Tuesday, January 30, 2018

PC Driver Installation for Xiaomi Phones

Xiaomi Phones တွေကို ကွန်ပျူတာသုံးပြီး Mi Flash Tool နဲ့ firmware တင်ချင်တာပဲဖြစ်ဖြစ်၊ TWRP Custom Recovery သွင်းချင်တာပဲဖြစ်ဖြစ်၊ Boot Loader Unlock လုပ်ချင်တာပဲဖြစ်ဖြစ်.. အစရှိသည်တို့ကို လုပ်ဆောင်နိုင်ဖို့ ကွန်ပျူတာမှာ လိုအပ်တဲ့ Drivers တွေ၊ ADB Tool files တွေကို ထည့်သွင်းပေးထားရပါမယ်။ Drivers တွေ သေချာ အလုပ်လုပ်ဖို့ Windows version ပေါ်မူတည်ပါတယ်။ သည်တော့ Windows 64bit versions တွေအတွက် အဓိကထားပြောပြပါမယ်။ Windows 32bit version တွေအတွက် သီးသန့်ပြောစရာသိပ်မလိုလှပါ။ လိုအပ်တဲ့ Setup file ကို Installation လုပ်ရုံပါ။

ပထမဆုံးတော့ ကိုယ့် PC က ဘယ် Windows version သုံးထားလဲဆိုတာကိုကြည့်ဖို့ My Computer (Windows 7)၊ This PC (Windows 8, 8.1, 10) ကို Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Properties ကို ရွေးပြီးကြည့်ထားပါ။




ပထမဆုံး လုပ်ပေးရမယ့်အရာကတော့ Adb, Fastboot tool files လေးတွေကို ကွန်ပျူတာထဲထည့်သွင်းပေးထားဖို့ပါ။ Windows version ဘာဖြစ်နေပါစေ အရေးမကြီးပါ။ PC ထဲထည့်ထားဖို့ပါပဲ။ သည်နေရာက [ Adb & Fastboot Tools ] ကို ဒေါင်းပါ။ ကွန်ပျူတာမှာ ဖြည်ချပါ။ Folder တစ်ခုရလာပါမယ်။ အဲသည်ထဲက files လေးခုစလုံးကို C:\WINDOWS အောက်ကို ကူးထည့်ပေးပါ။ System folder ထဲကူးတာဖြစ်လို့ Warning Box ပေါ်လာပါမယ်။ Continue သာနှိပ်ပေးလိုက်ပါ။ အဲသည်အောက်ကူးထည့်ပြိးရင်တော့ ADB, Fastboot နဲ့ ပတ်သက်တဲ့ commands တွေကို ဘယ်အချိန်မဆို အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။





Driver Installation for Windows 64bit Computers


Windows 64bit ကွန်ပျူတာများအနေနဲ့ 64bit drivers များအဆင်ပြေစွာ install လုပ်နိုင်အောင် Driver Signature Enforcement ကို OFF ပေးရပါမယ်။ သည် file [ SIG-DISABLE.cmd ] ကို download လုပ်ပါ။ အဲသည် file ပေါ် Right Click နှိပ်ပြီး ပေါ်လာသည့် Shortcut Menu မှ Rus As Administrator ကို ရွေးပေးလိုက်ပါ။ Command Windows တစ်ခု ခဏပေါ်လာပြီး သိပ်မကြာခင် ကွန်ပျူတာ REBOOT ကျသွားပါလိမ့်မယ်။


Windows ပြန်တက်လာချိန်မှာ Desktop Screen ညာဖက်အောက်ထောင့်မှာ Test Mode လို့စာသားလေးပေါ်နေတာတွေ့ရပါမယ်။ အဲလိုဆိုရင်တော့ Driver Signature Enforcement OFF နေပြီဖြစ်ပြီး 64bit drivers တွေကို Install လုပ်ဖို့ အသင့်ဖြစ်ပါပြီ။


