Tuesday, January 2, 2018

ကျွန်တော် ပြုပြင်သော Mobile Software များ အကြောင်း အပိုင်း(8)

Emmcdl အသုံးပြုပုံနှင့် အသုံဝင်ပုံများ (2) ------------------------------------------ GPT အကြောင်းပြောပြီးပြီဆိုတော့ ကျွန်တော်တို့ Erase အကြောင်းလေးပြောပြပါ့မယ်။ Erase ဘာကြောင့်လုပ်ဖြစ်လဲဆိုတော့ တချို့သော Qualcomm ဖုန်းများ Mi ဖုန်းတွေမှာ userdata တို့ persist တို့ Erase လုပ်တတ်ကြပါတယ်။တကယ်တန်းပြောရရင်တော့ MTK မှာလို userdata format ရိုက်လိုက်တာလို့ဆိုလို့ရသလိုပါပဲ။Patter pin password များကို recovery မှ ဖျက်မရသော ဖုန်းများကို ထိုနည်းလမ်းအား အသုံပြုနိုင်ပါသည်။ ဥပမာ Oppo A37 လိုနောက်ထွက်တဲ့ Oppo ဖုန်းများတွင် အသုံးပြုများလာပါတယ်။ သူ့ command ကို ကိုယ်စားပြုတဲ့ -e ကို အသုံးပြုပြီးဖျက်ချခြင်းဖြစ်ပါတယ်။ persist ကို ဖျက်ရခြင်းမှာတော့ တချို့သော mi ဖုန်းများ ကို persist ဖျက်ချခြင်းကြောင့် Mi account ကို ပြုတ်သွားပါတယ်။သို့ပေမဲ wifi bluetooth အစ ရှိသော error များဖွင့်မရခြင်းဖြစ်တတ်ပါတယ်။ဒါဆို command ကို ဘယ်လို အသုံးပြုမလဲ?
emmcdl -p com* -f prog_emmc_firehose_*_ddr.mbn -e persist persist.img လို့ရိုက်လိုက်ပါတယ်။userdata ဖျက်ချင်ရင်တော့ emmcdl -p com* -f prog_emmc_firehose_*_ddr.mbn -e userdata userdata.img လို့ရိုက်ပါတယ်။နောက်ထပ်ပြောမဲ့ အကြောင်းကတော့ Backup ထုတ်တဲ့ အကြောင်းလေး ပါ ဘာတွေ အသုံဝင်သလဲဆိုရင်တော့ တချို့ Mi phone တွေမှာ Upgrade (version အမြင့်မှ)Downgrade(Version အနှိမ့်သို့) ဆင်းသော အခါ များတွင် ဖုန်းလိုင်းပျောက်ခြင်း တွေ Imei တွေပျောက်တတ်ပါတယ်။အဲလိုမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ modem,modemst1,modemst2 ကို backup ထုတ်ထားပါတယ်။နောက်ပြီး userdata အတွင်းမှာရှိသော pattern or pin or password lock အား ဖတ်ချင်သော အခါများတွင် userdata ကို backup ထုတ်ထားပါတယ် ဖုန်း Firmware ရေးရန် အခက်အခဲဖြစ်သော အလုံးများကို block0 ပြန်ရေးခြင်သော အခါများတွင် လည်း block0 ထုတ်ထားနိုင်ပါတယ်။ backup ထုတ်တဲ့အခါမှာ -d ကို အသုံးပြုပါတယ် ပြောရမယ်ဆိုရင်တော့ dump လုပ်တဲ့သဘော -o ဆိုတာကတော့ output သဘောဆောင်မယ်ထင်ပါတယ် ကိုယ်ထုတ်ချင်တဲ့ နာမည်ပေးထုတ်တဲ့သဘောပါပဲ။ဥပမာအနေနဲ့ အောက်က command ကို လေ့လာကြည့်ပါမယ်။ emmcdl -p com* -f prog_emmc_firehose_*_ddr.mbn -d start size -o modem.img အပေါ်မှာပြောထားတဲ့ start နဲ့ size ကို သိဖို့အတွက် ရှေ့အပိုင်းမှာပြောခဲ့တဲ့ -gpt နဲ့ စစ်လို့ ထွက်လာတဲ့ နေရာမှာ modem ရဲ့ start size ကို မှတ်ပြီး ထည့်ရမှာဖြစ်ပါတယ်။အဲလိုပုံစံမျိုးနဲ့ partition တွေအကုန်ထုတ်ယူနိုင်ပါတယ်။block0 ထုတ်မယ်ဆိုရင် partition start စမှတ်နဲ့ userdata ရဲ့ start စမှတ်နဲ့ size က နံပါတ်တွေပေါင်းပေးလိုက်။ emmcdl -p com* -f prog_emmc_firehose_*_ddr.mbn -d start (usedatastart and size total) -o block0.bin ဆိုပြီးထုတ်နိုင်ပါတယ်။ ပြန်ရေးမဲ့ နည်းလမ်းကို -b ကို အသုံးပြုပါတယ်။ဥပမာ အနေနဲ့ userdata ပြန်ရေးချင်တယ်ဆိုပါတော့emmcdl -p com* -f prog_emmc_firehose_*_ddr.mbn -b userdata userdata.img ဆိုပြီး ရေးလို့ရပါတယ်။ ရှေ့ပိုင်းမှာ ပြောခဲ့သလိုပါပဲ imei တို့ Phone လိုင်းမတတ်တာတို့ဆိုရင် modem modemst1 modemst2 တို့ကို အစားထိုးပြီး ပြန်ရေးနိုင်ပါတယ်။ emmcdl -p com* -f prog_emmc_firehose_*_ddr.mbn -b modem modem.img တချို့သော Mi phone များမှာ mi account ဖြည်လို့ wifi bluetooth မရတာ ဆင်ဆာ မရတာတွေအတွက် အောက်က command ကို အသုံးပြုပါတယ်။
emmcdl -p com* -f prog_emmc_firehose_*_ddr.mbn -b persist persist.img

crd post owner

1 comment: