Tuesday, January 30, 2018

Using Mi Mover




လက်ရှိ Mi Phone တစ်လုံးကို အသုံးပြုနေတယ်။ နောက်ထပ် Mi Phone အသစ်တစ်လုံးဝယ်သုံးတယ်။ အသစ် Mi Phone မှာ လက်ရှိသုံးလက်စဖုန်းက ကိုယ့်ရဲ့ personal data တွေ၊ App တွေကို သုံးလက်စ ပုံစံအတိုင်း ဖုန်းအသစ်ဆီကို ကူးရွှေ့ချင်တယ်။ အဲသည်လို အခါမျိုးမှာ Mi Phone တွေမှာပါတဲ့ Mi Mover ဆိုတဲ့ Feature က အသုံးဝင်လာပါပြီ။ လက်ရှိသုံးနေတာက အခြား Brand...။ Mi Phone အသစ်တစ်လုံးဝယ်တယ်။ အဲသည် Mi Phone ထဲကို လက်ရှိသုံးနေတဲ့ အခြား brand ဖုန်းထဲက Personal data တွေရွှေ့ချင်တယ်ဆိုရင် Mi Mover app ကို Google Play Store ကနေရှာပြီး အခြား Brand ဖုန်းမှာ Install လုပ်ပြီး Mi Phone အသစ်ဆီကို ရွှေ့နိုင်ပါတယ်။ Mi Mover နဲ့ဘာတွေရွှေ့လို့ရမယ်ဆိုတာကို နောက်ပိုင်း နမူနာပြထားတာမှာ ဆက်လက်လေ့လာပါ။

အခုလိုမျိုး အခြေအနေကြုံရင် လုပ်နိုင်တဲ့နည်းတွေရှိပါတယ်။ ပထမတစ်ခုက ဖုန်းအဟောင်းမှာဝင်သုံးနေတဲ့ Mi Account ကို ဖုန်းအသစ်မှာပါ Sign In ၀င်ပြီးသုံးလိုက်တာပါ။ အဲဒါဆို Mi Cloud Data တွေဖြစ်တဲ့ Contacts, Call Logs, SMS, Gallery Items, Call Recordings, WiFi Settings,.... အစရှိတာတွေ အကုန် ဖုန်းအသစ်မှာ ပြန်ဝင်လာမှာပါ။ မိမိဖုန်းအဟောင်းမှာ သုံးနေတဲ့ App တွေ.. System Settings တွေဟာလဲ Mi Cloud Backups တွေထဲကနေပြန်ဝင်လာနိုင်ပါတယ်။ (အခုလိုဝင်လာမှာတွေက Mi Account-->Mi Cloud Settings တွေကို ဘာမှပြုပြင်ပြောင်းလဲမထားပဲ Default အတိုင်းပဲထားရင် )။ သည်အရာတွေက Mi Cloud ကနေ Online Sync လုပ်မှာဖြစ်လို့ Internet Connection လိုပါမယ်။ အချို့အရာတွေက WiFi နဲ့မှ အလုပ်လုပ်မယ်ဆိုတာတွေပါပါမယ်။ WiFi မရှိရင် Mobile Data နဲ့အလုပ်လုပ်အောင် မိမိဖာသာ Settings တွေပြောင်းပေးရပါမယ်။ Data ပမာဏ များရင် များသလို ဖုန်းအသစ်မှာ အကုန်အသင့်သုံးနိုင်ဖို့အထိ အချိန်ကြာအောင် စောင့်ရပါမယ်။

နောက်တစ်ခုက သုံးလက်စဖုန်းအဟောင်းမှာ Phone Settings-->Additional Settings-->Backup & Reset--> ထဲဝင်ပြီး System Settings, Personal Data, User Aps တွေကို Backup လုပ်။ Phone Storage ထဲက MIUI Folder အောက်က All Backup ဆိုတဲ့ Folder အောက်မှာ ကိုယ်လုပ်တဲ့ Date / Time နဲ့ Backup Folder ရလာပါမယ်။ အဲဒါကို ဖုန်းအသစ်ဆီကို SD, OTG, Zapya တစ်ခုခုနဲ့ ကူးရွှေ့.. ဖုန်းအသစ်မှာ ပြန် Restore လုပ်။ အဲသည်လိုလုပ်လို့လဲ ရပါတယ်။ Local Backup / Restore မို့လို့ Online ကနေ Mi Account ၀င်ပြီး Mi Cloud Data တွေကို Sync တာထက် အချိန်ပိုမြန်ပါတယ်။ သည်နည်းမှာ Personal data တွေကူးတယ်ဆိုပေမယ့် Gallery Contents တွေဖြစ်တဲ့ Photos, Videos, Music စတာတွေ မပါပါ။ မိမိတို့ဖုန်းထဲသိမ်းပြီး ဖတ်လေ့ရှိတဲ့ PDF တွေမပါပါ။ အဲဒါတွေကို Zapya လိုနဲ့ ဖုန်းအသစ်ဆီကို ပို့ရပါမယ်။