" Model မြင့် Laptop များမှာတော့ UEFI Boot စံနစ်ကိုသုံးထားပါက System BIOS settings ထဲမှာ Secure Boot ကို Disable လုပ်ထားပြီးမှ Boot တက်ပါ။ အဲဒါမှ Driver Signature Enforcement OFF နိုင်ပါမယ်။ အချို့သော Laptop များမှာ Secure Boot ကို Enable လုပ်ထားသည့်အပြင် Windows System Disk ကလည်း GPT Disk ဖြစ်နေလို့ Basic Disk ပြန်ပြောင်း၊ Windows အသစ်ပြန်တင်ပေးပြီးမှပဲ Driver Signature Enforcement OFF နိုင်တော့မှာပါ။ "

Windows 64bit computer များမှာ TWRP သွင်းချိန်၊ Mi Flash Tool နဲ့ firmware ရေးချိန် လိုအပ်တဲ့ adb, fastboot drivers တွေ၊ Boot Loader Lock ဖြစ်နေလို့ EDL Mode ၀င်ပြီး Firmware ရေးချိန် လိုအပ်တဲ့ Qualcomm Drivers တွေ Install လုပ်ဖို့ All-In-One တစ်ခါတည်း အပြီးအစီးနည်းကတော့ 64bit Only Mi Flash Tool ကို install လုပ်ပေးခြင်းပါ။ Flash tool ကို သုံးချင်သုံး၊ မသုံးချင်နေပေါ့။ Xiaomi phones တွေအတွက် လိုအပ်တဲ့ driver အစုံအတွက် သည် flash tool ကို install ပေးလိုက်တာက တစ်ခါတည်း လိုချင်တာအလုံးစုံပြီးစီးလို့ အဆင်ပြေပါပြီ။ ကျနော် firmware ရေးခဲ့သမျှအလုံးတိုင်းကို သည် flash tool ကိုပဲသုံးပြီး ရေးခဲ့ပါတယ်။ စရေးဖို့ပြင်ချိန် error တက်တာ၊ ရေးနေရင်း error ဖြစ်တာ၊ ရေးပြိးမှ boot မတက်တာ.. အစရှိသည်တို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပါ။ ကျနော့်အနေနဲ့တော့ သည် 64bit Flash Tool ကိုပဲ အမြဲသုံးပါတယ်။

64bit Mi Flash tool ကို သည်နေရာမှာ [ Mi Flash Tool (2016) - 64bit Only ] Download ပြုလုပ်ပါ။ ရလာတဲ့ archive file ကိုဖြည်ပါ။ သူ့ထဲမှာပါတဲ့ setup file ကို Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Rus As Administrator ကိုရွေးပြီး install လုပ်ပါ။ Installer က ပြနေတဲ့ အတိုင်းပဲ Options တွေကိုထားလို့ Next, Next, OK… လုပ်သွားရုံပါပဲ။ (ဖြည့်စ၊ွက်ချက် ။......။ 22 - 12 - 2016 နေ့ထုတ်၊ 14 - 12 - 2016 နေ့ထုတ် Windows 32bit နှင့် 64bit နှစ်ခုစလုံးတွင် အဆင်ပြေသော Mi Flash Tool Stable Release ကိုလည်း Post နောက်ဆုံးမှာ တင်ပေးထားပါတယ်။ အဲသည်ဟာတွေကို Install လည်းရပါတယ်။ အဲသည်ဟာတွေမှာလည်း Xiaomi devices တွေအတွက် လိုအပ်သော ADB,Fastboot USB Drivers နဲ့ အခြားသော Qualcomm Drivers များလည်း ပါဝင်ပါတယ်။ မိမိနှစ်သက်ရာအသုံးပြုပါ။ )

Driver တွေ Install လုပ်ချိန် ပေါ်လာတဲ့ Warning box အနီမှာ Install this driver software anyway ဆိုတာကိုသာ နှိပ်ပေးပါ။

