Monday, January 1, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(6)

Factory reset ချရခြင်း အကြောင်းနှင့် နည်းလမ်းများ 3 --------------------------------------------------------နောက်တခု ထပ်ပြောချင်တာကတော့ အခု နောက်ပိုင်း ခေတ်စားနေတဲ့ Mi ဖုန်းတွေကို reset ချတာကိုပြောမှာပါ ။
Mi တွေကို reset ချတော့မယ်ဆိုရင်တော့ သိထားရမှာက Mi account lock ဆိုတာ ရှိပါတယ်။ Reset ချလိုက်လို့ Mi account lock ကျနိုင်ပါတယ်။ နောက်ပိုင်းထွက်လာတဲ့ အလုံးတွေမှာတော့ TTA Myanmar fonts နဲ့ ထည့်လာတဲ့ အတွက် နည်းနည်းတော့ နည်းလာပါတယ်။သိပ်မဖြစ်ပါဘူး ကျွန်တော့် ဆီမှာပြောတာပါ။တခု ပြောချင်တာက Mi pin password lock ဖျက်တာပဲပြောမှာဖြစ်ပါတယ် ။ account lock by pass နည်းလမ်းတွေကိုတော့ နောက်လာမဲ့ အပိုင်းတွေမှာ ထည့်ရေးပေးပါ့မယ်။ Mi phone တွေမှာ adb မှ ဖျက်ရတာဖြစ်တဲ့ အတွက်ကြောင့် adb.exe ရွှေးပါတယ် အရင်သုံးနေကြဖြစ်တဲ့ adb.exe တွေနဲ့ မရတော့ပါဘူး။ကျွန်တော်ကတော့ china mi pc suite ထဲမှ adb ကို ယူသုံးထားတာပါ။တခြား Reset ချလို့ရတဲ့ Tool တွေ Facebook နှင့် google များ အများအပြားရှိပါတယ် ယူသုံးပြီးလုပ်လည်း ရပါတယ် အခုက menual လုပ်တဲ့ နည်းလမ်း လေးကိုပြောပြမှာဖြစ်ပါတယ်။အောက်မှာပေးထားတဲ့ link က နေ mi adb ကို ဒေါင်းလော့ဆွဲလိုက်ပါ။ ရလာတဲ့ folder ထဲမှ လွတ်နေတဲ့ အကွက်ထဲမှာ Computer keyboard မှ Shift key ကိုဖိထားပြီး Right click ကို နှိပ်ပါ။Open command window here ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ အောက်ပါ Command လေးတွေမှတ်ထားပေးပါ။လိုအပ်ရင်ပေါ့။ adb getdevice (device name သိအောင်စစ်ခြင်း သို့ Rom name ကို စစ်ဆေးခြင်း) adb getversion (Phone အတွင်းမှ Miui version ကို စစ်ဆေးခြင်း) adb format-data ( factory reset ချခြင်း) အထက်ပါ command အများစုဟာ battey အသေဖုန်းတွေဖြစ်တဲ့ recovery စာတန်းများ မပါဝင်သော ဖုန်းများသာ ရည်ညွန်းပါတယ်။ ဥပမာ Redmi note 1 လို recovery ခေါ်ပြီး reset ချလို့ရသော အလုံးများ မပါဝင်ပါ။ ကဲစပါမယ်----အရင်ဆုံးအနေနဲ့ ဖုန်းကို recovery sideload ခေါ်ရပါမယ်။recovery sideload ခေါ်ဖို့ ဖုန်းမှ Power key နှင့် Vol up key(အသံချဲ့သော ခလုပ်) အား တွဲနှိပ်ပြီး logo တတ်လာလျှင် power key လေး လက်မှ လွတ်ပေးပြီး vol up key ကို ဆက်ဖိထားပါ။Recovery sideload ပုံလေးကို Mi phone တွင်ပေါ်လာပါက Computer တွင်ကြိုးထိုးပြီး အထက်တွင်ပြောပြခဲ့သော Command box မှ စာရိုက်ပါ။ adb format-data လို့ရိုက်လိုက်ပါက ဖုန်းတွင် mi logo လေးပြောင်းသွားပြီးအောက်တွင် အတန်းလေးဆွဲနေပါမယ် ပြီးလျှင် adb reboot လို့ ရိုက်ပေးလိုက်ပါက Phone ပါဝါ ပြန်တတ်လာပြီး factory reset ချလိုက်သလိုပါပဲ ဖုန်းအတွင်းမှ data တွေအကုန်ပျက်သွားပါပြီ။ Quaclomm ပိုင်းနဲ့ ပါတ်သက်ပြီး ပြောရမယ်ဆိုရင်တေှာ့Qualcomm HS-USB 9008 မှ userdata အား format or restore ပြန်လုပ်မဲ့နည်းလမ်းလေးပြောပြမှာပါ။ယခု လိုအလုံးတွေက ဘယ်ဖုန်းမော်ဒယ်တွေ အဆင်ပြေဆုံလဲဆိုရင်တော့ ဥပမာ Qualcommcpu နဲ့ လာသော ဖုန်းများဖြစ်တဲ့ Oppo A37 လို အလုံးလေးတွေ မှာ ဆိုရင် recovery mode မှ reset ချလို့မရသော အခါတွင် အသုံး ပြုတတ်ပါတယ်။9008 မှ reset ချမည်ဆိုရင် သက်ဆိုင်ရာဖုန်းများရဲ့ Programmer ဖိုင်လိုအပ်ပါမယ်။emmcdl ဆိုတဲ့ ဖိုင်လေးလိုအပ်ပါမယ်အခုတော့ ကျွန်တော် oppo A37 အတွက် prog ဖိုင်နဲ့ emmcdl ဖိုင်လေး နှစ်ဖိုင် တင်ပေးလိုက်ပါမယ် လုပ်နည်းကိုတော့ အောက်မှာ ဆက် ဖတ်ပေးပါ။ အရင်ဆုံးအနေနဲ့ ဖုန်းကို Qualcomm 9008 mode ကို အရင်ခေါ်ပြီး ကွန်ပြူတာတွင် ကြိုးထိုးပေလိုက်ပါ ။ Device management အောက်တွင် com တွင် 9008 သိသွားပြီဆိုရင်တော့ အောက်ပါ command တွေကို ရိုက်ပါ။ emmcdl -p com* -f prog_emmc_firehose_8936.mbn -b userdata userdata.img လို့ရိုက်ပါလိုက်ပါ ။ userdata ကို restore ပြန်ရေးနေပါမယ် A37 ဖိုင်ကိုတော့ နောက်နေ့မှပဲတင်ပေးပါတော့မယ်။။။။။ emmcdl အကြောင်းကိုတော့ နောက်အပိုင်းတွေကျမှပဲဆက်ပါတော့မယ်
Crd post owner

No comments:

Post a Comment