ARB (Anti Rollback) lock ပါနေပြီဖြစ်တဲ့ firmware version ကို တင်ထားမိနေပြီဖြစ်သော Xiaomi ဖုန်းတွေမှာ TWRP ကို အရင်လို တိုက်ရိုက် flash ပေးလိုက်လို့မရပါ။ Error တော့မတက်ပါ။ System ဆီကို Reboot လိုက်ပြီးရင် TWRP ကဖုန်းထဲမှာ ကျန်မနေခဲ့တော့တာပါ။
တင်တာက တင်တာပေါ့ခင်ဗျာ.. 😀 ကိုယ်လုပ်ချင်တာက TWRP ကြီးရှိနေမှဖြစ်မှာလား.. မရှိလဲ ဖြစ်နိုင်လားဆိုတာကို စဉ်းစားပြီးမှ တင်ထားတာပေါ့။
  • TWRP ကို ပုံသေချည်း တင်ထားဖို့က မိမိက Custom rom တွေ တင်သုံးမယ်ဆိုရင်တော့ လိုအပ်ပါတယ်။ MIUI Pro လို MIUI Base custom rom ပဲဖြစ်ဖြစ် TWRP ကနေတင်ရသလို TWRP သွင်းမထားပဲနဲ့လဲ boot တက်မှာမဟုတ်ပါ။ အဲလိုဆိုရင်တော့ လိုပါတယ်။
  • Root နဲ့ပတ်သက်တဲ့ app တွေသုံးဖို့လိုတာလား။ မြန်မာစာ Zawgyi font ကိုပဲ နေရာအစုံမှာ မှန်ချင်လို့ TWRP->Root ဆိုတာမှတစ်ဆင့်လုပ်ချင်တာလား။ Xposed လိုတွေထည့်ပြီး System ပိုင်းဆိုင်ရာ Tweak တွေသုံးချင်တာလား.. စသည်ဖြင့်တွေ လုပ်ချင်တာမှာတော့ အခုအချိန်တွေမှာ TWRP ဆိုတာ ဖုန်းထဲ အသေထည့်ထားဖို့ဆိုတာ သိပ်မလိုအပ်လှတော့ပါဘူး။ Magisk နဲ့တင် အလုပ်ဖြစ်နေပါပြီ။ TWRP ကို အသေမထည့်ပဲ Magisk ကို ထည့်သွင်းနည်းကို သည် Post < Magisk Root > မှာ ဖတ်ရှုနိုင်ပါတယ်။
  • ARB ပါတဲ့ model၊ Firmware တွေမှာ Official rom တွေ အချိန်းအပြောင်းလုပ်ချင်ရင် .. ဥပမာ China to Global, Global to China, Beta version to Stable version စသည်ဖြင့်လုပ်ချင်ရင်တော့ TWRP ကနေ ချိန်းတဲ့ method မလုပ်ပဲ ကွန်ပျူတာကနေ fastboot latest version ကို တင်ပေးတာ safe ဖြစ်ပါလိမ့်မယ်။
ကိုယ့်ဖုန်းက Android 8, 8.1 တွေနဲ့လဲဖြစ်ပြီ။ MIUI Version လဲ 9.5, 9.6 တွေလိုဖြစ်နေပြီ။ Beta rom ဆိုလဲ 2018 June နဲ့နောက်ပိုင်း Date တွေမှာ Release ခဲ့တဲ့ဟာတွေ တင်ထားမိနေပြီ ဆို ARB Protection ပါနေလောက်ပါပြီ။ ဖုန်းကို fastboot mode ဝင်လို့ အောက်ပါပုံထဲကလို fastboot command နဲ့ရိုက်ပြီး စစ်ဆေးနိုင်ပါတယ်။ anti : 4 လို့ပြပြီဆိုရင်တော့ ARB Protection ပါပြီလို့ သိနိုင်ပါတယ်။
ARB Protection ပါနေတဲ့ ဖုန်းတွေမှာ TWRP တင်မယ်ဆိုရင်
  • TWRP ထဲကို Boot လုပ်မယ်။
  • TWRP ထဲရောက်မှ TWRP image file ကို Install Image နဲ့ flash ပေးတာပါ။
1 – TWRP folder ထဲမှာပါလာတဲ့ မိမိဖုန်းအတွက် TWRP image file ကို ဖုန်းထဲ ကူးထည့်ထားပါ။ ကိုယ်တင်မယ့် TWRP က ဖုန်း Internal Storage ကို မမြင်ဘူးဆိုရင်တော့ SD Card, OTG device တွေ အကူအညီနဲ့ ထည့်ပေးဖို့လိုအပ်ပါတယ်။ လိုတာတွေ ပြင်ဆင်ထားပါ။
2 – ဖုန်းကို Power ပိတ်။ Power Key + Vol Down တူတူတွဲနှိပ်လို့ Fastboot Modeကို ဝင်မယ်ပေါ့။ ကွန်ပျူတာနဲ့ USB Cable သုံး ချိတ်မယ်ပေါ့။
