Tuesday, January 30, 2018

Installing Google Apps on Redmi Note 4 MTK (Android 6.0, Marshmellow)

Redmi Note 4 MTK, Android 6.0.1 မှာစမ်းသပ်ရင်း ရေးထားတာမို့ Redmi Note 4 လိုနာမည်တပ်ထားပေမယ့် Android 6.0.1 နဲ့ China Stable MIUI Rom တွေမှာ အဆင်ပြေစေမှာပါ။ China MIUI Rom တွေမှာ Google Apps တွေထည့်သွင်းနိုင်မည့်နည်းလမ်း သုံးခုကိုဖော်ပြပေးထားပါတယ်။ ကျနော်စမ်းသပ်ထားတာတွေမှာ နည်းသုံးခုလုံးနဲ့ အဆင်ပြေပါတယ်။ မိမိစိတ်ထဲမှာ လုပ်လို့လွယ်မယ်ထင်တဲ့နည်းကို လုပ်ကြည့်နိုင်ပါတယ်။

ထည့်သွင်းနိုင်တဲ့နည်းလမ်းသုံးခုကတော့

  1. Google Installer apk လေးကိုဖုန်းထဲထည့်သွင်းပြီး apk ကို run လို့ လိုအပ်တဲ့ Google app services တွေကို တစ်ခုပြီးတစ်ခု အလိုအလျောက်ထည့်သွင်းခိုင်းခြင်း။
  2. Google app များ အဆင်ပြေပြေသုံးနေနိုင်သော၊ မိမိဖုန်းနဲ့ Android Version တူ ဖုန်းတစ်လုံးမှ Google app (6) ခုကို Mi Backup ဖြင့် Backup ယူလာပြီး မိမိဖုန်းမှာ ပြန်လည်လို့ Restore လုပ်ခြင်း။
  3. Google နှင့်ပတ်သက်သော apk 6 ခုအား တစ်ခုစီ Manual Install လုပ်ပေးခြင်း။ (အဆို gapp 6 ခုကို Google အဆင်ပြေနေသော Android version တူအခြားဖုန်းမှာ Zapya ဖြင့်လည်း ရယူနိုင်ပါသည်။)


ဖုန်းမှာလိုအပ်တာလေးတွေ အရင်ပြင်ဆင်ပါမယ်။ China MIUI Rom တွေမှာ Download လုပ်မယ့် file size ဟာ 1MB ကျော်တာနဲ့ Mobile Data နဲ့ မလုပ်တော့ပဲ WiFi Connection ကိုသာစောင့်နေတတ်တဲ့ Waiting for WiFi ဆိုတာမဖြစ်ရအောင် Downloads-->Settings ထဲမှာ Download File size limit ကို ပြင်ပေးရပါမယ်။ ကျနော်တို့တွေအနေနဲကလဲ ဖုန်းမှာ Mobile data နဲ့ပဲ အမြဲအလုပ်ပိုလုပ်တတ်တော့ နောင် ဘာပဲ Download လုပ်လုပ် အဆင်ပြေရအောင် တစ်ခါတည်းပြင်ပေးလိုက်ခြင်းပါ။ အောက်ပါပုံကိုလေ့လာပြီး Download file size ကို Unlimited ပဲထားပေးလိုက်ပါ။



နောက်တစ်ခုကတော့ apk file တွေ Install လုပ်ရင် Block ဖြစ်နေတာမျိုး မဖြစ်အောင် Settings-->Additional Settings->Privacy-->Unknown Sources ကို ON ထားပေးပါမယ်။


နောက်ဆုံးလိုအပ်တာတစ်ခုကတော့ မိမိဖုန်းမှာ Google App တွေ သွင်းထားပြီး အဆင်မပြေတာတွေရှိနေလို့ အသစ်ပြန်သွင်းမှာဆိုရင် အရင်ရှိထားပြီးသား Google App တွေကို အကုန်ဖျက်ထုတ်ထားရပါမယ်။ Settings-->Install Apps ထဲမှာ Google Service Framework, Google Account Manager, Google Play Services, Google Calendar Sync, Google Contacts Sync, Google Play Store တို့ကို Uninstall အရင်လုပ်ထားပါ။

