Saturday, September 7, 2013

Android Recovery ၊ Custom Recovery နှင့် ClockworkMod Recoveryတို့အလုပ်လုပ်ပုံ…



ကျွန်တော့်အနေနဲ့ Android ဖုန်းတွေကို root လုပ်ရာမှာအလွန်အရေးပါတဲ့ ClockworkMod Recovery အကြောင်းကိုမပြောခင် Android Recovery ဘာလဲဆိုတာကိုအရင်ပြောချင်ပါတယ်။

Android Recovery ဆိုတာဘာလဲ….

Android recovery လို့လည်းခေါ်သလို stock recovery လို့လည်းသုံးနှုန်းပါတယ်။ Android device တွေတိုင်းဟာ company ကစထုတ်လိုက်ကတည်းက device ရဲ့ internal storage သို့မဟုတ် internal memory (Solid State Drive – SSD) အတွင်းမ
ှာ recovery partition သို့မဟုတ် recovery storage space တစ်ခုကို ထည့်ပေးလိုက်ပါတယ်။ ဒီ recovery partition ဟာ command တွေကိုအသုံးပြုရတဲ့ console based partition တစ်ခုလည်းဖြစ်ပါတယ်။ ဆိုလိုတာက ဒီ recovery partition ဆိုတဲ့ console based partition ထဲကိုဝင်ပြီး သူ့ partition ထဲမှာပါလာတဲ့ built-in command တွေကိုအသုံးပြုလို့ရပါတယ်။ ဒီ built-in command တွေကိုအသုံးပြုပြီး သင့်ရဲ့ Android device ကို factory reset (company ကထုတ်လိုက်တဲ့အခြေအနေ) အတိုင်းပြန်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီ command တွေကိုသုံးပြီး company ကတရားဝင်ထုတ်ထားတဲ့ ROM(ဒီနေရာမှာ ROM ဆိုတာ Honeycomb သို့ Ice Cream Sandwich) ကမှတစ်ဆင့် မူလထည့်ပေးလိုက်တဲ့Operating System ကိုပြန်ပြီး recover လုပ်နိုင်ပါတယ်။ ဒီလို command တွေကို built-in အနေနဲ့ ထည့်ပေးလိုက်သော်လည်း အခုလိုတရားဝင်ပါလာတဲ့ recovery option ဟာခုနကပြောသလို factory reset လုပ်မယ် မူလ OS ကို recover လုပ်မယ် အစရှိတဲ့လုပ်ဆောင်ချက်တွေကိုပဲလုပ်လို့ရပါတယ်။ တစ်ခြားလုပ်ဆောင်ချက်တွေကို အသုံးပြုလို့မရပါဘူး။ ဒါကြောင့်လည်း ဒီနေရာမှာ Custom Recovery ဆိုတာအသုံးဝင်လာတာပါ။

Custom Recovery ဆိုတာဘာလဲ…

Custom recovery ဆိုတာဟာ stock recovery နဲ့မလုပ်နိုင်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ Stock recovery ကိုသုံးခြင်းအားဖြင့် သင့်ရဲ့ device ကိုပိုပြီး control လုပ်နိုင်ပါတယ်။ Custom recovery မှတစ်ဆင့် device ကို company မှထုတ်မဟုတ်သော တရားမဝင် ROM တွေကို install လုပ်ခြင်း apps တွေ themes တွေနှင့် OS ရဲ့အလွန်အရေးပါသော kernel ကို install လုပ်ခြင်း modify လုပ်ခြင်း စသည့်လုပ်ဆောင်ချက်တွေအပြင် အသုံးပြုသူရဲ့ data တွေကို ဖျက်ထုတ်ပစ်ခြင်း file permission တွေကိုပြောင်းခြင်း backup လုပ်ထားတာကို restore ပြန်လုပ်ခြင်း အစရှိတဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကို Custom Recovery ကမှတစ်ဆင့်လုပ်ဆောင်နိုင်ပါတယ်။ ဒီနေရာမှာ အသုံးများဆုံး Custom Recovery Tool တစ်ခုကတော့ ClockworkMod Recovery ဖြစ်ပါတယ်။

ClockworkMod Recovery ဆိုတာဘာလဲ…

ClockworkMod (အတိုကောက် CMW) လို့ခေါ်တဲ့ recovery ဟာဆိုရင် Android device တွေအတွက်အလွန်ရေပန်းစားတဲ့ custom recovery အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Clockwork Mod (CMW) ကို Android Developer Community (ADC) မှ Koushik Dutta (Koush) ဆိုသူကတီထွင်ခဲ့တာဖြစ်ပါတယ်။ Clockwork Mod Recovery မှတစ်ဆင့် advanced recovery, restoration, installation and maintenance operations အစရှိတဲ့သာမန် Stock Recovery နဲ့လုပ်လို့မရတဲ့လုပ်ဆောင်ချက်တွေကို ဒီ CMW ကပေးလုပ်ပါတယ်။ အဓိက CMW ကိုသုံးရတဲ့အကြောင်းရင်းကတော့ root access ရရှိအောင်လုပ်ခြင်း(root လုပ်ခြင်း) ဖြစ်ပြီးတစ်ခြား Custom ROM များ install လုပ်ဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။ ဒီCMW ကိုသုံးခြင်းအားဖြင့် root လုပ်နိုင်မည်သာမက အခြား အဆင့်မြင့်လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် CMW အကြောင်းကို အခုလိုရှင်းပြရခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကျွန်တော်အနေနဲ့ Custom ROM နှင့် Stock ROM တို့ရဲ့ကွာခြားချက်လုပ်ဆောင်ပုံတွေကိုထပ်မံရေးသားပေးပါဦးမယ်။ စာဖတ်သူတွေ IT4M ကိုထပ်မံလာရောက်ပြီး ရှာဖွေလေ့လာနည်းပညာ (Articles) ဆိုတဲ့ album ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ နောက်ထပ်နည်းပညာအကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါဦးမယ်….။

Credit : IT4M

You might also like:

No comments:

Post a Comment