Tuesday, January 30, 2018

Easy Google Apps Installation for Android M(6.0.1) and Android N(7.0)

Android M ( version 6.0.1 ) နဲ့ China MIUI ROM ကို တင်သုံးထားတဲ့ Xiaomi Phone တွေမှာ Google Apps တွေကို အလွယ်ကူဆုံးထည့်သွင်းနိုင်ပြီး အဆင်ပြေပြေအသုံးပြုနိုင်ရန်အတွက်ဖြစ်ပါတယ်။ Mi ဖုန်းတွေနဲ့ အကျွမ်းတ၀င်မရှိပဲ ယခုမှစကိုင်မည့် New Mi User ကအစ လုပ်ဆောင်လို့ အလွယ်ဆုံးဖြစ်မယ့်နည်းကိုပဲ ဖော်ပြပေးလိုက်ပါတယ်။ Android 6.0.1, Android 7.0 တင်သုံးထားတဲ့ China MIUI ROM တွေမှာ အလွယ် Install လုပ်နိုင်ပါမယ်။ မိမိဖုန်းက Settings->About Phone->Android Version နေရာကိုကြည့်ပါ။ မိမိဖုန်းနဲ့ကိုက်ညီမယ့် Android Version အတွက် ZIP File ကို ဒေါင်းပြီး Install ပြုလုပ်ပါ။

လုပ်ဆောင်ရမယ့်အဆင့်တွေကတော့

  1. ဖုန်းထဲမှာ Install လုပ်ပေးဖို့ လိုအပ်တဲ့ Google app apk တွေပါတဲ့ ZIP File ကို Download ပြုလုပ်ရပါမယ်။ ဖုန်းထဲမှာ ZIP File ကို မိမိနှစ်သက်ရာ Archive Software သုံးပြီး ဖြည်ချထားရပါမယ်။
  2. ZIP File ကိုဖြည်လို့ ရလာတဲ့ Folder ထဲမှ apk files များကို တစ်ခုချင်း Install လုပ်ပါမယ်။ နံပါတ်လေးတွေ ( 01, 02 စသည်ဖြင့် ) Filename အစမှာတပ်ထားပါတယ်။ အစဉ်အတိုင်း တစ်ခုစီ Install လုပ်သွားရမှာပါ။
  3. China MIUI ROM မှာ Google services တွေအဆင်ပြေပြေအလုပ်လုပ်နိုင်အောင် Google Service Framework, Google Play Services, Google Play Store တို့ကို လိုအပ်တဲ့ Permissions တွေ ပေးပါမယ်။ မိမိက Google Online Games တွေပါဆော့လေ့ရှိရင် Google Play Games ကို ပါ Permission ပေးပါ။ ပြီးရင် ဖုန်းကို Reboot လုပ်ပါမယ်။

ပထမဆုံးဖုန်း Settings နဲ့ပတ်သက်လို့ နှစ်ခုလုပ်ထားရပါမယ်။ တစ်ခုက APK တွေ install ရာမှာ Warning မလာစေရအောင် Unknown Sources ကို ON ထားတာပါ။ နောက်တစ်ခုက ခဏ ခဏ မေးနေတတ်ကြတဲ့ Download လုပ်ရင် Waiting for WLAN ဆိုတာကြိးပဲပြပြီး ဒေါင်းမရဘူးဆိုတာ မဖြစ်ရအောင် Mobile Data နဲ့သုံးလဲ Files တွေ Download လုပ်ပါဆိုတဲ့သဘောနဲ့ Download File Size Limit ကို Unlimited လုပ်ပေးထားတာပါ။ Google App တွေထည့်ထားပြီးသားတွေရှိနေပြီး အဆင်မပြေလို့ အသစ်ပြန်ထည့်မှာဆိုလျှင်၊ MIUI Update လုပ်လိုက်ပြီး Google App တွေ အဆင်မပြေလို့ အသစ်ပြန်ထည့်မှာဆိုလျှင်.... ရှိထားပြီး Google နဲ့အစပြုတဲ့ App တွေကို Settings->Install Apps-> ထဲမှာ ၀င်ရှာပြီး အကုန်လုံးကို Uninstall လုပ်ထားပါ။

