Tuesday, January 30, 2018

Using Paid Themes from China ROM Theme Store in Global ROM

Global ROM မှာပါတဲ့ Themes Manager က Free Themes တွေပဲ download လုပ်ပြီးသုံးလို့ရပါတယ်။ Free တွေကလည်း icons, lock screen, wallpaper, စတာတွေ လောက်ပဲ ပြောင်းသွားတာများပါတယ်။ Phone, sms, settings, status bar .. စတာတွေမှာ default တွေပဲဖြစ်နေတတ် တာများပါတယ်။ Paid Themes တွေမှာပဲ တော်တော်လှ တာလေးတွေပါတတ်တာပါ။


သည်တော့ paid themes များကို Global ROM တင်ထားတဲ့ဖုန်းမှာ ဒေါင်းသုံးကြည့်မယ်ဗျာ..။ လိုအပ်တာကတော့ မိမိဖုန်းမှာ ၀င်ထားတဲ့ ကိုယ့် Mi Account က Designer Account ဖြစ်နေရပါမယ်။ Designer Account ဆိုတာမသိဘူး..။ နားမလည်ဘူးဆိုရင်တော့ သည်နေရာမှာ [ How to Apply Designer Account ] ဖတ်ပြီး ကိုယ့် Mi Account ကို Designer Account ဖြစ်အောင်လုပ်ထားလိုက်ပါ။ နောက်ပိုင်း မိမိစိတ်ကြိုက် Themes တွေ၊ Fonts တွေထည့်သုံးဖို့က သည် Designer Account ဆိုတာလိုတာမို့ လုပ်ထားရင် မမှားပါဘူး။ လုပ်ရတာလည်း လွယ်ပြီး အချိန်တစ်ပတ်လောက် ပေးရင် ရပါတယ်။ နောက်တစ်ခု လိုအပ်တာကတော့ Paid Themes တွေရဲ့ mtz files တွေပါ။ အဲသည် mtz files တွေကိုယ့်ဖုန်းထဲရှိနေရင်၊ သိမ်းထားခဲ့ရင် နောင် rom တင်လို့.. factory reset ချလို့ themes တွေပြန်သုံးဖို့လိုလာရင် import လုပ်ပြီးသုံးနိုင်ပါတယ်။ ဒေါင်းတာကတော့ Browser နဲ့ပဲဒေါင်းပါမယ်။ ကျနော်ကတော့ UC Browser ကိုအသုံးပြုပြီး ပြထားပါတယ်။ မိမိကျွမ်းကျင်ရာ browser ကိုသုံးနိုင်ပါတယ်။ Download လုပ်ဖို့ link ရလာဖို့ပဲ အဓိကလိုအပ်ပါတယ်။

UC Browser ကိုဖွင့်ပါတယ်။ အပေါ်ဆုံးက Address Bar မှာ http://zhuti.xiaomi.com/ လို့ရိုက်ဝင်ပါတယ်။ စစချင်းရောက်လာတာကတော့ Mobile Website View မို့ Themes တွေရှာလို့လွယ်အောင် Desktop View ကိုပြောင်းပေးပါတယ်။


အပေါ်နားက တရုတ်စာနဲ့ menu တွေထဲက ဒုတိယတစ်ခုရွေးပါတယ်။ ကျနော်လည်း တရုတ်လိုနားမလည်တော့မသိပါ။ Themes တွေချည်းပဲ ပေါ်လာတော့ All Themes လို့ ဆိုလိုချင်တယ်နဲ့ တူပါတယ်။ အစိမ်းလေးတွေ ဘောင်ခတ်ထားတာက Themes တွေကို Category လိုက်ခွဲထားတယ်နဲ့တူပါတယ်။ နှိပ်ပြိးတော့သာ လိုက်ဝင်ကြည့်ပြီး ပုံလေးတွေကြည့်ပါ။ Themes အောက်ခြေမှာပါနေတဲ့ 5,6 ဂဏန်းလေးတွေကတော့ Mi Credits တွေပါ။ Stars လေးတွေက User Rating ဘယ်လောက်များတယ်ဆိုတာပေါ့။ မိမိနှစ်သက်ရာ Theme တွေ့ရင် နှိပ်ဝင်လိုက်ပါ။ Themes app ပွင့်ပြီး preview ပေါ်လာတတ်ပါတယ်။ Back နှစ်ချက်နှိပ်ပြီး Browser ထဲပြန်ရောက်အောင်သာလုပ်လိုက်ပါ။ ဒုတိယပုံလေးလိုဖြစ်သွားပါမယ်။ ပြီးရင်တော့ အပေါ်ဆုံးက Address Bar နေရာကြာကြာလေးဖိထားပြီး Copy All နဲ့ link ကို copy ကူးယူလိုက်ပါ။