အားလုံးပြီးဆုံးသွားချိန်မှာတော့ Mi Flash Tool ကိုလည်း Install လုပ်လို့ ပြီးဆုံးပါပြီ။ xiaomi phone တွေအတွက် လိုအပ်တဲ့ driver အစုံကိုလည်း install လို့ပြီးပါပြီ။ မိမိလုပ်ချင်သည်များ ဆက်လုပ်နိုင်ရန် အသင့်ဖြစ်ပါပြီ။ Windows ကို Normal အတိုင်းပဲထားရှိချင်ရင် သည် file လေးကို [ SIG-ENABLE.cmd ] download ပြုလုပ်ပြီး ရလာတဲ့ file ပေါ်မှာ Right Click နှိပ်၊ Run As Administrator ကိုရွေးပေးလိုက်ရင် Command Windows တစ်ခု ခဏပေါ်လာပြီး REBOOT ကျသွားပါမယ်။ ပြန်တက်လာချိန်မှာတော့ Windows က Normal အတိုင်းဖြစ်နေပါပြီ။



Driver Installation for Windows 32bit Computers


Windows 32bit computers တွေအတွက်ကတော့ Driver Signature Enforcement OFF ပေးစရာမလိုပါ။ လိုအပ်တဲ့ Driver files တွေကို ဒေါင်းမယ်။ Install လုပ်မယ်ပါပဲ။ လိုအပ်တာကတော့ Adb, Fastboot USB Drivers တွေနဲ့ EDL mode ၀င်ပြီး firmware ရေးရင်လိုတဲ့ Qualcomm QDLoader drviers တွေပါပဲ။ Installer က ပြနေတဲ့ အတိုင်းပဲ Options တွေကိုထားလို့ Next, Next, OK… လုပ်သွားရုံပါပဲ။

  • Adb, Fastboot USB Driver ကို သည်နေရာမှာ [ Universal USB Driver ] download လုပ်ပါ။ archive file ကိုဖြည်ပါ။ Setup file ကို install လုပ်ပါ။ ( ဖြည့်စ၊ွက်ချက် ။......။ 22 - 12 - 2016 နေ့ထုတ်၊ 14 - 12 - 2016 နေ့ထုတ် Windows 32bit နှင့် 64bit နှစ်ခုစလုံးတွင် အဆင်ပြေသော Mi Flash Tool Stable Release ကိုလည်း Post နောက်ဆုံးမှာ တင်ပေးထားပါတယ်။ အဲသည်ဟာတွေကို Install လည်းရပါတယ်။ အဲသည်ဟာတွေမှာလည်း Xiaomi devices တွေအတွက် လိုအပ်သော ADB,Fastboot USB Drivers နဲ့ အခြားသော Qualcomm Drivers များလည်း ပါဝင်ပါတယ်။ မိမိနှစ်သက်ရာအသုံးပြုပါ။ )

  • EDL mode ကနေ firmware ၀င်ရေးချိန် လိုအပ်တဲ့ Qualcom QDLoader driver ကို သည်နေရာမှာ [ Qualcomm QDLoader Driver - 32 bit ] download လုပ်ပါ။ archive file ကိုဖြည်ပါ။ Setup file ကို install လုပ်ပါ။ ( ဖြည့်စ၊ွက်ချက် ။......။ 22 - 12 - 2016 နေ့ထုတ်၊ 14 - 12 - 2016 နေ့ထုတ် Windows 32bit နှင့် 64bit နှစ်ခုစလုံးတွင် အဆင်ပြေသော Mi Flash Tool Stable Release ကိုလည်း Post နောက်ဆုံးမှာ တင်ပေးထားပါတယ်။ အဲသည်ဟာတွေကို Install လည်းရပါတယ်။ အဲသည်ဟာတွေမှာလည်း Xiaomi devices တွေအတွက် လိုအပ်သော ADB,Fastboot USB Drivers နဲ့ အခြားသော Qualcomm Drivers များလည်း ပါဝင်ပါတယ်။ မိမိနှစ်သက်ရာအသုံးပြုပါ။ )

