Thursday, December 3, 2015

"Android ROM Developer Beginner တစ်ယောက်အနေဖြင့် နားလည်မှု့၊ အခေါ်အဝေါ်မလွဲသင့်သော အကြောင်းအရာများ"

OS နဲ့ Firmware ခွဲခြားနိုင်ရပါမယ်။ Kernel နဲ့ OS ခွဲခြားနားလည်ရပါ့မယ်။
OS ဆိုတာ အလွယ်ခေါ်ရရင် Operating System တစ်ခုပါ။ ဘယ်မှာရှိသလဲဆိုရင် /System ပါဘဲ။
Firmware ဆိုတာကတော့ စက်တစ်လုံးရဲ့ Hardware Spec; တွေစုစည်းပြီး လိုအပ်တဲ့ hardware Support တွေ (ဥပမာ - voltage တွေက အစ ထိန်းချုပ်အလုပ်လုပ်စေပြီး RAM တွေ CPU တွေကိုပါ Control လုပ်တယ်) ထိန်းချုပ်အလုပ်လုပ်စေတဲ့အပိုင်းပါ။ Firmware မှာကိုက နှစ်မျိုးရှိတယ်။ OS ကနေ ထိန်းတဲ့ Firmware နဲ့ hardware ကနေထိန်းတဲ့ Firmware ပါ။ OS ကနေ ထိန်းလို့ရတဲ့ firmware ကတော့ kernel ထဲမှာပါဝင်ပါတယ်။ Hardware ကနေထိန်းတဲ့ firmware ကတော့ CPU IC ထဲမှာထည့်သွင်းထားပါတယ်။ အလွယ်မြင်နိုင်ဖို့ပြောရရင် ကွန်ပျူတာမှာဆို BIOS က hardware ထဲမှာ ထည့်သွင်းထားတဲ့ firmware ပါ။
နောက်တစ်က Kernel ပါ။ Kernel ဆိုတာကတော့ အလွယ်ဥပမာနှိုင်းရရင် ကြက်ဥအနှစ်လိုပေါ့ဗျာ။ သူမရှိဘဲ ဘယ်လို OS မှ အလုပ်မလုပ်ပါဘူး... hardware နဲ့ OS ကို ချိတ်ဆက်ပေးတဲ့အပြင် OS အတွက်လိုအပ်တဲ့အရေးကြီးအချက်အလက်တွေကို မထိခိုက်အောင် ကာကွယ်ပေးထားတယ်။
ဒါဆို Android version မြင့်မယ်ဆိုရင် အထက်ပါတွေ အကုန်မြှင့်လိုက်ဖို့ လိုသလားဆိုတာ မေးစရာဖြစ်လာတယ်။ ဒီအဖြေအတွက်တော့ Developer ရဲ့ Develop လုပ်တဲ့အပေါ်မူတည်ပါတယ်။ သေချာတာတစ်ခုကတော့ Firmware တွေကို ပြောင်းဖို့လုံးဝ မလိုအပ်ပါဘူး တစ်ချို့တွေက Kernel ကိုပါ ပြောင်းလဲပြီး develop လုပ်ကြသလို တစ်ချို့ကျတော့လည်း OS ချည်းဘဲ update လုပ်တဲ့ development တွေရှိပါတယ်။ ယနေ့ android hardware လောကမှာ လိုက်လို့မနိုင်လောင်အောင်ကို များပြားလွန်းတဲ့ Device တွေပေါ်ထွက်လာတာကြောင့် Device တိုင်းနဲ့ကိုက်ညီမဲ့ Android version တွေ Develop လုပ်ဖို့အတွက်က မဖြစ်နိုင်တော့တာကြောင့် General အနေနဲ့သုံးလို့ရမယ့် kernel တွေအဖြစ် ပြုပြင် Develop လုပ်ကြပါတယ်။ ဒီတော့ ဘာတွေဖြစ်လာသလဲဆိုတော့ မိမိစက်နဲ့ မကိုက်ညီတော့တဲ့အခါမှာ wifi တွေမရတာ bluetooth တွေ ပျောက်နေတာကအစ network တွေ ရှာမတွေတာတို့ကနေ စက်တစ်လုံးလုံး သေသလိုဖြစ်သွားသည်အထိဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင်တော့ မိမိ kernel နဲ့ တူညီတဲ့ ROM ကိုရှာပြီး update လုပ်တာ အကောင်းဆုံးနဲ့ error အနည်းဆုံးဖြစ်ပါလိမ့်မယ်။
နောက်အပိုင်းတွေမှာ ယနေ့လွဲမှားခေါ်ဝေါ်နေတာတွေကို ကျနော်တို့ Develop လုပ်မယ့်သူတွေအနေနဲ့ မမှားရအောင် ဆက်လက်တင်ပြသွားပါ့မယ်။
ဝင်ရောက်လေ့လာဖတ်ရှုတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း

No comments:

Post a Comment