Tuesday, January 30, 2018

Using Mi Cloud ( PART - 1 : Find Device )

Mi Account login ၀င်တာနဲ့ စစချင်း Box တစ်ခုတက်လာတာ သတိထားမိမှပါ။ အဲဒါကတော့ Xiaomi ရဲ့ Cloud Storage ထဲမှာ ကိုယ်ရတဲ့ Storage Quota မှာ ဘာတွေကိုသိမ်းထားမယ်၊ ( 5GB storage ပမာဏကို Free ပေးပါ တယ် ) အခြားသော ဘယ် Features တွေကိုသုံးမယ်.. စတာတွေကို မေးတာပါ။ Default အနေနဲ့ကတော့ Options သုံးခုလုံး ON နေတာတွေ့ရမှာပါ။


  • Sync ဆိုတာကတော့ ကိုယ်မှတ်ထားတဲ့ Contacts တွေ၊ Phone call logs တွေ၊ Gallery ထဲက Photos, Videos တွေ၊ Ph Call recordings တွေ၊ ရေးမှတ်ထား တဲ့ Notes တွေ၊ ကိုယ်ချိတ်ခဲ့တဲ့ Wifi တွေရဲ့ Passwords တွေ၊ Browser’s Book marks တွေကို သိမ်းမယ်၊ မသိမ်းဘူး ( ON/OFF ) ထားပေးတာပါ။
  • Find Device ကတော့ ဖုန်းပျောက်ရင် Location ရှာတာ၊ ဖုန်းကို Lock ချလိုက် တာ၊ ဖုန်းထဲက Data တွေကို ဖျက်ပစ် ( Wipe ) လိုက်တာ စသည်တို့ကို Online မှတစ်ဆင့်လုပ်နိုင်ပါတယ်။ Pattern / Pin / Password တွေမသိတော့ရင် Online မှတစ်ဆင့် ဖုန်းကို Wipe လုပ်ပြီး ပြန်ဖျက်တာလုပ်နိုင်ဖို့ သည်ဟာကို ON ထားပေးရပါတယ်။ ဖုန်းပျောက်လို့ Lock ချလိုက်ရင်လည်း ဖုန်းဟာ Mi Account Lock မိသွားလို့ အလွယ်တကူ Firmware တင်ပြီး သုံးလိုက်နိုင်တာမျိုးတွေ မလုပ်နိုင်တော့ပါဘူး။
  • Mi Message ကတော့ အရှင်းဆုံးပြောရရင် Viber သဘောပါပဲ။ Online ဖြစ်နေ ချိန်မှာပဲ သုံးနိုင်မှာပါ။ နှစ်ဖက်လုံး Mi Account ရှိထားရပါမယ်။ Viber, FB Messenger တို့နဲ့ စာတွေပုံတွေပုံစံနဲ့ တူတူပါပဲ။ ကိုယ် online ဖြစ်ချိန်ပို့..၊ တစ်ဖက်က online ဖြစ်ချိန် မြင်…၊ အဲသည်သဘောပါပဲ။



ပထမဆုံး Find Device အကြောင်းအရင်ပြောပြပါမယ်။ Find Device feature ကို အသုံးချဖို့ Mi Cloud Web Site ထဲကို ၀င်သုံးရပါတယ်။ Feature ပေါင်းစုံ အလွယ်သုံးလို့လွယ်အောင် Computer Browser မှာ သုံးရင်ပိုအဆင်ပြေပါတယ်။ ဖုန်း Browser မှာလည်း အဆင်ပြေပါတယ်။ Navigation အတွက် Screen သေးတာလေးတစ်ခုပါပဲ..။

  • Browser ကိုဖွင့်ပါ။ Address bar မှာ i.mi.com လို့ရိုက်ဝင်ပါ။ Sign in with Mi Account button ကိုနှိပ်ပါ။

  • မိမိ Mi Account ရဲ့ email or ph no ထည့်၊ Password ထည့်ပြီး login ၀င်ပါ။

  • ကိုယ့် Mi Account ဟာ တစ်ခါမှ Mi Cloud ထဲဝင်မသုံးဘူးရင် နောက်တစ်ကြိမ် Sign In ၀င်ဖို့လုပ်ရပါမယ်။ Mi Account မှာထည့်ထားတဲ့ Ph no ဆီ verify sms code ကိုပို့ပါ တယ်။ ပြန်ဖြည့်ပေးပြီး ၀င်ရပါတယ်။ Mi Account မှာ ဖုန်းနံပါတ်မထည့်ထားရင် သည်နေရာမှာထည့်ခိုင်းပါတယ်။ ( Using Mi Account ထဲက procedure အတိုင်း လုပ်ရပါတယ် )။

  • Mi Account ထဲရှိဖုန်းနံပါတ်ကို SMS ပို့ဖို့ပြောပါမယ်။ ပို့ပေးတဲ့ SMS verify code ကိုပြန်ထည့်ပေးရပါတယ်။ ၄င်းအဆင့်များပြီးရင်တော့ Mi Cloud ကို အသုံးပြုနိုင်ပါပြီ။ Mi Account မှာ ဖုန်းနံပါတ်ထည့်မပေးရင် Mi Cloud ကို အသုံးပြုခွင့်မပေးပါ။