အထက်ပါအဆင့်နှစ်ဆင့် ပြီးလျှင် Windows 32bit computers များအတွက် လိုအပ်သော drivers များ installation လုပ်သည့်ကိစ္စပြီးဆုံးပါပြီ။ သည် Post မှာပေးထားသော Flash tool ကို အသုံးပြုလို့ EDL mode ကနေ Flash Tool နဲ့ Firmware တင်တာပြုလုပ်နိုင်ပါပြီ။ သည် Flash Tool နှစ်ခုကို Windows 64bit computers များတွင်လည်း အသုံးပြုနိုင်ပါသည်။ Flash Tool သုံးခုကို ကိုယ့် Windows version ပေါ်မူတည်လို့ နှစ်သက်သလို အသုံးချနိုင်ပါသည်။



အနှစ်ချုပ်အနေနဲ့ကတော့

  • 64bit Windows Version တွေမှာ Driver Singature Enforcement ကို OFF ပြီး PC ကို Reboot လုပ်ပါ။ Mi Flash – 64bit ကိုသာ Install လုပ်ပေးလိုက်ပါ။ ကိုယ်လုပ်ချင်ရာတွေလုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ( ဖြည့်စ၊ွက်ချက် ။......။ 22 - 12 - 2016 နေ့ထုတ်၊ 14 - 12 - 2016 နေ့ထုတ် Windows 32bit နှင့် 64bit နှစ်ခုစလုံးတွင် အဆင်ပြေသော Mi Flash Tool Stable Release ကိုလည်း Post နောက်ဆုံးမှာ တင်ပေးထားပါတယ်။ အဲသည်ဟာတွေကို Install လည်းရပါတယ်။ အဲသည်ဟာတွေမှာလည်း Xiaomi devices တွေအတွက် လိုအပ်သော ADB,Fastboot USB Drivers နဲ့ အခြားသော Qualcomm Drivers များလည်း ပါဝင်ပါတယ်။ မိမိနှစ်သက်ရာအသုံးပြုပါ။ )
  • 32bit Windows Version တွေမှာ Universal USB Drivers တွေ Install လုပ်ပါ။ EDL mode ကနေ firmware ရေးရင် အဆင်ပြေအောင် Qualcomm QDLoader Drivers တွေ install လုပ်ပါ။ Installer ကပြနေတဲ့ Options တွေအတိုင်းပဲထားလို့ ဘာမှပြင်ပေးစရာမလိုပါ။ Next, Next, OK… နှိပ်သွားပေးရုံပါ။ ( ဖြည့်စ၊ွက်ချက် ။......။ 22 - 12 - 2016 နေ့ထုတ်၊ 14 - 12 - 2016 နေ့ထုတ် Windows 32bit နှင့် 64bit နှစ်ခုစလုံးတွင် အဆင်ပြေသော Mi Flash Tool Stable Release ကိုလည်း Post နောက်ဆုံးမှာ တင်ပေးထားပါတယ်။ အဲသည်ဟာတွေကို Install လည်းရပါတယ်။ အဲသည်ဟာတွေမှာလည်း Xiaomi devices တွေအတွက် လိုအပ်သော ADB,Fastboot USB Drivers နဲ့ အခြားသော Qualcomm Drivers များလည်း ပါဝင်ပါတယ်။ မိမိနှစ်သက်ရာအသုံးပြုပါ။ )

