Thursday, December 3, 2015

Android SDK ကို သုံးလို့ရအောင် ဘယ်လိုပြင်ဆင်မလဲ... ?

SDK ကို Install ပြီးရင် SDK Manager ကိုဖွင့်လိုက်ပါ။ အဲဒီ့မှာ internet နဲ့တိုက်ရိုက်ချိတ်ဆက်ထားရင်တော့ application ကနေ လိုအပ်တဲ့ အပ်ဒိတ်တွေအတွက် repo ကိုဒေါင်းနေတာမို့ ခေတ္တ ခဏ စောင့်ပါ။ Android SDK ဟာ Linux အခြေခံထဲ Tools တစ်ခုဖြစ်တာကြောင့် ထင်ပါတယ် အွန်လိုင်းကိုအားထားအသုံးပြုတယ်။ ဒီတော့ မြန်မာနိုင်ငံလို အွန်လိုင်းဆန့်ငင် ဆန့်ငင်ဖြစ်နေတဲ့ နိုင်ငံအတွက်တော့ သိပ်အဆင်မပြေဘူးပေါ့ဗျာ... ဒီတော့ Completed Installation ဖြစ်အောင် SDK Manager ကနေတိုက်ရိုက်မဒေါင်းဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Manual ဒေါင်းပြီးမှ အင်စတောလုပ်တဲ့ နည်းနဲ့သွားကြရအောင်... အဲဒါက ပိုမြန်တယ်... IDM လေးနဲ့ဒေါင်းပြီးလုပ်သွားတာလေ...
SDK Manager ကိုဖွင့်လိုက်တယ်ဆိုတာနဲ့ ဒင်းက အွန်လိုင်းရှိနေရင် update လုပ်ဖို့အတွက် ပြင်ဆင်တော့တာပါဘဲ... ဘယ်လိုပြင်ဆင်သလဲဆိုရင် https://dl-ssl.google.com/andr…/repository/addons_list-1.xml ဖိုင်ကို အရင်ဆုံး ဒေါင်းတယ်... ပြီးရင် အဲဒီ့ဖိုင်ထဲမှာပါတဲ့ အချက်အလက်တွေနဲ့ စက်ထဲမှာရှိတဲ့ အချက်တွေ ကိုက်ညီမှုကို စစ်ဆေးတယ်... လိုအပ်တာကို ဒေါင်းဖို့ ပြောတယ်... ကဲ.. ဘယ်လောက် အရစ်ရှည်သလဲ.. grin emoticon
အဲဒါပြီးတဲ့အခါမှာ လိုအပ်တဲ့ ဖိုင်တွေနဲ့ သူတို့ရဲ့ အပ်ဒိတ်ကို ဖေါ်ပြပေးတယ်... Google Server မှာတင်ထားတဲ့ Android ရဲ့ အစဆုံး Version ကနေ နောက်ဆုံး Version အထိကို တွေ့ရလိမ့်မယ်... အိုကေ ADK ကနေ မဒေါင်းဘဲ မန်ညူရယ် ဒေါင်းကြစို့ ...
ADK ထဲမှာ ပြထားတဲ့ ကိုယ့်စက်ထဲမှာမရှိတဲ့ဖိုင်အပေါ်ဆုံးတစ်ခုကို ရွေးပါ။ အဲဒါကို အလွယ်ဆုံးရွေးဖို့ကတော့ ပြီးရင် Show ဆိုတဲ့အထဲက update/New ဆိုတာကိုဘဲေ၇ွးပြီး ကျန်တာတွေကို ဖြုတ်လိုက်ပါ။ ဒါဆို ကိုယ့်စက်ထဲမှာ မသွင်းရသေးတဲ့ Version တွေကို တွေ့ရလိမ့်မယ်။ ပြီးရင် Install xx packages... ဆိုတာလေးကိုနှိပ်လိုက်.။ Choose Package To Install ဆိုတဲ့ box လေးထွက်လာလိမ့်မယ်... အဲဒီမှာ Accept All ဆိုတဲ့ Radio button လေးကို ရွေးပြီး Install ဆိုတာကိုနှိပ်လိုက်။ ဒါဆိုရင် အဲဒီ့ Box ပျောက်သွားလိမ့်မယ်။ အိုကေ ဒါဆိုရင် IDM ရဲ့ လုပ်ငန်းစလို့ရပြီပေါ့... C:\Android\android-sdk\temp ကိုသွားပါ... အဒီ့မှာ ADK ကဒေါင်းနေတဲ့ဖိုင်ကို တွေ့ရမယ်... အဲဒီ့ဖိုင်ကို F2 နှိပ်ပြီး ဖိုင် name ကိုကော်ပီယူ...။ ပထမက ဒေါင်းလုပ်ဆွဲထားတဲ့ addons_list-1.xml ရဲ့ လိပ်စာနေရာမှာ ခုန ကော်ပီယူထားတဲ့ဖိုင်ရဲ့နာမည်ကိုထည့်.. ပြီးရင် အဲဒီ့လိပ်စာအတိုင် IMD ရဲ့ ADD URL မှာရိုက်ထည့်ပြီးဒေါင်းလိုက်ပေါ့.. အဲလို IDM ကဒေါင်းလိုက်ပြီဆိုတာနဲ့ ADK ကိုပိတ်လိုက်ပါ။ IDM ကဒေါင်းပြီးသွားရင် ရလာတဲ့ဖိုင်ကို C:\Android\android-sdk\temp မှာထည့်... ခနစောင့် ပထမရွေးထားတဲ့ ကလစ်ကိုဘဲ ပြန်ရွေးပြီး install xx packages... ကိုနှိပ်..
အဲဒီ့လို တစ်ခုခြင်းဆီကို လုပ်သွားမယ်ဆိုရင်တော့ ADK ကို အမြန်ဆုံးနည်းနဲ့ complete ဖြစ်သွားစေနိုင်ပါတယ်...။
ADK တစ်ခုကို စက်ပြင်ရုံလောက်ဘဲ သုံးမယ်ဆိုရင်တော့ http://www.mediafire.com/?7dgxjq5z2plccw9 ကိုဒေါင်းပြီး C:\Android\android-sdk\ ထဲမှာ ဖြည်ထည့်လိုက်ရုံပါဘဲ...
ပြီးရင် My Computer -> System Properties -> Advance -> Environment Variables -> System Variables -> path ရဲ့နောက်ဆုံးမှာ C:\Android\android-sdk\platform-tools ဆိုတာလေးထည့်ပြီး ကွန်ပျူတာကို Restart ချ... ပြန်တတ်လာရင် cmd ကနေ adb start-server ဆိုတာကိုရိုက်ကြည့်... ဘာ errror မှမတတ်ဘဲ နောက်တစ်လိုက်ပြသွားတယ်ဆိုရင် အိုကေပြီပေါ့...
ဒီမှာတော့ ပုံနဲ့ ဖေါ်ပြလို့ မတတ်တာကြောင့် အသေးစိတ်ကို ပုံတွေနဲ့တကွ http://www.myidgroup.org/…/2107-Starting-Android-Development မှာဖေါ်ပြထားပါတယ်...

No comments:

Post a Comment