Testing Xiaomi Phone Hardware

Xiaomi ဖုန်းတွေမ၀ယ်ခင် ဖုန်းမှာပါတဲ့ Hardware ပိုင်းတွေ ကောင်းမွန်စွာ အလုပ်လုပ် မလုပ် စစ်ဆေးဖို့ပါ။ Dial Pad ကိုဖွင့်ပြီး *#*#64663#*#* လို့ရိုက်ပါ။ ဒါမှမဟုတ် Settings--> About Phone-->Kernel Version နေရာကို 6 ချက်ခန့် Tap လုပ်ပါ။


Hardware Test လုပ်နိုင်တာတွေ ပေါ်လာပါမယ်။ ပုံမှာ နမူနာပြထားတာက Mi Max ကပုံပါ။ ဖုန်းတစ်လုံးနဲ့တစ်လုံး ပါဝင်တဲ့ Test အရေအတွက် တူမှာတော့ မဟုတ်ပါ။


  • 1. Check Version Info ကတော့ ကိုယ့်ဖုန်းမှာပါတဲ့ IMEI, MEID, Miui Version ဘယ်လောက်တင်ထားတယ် အစရှိတဲ့ Info တွေကိုပြပေးပါတယ်။
  • 2. Sim Card ကတော့ Sim Slot 1, 2 တွေမှာ sim card ထည့်ထားမထား။ Sim card တွေသိမသိ ကို ပြပေးပါတယ်။
  • 3. Vibration ကတော့ Vibrate Test လုပ်တာပါ။ သူ့ထဲဆက်ဝင်ရင် Long Vibrate, Short Vibrate စမ်းသပ်ဖို့ ခလုပ်နှစ်ခု ပါပါတယ်။ နှိပ်ကြည့်ပြီး vibrate တုန်တာ မှန် မမှန် စမ်းသပ်နိုင်ပါတယ်။
  • 4. Main mic speaker feedback test ကတော့ ပုံမှန်လိုဖုန်းပြောသလိုကိုင်ပြီး စကားပြောရင် အောက်ဖက် mic က၀င်လာတဲ့ စကားသံကို အပေါ် speaker ကနေ ပြန်ကြားရတာပါ။ ကြည်လင်စွာ ကြားရ မကြားရ စစ်ဆေးနိုင်ပါတယ်။
  • 5. Simulation Call test က 4 နဲ့ပုံစံတူပါပဲ။
  • 6. Top mic speaker feedback test ကတော့ အပေါ်ဖက် front camera နားက speaker ကို Test လုပ်တာပါ။ အပေါ်ဖက် speaker နားမှာပြောတဲ့စကားသံကို အောက်ခြေက speaker မှာ အသံပြန်ထွက်လာရမှာပါ။
  • 7. Proximity Sensor ကို Test လုပ်တာပါ။ ဖုန်းပြောဖို့ handset ကို နားနားကပ်လိုက်ပေမယ့် screen မပိတ်ဘူး။ ဖုန်းပြောပြီးလို့ နားကနေခွာလိုက်ပေမယ့် screen ကလင်းမလားဘူး ဆိုတာတွေက သည် sensor ကောင်းကောင်းအလုပ်မလုပ်လို့ပါ။ Sensor ရှိတဲ့နေရာက ဖုန်းထိပ်ပိုင်း ရှေ့ကင်မရာ၊ Speaker တွေရှိနေတဲ့နေရာမှာပါ။ ပုံမှန်အတိုင်းအလုပ်လုပ်ရင် သည်တိုင်းထားချိန် ပထမပုံမှာကဲ့သို့ value 5 ကို ပြနေပါတယ်။ Sensor ရှိတဲ့နေရာ လက်နဲ့ကွယ်ထားလိုက်ရင် value 0 ကိုပြောင်းပါတယ်။ အဲလိုဆို ပုံမှန်အလုပ်လုပ်ပါတယ်။ အလုပ်မလုပ်ရင် Calibrate ဆိုတဲ့ Button လေးနှိပ်ပြီး ပုံမှန်အလုပ်လုပ်အောင် ပြန်လုပ်ခိုင်းလို့ရပါတယ်။ Sensor ကို ပိတ်ထား၊ ဖွင့်ထားချိန်၊ Calibrate လုပ်ချိန် ဘာ value မှ ပြောင်းလဲတာမရှိရင်တော့ Sensor ပျက်တာပေါ့။ Temper Glass တွေကပ်လို့ sensor ကို အနည်းငယ်ကွယ်ထားသလိုတွေဖြစ်နေရင်လည်း ပုံမှန်အလုပ်မလုပ်နိုင်ပါ။
  • 8. Finger Print Sensor ကောင်းစွာ အလုပ်လုပ် မလုပ် စစ်ဆေးနိုင်ပါတယ်။
  • 9. Home, Back, Menu, Vol Up, Vol Down keys တွေ ကောင်းမွန်စွာ response လုပ်မလုပ်စစ်ဆေးတာပါ။