3 – ကျနော့် Blog မှာ ပေးထားတဲ့ TWRP archive file ကိုဖြည်လိုက်ရင် Folder တစ်ခုရလာပါမယ်။ အဲသည်ထဲမှာ TWRP သွင်းရာမှာ လိုအပ်နိုင်တဲ့ files လေးတွေ အစုံစုစည်းပေးထားပါတယ်။ အဲသည်ထဲကမှ FlashTWRP.bat ကို Double click နှိပ်ရင် ဖုန်းက TWRP ထဲသို့ boot တက်သွားပါလိမ့်မယ်။ တကယ်တော့ အဲသည် bat file လေးက TWRP ကို flash တယ်၊ TWRP ထဲကို ဝင်တယ်ဆိုတဲ့ အလုပ်ကို လုပ်ပေးတာပါ။ ARB မပါတုန်းကဆိုရင်တော့ TWRP ထဲရောက်ရင် ကျန်လိုအပ်တာ ဆက်လုပ်ဖို့ပဲ လိုပါတယ်။ ARB ပါနေတဲ့အခါမှာတော့ သည် file လေးကို သုံးပြီး TWRP ထဲကို boot ခိုင်းလိုက်တယ်လို့ မြင်ကြည့်လဲ ရပါတယ်။
ကျနော့် blog က twrp အတွက် file ဒေါင်းခဲ့တာမဟုတ်ရင်တော့ ကိုယ့် twrp image ရှိနေတဲ့ Folder ထဲမှာ Command Windows ခေါ်ပြီး အောက်ပါအတိုင်း command ရိုက်လို့ TWRP ထဲကို boot နိုင်ပါတယ်။ အဖြူရောင်လိုင်းတားထားတဲ့ TWRP file name ကတော့ မိမိမှာရှိတဲ့ file name ပေါ့။ ကိုယ် Command Windows ခေါ်ထားတဲ့ Folder ထဲမှာတော့ twrp image file နဲ့ adb & fastboot files လေးတွေ ရှိနေရမှာပေါ့။
4 – TWRP ထဲရောက်ရင်တော့ အောက်ပါပုံအတိုင်း နှိပ်ဝင်သွားပြီး ဖုန်းထဲမှာ ကူးထည့်ထားတဲ့ twrp image file ကို Install ပေးလိုက်ပါ။ Install Image ကိုနှိပ်ရင် Internal Storage ထဲရှိတဲ့ image file ပေါ်လာမှာပါ။
5 –  တကယ်လို့ Internal Storage မမြင်တဲ့ TWRP မျိုးနဲ့ကြုံရင်တော့ အောက်ပါပုံလေးအတိုင်း SD Card or OTG Drive ထဲရှိ twrp image file ကိုရှာပြီး Install တာလုပ်ပေးပါ။
6 – TWRP Image file install ပြီးရင်တော့ TWRP Home Screen မှာ Reboot -> Recovery ဆိုတာ နှိပ်ရွေးလို့ TWRP ထဲက Reboot ပြန်လုပ်ခိုင်းလိုက်ပါ။ ကိုယ်တင်သုံးတဲ့ TWRP version, TWRP ကို လုပ်ပေးတဲ့သူရဲ့ Mod တွေကြောင့် သည်အဆင့်ဟာ လိုချင်လဲ လိုမယ်၊ မလိုချင်လဲ မလိုပါ။ 😀 🙂 ဘာပဲပြောပြော TWRP တကယ်ဝင်သွားပြီး တကယ် ပြန်တက်လာပြီလားဆိုတာ သေချာအောင်တော့ သည်လိုလုပ်ခြင်းဖြင့် စမ်းသပ်ကြည့်လိုက်တာပါပဲ။ Reboot လုပ်ဖို့ နောက်ဆုံး Swipe လုပ်တာမလုပ်ခင် Vol up key သာ နှိပ်ထားပေးပြီး Reboot လုပ်ကာ TWRP ပြန်ဝင်လာမှ လွှတ်ပေးလိုက်ပါ။ တစ်ခါတလေလဲ Actions တွေက လိုသလို trigger မဖြစ်နိုင်လို့ Keys တွေ အကူအညီယူပြိး လုပ်ပေးတာ ပိုကောင်းပါတယ်။
7 – TWRP ထဲပြန်ရောက်လာရင်တော့ အိုကေပါပြီ။ Custom rom တင်ချင်ရင် ထုံးစံအတိုင်း Full wipe ပြီးတင်မယ်ပေါ့။ Official rom အတိုင်း ထားမယ်ဆိုရင် logo မရပ်ရအောင် lazy flasher zip flash ပေးမယ်ပေါ့။ ဒါမှမဟုတ် logo မရပ်၊ root ပါတစ်ခါတည်းရအောင် magisk zip flash ပေးမယ်ပေါ့.. စတဲ့အလုပ်တွေ လုပ်ဆောင်နိုင်ပါပြီ။
#crd thet zaw ko