နောက်ဆုံးတစ်နည်းဖြစ်တဲ့၊ သုံးလို့လဲ အဆင်ပြေဆုံးဖြစ်တဲ့နည်းကတော့ Mi Phone တွေမှာ ပါလာတဲ့ Mi Mover ဆိုတဲ့ Feature ကို အသုံးပြုတာပါပဲ။ သည်ဟာကို သုံးမယ်ဆိုရင် Local Backup & Restore နည်းနဲ့လုပ်လို့ပါမယ့်ဟာတွေကို လျှင်မြန်စွာ ကူးပြောင်းနိုင်မယ့်အပြင်၊ Mi Account ၀င်ပြီး Online Sync လုပ်လို့ပါမယ့် Gallery Contents တွေလဲ ပါပါတယ်။ ကဲ.. Mi Mover အသုံးပြုတာလေးကိုပဲ လက်တွေ့လုပ်ကြည့်လိုက်ရအောင်။ နမူနာအနေနဲ့ ကျနော့်အနေနဲ့ လက်ရှိမိမိစိတ်ကြိုက်ပြုပြင်ထားပြီး အသုံးပြုလက်စဖြစ်တဲ့ Mi Max ကနေ ROM အသစ်တင်ပြီး ဘာမှထည့်မထားရသေးတဲ့ Redmi Note 4 ဆီကို မိမိလိုချင်တာတွေ ဘယ်လိုရွှေ့မယ်ဆိုတာ ပြပါမယ်။



Mi Mover မှာ Sender နဲ့ Recipient ဆိုပြီး အခေါ်အဝေါ်နှစ်ခုရှိပါတယ်။ Sender ဆိုတာကတော့ မိမိတို့ရွှေ့ချင်တဲ့ data တွေရှိတဲ့ လက်ရှိသုံးလက်စ ဖုန်းအဟောင်းပေါ့။ Recipient ဆိုတာကတော့ ဖုန်းအဟောင်းကနေ sent လုပ်သမျှ လက်ခံမယ့် ဖုန်းအသစ်ပေါ့။ အဲလိုမှတ်နိုင်ပါတယ်။ Mi Mover အလုပ်လုပ်တာကတော့ WiFi connection နဲ့ပဲအလုပ်လုပ်သွားတာပါ။ လက်ခံမယ့်ဖုန်း (Recipient) က WiFi Hot Spot auto လွှင့်ပေးသွားပြီး ပို့မယ့်ဖုန်း (Sender) က ချိတ်ဆက်လို့ မိမိတို့ လိုတာတွေ အကုန်ရွှေ့ခိုင်းသွားတာပါ။

ပထမဆုံး လက်ခံမယ့်ဖုန်း (Recipient) ကို အရင်ပြင်ဆင်ပါမယ်။ သူ့အတွက်က ရိုးရှင်းပါတယ်။ Phone Settings--> Additional Settings--> Mi Mover -> ထဲကိုဝင်ပါ။ I'm Recipient ဆိုတာလေးနှိပ်ပေးရုံပါပဲ။ အဲသည်အခါ QR Code လေးထုတ်ပေးပါမယ်။ အဲဒါကို ပို့မယ့် (Sender) ဖုန်းက QR Scan ဖတ်ပြိး ချိတ်ဆက်လိုက်ရုံပါ။


ပို့မယ့်ဖုန်း (Sender) က Mi Mover ကို Phone Settings-->Additional Settings->Mi Mover ကိုနှိပ်ပြီးဖွင့်ပါ။ ပို့မယ့်ဖုန်းဖြစ်လို့ I'm Sender ကိုနှိပ်ပါ။ လက်ခံမယ့်ဖုန်းက ပြနေတဲ့ QR Code ကို Scan ဖတ်ပါ။ Wireless connection ကိုသုံးပြီး အလိုလိုချိတ်ဆက်သွားပါမယ်။ Mi Mover နဲ့ ရွှေ့လို့ရတာတွေကို ပြလာပါမယ်။ Total Size ဘယ်လောက်ရှိမယ်ဆိုတာကို ပြနေပါမယ်။


ဘယ်ဟာတွေကို ပို့မယ် မပို့ဖူးလို့ Sender မှာရွေးချယ်ပေးလို့ရတာ System ပိုင်းဆိုင်ရာတွေဖြစ်တဲ့.. (Call logs, Contacts, SMS, Wifi Settings, Block Lists,.... စတာတွေနဲ့) မိမိဖုန်းမှာ Install လုပ်ထားတဲ့ app တွေပဲဖြစ်ပါတယ်။ ပုံ၊ သီချင်း၊ videos တွေကတော့ ဘယ်ဟာပို့မယ်.. ဘယ်ဟာချန်မယ် လုပ်လို့မရပါ။ အောက်ကပုံလေးတွေကိုလေ့လာပါ။ မိမိတို့ဖာသာ မပို့ခင် Customized လုပ်နိုင်ပါသေးတယ်။