Boot Loader Lock မပါတဲ့ phone model တွေ၊ Boot Loader Unlock လုပ်ပြီးသား ဖုန်းတွေအနေနဲ့ လိုအပ်တဲ့ Driver တွေ သွင်းပြီးရင် Flash tool ကို မသုံးပဲ Fastboot mode မှနေလို့ command line ကနေပဲ firmware တင်နိုင်ပါတယ်။ Windows errors, Anti Virus software တွေကြောင့် တက်လာတတ်တဲ့ flash tool errors တွေ မတွေ့ရတော့ဘူးပေါ့။ သည် post မှာ လေ့လာနိုင်ပါတယ်။ [ Flashing fastboot rom without using Mi Flash Tool ] သည်တော့ Boot Loader Lock မပါရင်၊ Unlock လုပ်ထားရင် Firmware တင်တယ်ဆိုတာ လွယ်လွယ်ကူကူ error မရှိပဲ အေးဆေးပြုလုပ်နိုင်တယ်ဆိုတဲ့ အချက်လေးကို အမှတ်ရပေါ့ခင်ဗျာ....။



Drivers တွေထည့်သွင်းပြီးရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ပြီး ADB mode, Fastboot mode တွေမှာ ကောင်းမွန်စွာ အလုပ် လုပ် မလုပ် Command Line မှ စစ်ဆေးနိုင်ပါတယ်။ Phone SettingsAbout PhoneMIUI Version နေရာကို ခြောက်ချက်ခန့် Tap လုပ်ပါ။ Developer Options ပေါ်လာပါပြီ။ Developer Options ထဲကိုသွားပါ။ USB Debugging ON ထားပေးပါ။ ဖုန်းမှာလာမေးသမျှ Message Box အကုန်မှာ OK ပဲပေါ့။ အောက်ပါပုံအတိုင်း စစ်ဆေးပါ။


ADB Mode စစ်ဆေးရန်

ဖုန်းနှင့်ကွန်ပျူတာကို USB cable နှင့် ချိတ်ဆက်ပါ။ ဖုန်းမှာ USB Debugging ကို Allow လုပ်ပေးဖို့ Box တစ်ခု ပေါ်လာပါမယ်။ ပုံပါအတိုင်း လုပ်ပေးလို့ OK ပေါ့။ ဖုန်းနဲ့ကွန်ပျူတာချိတ်ချိန် မပေါ်ရင်လည်း ADB Command ရိုက်ချိန် ပေါ်လာပါလိမ့်မယ်။ အဲသည်အချိန်မှာလုပ်ပေးပါ။


Computer Keyboard မှ Windows Key + R တွဲနှိပ်ပြီး Run Box ကိုခေါ်ပါ။ cmd command ရိုက်ထည့်ပြီး Command Windows ခေါ်ပါ။


Command Windows မှာ adb devices လို့ရိုက်စစ်လျှင် device (မျဉ်းဝါတားထား) တစ်ခုပြနေရပါမယ်။ အဲဒါဆို PC က ဖုန်းကို ADB Device တစ်ခုအနေနဲ့သိပါပြီ။

Computer က Device Manager မှာ ADB Device တစ်ခုတွေ့နေပါမယ်။

Fastboot Device စစ်ဆေးရန်

ဖုန်းကို Power ပိတ်ပါ။ Vol Down + Power key တူတူတွဲနှိပ်ထားလျှင် fastboot mode ရောက်ပါပြီ (Mi Bunny ပုံလေးပေါ်နေပါမယ်)။ ကွန်ပျူတာ နှင့်ဖုန်းကို USB Cable နဲ့ချိတ်ပါ။ Windows Key + R တွဲနှိပ်၊ cmd ရိုက်ပြီး Command Windows ခေါ်ပြိး fastboot devices ဟု command ရိုက်စစ်ပါ။ Fastboot device ( မျဉ်းဝါတားထား ) တစ်ခုပြနေရပါမယ်။

Computer Device Manager ထဲမှာ Fastboot device တစ်ခုပြနေပါမယ်။

အခုဆိုရင် Windows 32bit, 64bit တွေမှာ Xiaomi phone တွေအတွက် Driver ကို အဘယ်ပုံ Install လုပ်ရမယ်၊ Command Windows ကိုခေါ်ပြီး ADB, Fastboot devices တွေကို command ရိုက်စစ်ကြည့်မယ်၊ PC’s Device Manger ထဲမှာ စစ်ကြည့်မယ် ဆိုတာတွေကို နားလည်သဘောပေါက် လုပ်တတ်ပါပြီ။