Copy ကူးထားတဲ့လင့်ကို Download လုပ်ခိုင်းဖို့အတွက် UC Browser မှာ Another Tab တစ်ခုဖွင့်ပါမယ်။ အောက်နားက 1 လို့ပေါ်နေတဲ့ အကွက်လေးကို နှီပ်ပါ။ လောလောဆယ် Tab တစ်ခုပဲဖွင့်ပြီးသုံးနေလို့ 1 လို့ပေါ်တာပါ။ နောက်တစ်ခုအသစ်ဖွင့်ရင် + sign ပါတဲ့ button လေးကိုနှိပ်လိုက်ပါ။


Tab တစ်ခုအသစ်ပွင့်လာရင်တော့ Address bar နေရာကြာကြာလေးဖိထားပြီး ပေါ်လာတဲ့ shortcut menu မှာ Paste ကိုရွေးပြီး link ကို paste လုပ်လိုက်ပါ။ လင့်ထိပ်နားက detail လို့ပါနေတာလေးကိုဖျက်ပြီး download လို့ပြင်ပေးကာ Link ကိုဝင်လိုက်ပါ။ UC Browser က mtz file ကို download လုပ်ဖို့ လာမေးပါမယ်။ Default setting အရ Phone Storage ထဲက UCDownloads ဆိုတဲ့ folder အောက်မှာသိမ်းပေးမှာပါ။ File size လဲတွေ့နေရပါတယ်။ Download button နှိပ်လိုက်ရင် download ဆွဲသွားပါပြီ။ ဖုန်းထဲမှာ theme mtz file ရပါပြီ။


UC Browser ထဲမှာပဲ Tab button လေးကိုနှိပ်ပြီး Tab 1 ဖက်သွားလိုက်.. Theme ကြည့်ပြီး link copy ယူလိုက်.. Tab 2 ဖက်လာပြီး link ပြင်လို့ download ဆွဲခိုင်းလိုက်.. မိမိစိတ်ကြိုက်လုပ်နေနိုင်ပါတယ်။


MTZ Theme files တွေ ဒေါင်းလို့ရပြီဆိုရင်တော့ အောက်ပုံပါအတိုင်း Themes app ကို အသုံးပြုလို့ Import လုပ်ပါ။


Import လုပ်ပြီးရင်တော့ မိမိနှစ်သက်ရာ Theme ကိုရွေးချယ်အသုံးပြုနိုင်ပါပြီ။ Theme ကိုရွေးလိုက်တာနဲ့ Theme Preview မှာ Mi Credits နဲ့ Paid အစား Free ဖြစ်နေတာတွေ့ရပါ မယ်။ Apply လုပ်ချိန်မှာ Internet ဖွင့်ထားပေးရပါမယ်။ Mi Account Info ကို စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ Custom Font တွေ Import လုပ်ထည့်သုံးထားရင် Reboot ချခိုင်းပါလိမ့်မယ်။ Font style မပျောက်၊ Theme လဲပြောင်းချင်ရင် Not Now ကိုသာရွေးပေးလိုက်ရုံပါ။ Themes Store က Fonts တွေပဲထည့်ထားရင်တော့ Reboot မချခိုင်းပဲ Themes ပြောင်းသွားပါလိမ့်မယ်။


#Crd Thet zaw ko

No comments:

Post a Comment