အခုဆိုရင် ဖုန်းကို လိုအပ်တာလေးတွေ ပြင်ဆင်လို့ပြီးပါပြီ။ Google apps တွေ ထည့်သွင်းဖို့ စတင်နိုင်ပါပြီ။



ထည့်သွင်းနည်း - ၁

နည်း - ၁ ကတော့ ရိုးရှင်းပါတယ်။ Google Installer apk လေးဖုန်းထဲမှာ Install လုပ်ပြီး အဲသည် app ကို ဖွင့်ပြီး လိုတာတွေကို Auto လုပ်ခိုင်းလိုက်တာပါ။ Google Installer apk ကို သည်နေရာမှာ [ Download Google Installer APK ] Download ပြုလုပ်ပါ။ မိမိဖုန်းထဲမှာ Install လုပ်ထားလိုက်ပါ။ Mobile Data ကို ON ပါ။ App ကို ဖွင့်ပါ။ အောက်ခြေမှ တရုတ်စာနဲ့ Button အပြာလေးအားနှိပ်ပေးလိုက်ပါ။ လိုအပ်တဲ့ Gapp တစ်ခုဒေါင်းလိုက်၊ Install လုပ်ခိုင်းလိုက် လုပ်ပါလိမ့်မယ်။ App တစ်ခု ဒေါင်းလုပ်လုပ်လို့ပြီးရင် Install ဆိုတာနှိပ်ပေးပါ။ ခဏစောင့်ပါ။ Done ကိုနှိပ်ပေးပါ။ နောက်တစ်ခုကို ဒေါင်းလုပ်ဆက်လုပ်ပါလိမ့်မယ်။


စုစုပေါင်း Gapp 6 ခု Auto download လုပ်ပြီး Install လုပ်ခိုင်းပါလိမ့်မယ်။ Install, Done button လေးတွေသာ နှိပ်ပေးနေလိုက်ပါ။ အားလုံးပြီးဆုံးသွားလို့ အောက်ဖက်မှာ Button အနီလေးပေါ်လာရင်တော့ မနှိပ်ပဲ Home Key နှိပ်လို့သာ ပြန်ထွက်လိုက်ပါ။


ပြီးရင် Google services တွေ ဖုန်းမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်အောင်၊ Google Account နဲ့ပတ်သက်တဲ့ Sync တွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် Security-->Permissions ထဲမှာ လိုအပ်သည်များ ပြင်ဆင်ပေးထားရပါမယ်။ အနည်းဆုံးတော့ Google Play Services နဲ့ Google Play Store တို့ရဲ့ Permission တွေ အကုန်လုံးကို Allow လုပ်ထားပေးပါ။ အောက်ပါပုံအတိုင်းဝင်လို့ Permissions တွေ အကုန် ON ထားပေးပါ။



Google Play Services & Google Play Store တို့ကို permission တွေ အကုန် Allow လုပ်ပေးပြီးရင်တော့ ဖုန်းကို Reboot ချလိုက်ပါ။


ဖုန်းပြန်တက်လာချိန်မှာတော့ Google Account ထည့်ရန် အဆင်သင့်ဖြစ်နေပါပြီ။ Settings-->Other Accounts ထဲဝင်လို့ Google Account ထည့်နိုင်ပါပြီ။ ပုံလေးတွေကို လေ့လာလို့ Google Account ထည့်ပါ။ Account ထည့်ဖို့ဝင်ဝင်ချင်း Loading.... ဆိုပြီး ကြာနေတတ်တတ်တာရှိတတ်ပါတယ်။ စိတ်ရှည်ရှည်သာစောင့်ပေးပါ။ အင်တာနက်ဖွင့်ထားရင် Google background services တွေ Auto Update လုပ်နေလို့ဖြစ်တတ်ပါတယ်။ သည်တော့ Google app တွေ Install လုပ်၊ Permissions တွေပေး၊ ဖုန်း Reboot လုပ်... ပြန်တက်လာရင် Mobile Data ON ထားပေးရင် ၁၅ မိနစ်ခန့်စောင့်ပြီးမှ Google Account ထည့်ပေးရင် ပိုအဆင်ပြေပါတယ်။ Checking Info... ဆိုတဲ့နေရာမှာတော့ ကြာလေ့ကြာထမရှိပါ။ ၁၅စက္ကန့်လောက်ဝန်းကျင်က အကြာဆုံးပါ။