  • SMS verify code ပြန်ထည့်ပေးပြီးရင်တော့ Mi Cloud ကို စတင်အသုံးပြုနိုင်ပါပြီ။



Find Device အသုံးပြုပုံ



Screen အောက်ခြေမှာမြင်နေရတဲ့

  • Locate Device ကတော့ဖုန်းတည်နေရာကို ရှာခိုင်းတာပါ။ ဖုန်းက Online ဖြစ်နေချိန် GPS ပါ Auto ပွင့်ပြီး Google Map မှာ တည်နေရာပေါ်လာပါမယ်။ ရှာချိန်မြန်ဆန်ပါတယ်။ Online မဖြစ်ချိန် Text SMS ပို့ခိုင်းပြီးလည်း ရှာကြည့်နိုင်ပါတယ်။ တွေ့ရှိချိန်ကတော့ ကြာနိုင်ပါတယ်။
  • Noise ကတော့ ဖုန်း အထားမှားခဲ့ရင် Alarm ပေးခိုင်းခြင်းဖြင့် ဖုန်းကို ပြန်ရှာနိုင်ပါတယ်။
  • Lost Mode ကတော့ ဖုန်းပျောက်ခဲ့ရင် ပြန်ပို့ပေးရန်၊ ဖုန်းနံ ပါတ် အစရှိသည့် Text များရိုက်ပြီး ဖုန်းကို Lock ချလိုက်တာပါ။ Mi Account မသိရင် ဖွင့်လို့မရတော့သလို Firmware ပြန်တင်ခြင်း၊ Recovery ပါသောဖုန်းများမှာ Wipe Data လုပ်ပစ်ခြင်း၊ စသည်တို့လုပ်သော်လည်း ဖုန်းကို အလွယ်ပြန်သုံးလို့မရတော့ပါ။ ဖုန်း online ဖြစ်ချိန်မှာ သူ့အလိုလို lock ကျပါတယ်။
  • Wipe Data ကတော့ ဖုန်းထဲရှိ မိမိ Data များကို ဖျက်ပစ်လိုက်ခြင်းပါ။ Factory Reset နှင့်တူတူပါပဲ။ အဓိက သုံးနိုင်တာကတော့ Pattern / PIN / Password တို့မေ့ခဲ့ရင် အခြား Computer၊ Phone browser မှာ ယခုကဲ့သို့ Mi Cloud Web site သို့ ၀င်ပြီး ဖျက်ပစ်လိုက်နိုင်ပါတယ်။ Pattern / PIN / Password မေ့နေတဲ့ဖုန်းကို ဖွင့်ထားပေး၊ Noti Bar ဆွဲချ၊ အင်တာနက်ဖွင့်ပေးထားပြီး မိမိက အခြားတစ်နေရာမှ Locate လုပ်ပြီး Wipe Device command ကိုပေးလိုက်နိုင်ပါတယ်။ Boot loader ကလည်း lock ဖြစ်နေပြီး Fastboot mode ကနေ TWRP မ သွင်းနိုင်တဲ့ ဖုန်းများအတွက် ယခုကဲ့သို့ Data Partition ကို Wipe လုပ်ပစ်ခြင်းသည်သာ Screen Lock password မေ့တာတွေကို ပြန်ဖျက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ဖုန်းပျောက်သွားချိန် မိမိ Data တွေဖျက်ပစ်ချင် လည်း သည်နည်းပဲပေါ့…။




Find Device ON / OFF ကို သည်နေရာမှာဝင်လုပ်နိုင်ပါတယ်။ ON ထားရင် အထက်တွင် ဖော်ပြခဲ့သော Feature အကုန်ကို အသုံးပြုနိုင်ပါတယ်။


တစ်ခါတရံ Mi Account password မေ့ခဲ့တယ်။ Password recovery လုပ်ဖို့ email, ph no တို့လည်း မသိခဲ့ချိန် မှာ အခု Find Device နေရာကြည့်ကြည့်ပြီး OFF ထားတာမြင်ရင် Factory Reset ချတာ၊ Fastboot ROM တင်တာတွေလုပ်နိုင်ပါတယ်။ Mi Account Lock မကျပါ။ Mi Account အသစ်လုပ်ပြီး ထည့်သုံးနိုင်ပါတယ်။ Find Device က ON အချိန်မှာ switch လေး အလွယ် ON လိုက်နိုင်ပြီး OFF ချင်ရင်တော့ Mi Account Password ကို မှန်ကန်စွာထည့်ပေးမှသာ OFF နိုင်ပါတယ်။

ယခုဆိုလျှင် Mi Cloud Web Site ထဲကိုဝင်ပြီး Find Device feature ကို အသုံးပြုနည်းကို နားလည်လောက်ပါပြီ။ မိမိဥာဏ်ရှိသလိုကွန့်လို့ အသုံးပြုနိုင်ပါသည်။

#Crd Thet zaw ko

No comments:

Post a Comment