Tuesday, January 2, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(9)

Frp များ အကြောင်းတွေးတော ဖြေရှင်းခြင်း နှင့် internet မှ ရှာဖွေနည်း
========================================

FRP ပြောလို့ ပြောလိုက်ရင်ပဲ အကုန်သိနေမှာ FRP ဘာကြောင့် ကျရသလဲ

ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပေါ့ ဖြေရှင်းရမဲ့ နည်းလမ်းတွေက အများကြီးရှိပါတယ်

အဲတော့ မေးမှာပေါ့နော် အဲလောက်အများကြီးကို ဘယ်လိုတွေမှတ်ထားရမလဲ

ကျွန်တော်က တော့ Google account sign in ဝင်လို့ရတဲ့နေရာရောက်ရင် ရပါပြီလို့

သတ်မှတ်လိုက်တယ် ဘယ်လိုဝင်ရမလဲဆိုတာကို တွေးကြရအောင်

MTK တွေမှာဆိုရင်တော့ FRP ပါတဲ့ partition ကို format ချနိုင်ရင်လည်း

Frp ပြုတ်ပါတယ်။SPD တွေမှာ ဆိုရင်တော့ fastboot mode ကိုရအောင် ဝင်ပါတယ်

fatboot mode ကနေ fastboot erase persist ,fastboot erase config လို့ရိုက်ကြည့်ပါတယ်

ဒါဆို တခြား CPU တွေအတွက်ရော ရှိပါတယ် နည်းလမ်းများစွာနဲ့ ရှိပါတယ်

www.youtube.com လိုနေရာမျိုးတွေ FB search လိုနေရာမျိုးတွေ

www.google.com လိုနေရာမျိုးတွေမှာ မိမိသိချင်တဲ့ ဖုန်းမော်ဒယ်ရဲ့

frp ဖြုတ်နည်းတွေကို ရှာလို့ရပါတယ်။ဥပမာ Huawei GR5 2017 frp

by pass လို့ ရိုက်လိုက်ပြီး ကျွန်တော်ပြောတဲ့ youtube google fb လို

နေရာမျိုးတွေမှာ ရှာနိုင်ဖွေနိုင်ပါတယ်။တချို့ က မရှာချင်ဘူး အလွယ်တကူ

သူများကိုမေးလိုက်တယ် သိလိုက်တယ်။အဲဒီအသိတခုဟာ ကိုယ်ကိုယ်တိုင်

ရှာဖွေလို့သိတဲ့ အသိနဲ့ ကွာပါတယ်။တော်တော်လေးကိုကွာပါတယ်။

ကဲ.....ထားပါတော့ အခု Frp ဖြုတ်နည်းတွေကိုပြောပါတော့မယ်

Frp ကိုဘယ်လမ်းတွေမှ Browse or file manager ကိုဝင်လို့ရမလဲ

အရင်တွေးပါတော့မယ်

wifi မှ ဝင်ခြင်း
========

wifi မှ ဝင်လို့ရတဲ့ အလုံးတွေ အတွက်ပါ မိမိကိုယ်တိုင်စမ်းသပ်နိုင်ပါတယ်အလုံးတိုင်းတော့ မဆိုလိုပါ။အရင်ဆုံးအနေနဲ့ frp ဖြည်မဲ့ဖုန်းကို အင်တာနက်

ချိတ်ပါ။ပြီးလျှင် wifi မှ add wifi network ကိုသွားပါမယ်။

စာရိုက်ရမဲ့နေရာလေး ရောက်ရင် www.google.com လို့ ရိုက်ကြည့်

လိုက်ပါမယ်။ရိုက်ထားတဲ့ စာလေးကို ဖိထားပြီး တချို့ဖုန်းများတွင်

share လို့ပါပါမည်။တချို့ဖုန်းများတွင်တော့ search ပါပါ့မယ်။

Huawei oppo လို ဖုန်းတွေမှာတော့ Assign လို့ပါလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်နှိပ်ကြည့်ပါမယ်။share လို့ပါလာမယ်ဆိုရင်တော့

ဘယ်နေ၇ာတွေကို share လို့ရမယ်ဆိုတာကို ပြပါလိမ့်မယ်

ထိုနည်းလည်းကောင်းပဲ search နှင့် assign မှာဆိုရင်လည်း

Google search app ဆိုတဲ့ G ပုံစံလေးကိုတွေ့ရပါမယ်

G ပုံစံ google app လေးတွေရင် နှိပ်ပေးလိုက်ပါ

search ဘားမှာ file manager ကိုရိုက်ကြည့်ပါ။

အဲမှာ အနည်းငယ်ပြောစရာရှိပါတယ်။ ဖုန်းတစ်လုံးနဲ့ တလုံး

file manager ကို နာမည်ပေးပုံမတူပါဘူးSamsung မှာဆိုရင် my file လို့ပေးတတ်ပြီး

huawei oppo တွေမှာ ဆိုရင်တော့ file ဆိုတာမျိုး ပေးတတ်ပါတယ်။

ကောင်းပြီး ကျွန်တော်တို့ file manager ထဲရောက်ပြီဆိုရင်တော့

Frp အတွက် apk တွေမျိုးစုံထွက်ပါတယ်။အဲလို apk လေးတွေကို

ဖုန်းရဲ့ မန်မိုရီ သော်လည်းကောင်း SD card သော်လည်းကောင်း

OTG သော်လည်းကောင်း တခုခုဖြင့် apk ကို install လုပ်ပြီး သက်ဆိုင်ရာ Google account manager ကို သွင်းပါ

ပြီးလျှင် account sign in ဝင်ကြည့်ပြီး အဆင်ပြေရင်တော့ ပြီးပါပြီ

No comments:

Post a Comment