MIUI 8.5 တွင် Google Account ထည့်သွင်းပုံ




Google Account ထည့်ပြီးပြီ။ Sync လုပ်တာတွေ အဆင်ပြေခဲ့ပြီရင်တော့ Google Play Store ကို အဆင်ပြေပြေအသုံးချနိုင်ပါပြီ


MIUI 8.2 နှင့် အောက် version များတွင် Google Account ထည့်သွင်းပုံ




အခုဆိုရင်တော့ Google Play Store ကို အဆင်ပြေပြေအသုံးပြုနိုင်ပါပြီ။



ထည့်သွင်းနည်း - ၂

သည်နည်းကတော့ Google App တွေ အဆင်ပြေနေတဲ့၊ Google app တွေ Update ဖြစ်နေတဲ့ Android version တူဖုန်းတစ်လုံးကနေ Mi Backup နဲ့ Backup File ထုတ်ယူခဲ့ပြီး မိမိဖုန်းမှာ Google App တွေကို ပြန်ပြီး Restore လုပ်တာပါ။ ကိုယ့်ဖုန်းမှာပါပြီးသားဖြစ်တဲ့ Mi Backup ကို ဘယ်လိုတွေအသုံးချနိုင်မယ်၊ ဘာတွေကို Backup လုပ်နိုင်မယ်၊ ဘယ်လိုပြန်ပြီး Restore နိုင်မယ်ဆိုတာတွေအသေးစိတ်ကို သိချင်ရင်တော့ သည် Post [ Backup & Restore Data ] ကို ဖတ်ပြီးလေ့လာနိုင်ပါတယ်။

Android Version 6.0.1 နဲ့ကိုယ့်ဖုန်းက China MIUI Rom မှာ Google App တွေကို အမြန်ဆုံး Restore လုပ်ပြီးထည့်သွင်းဖို့အတွက် သည် link က ZIP Fiile [ GApps Backup Zip ] ကို Download ပြုလုပ်ပါ။ အခု post ရေးသားနေသည့် နေ့ရက် ( ၅ - ၆- ၂၀၁၇ )အချိန်ထိ Up to date ဖြစ်နေတဲ့ Backup ပါ။ ရလာတဲ့ ZIP File ကို Phone Internal Storage-->MIUI-->Backup Folder အောက်ကို ကူးထည့်ထားလိုက်ပါ။ ကျနော်ကတော့ ZIP File ဖြည်တာကို ES File Explorer နဲ့လုပ်ပါတယ်။ မိမိကျွမ်းကျင်ရာ app ကိုသုံးပြီး လုပ်နိုင်ပါတယ်။ ES Explorer App ကို အလိုရှိပါက သည်နေမှာ [ ES File Explorer Download Link ] Download ပြုလုပ်နိုင်ပါတယ်။ ကူးထည့်ပြီးရင် ZIP File ကိုဖြည်ပါတယ်။ ဘယ် Path မှာဖြည်မလဲလို့ ES ကမေးလာတဲ့နေရာမှာ Current Path ကို ရွေးပါတယ်။ သတိထားပေးပါ။


ZIP File ဖြည်ချပြီးရင်တော့ အောက်ပါပုံလေးတွေအတိုင်း Backup ယူထားတဲ့ Gapps တွေကို ဖုန်းထဲမှာ Restore လုပ်ပေးလိုက်ပါ။