Settings ထဲမှာ Unknown Sources ကို အောက်ပါအတိုင်း ON ထားပါ။


Download File Size limit ကို အောက်ပါပုံအတိုင်း ၀င်ပြောင်းပေးထားပါ။





အဆင့် - ၁

လိုအပ်တဲ့ Google apk တွေပါမယ့် ZIP File ကို Download ပြုလုပ်ပါ။ Android 6.0.1 အတွက် သည် ZIP File [ GApps ZIP for Android 6.0.1 ] ကို Download ပြုလုပ်ပါ။ Android 7.0 အတွက် သည် ZIP File [ Download ZIP for Android 7.0 ] ကို Download ပြုလုပ်ပါ။ ပုံမှန်အားဖြင့် ဖုန်းရဲ့ Internal Storage ထဲက Downloads Folder ထဲမှာ ရောက်လာမှာပါ။ Open လုပ်ရမှာမဟုတ်ပါ။ APK Files တွေ ရလာအောင် ဖြည်ရပါမယ်။ အောက်ကနမူနာပုံကိုလေ့လာကြည့်ပါ။ ကျနော်ကတော့ ES File Explorer သုံးနေကြမို့ အဲဒါနဲ့လုပ်ပြထားပါတယ်။ ပုံလေးတွေကို နမူနာသေချာကြည့်ကြည့်ပါ။ ES File Explorer နဲ့လုပ်ဖို့ အလိုရှိပါက သည်နေရာမှာ [ Get ES Explorer APK ] Download ပြုလုပ်ပြီး ဖုန်းထဲမှာ Install လုပ်ပါ။ ZIP File ကို ဖြည်ပါ။


အဆင့် - ၂

ရလာတဲ့ Folder ထဲက APKs တွေကို တစ်ခုချင်း နံပါတ်စဉ်တိုင်း Install လုပ်ပေးပါ။ APK Install လုပ်တာကတော့ လူတိုင်းလုပ်တတ်မှာပါ။

အဆင့် - ၃

APK တွေ Install လုပ်ပြီးရင်တော့ Google Service Framework, Google Play Service, Google Play Store, .... Google Online Game ဆော့လေ့ရှိရင် Google Play Games ကိုပါ.... Security-->Permissions မှတစ်ဆင့်ဝင်လို့ apk တစ်ခုချင်းဆီအတွက် Permissions တွေအကုန် Allow လုပ်ပေးပါ။ အောက်ပါနမူနာပုံလေးတွေကို လေ့လာပြီး လုပ်ပေးပါ။ Google Service Framework, Google Play Service, Google Play Store, .... Google Online Game ဆော့လေ့ရှိရင် Google Play Games တို့ကို Permissions တွေအကုန် ON ပေးပြီးရင်တော့ ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။



Play Store ကိုဖွင့်လို့ စတင်အသုံးပြုနိုင်ပါပြီ။ စဖွင့်ဖွင့်ချင်းမှာတော့ Google Account (Gmail) ထည့်ဖို့လာတောင်းလာမှာပါ။ ထည့်ပေးလိုက်ပါ။ Email Address, Password တို့ထည့်ပေးပြီး Checking Info... ဖြစ်နေချိန်မှာ Noti Bar မှာ Account Sync နေတာလေးမြင်ရရင် လူကြိးမင်းတို့အနေနဲ့ Google App တွေကို အဆင်ပြေစွာ အသုံးချလို့ရပြီလို့ မှတ်ယူနိုင်ပါတယ်။


ယခု APK တွေသုံးပြိး ထည့်သွင်းထားတာကို Android 6.0.1 သုံးဖုန်းတွေဖြစ်တဲ့ Redmi Note 3 Pro, Redmi Note 4, Mi Max, Mi Note တို့ရဲ့ MIUI 8.5, 8.2 China Stable ROM တွေမှာ တင်စမ်းထားပါတယ်။ Android 7.0 အတွက် Mi Max China Dev ROM မှာစမ်းသပ်ထားပါတယ်။ Android 7.0 နဲ့ Stable Version ရနေတဲ့ဖုန်း ကျနော့်မှာမရှိသေးပါ။ Google Account နှစ်ခုထည့်ထားတာ.. Google Play Games မှာ Account နှစ်ခုကိုရွေးချယ်ချိတ်ကြည့်တာတွေ စမ်းသပ်ထားပါတယ်။ အကုန်အဆင်ပြေပါတယ်။


#Crd Thet zaw ko

No comments:

Post a Comment