အခု အပိုင်းတွေကို ရေးနေရင်းနဲ့ ရေးဖို့ကျန်ခဲ့တာတွေကို စဉ်းစားမိလို့
ADK အားလေ့လာခြင်း ကို ဒီအပိုင်းနဲ့ဘဲ အဆုံးသတ်လိုက်ပါရစေ။
နောက်ခေါင်းစဉ်တွေနဲ့ အသေးစိတ်ရေးသားပါ့မယ်။
အခု အပိုင်းမှာတော့ ADB ရဲ့ Command (မသိမဖြစ်) တစ်ချို့ကိုရေးပြီး လက်စ သတ်လိုက်ပါရစေလို့တောင်းပန်ပါတယ်။
အဲဒါတွေကတော့ wait-for-devices, devices နဲ့ reboot တို့ဘဲဖြစ်ပါတယ်
(1) wait-for-device -> android စက်တစ်ခုကို
ကွန်ပျူတာနဲ့ချိတ်ဆက်မိရဲ့လားဆိုတာ စမ်းသပ်တဲ့ Command ပါ။ Computer နဲ့
Devices ချိတ်ဆက်မမိမခြင်းမှာ ဒီ Command မှာဘဲ ရပ်နေပါလိမ့်မယ်။
ချိတ်ဆက်မိသွားတယ်ဆိုရင်တော့ Command ရဲ့ process ကပြီးသွားပြီမို့ cmd ရဲ့
မူလကို ပြန်ရောက်သွားလိမ့်မယ်။ အသုံးကတော့ adb wait-for-devices
(2) devices -> ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ android စက်တစ်လုံးရဲ့
အနေအထားကို ဖေါ်ပြဖို့အတွက်သုံးပါတယ်။ ပြောရင် ကွန်ပျူတာနဲ့ android စက်
ဘယ်နှစ်လုံးချိတ်ထားသလဲဆိုတာကို ပြပေးဖို့အတွက် သုံးပါတယ်။ adb devices
လို့ရိုက်လိုက်ရင် android စက်ရဲ့ serial no နဲ့ model ကို ပြသပါလိမ့်မယ်။
(3) reboot -> ကတော့ ရှင်းပါတယ်... ချိတ်ဆက်ထားတဲ့ android စက်တစ်ခုကို
reboot လုပ်ဖို့သုံးပါတယ်။ ဒီနေရာမှာ နောက်ထပ် option တွေရှိပါသေးတယ်။ adb
reboot recovery ဆိုရင် recovery ကီးတွေနှိပ်နေသစရာမလိုဘဲ recovery mod
ကိုဝင်လို့ရပါတယ်။ အဲလိုဘဲ bootloader ဘဲ reboot လုပ်ချင်တယ်ဆိုရင် adb
reboot bootloader ဆိုရင် ရပါတယ်။ adb reboot ဆိုရင်တော့ စက်ကို restart
ချလိုက်တာနဲ့ အတူတူပါဘဲ။ တစ်ချို့မော်ဒယ်တွေမှာတော့ reboot bootloader ဟာ
စက်ကို restart ချတာနဲ့ တူပေမဲ့ တစ်ချို့ကျတော့ စက်မှာ ဘာမှ
မပြဘဲနေတတ်ပါတယ်။
ဒီလောက်ဆိုရင် adb ရဲ့ အသုံးတည့် command
တွေကိုတင်ပြလို့ပြီးပြီလို့ထင်ပါတယ်။ ဒီထက်အသေးစိတ်တဲ့ ပိုပြီး ပြည့်စုံတဲ့
post တစ်ကို ထပ်မံရေးသားရင်းနဲ့ အခုအပိုင်းတွေပါ အဲဒီ့ ပိုစ့်မှာ
ပါဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့်... ၀င်ရောက်ဖတ်ရှုလေ့လာသူများ
စိတ်မပျက်စေဖို့ အကောင်းဆုံးဆက်လက်တင်ဆက်သွားပါမယ်လို့ ပြောကြားရင်း
ကိုရီယားကားတွေလိုအပိုင်းခွဲနေရတဲ့ ကိစ္စကို အဆုံးသတ်လိုက်ပါပြီခင်ဗျား.....
အခုလို ၀င်ရောက်ဖတ်ရှု့လေ့လာတဲ့အတွက် ကျေးဇူးပါ
No comments:
Post a Comment