Tuesday, January 30, 2018

Android N Google App Collections for Mi6, Mi5 series, Mi Note Pro, Mi5c, Mi4c, MiPad3

Mi Backup နဲ့ ယူထားတာကို Settings->Additional Settings->Backup & Reset ထဲကနေ Restore ပြန်လုပ်ပေးဖို့လုပ်ရမယ့် ZIP File နှစ်ခုပါပါမယ်။ zip file ကို International Stoage->MIUI->backup folder အောက်မှာဖြည်ပေးပါ။ ပြီးရင် Restore လုပ်ပါ။ ဘယ်လိုလုပ်တယ်ဆိုတာ ပုံလေးတွေ ကြည့်ကြည့်ပါ။ ကျနော်ကတော့ ES File Explorer ကိုသုံးနေကြမို့ အဲဒါနဲ့နုမူနာပြ ဖြည်ထားပါတယ်။ Backup/Restore ပုံစံနဲ့လုပ်ရမယ့် zip file နာမည်တွေမှာ အစမှာ GappsBackup.. ဆိုပြီး နာမည်စထားပါတယ်။




ZIP name မှာ APKs လို့ပါတာတွေကတော့ ဖိုင်ဖြည်ပြီးရင် ရလာတဲ့ APK တွေကို တစ်ခုချင်း Install လုပ်ပေးရုံပါ။ 01,02 စသည်ဖြင့် နံပါတ်စဉ် ပါလာရင်လည်း အစဉ်အတိုင်းလုပ်ပါ။ မပါရင် အဆင်ပြေသလိုလုပ်ပါ။

Backup/Restore or APK Install နည်းနဲ့လုပ်ပြီးရင် Google Play Services, Google Play Store ကို Security->Permissions->Permissions (or) Other Permissions အောက်မှာရှာပြီး Permission အကုန် Allow လုပ်ပေးပါ။ လုပ်ကြည့်လို့ အဆင်မပြေခဲ့သည်ရှိသော် Google နဲ့ပတ်သက်တဲ့ Apps အကုန် Allow ဗျာ. :D :D ပြီးရင် Phone ကို Reboot လုပ်.. ပြန်တက်လာရင် Google Account ထည့်ကြည့်ပေတော့.. လိုအပ်ရင် လိုအပ်သလို Clear Data / Cache လုပ်တာတွေ ဥာဏ်ကွန့်လို့သာ လုပ်ပါခင်ဗျာ..

Permissions ပေးတာတွေ၊ Google Account ထည့်ထားတွေ၊ Sync လုပ်ပေးတာတွေကို သည် post [ Installing Google Apps on Redmi Note 4 MTK (Android 6.0, Marshmellow) ] မှာဖတ်ကြည့်ပြီး idea ယူလို့လုပ်နိုင်ပါတယ်။

အချို့တွေမှာ Google Play Store version ကို 7 အောက်ထည့်ရင် အဆင်ပြေတယ်ပြောကြတယ်။ သည်တော့ လုပ်ကြည့်လို့အဆင်မပြေဖြစ်ရင် Play Store ကို Uninstall ပြီး သည် Play Store apk ကို Install လုပ်ပေးကြည့်ပါ။


Folder အလိုက်ပဲ share ပေးထားလိုက်ပါတယ်။ မိမိလုပ်ချင်ရာ Method ပေါ်မူတည်ပြီး လိုချင်တဲ့ zip ကို ဒေါင်းပါ။ Install ပါ။ အထက်ပါ Mi Devices များတစ်ခုမှမရှိလို့ကိုယ်တိုင်မစမ်းသပ်ရသေးပါဘူး။ Xiaomi Forum မှာတွေ့မိတဲ့ posts တွေထဲက အဆင်ပြေကြတယ်ဆိုတာတွေကို စုစည်းပေးထားခြင်း သက်သက်ပါ။ သက်ဆိုင်ရာ Uploader များကို Credit ပေးပါတယ်။ Folder လိုက် share ထားလို့ အထဲမှာ Zip တွေ အများကြိးတွေ့မှာပါ။ Backup/Restore နည်းလုပ်ချင်လား.. GappsBackup... လို့စတာတစ်ခုဒေါင်း.. APK Install နည်းနဲ့လုပ်ချင်လား.. APKs လို့နာမည်ပါတာတစ်ခုဒေါင်း.. ထည့်ကြည့်.. ဘယ်လိုမှအဆင်မပြေတော့ရင် နောက် ZIP တစ်ခုဒေါင်း.. လုပ်ကြည့်.. အဲလိုနည်းနဲ့ Try ပါ။


ES File Explorer အလိုရှိရင် သည်မှာဒေါင်းပါ။ [ ES File Explorer APK Download ]
#Crd Thet zaw ko

No comments:

Post a Comment