  • 10. Notification Light (LED) ကိုစစ်ဆေးတာပါ။ Screen အလင်း အမှောင် backlight တွေ ကောင်းစွာအလုပ်လုပ် မလုပ်၊ ကင်မရာ flash ကောင်းစွာအလုပ်လုပ် မလုပ်၊ Home, Back, Menu button မီးလေးတွေ လင်းမလင်း စစ်တာပါ။ ဖုန်းတစ်လုံးနဲ့တစ်လုံး တူနိုင်မှာမဟုတ်ပါ။
  • 11. Touch Sensor ကတော့ Screen တစ်ခုလုံးပေါ် Touch အလုပ်လုပ် မလုပ် စစ်တာပါ။ ပေါ်လာတဲ့ အကွက်တွေမှာ အကုန်လိုက် ဆွဲကြည့်ပါ။ လွတ်နေတာတွေ ရှိမရှိ စစ်ပါ။
  • 12. Display က Screen မှာ RGB color တွေ သေချာပေါ်မပေါ် လိုက်စစ်နိုင်ပါတယ်။ RGB Color နောက်ခံတွေပေါ်မှာ LCD အလင်းပေါက်ကလေးတွေ ရှိနေ မရှိနေ စတာတွေ စစ်ဆေးနိုင်ပါတယ်။
  • 13. Light Sensor ကလည်း Proximity လိုပါပဲ။ ဖုန်းထိပ်မှာပါ။ လက်ညှိုးနဲ့ဖြစ်ဖြစ် ကွယ်ထားလိုက်၊ ဖွင့်ထားလိုက် လုပ်ပေးရင် value တွေပြောင်းနေရပါမယ်။ ဘာတန်ဖိုးမှ ပြောင်းမပြနိုင်ရင်တော့ sensor ပျက်ပါပြီ။
  • 14, 15, 16, 18 ကတော့ Head Phone နဲ့ပတ်သက်တာတွေစမ်းတာပါ။ Head Phone တပ်တာ ဖြုတ်တာ သိမသိ၊ Head Phone မှာပါတဲ့ button တွေနဲ့ သေချာ ချိတ်ဆက် အလုပ်လုပ် မလုပ် တွေ စမ်းသပ်နိုင်ပါတယ်။
  • 17. FM Radio ကိုစမ်းတာပါ။ ဖုန်းတိုင်းတော့ ပါမှာမဟုတ်ပါ။
  • 19, 20 Wireless နဲ့ပတ်သက်ပြီး စမ်းတာပါ။ Wifi လွှင့်ပေးထားတာတွေကို ချိတ်ဆက်မိ မမိ၊ Singnal အားဘယ်လောက်နဲ့ချိတ်နေတယ်။ WiFi Address က ဘာဆိုတာတွေ ပြနေရပါမယ်။
  • 21, 22 Wireless လိုပါပဲ။ Bluetooth နဲ့ပတ်သက်တာတွေ စမ်းတာပါ။
  • 23,24 Charger ဖြုတ်တာ တပ်တာကို detect သေချာ သိ မသိ စမ်းတာပါ။
  • 25,26 OTG stick ကို တပ်ရင် ဖြုတ်ရင် သိမသိ စမ်းသပ်တာပါ။
  • 27,28 ရှေ့ နောက် ကင်မရာတွေ စမ်းတာပါ။
  • 29, 30, 31 Accelerometer, Magnetic sensor, Gyroscope sensor တွေစမ်းတာပါ။ ဖုန်းကို ရေပြင်ညီ ထားတဲ့အပေါ်မူတည်ပြီး တန်ဖိုးတွေ ပြောင်းပြီး ပြနေရမှာပါ။ မပြောင်းပါက Calibrate လုပ်ပေးပြီး ပြန်စမ်းနိုင်ပါတယ်။ Screen Rotate နဲ့ပတ်သက်တာတွေ၊ ဓါတ်ပုံတွေကို 360 degree ရိုက်တာတွေအတွက် သည် sensor တွေက အလုပ်လုပ်ပေးတာတွေပါ။
  • 32. GPS စမ်းတာပါ။ နဲနဲလေး အချိန်ပေးရင် တွေ့နေတဲ့ GPS Sat အရေအတွက်တွေ၊ Latt, Long တွေပြပါတယ်။
  • 33. Battery အားဘယ်လောက်ရှိတယ်။ Charge လုပ်နေလား၊ Discharge လုပ်နေလားတွေပြပါတယ်။
  • 34. OTG လိုပါပဲ။ SD Card ကို သိ မသိ။ ဖတ် မဖတ် တွေစမ်းတာပါ။

Xiaomi Phone တွေဝယ်ခါနီးမှာ အထက်ပါတွေတိုင်း Hardware ပိုင်းကို စစ်ဆေးလို့ မိမိစိတ်ကြိုက် စမ်းသပ်ဝယ်ယူနိုင်ပါတယ်။ အထက်ပါအရာများဟာ Hardware ကို Test လုပ်တာတွေ။ ကောင်းစွာ အလုပ်မလုပ်ရင် Default အတိုင်းဖြစ်အောင် Calibrate (ချိန်ညှိခိုင်း) တာတွေပါ။ ကိုယ့်စိတ်တိုင်းကျ ချိန်ညှိထားတာတွေ လုပ်လို့မရပါ။
#Crd Thet zaw ko

No comments:

Post a Comment