ဖြည့်စွက်ချက်
==========
အခုနောက်ဆုံးထွက် Mi Flash Tool Stable Release တွေမှာ 64bit , 32bit Windows နှစ်ခုစလုံးအတွက် အဆင်ပြေပြေ အသုံးပြုနိုင်ပါပြီ။ သုံးရတာ တောင်တော်လေးအဆင်ပြေပါတယ်။ Driver ကိစ္စလည်း သိပ်ပူစရာမလိုပါဘူး။ Flash Tool ကို Install လုပ်ပြီး Menu မှ Driver ဆိုတာရွေးပြီး Install လုပ်ခိုင်းလိုက်လို့ရပါတယ်။ Windows 64bit တွေအတွက် သတိထားဖို့အချက်တစ်ခုကတော့ အဲသည်လို Driver install မလုပ်ခိုင်းခင် အထက်စာမှာဖော်ပြခဲ့သလို Driver Signature Enforcement ကို အရင် OFF လုပ်..... Windows ကို reboot လုပ်.. ပြန်တက်လာမှ အခု Flash Tool ကနေပဲ Driver Install လုပ်ခိုင်းပေါ့..

Mi Flash Setup ( 22 - 12 - 2016 Release )

Windows 64bit, 32bit Computer များတွင် အသုံးချနိုင်ပါတယ်။ Drivers တင်ဖို့ Flash Tool ကို Install လုပ်ပြီးရင် လုပ်ဆောင်နိုင်ပါတယ်။ အောက်ပါပုံကိုလေ့လာပြီး Drivers တင်ဖို့လုပ်နိုင်ပါတယ်။ သတိပြုရန်အချက်မှာ Windows 64bit Computers များမှာ Drivers Installation မလုပ်မှီ Driver Signature Enforcement ကို OFF ပြီး Reboot လုပ်ထားဖို့လိုပါမည်။





Mi Flash Setup ( 14 - 12 - 2016 Release )

Windows 64bit, 32bit Computer များတွင် အသုံးချနိုင်ပါတယ်။ Drivers တင်ဖို့ Flash Tool ကို Install လုပ်ပြီးရင် လုပ်ဆောင်နိုင်ပါတယ်။ အောက်ပါပုံကိုလေ့လာပြီး Drivers တင်ဖို့လုပ်နိုင်ပါတယ်။ သတိပြုရန်အချက်မှာ Windows 64bit Computers များမှာ Drivers Installation မလုပ်မှီ Driver Signature Enforcement ကို OFF ပြီး Reboot လုပ်ထားဖို့လိုပါမည်။





Mi Flash Setup - 64bit Only ( 1 - 4 - 2016 Release, Only For Windows 64bit Computers )

Windows 64bit Only Computers များအတွက်သာဖြစ်ပါတယ်။ သူ့ထဲမှာလဲ Drivers တွေ Install လုပ်ဖို့ တစ်ခါတည်းပါပြီးသားပါ။ Drivers တွေပါ မှန်မှန်ကန်ကန် Install ပြုလုပ်နိုင်ဖို့ Flash Tool ကို Install မလုပ်ခင်အစကတည်းက Driver Signature Enforcement ကို OFF ထားပြီး Reboot လုပ်ပြီးမှ Flash Tool ကို Install ပါ။




Mi Flash Setup - Beta

လိုရမည်ရ ဆောင်ထားနိုင်ပါတယ်။ Windows 32bit, 64bit Computers များမှာအဆင်ပြေပါတယ်။ Drivers တွေမပါပါ။ ADB,Fastboot USB Drivers တွေနဲ့ Qualcomm Drivers တွေကို မိမိဖာသာ သတ်သတ် Install ပြုလုပ်ပေးရပါမယ်


#Crd Thet zaw ko

No comments:

Post a Comment