Monday, January 1, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(၃)

fastboot အပိုင်းတွေပြီးလောက်ပြီဆိုတော့ Flashtool firmware ရေးမဲ့ အကြောင်းလေး နည်းနည်းလေး ပြောချင်ပါတယ်။ သို့ပေမဲ့ Fastboot အပိုင်းမှာ လည်း တခြားသော အသုံးဝင်တဲ့ command တွေရှိပါတယ်။ဘာတွေလဲဆိုတော့ Sony ဖုန်းတစ်လုံးလာအပ်လို့ model name မသိဘူးဆိုရင် fastboot ကနေ fastboot getvar product လို့ရိုက်လိုက်ရင် သူ့ရဲ့ မော်ဒယ်နံပါတ်ကို ပြပေးမှာဖြစ်ပါတယ်။Flashtool tool နဲ့ ရေးရမဲ့ အပိုင်းတွေမှာဆိုရင်တော့ Huawei Model အတွင်းမှာ G610 နှင့် G610+ ဆိုပြီးကွာပါတယ် သူကလဲ မှားရေတဲ့အခါ touch ဆွဲမရခြင်းနှင့် LCD အလင်းမထွက်တဲ့ Error တွေကြုံတွေ့ရနိုင်ပါတယ်။Flashtool ဖြင့် ရေးတော့မည်ဆိုရင်တော့ အဓိက ဖြစ်တဲ့ Flashtool version တွေကို စမ်းသပ် ထားရပါ့မယ်။ Flashtool version တွေပေါ်မူတည်ပြီး Error တွေတတ်လာနိုင်ပါတယ်။G730-U10 လို Board အစိမ်းတွေနဲ့ H30-U10 လိုအလုံးတွေမှာ sp flashtool ကို SP_Flash_Tool_exe_v3.1324.0.177_Secboot အသုံးပြုမှ အဆင်ပြေတာမျိုးတွေတွေ့ရတတ်ပါတယ်။တခါတရံတော့ miracle crack နှင့်စစ်လို့ရသော အလုံးများကို read အနေနဲ့စစ်ကြည့်ပါက partition အကုန်ပြတယ်ဆိုရင်တော့ emmc ကောင်းသေးတယ်လို့ယူဆရပါတယ်Virus ကိုက်လို့လာသော အလုံးများကိုတော့ system နှင့်  userdata ပဲရေးလျှင်အဆင်ပြေသော်လည်း Buidnumber မတူတဲ့ Firmware ကို Flash မည်
ဆိုလျှင်တော့ boot ကို ထည့်ရိုက်ပေးသင့်ပါတယ် Boot နှင့် system ကိုက်ညီမူမရှိလျှင် Firmware error တတ်နိုင်သလို LCD နှင့် touch တခြာသော error များတတ်လာနိုင်ပါတယ်။နောက်ပိုင်းထွက်တဲ့ Y5ll လိုအလုံးတွေမှာ flashtool version အမြင့်ကို အသုံးပြုရသလို DA လို့ ခေါ်တဲ့ Download Agent တွေပြောင်းပေးရတတ်ပါတယ်။နောက်ပိုင်းထွက်လာတဲ့ MTK CPU အသုံးပြုလာသော ဖုန်းများ မှာ DA တွေပြောင်းလဲအသုံးပြုရမယ်လို့ ယူဆရပါတယ်။ 3.1113.0sn0 Solve Error 8038 flashtool version ကတော့ PMT change error များနှင့် အနှိမ့်ဖုန်းတွေ Firmware ရေးတဲ့ အခါတွေမှာ အကောင်းဆုံးပါပဲ။ကျွန်တော်ကတော့ အဲ့ flashtool ကို အသုံးပြုတာ များပါတယ်။ကြုံဖူးတာလေးနဲ့ တချို့ အတွက် မသိတာလည်းဖြစ်နိုင်ပါတယ် မလုပ်ရဲတာဖြစ်မှာပေါ့userdata မပါတဲ့ firmware တွေကို ရေးတဲ့အခါမှာ ဘယ် userdata ယူသုံးရမှန်း မသိဖြစ်တတ်ကြပါတယ်။ဥပမာ G730-U10 ဆိုရင် U00က userdata ယူသုံးလို့ရပါတယ်။Oppo တွေမှာဆိုလဲ CPU တူတဲ့ userdata ကိုရိုက်လိုက်ရင် အဆင်ပြေတတ်ပါတယ်။အခုနောက်ပိုင်းထွက်လာတဲ့ Dongel တွေမှာ ဆိုရင် CM2 လိုပေါ့ emmc ကောင်းမကောင်းစစ်ဆေးလို့ရတဲ့ အပိုင်းတွေပါဝင်လာပါတယ်။တော်တော်အဆင်ပြေပါတယ်။Sp flashtool မှာ scatter ထည့်လိုက်လို့ error တတ်ပြီး ပိတ်သွားတဲ့ Flashtool တွေမျိုးဆိုရင်တော့ တချို့ က zip ကို ပြန်ဖြေပြီး သုံးတတ်ကြပါတယ်။တကယ်တော့ မလိုပါဘူး Sp flashtool အတွင်း မှ history.ini လေးကိုဖျက်ပေးလိုက်ပါ။ပြန်ဖွင့်လို့ရပါတယ်။scatter ကြောင့် Firmware တင်မရခြင်းတွေဖြစ်တတ်ပါတယ်။ဒါဆို cpu တူတဲ့ ထဲက Scatter လေး တွေလိုက်ချိန်းကြည့်သင့်ပါတယ်။preloader ကြောင့် Dead တတ်ပါတယ်။ထို့ကြောင့် preloader လေးတွေလိုက်ချိန်းကြည့်သင့်ပါတယ်။ဒါဆိုကောက်နုတ်ချက်လေး တခု ထုတ်လိုက်ပါတယ်။ကျွန်တော်က vivo oppo အလုံးတွေဆို တတ်နိုင်သလောက် Preloader လေးဖြုတ်ရေးပါတယ်။MTK ဖုန်းတစ်လုံးကို software ရေးတော့လို့ Error တတ်လာခဲ့ရင်တော့ Sp flashtool ရယ် Scatter ရယ် , Preloader ရယ် လိုက်ချိန်းပြီး သုံးကြည့်သင့်ပါတယ်။အခုပြောနေတဲ့အပိုင်းတွေအားလုံးထဲမှာMTK အကြောင်းတော့ ဆုံအောင်မပါဝင်သေးပါဘူး နောက်ပိုင်း ရေးမဲ့ အပိုင်းတွေမှာ ပါဝင်လာမှာပါ။ကျွန်တော်လည်း အရမ်းသိနေလို့ပြောခြင်းမဟုတ်ပါ တချို့အခုမှ လေ့လာနေတဲ့ လူငယ်လေးတွေအတွက် အထောက်အကူလေးများ ရနိုင်မလားဆိုတဲ့စိတ်လေးနဲ့ရေးနေရခြင်းဖြစ်ပါတယ်။
Crd post owner

No comments:

Post a Comment