မိမိတို့လိုသလို Customized လုပ်ပြီးပြီဆိုရင် Sender ဖုန်းမှာ Send button လေးကို နှိပ်လိုက်နိုင်ပါပြီ။


Data တွေပို့နေပါမယ်။ Successfully ပို့ပြီးတာတွေကိုလည်း ပြနေပါမယ်။ ပို့လက်စတွေကိုလည်း ပြနေပါမယ်။ ဖုန်းနှစ်လုံး အနားမှာယှဉ်ထားပေးပါ။ WiFi ON/OFF တွေတော့ သွားမလုပ်နဲ့ပေါ့။


အားလုံးပြိးဆုံးရင်တော့ Finished နှိပ်ပြီး ပြန်ထွက်နိုင်ပါပြီ။ Sender ဖုန်းကတော့ Data ပို့ယုံသက်သက်ဖြစ်လို့ သူ့ဘက်က အရင်ပြီးစီးပါမယ်။ Recipient ဖုန်းကတော့ ပို့ထားတဲ့ Data တွေ ပြန် Restore လုပ်နေလို့ Sender ထက် Finished ဖြစ်မယ့်အချိန် အနည်းငယ်ပိုကြာနိုင်ပါတယ်။ အားလုံးပြီးစီးရင်တော့ ဖုန်းအသစ်ထဲကို လိုတဲ့ Personal Data တွေ ကူးပြောင်းတာ အောင်မြင်စွာပြီးဆုံးပါပြီ။ Facebook, Messenger, Viber လိုမျိုး App တွေဆို Account ၀င်ထားပြီးသားပုံစံနဲ့ သုံးလက်စအတိုင်း ပါလာမှာပါ။


အောက်ပါပုံကတော့ အခြား brand ဖုန်းတစ်လုံးထဲက data တွေကို Mi Phone ကိုရွှေ့ယူဖို့အတွက် အခြား brand ဖုန်းထဲမှာ Mi Mover App ကို Google Play Store ကနေ Install လုပ်ပြီး Mi Phone နဲ့ချိတ်ဆက်ထားတာပါ။ သူ့အတွက်ကတော့ Sender ဖုန်းဟာ Mi Phone မဟုတ်လို့ Mi Settings ပိုင်းဆိုင်ရာတွေ မပါပါ။ ပုံမှန် SMS, Contacts, Call Logs တွေပဲပါပါတယ်။ Apps တွေကတော့ အကုန်ပါပါတယ်။ နမူနာဖုန်းမှာ Pictures, Videos တွေမရှိလို့ ရွှေ့မယ့် list ထဲမှာမပါပါ။ ဒါဆိုရင် အခြား Brand ဖုန်းမှာလည်း Mi Mover ထည့်ပြီး မိမိတို့ Personal data တွေကို Mi Phone အသစ်ဆီရွှေ့နိုင်ပါတယ်။ အခြားဖုန်းမှာထည့်ထားတဲ့ Mi Mover app က Mi Phone ဆီပို့ရုံသက်သက်ပဲရပါတယ်။ Mi Phone က data တွေကို အခြားဖုန်းကို ရွှေ့မယ်ဆိုတာမျိုး သုံးလို့မရပါ။


Mi Mover ဟာ မိမိတို့ Personal Data တွေရွှေ့တာဖြစ်လို့ အခြားသူများနဲ့ Zapya လို App share ထည့်တာ၊ ပုံ share တာ.. စတာမျိုး အသုံးမပြုသင့်ပါ။ ဘာကြောင့်လဲဆိုရင် Phone Settings ပိုင်းဆိုင်ရာတွေဆိုလည်း ကိုယ့်ဖုန်းထဲကအတိုင်း အခြားဖုန်းဆီကိုရောက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သုံးပုံတူမှာမဟုတ်ပါ။ App တွေဆိုလည်း Zapya နဲ့ပို့သလိုမဟုတ်ပဲ App Data တွေပါ အကုန်ရောက်ပါတယ်။ ဥပမာ Facebook လိုပေါ့။ Account ပါရောက်သွားတာပါ။ သည်တော့ Privacy အရ မပို့သင့်ပါ။ Photo, Video, Misic တွေဆိုလည်း ပို့တဲ့နေရာမှာ ဘယ်ဟာပဲပို့မယ် မပို့ဘူး ရွေးချယ်ခွင့်မရှိလို့ ပုံနဲနဲလောက် Share တာမျိုးအတွက် Zapya လိုအသုံးမ၀င်ပါ။ မိမိတို့ ကိုင်နေမယ့် ကိုယ်ပိုင်ဖုန်းတွေမှာပဲ Mi Mover ကိုလိုသလို အသုံးပြုနိုင်ပါတယ်။

#Crd Thet zaw ko

No comments:

Post a Comment