Tuesday, January 2, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(7)

Emmcdl အသုံးပြုပုံနှင့် အသုံဝင်ပုံများ (1)
--------------------------------------Emmcdl.exe သည် Qualcomm ဖုန်းများအတွက်တော့ အတော်လေးကို အသုံးဝင်တဲ့ အတွက်

မရှိမဖြစ်ဆောင်ထားရပါတယ်။သူ့အတွက် အသုံးဝင်မူကို အရင်ဆုံးအနေနဲ့ ပြောပြချင်ပါတယ်။

emmcdl.exe ဘာတွေအသုံးဝင်သလဲ?

1 Qualcomm ဖုန်းများအား firmware backup restore လုပ်နိုင်ခြင်း

2 Userdata ဖိုင်များအား Backup လုပ်ပြီး pattern or pin lock များဖျက်နိုင်ခြင်း

3 ဖုန်းအတွင်းမှ Block0 ထုပ်ယူနိုင်ခြင်း

4 Block0 ပြန်လည် ရေးသာနိုင်ခြင်း

5 Mi ဖုန်းများတွင် Firmware downgrade ဆင်းလျှင် imei မပျောက်အောင် modem များကို backup ထုတ်ပြီး သိမ်းဆည်းနိုင်ခြင်း

6 Tool များဖြင့်ရေးသော အခါ Error တတ်နေပါက မိမိလိုအပ်ဖိုင်တခုထဲသာ ရေးသာနိုင်ခြင်း

အစရှိသော အသုံးဝင်မူတွေ အများအပြားရှိပါတယ်။

emmcdl.exe ရဲ့ အသုံးဝင်သော command တွေကိုပြောပြပါ့မယ်

emmcdl -l

emmcdl -p

emmcdl -p com* -f

emmcdl -p com* -f prog* -gpt

emmcdl -p com* -f prog* -e

emmcdl -p com* -f prog* -d

emmcdl -p com* -f prog* -d * -o

emmcdl -p com* -f prog* -b

အထက်ပါပြသော command များသည် အခြေခံယေဘူယျ အသုံးပြုသော command များပါတယ်။တခုခြင်းရဲ့ အသေးစိတ်ကတော့

emmcdl(မိမိ အသုံးပြုသော emmcdl.exe ကိုညွန်းတာပါ .exe ကို command တွင် ထည့်ရန်မလိုအပ်ပါ)

-l (list အနေနဲ့ comport list ကိုကြည့်တာပါ)

ဥပမာ == emmcdl -l လို့ရိုက်လိုက်ရင် အောက်တွင်ပြထားသော မိမိ ကွန်ပြူတာမှ 9008 mode ရဲ့ comport ကိုပြမှာဖြစ်ပါတယ်။

Finding all devices in emergency download mode.
Qualcomm HS-USB QDLoader 9008 (COM8)

Finding all disks on computer ...
Status: 0 The operation completed successfully.

ကျွန်တော်ဆီမှာ တော့ COM8 လို့ပြပေမဲ့ လူကြီးမင်းတို့စက်မှာတော့ COM မှာ တခြားနံပါတ်ပြနိုင်ပါတယ်။

emmcdl -p ဆိုတာကတော့ အထက်မှာပြောခဲ့သော port ကို ကိုယ်စားပြုခြင်းဖြစ်သောကြောင့်

emmcdl -p com* ဆိုပြီးရိုက်ရပါတယ် မှတ်ချက်== * ပြထားသောနေရာတွင် မိမိကွန်ပြူတာတွင်သိသော com နံပါတ်အား

ထည့်ပေးရန်လိုအပ်ပါသည်။

-f ဆိုသည်မှာ flash programmmer ကိုရည်ညွန်းသည့်အတွက် မိမိဖုန်းနှင့်သက်ဆိုင်သော prog ဖိုင်အားထည့်ပေးရပါမည်

ဥပမာ === emmcdl -p com* -f prog_emmc_firehose_8937_ddr.mbn မှတ်ချက် ===prog ဖိုင်နေရာတွင် မိမိဖုန်းနှင့်သက်ဆိုင်သော prog ဖိုင်သာ အသုံးပြုရန်လိုအပ်သည်

ယခုလို command အား ရိုက်လိုက်ပါက prog ဖိုင်မှန်လျှင် အောက်တွင် ပြထားသကဲ့သို့ successfully ပြလျှင်

prog ဖိုင် မှန်သည်ဟု အကြမ်းဖျင်းယူဆနိုင်ပါသည်။

Downloading flash programmer: prog_emmc_firehose_8937_ddr.mbn
Successfully open flash programmer to write: prog_emmc_firehose_8937_ddr.mbn
Waiting for flash programmer to boot
Status: 0 The operation completed successfully.

prog ဖိုင်မှန်ပြီဆိုရင်တော့ နောက်တဆင့်အနေနဲ့ -gpt ကို ပြောပါမယ်

emmcdl -p com* -f prog_emmc_firehose_*.mbn -gpt

လို့ရိုက်လိုက်ရင် ဖုန်းအတွင်မှ ပါဝင်သော partition များနှင့် size ကိုပြပေးမှာဖြစ်ပါတယ်။

အပိုင်း (8 ) တွင် ဆက်လက်တင်ပြပေးပါ့မယ် အခုတော့ အပိုင်း 6 တွင်ပြောထားသော A37 ဖိုင်နှင့်

prog ဖိုင်များ တင်ပေးလိုက်ပါတယ်။အောက်ကလင့်မှာ ဒေါင့်လော့ဆွဲလိုက်ပါ

Filepassword
lukalaymobile


http://www.mediafire.com/file/a5u0wqe4xenaxew/Huawei_and_mi_prog_file.7z

http://www.mediafire.com/file/d08as49740scic9/A37F.zip

Crd post owner

No comments:

Post a Comment