Restore လုပ်ပြီးပြီဆိုရင်တော့ Google Play Service, Google Play Store တို့ကို Permission ပေးရပါမယ်။ ပြီးရင် ဖုန်းကို Reboot ချပါမယ်။ ပြန်တက်လာရင်တော့ Google Account ထည့်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ၄င်းလုပ်နည်းတွေကတော့ ထည့်သွင်းနည်း - ၁ မှာပြောခဲ့တာတွေနဲ့ တူတူတွေဖြစ်တာကြောင့် ထည့်သွင်းနည်း - ၁ က လုပ်နည်းတွေအတိုင်းပဲ လုပ်ဆောင်ပါ။



ထည့်သွင်းနည်း - ၃

သည်နည်းကတော့ ပိုပြီး အလွယ်ကူဆုံးနည်းဖြစ်ပါလိမ့်မယ်။ Google App အတွက် လိုအပ်တဲ့ apk files လေးတွေကို အစဉ်အတိုင်း Install လုပ်ပေးသွားတာပါပဲ။ မိမိဖုန်းနဲ့ Android Version တူ၊ Google App အဆင်ပြေနေတဲ့ ဖုန်းဆီကနေ Zapya ကိုသုံးပြီး apk တွေကို ကူးယူပြီး ထည့်ပေးသွားလည်း ရပါတယ်။ သည် Post ကို ရေးသားနေတဲ့ ( ၅ - ၆ - ၂၀၁၇ ) ထိ Update ဖြစ်နေတဲ့ APK File တွေကို လိုချင်ရင်တော့ သည် link [ Google Apks ZIP Download ] မှာ Download ပြုလုပ်နို်င်ပါတယ်။ ZIP File ရလာရင်တော့ ဖုန်းထဲမှာပဲ မိမိတို့ ကျွမ်းကျင်ရာ software ကို သုံးပြီး ဖြည်ချလိုက်ပါ။ APK File လေးတွေ ရှိနေတဲ့ Folder တစ်ခုရလာပါမယ်။


ရလာတဲ့ APK Files လေးတွေမှာ 01, 02, 03 စသည်ဖြင့် နာမည်လေးတွေ ပါပါတယ်။ အစဉ်လိုက်အတိုင်း Install ပေးသွားရုံပါ။ ပြီးရင်တော့ Google Play Service, Google Play Store တို့ကို လိုအပ်တဲ့ Permission တွေပေးတာ.... ။ ဖုန်း Reboot ချတာ....။ Google Account ထည့်တာတွေကတော့ ထည့်သွင်းနည်း - ၁ မှာ ရေးသားခဲ့တဲ့အတိုင်းပါပဲ။



ကျနော့်အနေနဲ့ Redmi Note 4 MTK (Android 6.0.1) နဲ့ဖုန်းမှာ နည်း - ၁ နဲ့ Google App တွေထည့်သွင်းတယ်။ Mi Backup နဲ့ Backup ယူတယ်။ APK File လေးတွေ ထုတ်ထားတယ်။ Factory Reset ချပြီး နည်း - ၂၊ နည်း - ၃ တွေနဲ့ အဆင်ပြေစွာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ Mi Note MIUI 8.5.1 (Android 6.0.1) မှာလည်း Backup ယူထားတာတွေကို နည်း - ၂၊ နည်း - ၃ အတိုင်း ထည့်သွင်းလို့ အဆင်ပြေပါတယ်။ Redmi Note 3 Pro MIUI 8.2.1 (Android 6.0.1) မှလည်း နည်း - ၂၊ နည်း - ၃ တွေအတိုင်း အကုန်အဆင်ပြေပါတယ်။ Android 6.0.1 တင်ထားတဲ့ဖုန်းတိုင်း သည် post ထဲက files တွေသုံးပြီး နည်း - ၂၊ နည်း - ၃ တွေအတိုင်း အဆင်သင့် ထည့်နိုင်ပါတယ်။ နည်း - ၁ ကတော့ ဘယ် Android version မဆို China rom ဆို ထည့်လို့ရပါတယ်။

#Crd Thet zaw ko

No comments:

Post a Comment